Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၉.၉.၂၀၂၀

– PFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားေတြကို ေရြးခ်ယ္ရာမွာ လီဗာပူးလ္အသင္းရဲ႕ ကစားသမားေတြျဖစ္ၾကတဲ့ ေနာက္ခံလူ ထရင့္ အလက္ဇန္းဒါး အာႏိုးလ္က အေကာင္းဆုံးလူငယ္ကစားသမားဆုနဲ႔ ေတာင္ပံကစားသမား ဆာဒီယို မာေနးက ပရိသတ္ေတြရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ေရြးခ်ယ္ခံခဲ့ရ။

– လီဗာပူးလ္အသင္းအေနနဲ႔ ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကို ေခၚယူဖို႔ လုပ္ေဆာင္ေနၿပီး သူ႕ကို ရရွိခဲ့ရင္ ကြင္းလယ္ကို ထိန္းေက်ာင္းေစၿပီး ဖာဘင္ညဳိကိုေတာ့ ဗဟိုခံစစ္မွဴးသစ္ ထပ္မံေခၚယူေတာ့မွာ မဟုတ္ေတာ့တဲ့ ခံစစ္ပုိင္းအတြက္ ေျပာင္းလဲကစားခိုင္းဖို႔ ရည္ရြယ္ထား။

– ရွာက်ီရီနဲ႔ ေအာ္ရီဂီတုိ႔ႏွစ္ဦးကို ေတာင္ပံေတြမွာ သုံးစြဲေနရၿပီး ေျခစြမ္းပုံမွန္ မရွိၾကသလို ဆာလားနဲ႔ မာေနးတုိ႔ႏွစ္ဦးေနရာအတြက္ အစားဝင္ႏုိင္စြမ္းမရွိတဲ့အတြက္ လီဗာပူးလ္အေနနဲ႔ ေတာင္ပံကစားသမားသစ္တစ္ဦး မျဖစ္မေန ေခၚယူရဖို႔ ရွိေနၿပီး ဝတ္ဖို႔ဒ္ရဲ႕ အစၥမုိင္လာ ဆားရ္ကိုပဲ ကၽြမ္းက်င္သူေတြက ထင္ေၾကးေပးေနၾက။

– အက္စတန္ဗီလာ၊ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ ရွက္ဖီးလ္ယူႏုိက္တက္အသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားကို ေရာင္းခ်သြားမယ့္ အစီအစဥ္ကို လီဗာပူးလ္ပရိသတ္ေတြက ကန္႔ကြက္ေနၾကၿပီး ယာဂန္ ကေလာ့ပ္လက္ထက္မွာ အသုံးမက်ဆုံး ဆုံးျဖတ္ခ်က္လုိ႔ ဆုိေနၾက။

– ျပင္သစ္အသင္းဘက္ကို ပင္နယ္တီဧရိယာအတြင္းမွာ လိမ္ေခါက္ကန္သြင္းခ်က္နဲ႔ လွပတဲ့ ဂိုးတစ္ဂိုးသြင္းယူၿပီး ဦးေဆာင္ႏုိင္ခဲ့တဲ့ အသင္းကစားသမားေဟာင္း ခ႐ိုေအးရွားေနာက္ခံလူ ဒီယန္ လိုဗရန္ကို ျပန္ေခၚလုိ႔ ရမလားဆုိၿပီး လီဗာပူးလ္ပရိသတ္ေတြက တြစ္တာမွာ ခ်ီးက်ဴးသြားခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ရာမှာ လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ နောက်ခံလူ ထရင့် အလက်ဇန်းဒါး အာနိုးလ်က အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးက ပရိသတ်တွေရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရ။

– လီဗာပူးလ်အသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူဖို့ လုပ်ဆောင်နေပြီး သူ့ကို ရရှိခဲ့ရင် ကွင်းလယ်ကို ထိန်းကျောင်းစေပြီး ဖာဘင်ညိုကိုတော့ ဗဟိုခံစစ်မှူးသစ် ထပ်မံခေါ်ယူတော့မှာ မဟုတ်တော့တဲ့ ခံစစ်ပိုင်းအတွက် ပြောင်းလဲကစားခိုင်းဖို့ ရည်ရွယ်ထား။

– ရှာကျီရီနဲ့ အော်ရီဂီတို့နှစ်ဦးကို တောင်ပံတွေမှာ သုံးစွဲနေရပြီး ခြေစွမ်းပုံမှန် မရှိကြသလို ဆာလားနဲ့ မာနေးတို့နှစ်ဦးနေရာအတွက် အစားဝင်နိုင်စွမ်းမရှိတဲ့အတွက် လီဗာပူးလ်အနေနဲ့ တောင်ပံကစားသမားသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေပြီး ဝတ်ဖို့ဒ်ရဲ့ အစ္စမိုင်လာ ဆားရ်ကိုပဲ ကျွမ်းကျင်သူတွေက ထင်ကြေးပေးနေကြ။

– အက်စတန်ဗီလာ၊ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားကို ရောင်းချသွားမယ့် အစီအစဉ်ကို လီဗာပူးလ်ပရိသတ်တွေက ကန့်ကွက်နေကြပြီး ယာဂန် ကလော့ပ်လက်ထက်မှာ အသုံးမကျဆုံး ဆုံးဖြတ်ချက်လို့ ဆိုနေကြ။

– ပြင်သစ်အသင်းဘက်ကို ပင်နယ်တီဧရိယာအတွင်းမှာ လိမ်ခေါက်ကန်သွင်းချက်နဲ့ လှပတဲ့ ဂိုးတစ်ဂိုးသွင်းယူပြီး ဦးဆောင်နိုင်ခဲ့တဲ့ အသင်းကစားသမားဟောင်း ခရိုအေးရှားနောက်ခံလူ ဒီယန် လိုဗရန်ကို ပြန်ခေါ်လို့ ရမလားဆိုပြီး လီဗာပူးလ်ပရိသတ်တွေက တွစ်တာမှာ ချီးကျူးသွားခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.