La Liga Ligue1 Transfer News

ရော်နယ်လ်ဒိုလိုပဲ ယူရိုပါလိဂ်မှာ ကစားရမယ့်အခြေအနေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ မက်ဆီ

ဘာစီလိုနာဥက္ကဌ လာပေါ်တာဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလဟာ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ယုံကြည်နေပေမယ့်လည်း ဒီအပြောင်းအရွှေ့ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌဟာ အသင်းဂန္တဝင်တိုက်စစ်မှူးဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ ကစားသမားဘဝကို နူးကမ့်မှာ အဆုံးသတ်စေချင်နေတယ်လို့ လူသိများပြီး အသက် ၃၅ နှစ်အရွယ် အာဂျင်တီးနားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက ကတ်တလန်အသင်းရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အသင်းကို မစွန့်ခွာချင်ဘဲ စွန့်ခွာခဲ့ရတာဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၀၀ ပြည့်နှစ်မှာ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့ ဆယ်စုနှစ် ၂ ခုကျော်ကြာ ဆက်ဆံရေး ရှိခဲ့ရာမှာ စုစုပေါင်း ၇၇၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၆၇၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ယိုအန်း လာပေါ်တာဟာ ဘာစီလိုနာအသင်းဂန္တဝင် လီယွန်န်ယ မက်ဆီကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူမှု ပြုလုပ်ဖို့အတွက် အစီအစဉ် ဆွဲနေတယ်လို့ စပိန်သတင်းဌာန SPORT က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ 1/4 စည်းမျဉ်းကြောင့် အပြောင်းအရွှေ့ ပြုလုပ်ဖို့ ပိုမိုခက်ခဲနိုင်တဲ့ နွေရာသီအထိ စောင့်ဆိုင်းဖို့ထက် ဇန်နဝါရီလမှာ Fair Play အားသာချက်ရရှိမယ့် အခြေအနေကို အခွင့်ကောင်းယူသွားချင်နေတာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း လာပေါ်တာရဲ့ အစီအစဉ်ဟာ ဘာစီလိုနာအသင်းအတွက်တော့ ဖြတ်ကျော်ရမယ့် အတားအဆီးတွေ အပြည့်နဲ့ ဖြစ်နေပြီး အနည်းဆုံး လာလီဂါရဲ့ ဘဏ္ဍာရေးအတားအဆီးတွေကျော်ဖြတ်နိုင်ရင်တောင် မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ကို ရာသီအလယ်မှာ လမ်းခွဲချင်အောင် စည်းရုံးဖို့က တော်တော်လေး ခက်ခဲမယ့်ကိစ္စ ဖြစ်လာမှာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတဲ့အချိန်အထိ ကလပ်အသင်း သို့မဟုတ် လက်ရွေးစင်အနာဂတ်ကို ဆုံးဖြတ်မယ့်ကိစ္စတွေကို ရွှေ့ဆိုင်းထားတယ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာဥကၠဌ လာေပၚတာဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလဟာ လီယြန္နယ္ မက္ဆီကို ေခၚယူဖို႔အတြက္ အေကာင္းဆုံးအခ်ိန္ျဖစ္တယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ဒီအေျပာင္းအေ႐ႊ႕ဟာ စိန္ေခၚမႈေတြနဲ႔ ျပည့္ႏွက္ေနမွာျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌဟာ အသင္းဂႏၲဝင္တိုက္စစ္မႉးျဖစ္တဲ့ လီယြန္နယ္ မက္ဆီရဲ႕ ကစားသမားဘဝကို ႏူးကမ့္မွာ အဆုံးသတ္ေစခ်င္ေနတယ္လို႔ လူသိမ်ားၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လတုန္းက ကတ္တလန္အသင္းရဲ႕ ဘ႑ာေရးအၾကပ္အတည္းေၾကာင့္ အသင္းကို မစြန႔္ခြာခ်င္ဘဲ စြန႔္ခြာခဲ့ရတာျဖစ္ပါတယ္။

မက္ဆီဟာ ၂၀၀၀ ျပည့္ႏွစ္မွာ ဘာစီလိုနာအသင္းကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အသင္းနဲ႔ ဆယ္စုႏွစ္ ၂ ခုေက်ာ္ၾကာ ဆက္ဆံေရး ရွိခဲ့ရာမွာ စုစုေပါင္း ၇၇၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၆၇၂ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

ယိုအန္း လာေပၚတာဟာ ဘာစီလိုနာအသင္းဂႏၲဝင္ လီယြန္န္ယ မက္ဆီကို လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ေခၚယူမႈ ျပဳလုပ္ဖို႔အတြက္ အစီအစဥ္ ဆြဲေနတယ္လို႔ စပိန္သတင္းဌာန SPORT က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာဟာ 1/4 စည္းမ်ဥ္းေၾကာင့္ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ဖို႔ ပိုမိုခက္ခဲႏိုင္တဲ့ ေႏြရာသီအထိ ေစာင့္ဆိုင္းဖို႔ထက္ ဇန္နဝါရီလမွာ Fair Play အားသာခ်က္ရရွိမယ့္ အေျခအေနကို အခြင့္ေကာင္းယူသြားခ်င္ေနတာျဖစ္တယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း လာေပၚတာရဲ႕ အစီအစဥ္ဟာ ဘာစီလိုနာအသင္းအတြက္ေတာ့ ျဖတ္ေက်ာ္ရမယ့္ အတားအဆီးေတြ အျပည့္နဲ႔ ျဖစ္ေနၿပီး အနည္းဆုံး လာလီဂါရဲ႕ ဘ႑ာေရးအတားအဆီးေတြေက်ာ္ျဖတ္ႏိုင္ရင္ေတာင္ မက္ဆီနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔ကို ရာသီအလယ္မွာ လမ္းခြဲခ်င္ေအာင္ စည္း႐ုံးဖို႔က ေတာ္ေတာ္ေလး ခက္ခဲမယ့္ကိစၥ ျဖစ္လာမွာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီကေတာ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ၿပီးဆုံးတဲ့အခ်ိန္အထိ ကလပ္အသင္း သို႔မဟုတ္ လက္ေ႐ြးစင္အနာဂတ္ကို ဆုံးျဖတ္မယ့္ကိစၥေတြကို ေ႐ႊ႕ဆိုင္းထားတယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာၾကားထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.