Ligue1

နေမာ၊ အမ်ဘာပေနဲ့ မက်ဆီတို့ရှိနေလည်း လိဂန်းက မလုံလောက်ဘူးဆိုတဲ့ နတ်ဘုရားကြီး

ဇလာတန် အီဘရာဟီမိုဗစ်က ၂၀၁၆ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာခဲ့တဲ့အချိန်ကတည်းက လိဂန်းဟာ ၎င်း မပါဝင်နိုင်မှုကြောင့် ထိခိုက်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဆွီဒင်ဂန္တဝင်တိုက်စစ်မှူးကြီးက ပြင်သစ်ဘောလုံးလောကဟာ ၎င်းမရှိလို့ ပြိုလဲနေခဲ့ပြီဖြစ်ပြီး ခီလီယန် အမ်ဘာပေ၊ နေမာနဲ့ လီယွန်နယ် မက်ဆီတို့ ရှိနေတာတောင်မှ မလုံလောက်ဘူးလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ပီအက်စ်ဂျီအသင်းနဲ့အတူ ဆုဖလားများစွာ ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ၄ နှစ်ဆက်တိုက် လိဂန်းဖလားအပါအဝင် ပြည်တွင်းဆုဖလား ၁၂ လုံးအထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက် ၁၅၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အသင်းသမိုင်းမှာ အီဘရာဟီမိုဗစ်ထက် ဂိုးပိုမို သွင်းယူနိုင်တဲ့ ကစားသမားဆိုလို့ ကာဗာနီ(၂၀၀)၊ အမ်ဘာပေ(၁၈၈)တို့သာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီဘရာဟီမိုဗစ်ရဲ့ တစ်ပွဲပျမ်းမျှ သွင်းဂိုးဟာ ဝ.၈၇ ဂိုးအထိ ရှိတာကြောင့် ဒီကစားသမား ၂ ဦးစလုံးထက် ပိုမိုသာလွန်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ ဒူးအရှေ့ပိုင်းအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လာမယ့် ၂၀၂၃ ခုနှစ်မှ ပြန်ကစားနိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရတဲ့ ဆွီဒင်တိုက်စစ်မှူးကြီးက လိဂန်းဟာ ၎င်းမပါဝင်မှုကြောင့် ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပြင်သစ်ကို စွန့်ခွာပြီးကတည်းက အရာအားလုံး လဲပြိုနေခဲ့တာပါ။ ဘာမှလည်း စိတ်ဝင်စားစရာအကြောင်းအရာလည်း မရှိတော့ပါဘူး။ ပြင်သစ်က ကျွန်တော့်ကို လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ပြင်သစ်ကို မလိုအပ်ပါဘူး။ ခင်ဗျားမှာ အမ်ဘာပေ၊ နေမာ၊ မက်ဆီတို့ရှိနေရင်တောင်မှ အဲဒါက မလုံလောက်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာ နတ်ဘုရားကြီး မရှိလို့ပါ”လို့ Canal+ နဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ(၇ ဂိုး)၊ နေမာ(၁၀ ဂိုး)၊ အမ်ဘာပေ(၁၁ ဂိုး)တို့ဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ၃ ဦးပေါင်းလိဂ်သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူထားသူတွေဖြစ်ပြီး စနေနေ့က ထွာယေးကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၃ ဦးစလုံး ဂိုးသွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇလာတန္ အီဘရာဟီမိုဗစ္က ၂၀၁၆ ခုႏွစ္မွာ ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာခဲ့တဲ့အခ်ိန္ကတည္းက လိဂန္းဟာ ၎ မပါဝင္ႏိုင္မႈေၾကာင့္ ထိခိုက္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

ဆြီဒင္ဂႏၲဝင္တိုက္စစ္မႉးႀကီးက ျပင္သစ္ေဘာလုံးေလာကဟာ ၎မရွိလို႔ ၿပိဳလဲေနခဲ့ၿပီျဖစ္ၿပီး ခီလီယန္ အမ္ဘာေပ၊ ေနမာနဲ႔ လီယြန္နယ္ မက္ဆီတို႔ ရွိေနတာေတာင္မွ မလုံေလာက္ဘူးလို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ဟာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္အတြင္း ပီအက္စ္ဂ်ီအသင္းနဲ႔အတူ ဆုဖလားမ်ားစြာ ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ကစားသမားျဖစ္ၿပီး ၄ ႏွစ္ဆက္တိုက္ လိဂန္းဖလားအပါအဝင္ ျပည္တြင္းဆုဖလား ၁၂ လုံးအထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆြီဒင္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းအတြက္ ၁၅၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အသင္းသမိုင္းမွာ အီဘရာဟီမိုဗစ္ထက္ ဂိုးပိုမို သြင္းယူႏိုင္တဲ့ ကစားသမားဆိုလို႔ ကာဗာနီ(၂၀၀)၊ အမ္ဘာေပ(၁၈၈)တို႔သာ ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အီဘရာဟီမိုဗစ္ရဲ႕ တစ္ပြဲပ်မ္းမွ် သြင္းဂိုးဟာ ဝ.၈၇ ဂိုးအထိ ရွိတာေၾကာင့္ ဒီကစားသမား ၂ ဦးစလုံးထက္ ပိုမိုသာလြန္ေနတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကုန္မွာ ဒူးအေရွ႕ပိုင္းအ႐ြတ္စုတ္ၿပဲဒဏ္ရာေၾကာင့္ လာမယ့္ ၂၀၂၃ ခုႏွစ္မွ ျပန္ကစားႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတဲ့ ဆြီဒင္တိုက္စစ္မႉးႀကီးက လိဂန္းဟာ ၎မပါဝင္မႈေၾကာင့္ ခံစားခဲ့ရတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ျပင္သစ္ကို စြန႔္ခြာၿပီးကတည္းက အရာအားလုံး လဲၿပိဳေနခဲ့တာပါ။ ဘာမွလည္း စိတ္ဝင္စားစရာအေၾကာင္းအရာလည္း မရွိေတာ့ပါဘူး။ ျပင္သစ္က ကြၽန္ေတာ့္ကို လိုအပ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ျပင္သစ္ကို မလိုအပ္ပါဘူး။ ခင္ဗ်ားမွာ အမ္ဘာေပ၊ ေနမာ၊ မက္ဆီတို႔ရွိေနရင္ေတာင္မွ အဲဒါက မလုံေလာက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားမွာ နတ္ဘုရားႀကီး မရွိလို႔ပါ”လို႔ Canal+ နဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီ(၇ ဂိုး)၊ ေနမာ(၁၀ ဂိုး)၊ အမ္ဘာေပ(၁၁ ဂိုး)တို႔ဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ၃ ဦးေပါင္းလိဂ္သြင္းဂိုး ၂၈ ဂိုးအထိ သြင္းယူထားသူေတြျဖစ္ၿပီး စေနေန႔က ထြာေယးကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၃ ဦးစလုံး ဂိုးသြင္းယူႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.