Ligue1

မျိုးဆက်သစ်တွေအတွက် စံနမူနာဖြစ်စေမယ့် ခြုံငုံသုံးသပ်မှုကို ဂိုးမသွင်းခင်ပြသခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ စနေနေ့ညက ထွာယေးကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် နောက်ထပ်တစ်ကြိမ် သူရဲကောင်း ဖြစ်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ တကမ္ဘာလုံးကို မင်သက်အံ့သြစေခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပထမပိုင်းအစောပိုင်းမှာ မာမာ ဘာလ်ဒီရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ကားလို့စ် ဆိုလာက ပြန်လည်ချေပပေးခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ၁-၁ နဲ့ ပွဲပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၇ မိနစ်အကြာမှာ မာမာ ဘာလ်ဒီကပဲ နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့တာကြောင့် ပီအက်စ်ဂျီရဲ့ လိဂန်းက ရှုံးပွဲမရှိ စံချိန်ကျိုးပျက်မယ့်အရေး စိုးရိမ်ပူပန်မှုတွေ မြင့်တက်ခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီက ပရိသတ်တွေရဲ့ သောကအပူကို အလွန်မှော်ဆန်တဲ့ ကန်ချက်နဲ့ ငြှိမ်းသတ်ပေးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဆာဂျီယို ရာမို့စ်ဆီကနေ ဘောလုံးကို လက်ခံ ရယူခဲ့တာဖြစ်ပြီး ဘောလုံးကို လက်ခံမရယူမီမှာ ပြေးကပ်လာနိုင်တဲ့ ပြိုင်ဘက် ခံစစ်ကစားသမားတွေရဲ့အခြေအနေနဲ့ ဂိုးသမားရဲ့ နေရာယူပုံ မှန်၊ မမှန်ကို အခေါက်ခေါက်အခါခါ သုံးသပ်နေခဲ့တာကို ရုပ်သံပြကွက်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ပြီးတဲ့နောက်မှာတော့ လီယွန်နက် မက်ဆီဟာ ရာမို့စ် ပေးပို့လိုက်တဲ့ ဘောလုံးကို တစ်ချက် ထိန်းပြီး ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဂိုးဘယ်ဖက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့ရာမှာတော့ ထွာယေးနောက်ခံကစားသမားတွေနဲ့ ဂိုးသမား ဘယ်လိုမှ ကာကွယ်ချိန်တောင်မရလိုက်ဘဲ ဂိုးထဲ တန်းတန်းမတ်မတ် ဝင်သွားခဲ့တာဖြစ်ပါတယ်။

၆၂ မိနစ်မှာ လီယွန်နယ် မက်ဆီက ပင်နယ်တီဧရိယာထဲ ပြေးဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ နေမာဆီ အလွန်ကောင်းမွန်တဲ့ မျှောထိုးပေးပို့မှု ပြုလုပ်ပေးခဲ့ရာမှာ ဘရာဇီးလ်တိုက်စစ်မှူးက အမှားအယွင်းမရှိ ညာခြေနဲ့ အပြင်းကန်သွင်းယူနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်း တတိယမြောက် ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း အနိုင်သေချာစေမယ့် စတုတ္ထမြောက် ဦးဆောင်ဂိုးကို ထွာယေးဂိုးသမားက ကားလို့စ် ဆိုလာကို ပင်နယ်တီဧရိယာထဲမှာ လှဲချခဲ့တာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် အမ်ဘာပေက ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ထွာယေးအသင်းအတွက် နောက်ထပ်ချေပဂိုးကို ပါလာဗာဆာက ၈၈ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့်လည်း ပြန်လာနိုင်ဖို့ တော်တော်လေး အချိန်နှောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ပီအက်စ်ဂျီအသင်းဟာ လိဂန်းအမှတ်ပေးဇယားထိပ်ဆုံးမှာ လွန်းစ်ကို ၅ မှတ်ဖြတ်ပြီး ပြန်လည်ဦးဆောင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး အဖွင့်ပွဲစဉ် ၁၃ ပွဲမှာ ရမှတ် ၂ ကြိမ်သာ လျော့ကျခဲ့တဲ့ ဂဲလ်တီယာရဲ့အသင်းရဲ့ အရည်အသွေးဟာ ပြင်သစ်ထိပ်တန်းပြိုင်ပွဲမှာ ကျန်တဲ့အသင်းတွေအားလုံးထက် အပြတ်အသတ် သာလွန်နေခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီကလည်း ကမ္ဘာပေါ်က အကောင်းဆုံကစားသမားဆိုတာကို ဆက်လက် ပြသနေခဲ့တာဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ထွာယေးနဲ့ပွဲစဉ်က အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ကို အင်္ဂလန်ဂန္တဝင် ဂယ်ရီ လိုင်နီကာက မချီးကျူးဘဲ မနေနိုင်ခဲ့ဘဲ ၎င်းရဲ့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ “မက်ဆီ ဆီကနေ နောက်ထပ် ကြောက်မက်ဖွယ် အရမ်းကောင်းမွန်တဲ့ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုပဲ။ GOAT ကြီးကတော့ GOAT ကြီးတွေ လုပ်တတ်တဲ့အရာတွေကို လုပ်ပြနေတာပဲ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီယြန္နယ္ မက္ဆီဟာ စေနေန႔ညက ထြာေယးကို ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ သူရဲေကာင္း ျဖစ္ခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ အေဝးကန္ခ်က္နဲ႔ တကမာၻလုံးကို မင္သက္အံ့ၾသေစခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ပထမပိုင္းအေစာပိုင္းမွာ မာမာ ဘာလ္ဒီရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ကားလို႔စ္ ဆိုလာက ျပန္လည္ေခ်ပေပးခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ ၁-၁ နဲ႔ ပြဲၿပီးဆုံးသြားခဲ့တာ ျဖစ္ပါတယ္။ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၇ မိနစ္အၾကာမွာ မာမာ ဘာလ္ဒီကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီရဲ႕ လိဂန္းက ရႈံးပြဲမရွိ စံခ်ိန္က်ိဳးပ်က္မယ့္အေရး စိုးရိမ္ပူပန္မႈေတြ ျမင့္တက္ခဲ့ေပမယ့္လည္း လီယြန္နယ္ မက္ဆီက ပရိသတ္ေတြရဲ႕ ေသာကအပူကို အလြန္ေမွာ္ဆန္တဲ့ ကန္ခ်က္နဲ႔ ျငႇိမ္းသတ္ေပးခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပင္နယ္တီဧရိယာအျပင္ဘက္မွာ ဆာဂ်ီယို ရာမို႔စ္ဆီကေန ေဘာလုံးကို လက္ခံ ရယူခဲ့တာျဖစ္ၿပီး ေဘာလုံးကို လက္ခံမရယူမီမွာ ေျပးကပ္လာႏိုင္တဲ့ ၿပိဳင္ဘက္ ခံစစ္ကစားသမားေတြရဲ႕အေျခအေနနဲ႔ ဂိုးသမားရဲ႕ ေနရာယူပုံ မွန္၊ မမွန္ကို အေခါက္ေခါက္အခါခါ သုံးသပ္ေနခဲ့တာကို ႐ုပ္သံျပကြက္ေတြမွာ ျမင္ေတြ႕ခဲ့ရပါတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ လီယြန္နက္ မက္ဆီဟာ ရာမို႔စ္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို တစ္ခ်က္ ထိန္းၿပီး ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဂိုးဘယ္ဖက္ေထာင့္ကို အျပင္းကန္သြင္းယူသြားခဲ့ရာမွာေတာ့ ထြာေယးေနာက္ခံကစားသမားေတြနဲ႔ ဂိုးသမား ဘယ္လိုမွ ကာကြယ္ခ်ိန္ေတာင္မရလိုက္ဘဲ ဂိုးထဲ တန္းတန္းမတ္မတ္ ဝင္သြားခဲ့တာျဖစ္ပါတယ္။

၆၂ မိနစ္မွာ လီယြန္နယ္ မက္ဆီက ပင္နယ္တီဧရိယာထဲ ေျပးဝင္ဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ေနမာဆီ အလြန္ေကာင္းမြန္တဲ့ ေမွ်ာထိုးေပးပို႔မႈ ျပဳလုပ္ေပးခဲ့ရာမွာ ဘရာဇီးလ္တိုက္စစ္မႉးက အမွားအယြင္းမရွိ ညာေျခနဲ႔ အျပင္းကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီအသင္း တတိယေျမာက္ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္း အႏိုင္ေသခ်ာေစမယ့္ စတုတၳေျမာက္ ဦးေဆာင္ဂိုးကို ထြာေယးဂိုးသမားက ကားလို႔စ္ ဆိုလာကို ပင္နယ္တီဧရိယာထဲမွာ လွဲခ်ခဲ့တာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ အမ္ဘာေပက ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ထြာေယးအသင္းအတြက္ ေနာက္ထပ္ေခ်ပဂိုးကို ပါလာဗာဆာက ၈၈ မိနစ္မွာ သြင္းယူေပးခဲ့ေပမယ့္လည္း ျပန္လာႏိုင္ဖို႔ ေတာ္ေတာ္ေလး အခ်ိန္ေႏွာင္းသြားခဲ့ၿပီျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ လိဂန္းအမွတ္ေပးဇယားထိပ္ဆုံးမွာ လြန္းစ္ကို ၅ မွတ္ျဖတ္ၿပီး ျပန္လည္ဦးေဆာင္ခြင့္ ရရွိခဲ့ၿပီျဖစ္ၿပီး အဖြင့္ပြဲစဥ္ ၁၃ ပြဲမွာ ရမွတ္ ၂ ႀကိမ္သာ ေလ်ာ့က်ခဲ့တဲ့ ဂဲလ္တီယာရဲ႕အသင္းရဲ႕ အရည္အေသြးဟာ ျပင္သစ္ထိပ္တန္းၿပိဳင္ပြဲမွာ က်န္တဲ့အသင္းေတြအားလုံးထက္ အျပတ္အသတ္ သာလြန္ေနခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီကလည္း ကမာၻေပၚက အေကာင္းဆုံကစားသမားဆိုတာကို ဆက္လက္ ျပသေနခဲ့တာျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၁၇ ပြဲမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ထြာေယးနဲ႔ပြဲစဥ္က အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးရဲ႕ စြမ္းေဆာင္ရည္ကို အဂၤလန္ဂႏၲဝင္ ဂယ္ရီ လိုင္နီကာက မခ်ီးက်ဴးဘဲ မေနႏိုင္ခဲ့ဘဲ ၎ရဲ႕ တြစ္တာလူမႈကြန္ရက္ေပၚမွာ “မက္ဆီ ဆီကေန ေနာက္ထပ္ ေၾကာက္မက္ဖြယ္ အရမ္းေကာင္းမြန္တဲ့ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈပဲ။ GOAT ႀကီးကေတာ့ GOAT ႀကီးေတြ လုပ္တတ္တဲ့အရာေတြကို လုပ္ျပေနတာပဲ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.