Ligue1

စာချုပ်သက်တမ်းကုန်ရင် အသင်းပြောင်းမှာဖြစ်ပေမယ့် ဘာဆာပြန်မှာမဟုတ်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်အချိန်မှာ မေဂျာလိဂ်အသင်းဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၂၀ ခုနှစ်မှာ ဘာစီလိုနာအသင်းကို စွန့်ခွာခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းနဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးလောကမှာ ခက်ခဲကြမ်းတမ်းတဲ့ ပွဲဦးထွက်ရာသီကို ဖြတ်သန်းခဲ့ပြီးနောက် မက်ဆီဟာ ယခုရာသီမှာ ထိပ်တန်းအဆင့် ခြေစွမ်းပြန်လည်ရရှိနေပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တာကြောင့် ပဲရစ်မှာပဲ ဆက်နေမလား ဒါမှမဟုတ် နူးကမ့်ပြန်မလားဆိုတဲ့ ကောလာဟလတွေက ကြီးထွားလာနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီအနေနဲ့ တတိယမြောက် ရွေးချယ်စရာကို ရွေးချယ်ဖို့များနေပုံပေါ်ပြီး အင်တာမိုင်ယာမီအသင်းဟာ ဘလွန်ဒေါ ၇ ဆုရှင်ကို ခေါ်ယူဖို့အတွက် အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ မေဂျာလိဂ်ကလပ်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူးနဲ့ ပြီးခဲ့တဲ့နှစ်အတော်ကြာအတွင်း ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် မက်ဆီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်တွေ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ “ဒေးဗစ် ဘက်ခမ်းနဲ့အတူ အင်တာမိုင်ယာမီအသင်းကို ပူးတွဲပိုင်ဆိုင်တဲ့ ဂျော့ဂျ်နဲ့ ဟိုဆေး မက်စ်တို့ ညီအစ်ကိုက ဆွေးနွေးညှိနှိုင်းမှုတွေကို ဦးဆောင်နေပြီး ကြယ်ပွင့်ကစားသမားရဲ့ အဖေ ဂျော့ဂျ်နဲ့ တွေ့ဆုံဆွေးနွေးမှုအများအပြား ပြုလုပ်ခဲ့ပါတယ်”လို့ The Athletic ကလောင်ရှင် ဒေးဗစ် အွန်းစတိုင်းက ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့ ၎င်းရဲ့ ကိုယ်စားလှယ်တွေဟာ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတဲ့အချိန်အထိ နော်ကထပ် စာချုပ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ မျှော်မှန်းခြင်းခံထားရပြီး ဇန်နဝါရီလစပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ အင်တာ မိုင်ယာမီလိုမျိုး ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူညီစာချုပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။ အင်တာ မိုင်ယာမီသာ မက်ဆီအတွက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ ပြုလုပ်နိုင်မယ်ဆိုရင် မေဂျာလိဂ်သမိုင်းတလျှောက် ၂၀၀၇ ခုနှစ်မှာ ဒေးဗစ် ဘက်ခမ်းရဲ့ အယ်လ်အေ ဂလက်ဆီကို ပြောင်းရွှေ့မှုအပြီးမှာ နာမည်အကြီးဆုံးကစားသမားခေါ်ယူမှုဖြစ်လာမှာ သေချာပါတယ်။

မိုင်ယာမီမှာ လီယွန်နယ် မက်ဆီတို့ မိသားစုဟာ အိမ်ရှိပြီးသားဖြစ်တာကြောင့်လည်း ပြောင်းရွှေ့ဖို့ ဆွဲဆောင်မှုတစ်ခုအဖြစ် ရှိနေတာဖြစ်ပြီး အင်တာမိုင်ယာမီအသင်းကလည်း တောင်အမေရိကကစားသမားတွေနဲ့ အားကောင်းတဲ့ ဆက်ဆံရေးတွေ ရှိနေတာကြောင့် ပီအက်စ်ဂျီကြယ်ပွင့်အတွက် နောက်ထပ် ဆွဲဆောင်မှုတစ်ခုအဖြစ်လည်း ရှိနေတာ ဖြစ်ပါတယ်။

နှစ်ဦးနှစ်ဖက်စလုံးအတွက် ဆွဲဆောင်နေတဲ့ နောက်ထပ် အဓိကအချက်တစ်ချက်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အမေရိကားက ဘောလုံးလောကအပေါ် မက်ဆီရဲ့ အကျိုးသက်ရောက်မှု ပြုလုပ်နိုင်မယ့်အခွင့်အရေးဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါ၊ ယူအက်စ်အေ ၃ နိုင်ငံက မြို့ကြီး ၁၆ မြို့မှာ ပူးတွဲကျင်းပသွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္အခ်ိန္မွာ ေမဂ်ာလိဂ္အသင္းျဖစ္တဲ့ အင္တာ မိုင္ယာမီအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၂၀၂၀ ခုႏွစ္မွာ ဘာစီလိုနာအသင္းကို စြန႔္ခြာခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းနဲ႔ ၁ ႏွစ္သက္တမ္းတိုးခြင့္ပါဝင္တဲ့ ၂ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။ ျပင္သစ္ေဘာလုံးေလာကမွာ ခက္ခဲၾကမ္းတမ္းတဲ့ ပြဲဦးထြက္ရာသီကို ျဖတ္သန္းခဲ့ၿပီးေနာက္ မက္ဆီဟာ ယခုရာသီမွာ ထိပ္တန္းအဆင့္ ေျခစြမ္းျပန္လည္ရရွိေနၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၁၇ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ပဲရစ္မွာပဲ ဆက္ေနမလား ဒါမွမဟုတ္ ႏူးကမ့္ျပန္မလားဆိုတဲ့ ေကာလာဟလေတြက ႀကီးထြားလာေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီအေနနဲ႔ တတိယေျမာက္ ေ႐ြးခ်ယ္စရာကို ေ႐ြးခ်ယ္ဖို႔မ်ားေနပုံေပၚၿပီး အင္တာမိုင္ယာမီအသင္းဟာ ဘလြန္ေဒါ ၇ ဆုရွင္ကို ေခၚယူဖို႔အတြက္ အနီးစပ္ဆုံး အေျခအေနမွာ ရွိေနတယ္လို႔ သိရပါတယ္။

The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ေမဂ်ာလိဂ္ကလပ္အသင္းဟာ အာဂ်င္တီးနားတိုက္စစ္မႉးနဲ႔ ၿပီးခဲ့တဲ့ႏွစ္အေတာ္ၾကာအတြင္း ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ မက္ဆီကို ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ေတြ ျမင့္တက္လာေနတယ္လို႔ သိရပါတယ္။ “ေဒးဗစ္ ဘက္ခမ္းနဲ႔အတူ အင္တာမိုင္ယာမီအသင္းကို ပူးတြဲပိုင္ဆိုင္တဲ့ ေဂ်ာ့ဂ်္နဲ႔ ဟိုေဆး မက္စ္တို႔ ညီအစ္ကိုက ေဆြးေႏြးညႇိႏႈိင္းမႈေတြကို ဦးေဆာင္ေနၿပီး ၾကယ္ပြင့္ကစားသမားရဲ႕ အေဖ ေဂ်ာ့ဂ်္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈအမ်ားအျပား ျပဳလုပ္ခဲ့ပါတယ္”လို႔ The Athletic ကေလာင္ရွင္ ေဒးဗစ္ အြန္းစတိုင္းက ေျပာၾကားခဲ့ပါတယ္။

မက္ဆီနဲ႔ ၎ရဲ႕ ကိုယ္စားလွယ္ေတြဟာ ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲ ၿပီးဆုံးတဲ့အခ်ိန္အထိ ေနာ္ကထပ္ စာခ်ဳပ္ကိစၥ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားမွာမဟုတ္ဘူးလို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ဇန္နဝါရီလစၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ အင္တာ မိုင္ယာမီလိုမ်ိဳး ျပည္ပကလပ္အသင္းေတြနဲ႔ အႀကိဳသေဘာတူညီစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အင္တာ မိုင္ယာမီသာ မက္ဆီအတြက္ အံ့အားသင့္ဖြယ္ အေျပာင္းအေ႐ႊ႕ ျပဳလုပ္ႏိုင္မယ္ဆိုရင္ ေမဂ်ာလိဂ္သမိုင္းတေလွ်ာက္ ၂၀၀၇ ခုႏွစ္မွာ ေဒးဗစ္ ဘက္ခမ္းရဲ႕ အယ္လ္ေအ ဂလက္ဆီကို ေျပာင္းေ႐ႊ႕မႈအၿပီးမွာ နာမည္အႀကီးဆုံးကစားသမားေခၚယူမႈျဖစ္လာမွာ ေသခ်ာပါတယ္။

မိုင္ယာမီမွာ လီယြန္နယ္ မက္ဆီတို႔ မိသားစုဟာ အိမ္ရွိၿပီးသားျဖစ္တာေၾကာင့္လည္း ေျပာင္းေ႐ႊ႕ဖို႔ ဆြဲေဆာင္မႈတစ္ခုအျဖစ္ ရွိေနတာျဖစ္ၿပီး အင္တာမိုင္ယာမီအသင္းကလည္း ေတာင္အေမရိကကစားသမားေတြနဲ႔ အားေကာင္းတဲ့ ဆက္ဆံေရးေတြ ရွိေနတာေၾကာင့္ ပီအက္စ္ဂ်ီၾကယ္ပြင့္အတြက္ ေနာက္ထပ္ ဆြဲေဆာင္မႈတစ္ခုအျဖစ္လည္း ရွိေနတာ ျဖစ္ပါတယ္။

ႏွစ္ဦးႏွစ္ဖက္စလုံးအတြက္ ဆြဲေဆာင္ေနတဲ့ ေနာက္ထပ္ အဓိကအခ်က္တစ္ခ်က္က ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီ အေမရိကားက ေဘာလုံးေလာကအေပၚ မက္ဆီရဲ႕ အက်ိဳးသက္ေရာက္မႈ ျပဳလုပ္ႏိုင္မယ့္အခြင့္အေရးျဖစ္ၿပီး ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို မကၠဆီကို၊ ကေနဒါ၊ ယူအက္စ္ေအ ၃ ႏိုင္ငံက ၿမိဳ႕ႀကီး ၁၆ ၿမိဳ႕မွာ ပူးတြဲက်င္းပသြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.