Premier League

ငွေသုံးကြမ်းနေတဲ့ ချဲလ်ဆီးနဲ့ လူငယ်တွေရဲ့ ကံကြမ္မာ

UNICODE: ကစားသမား အရောင်းအဝယ် ပိတ်ပင်ခံထားရပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ရရှိခဲ့အပြီးမှာတော့ ကစားသမားဆက်တိုက်ခေါ်ယူမှုတွေနဲ့ ချဲလ်ဆီးအသင်းက ဖရန့် လမ်းပတ်ကို ကျောထောက်နောက်ခံ ပေးလိုက်ပါပြီ။ ခိုင် ဟာဗက်ဇ်၊ တီမို ဝါနာ၊ ဟာကင်းမ် ဇီးယက်ချ်တို့ကို မြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ခေါ်ယူနိုင်ခဲ့ပြီး သီယာဂို ဆေးလ်ဗားနဲ့ မာလန်းဆားရ်တို့ကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိပါတယ်။ ကစားသမားသစ်တွေကို မဝယ်ယူနိုင်ခင်အချိန်မှာ အကယ်ဒမီကစားသမားများနဲ့ ကျားကန်ခဲ့ရပေမယ့် လူသစ်တွေ ရောက်လာတဲ့အချိန်မှာ သူတို့တွေအတွက် ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ တမ်မီ အေဘရာဟမ်ဟာ ထိပ်တန်းဂိုးသွင်းသူစာရင်းတွင် အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ဥရောပရဲ့ အဖြစ်ထွန်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ယခုအချိန်မှာတော့ လိုက်ပ်ဇစ်မှ ခေါ်ယူထားတဲ့ ဝါနာဟာ ပထမဦးစားပေးဖြစ်လာပြီး အေဘရာဟမ်ဟာ ဝါနာရဲ့ လောင်းရိပ်မိရဖို့ ရှိနေပါတယ်။

အလားတူပဲ သတင်းများအရတော့ မေဆန် မောင့်ဟာ ခိုင် ဟာဗက်ဇ် ချဲလ်ဆီးကို ရောက်ရှိလာမှုအပေါ် မနှစ်မျို့ပဲ ရှိနေပါတယ်။ လေဗာကူဆန်အသင်းကနေ ဂျာမန်ကစားသမား ရောက်ရှိလာပြီးတဲ့အခါမှာတော့ တိုက်စစ်ပိုင်းမှာ နေရာတစ်နေရာယူထားတဲ့ မောင့်အတွက် ပွဲထွက်ခွင့်ရရှိဖို့ ခက်ခဲစေမှာပဲဖြစ်ပါတယ်။ မောင့်အနေနဲ့လည်း ယူရို သန်း ၆၀၊ ၇၀ တန် ကမ္ဘာ့အဆင့်ရှိ ကစားသမားများနဲ့ နေရာလုရတာက ကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ရပ်လို့ ဆိုသွားပါတယ်။

ချဲလ်ဆီးလူငယ်ကစားသမား ဘီလီ ဂီးလ်မိုးဟာ တစ်နှစ်တာအကောင်းဆုံး အကယ်ဒမီကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ရှက်ဖီးလ်ဒ် ယူနိုက်တက်နဲ့ပွဲမှာ လူကြီးအသင်းအတွက် ပထမဦးဆုံးပွဲထွက်ခွင့် ရရှိခဲ့ပြီး စုစုပေါင်း ၁၁ ခါ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ လီဗာပူးလ်နဲ့ အဲဗာတန်အသင်းတို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေမှာလည်း ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ကစားသမားသစ်တွေ ဝင်ရောက်လာမှုကြောင့် ဂီးလ်မိုးအနေနဲ့ အငှားထွက်ကစားရမယ့် အခြေအနေမှာရှိနေတာဖြစ်ပါတယ်။

ဟဒ်ဆန်း-အိုဒွိုင်းရဲ့တိုးတက်မှုဟာ ဒဏ်ရာတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် နှောင့်နှေးခဲ့ရပါတယ်။ ဟဒ်ဆန်း-အိုဒွိုင်းဟာ နည်းပြ မော်ရီဇီယို ဆာရီ လက်အောက်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကိုလည်း ခံခဲ့ရတဲ့အပြင် အင်္ဂလန်လက်ရွေးစင်အသင်းကလည်း ခေါ်ယူခံခဲ့ရပါတယ်။ ကစားသမားရဲ့ အနာဂတ်ဟာ မရေမရာရှိခဲ့ပေမယ့် ချဲလ်ဆီးအသင်းနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာကြောင့် အသင်းမှာ အရန်ကစားသမားအဖြစ် ဆက်လက်ရှိဖို့ များပါတယ်။

ချဲလ်ဆီးရဲ့ လူငယ်ကစားသမား ရီးစ် ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပွဲထွက်ခွင့်ရရှိဖို့ စိတ်ရှည်ရှည် စောင့်ခဲ့ရပေမယ့် ယခုနှစ်ရာသီမှာတော့ အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွေတာရဲ့ နေရာကို ရယူဖို့ တိုက်ပွဲဝင်သွားမယ့်ပုံ ရှိနေပါတယ်။ အသင်းအနေနဲ့လည်း ညာနောက်ခံလူနေရာမှာ အားဖြည့်ထားခြင်း မရှိခဲ့တာလည်းဖြစ်ပါတယ်။ ဂျိမ်းစ်အနေနဲ့ ရာသီကြိုပွဲစဉ်တွေကို လွဲချော်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ အစပိုင်းကို ဒဏ်ရာနဲ့ စတင်ခဲ့ရပေမယ့် အခွင့်အရေးပေးခံရတဲ့အခါမှာတော့ အားသွန်ခွန်စိုက် ကစားခဲ့တာကို တွေ့ရပါတယ်။

လမ်းပတ်ရဲ့ ဦးဆောင်မှုအောက်မှာ လက်ခံနိုင်စရာ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းရဲ့ဖရိုဖရဲဆန်တဲ့ နောက်တန်းအပေါ် များစွာစိုးရိမ်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အတွေ့အကြုံရင့် ပီအက်စ်ဂျီကစားသမားဟောင်း သီယာဂို ဆေးလ်ဗားနဲ့ ခံစစ်ပိုင်းကို အားဖြည့်ခဲ့ပြီးတဲ့နောက်မှာတော့ ယိုစိမ့်နေတဲ့ ချဲလ်ဆီးနောက်တန်းမှာ ကစားခဲ့တဲ့ ကစားသမားအရေအတွက်ကို နည်းပြလမ်းပတ်အနေနဲ့ လျှော့ချပစ်နိုင်ပြီး တိုမိုရီအတွက် နေရာရဖို့ ခက်ခဲမှာလည်းဖြစ်ပါတယ်။ သူ့ကို အငှားခေါ်ယူဖို့ အဲဗာတန်အသင်းက စိတ်ဝင်စားနေပါတယ်။

ကစားသမားအသစ်တွေ ရောက်ရှိလာတာကြောင့် လော့ဖ်တပ်စ်-ချိခ်အနေနဲ့ အရံခုံမှာ နောက်ထပ်စိတ်ပျက်စရာ ရာသီတစ်ခုကို ဖြတ်သန်းရမယ့်အခြေအနေမှာ ရှိနေပါတယ်။ အကယ်ဒမီမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် အသင်းကြီးကနေ ပြန်လည်ခေါ်ယူပြီးနောက်ပိုင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရပြီး အခုအခါမှာ ပိုမိုခက်ခဲတဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။

ဒါကြောင့် မျက်နှာသစ် ကစားသမားတွေ ရောက်ရှိလာမှုဟာ အသင်းအင်အားကို ပိုမိုတောင့်တင်းစေပေမယ့် တစ်ဖက်မှာလည်း လူငယ်ကစားသမားတွေကို နေရာပေးဖို့ ပျက်ကွက်လာနိုင်ပါတယ်။ ကောင်းတဲ့ အချက်တစ်ချက်ကတော့ ချဲလ်ဆီးအသင်းအနေနဲ့ လူအင်အားတောင့်တင်းပြီး ကစားသမားနေရာအတွက် အပြိုင်အဆိုင်ရှိတဲ့ အသင်းတစ်သင်းဖြစ်လာပြီး ဒဏ်ရာပြသနာကြုံရရင်လည်း လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ်လို့ တင်ဆက်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

ZAWGYI: ကစားသမား အေရာင္းအဝယ္ ပိတ္ပင္ခံထားရေပမဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာ ရရွိခဲ့အၿပီးမွာေတာ့ ကစားသမားဆက္တိုက္ေခၚယူမႈေတြနဲ႔ ခ်ဲလ္ဆီးအသင္းက ဖရန္႔ လမ္းပတ္ကို ေက်ာေထာက္ေနာက္ခံ ေပးလိုက္ပါၿပီ။ ခိုင္ ဟာဗက္ဇ္၊ တီမို ဝါနာ၊ ဟာကင္းမ္ ဇီးယက္ခ်္တို႔ကို ျမင့္မားတဲ့ ေဈးႏွဳန္းေတြနဲ႔ ေခၚယူႏိုင္ခဲ့ၿပီး သီယာဂို ေဆးလ္ဗားနဲ႔ မာလန္းဆားရ္တို႔ကိုေတာ့ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိပါတယ္။ ကစားသမားသစ္ေတြကို မဝယ္ယူႏိုင္ခင္အခ်ိန္မွာ အကယ္ဒမီကစားသမားမ်ားနဲ႔ က်ားကန္ခဲ့ရေပမယ့္ လူသစ္ေတြ ေရာက္လာတဲ့အခ်ိန္မွာ သူတုိ႔ေတြအတြက္ ပြဲထြက္ခြင့္ရရွိဖို႔ ႐ုန္းကန္ရဖြယ္ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ တမ္မီ ေအဘရာဟမ္ဟာ ထိပ္တန္းဂိုးသြင္းသူစာရင္းတြင္ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနၿပီး ဥေရာပရဲ႕ အျဖစ္ထြန္းဆုံး တိုက္စစ္မႉးမ်ားထဲမွ တစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ယခုအခ်ိန္မွာေတာ့ လိုက္ပ္ဇစ္မွ ေခၚယူထားတဲ့ ဝါနာဟာ ပထမဦးစားေပးျဖစ္လာၿပီး ေအဘရာဟမ္ဟာ ဝါနာရဲ႕ ေလာင္းရိပ္မိရဖို႔ ရွိေနပါတယ္။

အလားတူပဲ သတင္းမ်ားအရေတာ့ ေမဆန္ ေမာင့္ဟာ ခိုင္ ဟာဗက္ဇ္ ခ်ဲလ္ဆီးကို ေရာက္ရွိလာမႈအေပၚ မႏွစ္မ်ိဳ႕ပဲ ရွိေနပါတယ္။ ေလဗာကူဆန္အသင္းကေန ဂ်ာမန္ကစားသမား ေရာက္ရွိလာၿပီးတဲ့အခါမွာေတာ့ တိုက္စစ္ပိုင္းမွာ ေနရာတစ္ေနရာယူထားတဲ့ ေမာင့္အတြက္ ပြဲထြက္ခြင့္ရရွိဖို႔ ခက္ခဲေစမွာပဲျဖစ္ပါတယ္။ ေမာင့္အေနနဲ႔လည္း ယူ႐ို သန္း ၆၀၊ ၇၀ တန္ ကမာၻ႔အဆင့္ရွိ ကစားသမားမ်ားနဲ႔ ေနရာလုရတာက ေကာင္းမြန္တဲ့ စိန္ေခၚမႈတစ္ရပ္လို႔ ဆိုသြားပါတယ္။

ခ်ဲလ္ဆီးလူငယ္ကစားသမား ဘီလီ ဂီးလ္မိုးဟာ တစ္ႏွစ္တာအေကာင္းဆုံး အကယ္ဒမီကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ရွက္ဖီးလ္ဒ္ ယူႏိုက္တက္နဲ႔ပြဲမွာ လူႀကီးအသင္းအတြက္ ပထမဦးဆုံးပြဲထြက္ခြင့္ ရရွိခဲ့ၿပီး စုစုေပါင္း ၁၁ ခါ ပြဲထြက္ခြင့္ရရွိခဲ့ပါတယ္။ လီဗာပူးလ္နဲ႔ အဲဗာတန္အသင္းတို႔ကို အႏိုင္ရခဲ့တဲ့ ပြဲေတြမွာလည္း ပြဲစဥ္တစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ပါတယ္။ ကစားသမားသစ္ေတြ ဝင္ေရာက္လာမႈေၾကာင့္ ဂီးလ္မုိးအေနနဲ႔ အငွားထြက္ကစားရမယ့္ အေျခအေနမွာရွိေနတာျဖစ္ပါတယ္။

ဟဒ္ဆန္း-အိုဒြိဳင္းရဲ႕တိုးတက္မႈဟာ ဒဏ္ရာေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးေၾကာင့္ ေႏွာင့္ေႏွးခဲ့ရပါတယ္။ ဟဒ္ဆန္း-အိုဒြိဳင္းဟာ နည္းျပ ေမာ္ရီဇီယို ဆာရီ လက္ေအာက္မွာ ပြဲထြက္ခြင့္ ရရွိခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ရဲ႕ စိတ္ဝင္စားမႈကိုလည္း ခံခဲ့ရတဲ့အျပင္ အဂၤလန္လက္ေ႐ြးစင္အသင္းကလည္း ေခၚယူခံခဲ့ရပါတယ္။ ကစားသမားရဲ႕ အနာဂတ္ဟာ မေရမရာရွိခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ ၅ ႏွစ္သက္တမ္းရွိ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ခဲ့တာေၾကာင့္ အသင္းမွာ အရန္ကစားသမားအျဖစ္ ဆက္လက္ရွိဖို႔ မ်ားပါတယ္။

ခ်ဲလ္ဆီးရဲ႕ လူငယ္ကစားသမား ရီးစ္ ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ပြဲထြက္ခြင့္ရရွိဖို႔ စိတ္ရွည္ရွည္ ေစာင့္ခဲ့ရေပမယ့္ ယခုႏွစ္ရာသီမွာေတာ့ အသင္းေခါင္းေဆာင္ ဆီဇာ အက္ဇ္ပီလီေကြတာရဲ႕ ေနရာကို ရယူဖို႔ တိုက္ပြဲဝင္သြားမယ့္ပုံ ရွိေနပါတယ္။ အသင္းအေနနဲ႔လည္း ညာေနာက္ခံလူေနရာမွာ အားျဖည့္ထားျခင္း မရွိခဲ့တာလည္းျဖစ္ပါတယ္။ ဂ်ိမ္းစ္အေနနဲ႔ ရာသီႀကိဳပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ အစပိုင္းကို ဒဏ္ရာနဲ႔ စတင္ခဲ့ရေပမယ့္ အခြင့္အေရးေပးခံရတဲ့အခါမွာေတာ့ အားသြန္ခြန္စိုက္ ကစားခဲ့တာကို ေတြ႕ရပါတယ္။

လမ္းပတ္ရဲ႕ ဦးေဆာင္မႈေအာက္မွာ လက္ခံႏုိင္စရာ ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့ေပမယ့္ အသင္းရဲ႕ဖ႐ိုဖရဲဆန္တဲ့ ေနာက္တန္းအေပၚ မ်ားစြာစိုးရိမ္မႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ အေတြ႕အႀကဳံရင့္ ပီအက္စ္ဂ်ီကစားသမားေဟာင္း သီယာဂို ေဆးလ္ဗားနဲ႔ ခံစစ္ပုိင္းကို အားျဖည့္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ယိုစိမ့္ေနတဲ့ ခ်ဲလ္ဆီးေနာက္တန္းမွာ ကစားခဲ့တဲ့ ကစားသမားအေရအတြက္ကို နည္းျပလမ္းပတ္အေနနဲ႔ ေလွ်ာ့ခ်ပစ္ႏိုင္ၿပီး တိုမိုရီအတြက္ ေနရာရဖို႔ ခက္ခဲမွာလည္းျဖစ္ပါတယ္။ သူ႕ကို အငွားေခၚယူဖို႔ အဲဗာတန္အသင္းက စိတ္ဝင္စားေနပါတယ္။

ကစားသမားအသစ္ေတြ ေရာက္ရွိလာတာေၾကာင့္ ေလာ့ဖ္တပ္စ္-ခ်ိခ္အေနနဲ႔ အရံခုံမွာ ေနာက္ထပ္စိတ္ပ်က္စရာ ရာသီတစ္ခုကို ျဖတ္သန္းရမယ့္အေျခအေနမွာ ရွိေနပါတယ္။ အကယ္ဒမီမွာ ေျခစြမ္းျပသႏိုင္ခဲ့ေပမယ့္ အသင္းႀကီးကေန ျပန္လည္ေခၚယူၿပီးေနာက္ပိုင္းမွာေတာ့ ပုံမွန္ပြဲထြက္ခြင့္ရရွိဖို႔ ႐ုန္းကန္ေနရၿပီး အခုအခါမွာ ပိုမိုခက္ခဲတဲ့ ၿပိဳင္ဆိုင္မႈေတြနဲ႔ ရင္ဆိုင္ေနရျပန္ပါတယ္။

ဒါေၾကာင့္ မ်က္ႏွာသစ္ ကစားသမားေတြ ေရာက္ရွိလာမႈဟာ အသင္းအင္အားကို ပိုမိုေတာင့္တင္းေစေပမယ့္ တစ္ဖက္မွာလည္း လူငယ္ကစားသမားေတြကို ေနရာေပးဖို႔ ပ်က္ကြက္လာႏိုင္ပါတယ္။ ေကာင္းတဲ့ အခ်က္တစ္ခ်က္ကေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လူအင္အားေတာင့္တင္းၿပီး ကစားသမားေနရာအတြက္ အၿပိဳင္အဆိုင္ရွိတဲ့ အသင္းတစ္သင္းျဖစ္လာၿပီး ဒဏ္ရာျပသနာႀကဳံရရင္လည္း လြယ္လြယ္ကူကူ ေျဖရွင္းႏိုင္မယ္လို႔ တင္ဆက္လိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.