Ligue1

နောက်ခံကစားသမား ၄ ဦးကို ရူးခါနေအောင် စကေးပြပြီး ပွတ်စကပ်ဆုနဲ့ နီးစပ်ခဲ့တဲ့ နေမာ

နေမာဟာ စနေနေ့ညက ပီအက်စ်ဂျီအသင်း အနိုင်ရရှိခဲ့တဲ့ ထွာယေးနဲ့ ပွဲစဉ်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဘောလုံးစွမ်းရည်နဲ့အတူ ပွတ်စကပ်ဆုအတွက် ယှဉ်ပြိုင်သူဖြစ်လာမယ့်သွင်းဂိုးကို ဖန်တီးပေးနိုင်ဖို့ အလွန်နီးစပ်ခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းက အိမ်ကွင်းမှာ ၄-၃ နဲ့ အနိုင်ရရှိဖို့ နောက်ကနေ လိုက်ကစားခဲ့တဲ့အချိန်မှာ အကောင်းဆုံးပုံစံ ပြသခဲ့တာဖြစ်ပြီး မာမာ ဘာလ်ဒီက ထွာယေးအတွက် အစောပိုင်းဦးဆောင်ဂိုး အံ့အားသင့်ဖွယ် သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အိမ်ရှင် ပီအက်စ်ဂျီတို့ဟာ ကားလို့စ် ဆိုလာရဲ့ သွင်းဂိုးကြောင့် ချေပဂိုး ပြန်လည်ရရှိခဲ့ပေမယ့်လည်း ဒုတိယပိုင်းအစောပိုင်းမှာ မာမာ ဘာလ်ဒီရဲ့ နောက်ထပ် ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြန်တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက အလွန်ထူးခြားကောင်းမွန်တဲ့ အဝေးကန်သွင်းချက်နဲ့အတူ အိမ်ရှင်တို့အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၂ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်း ၃-၂ နဲ့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို နေမာ သွင်းယူနိုင်အောင် ဖန်တီးပေးပို့ခဲ့ပြီးနောက် ဘရာဇီးလ်တိုက်စစ်မှူးရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ်မှာ ဘောလုံး ရယူခဲ့ပြီးနောက် နေမာဟာ ပြိုင်ဘက်ကစားသမားတွေရဲ့ စိန်ခေါ်မှုကို လျင်လျင်မြန်မြန်ပဲ လှည့်ထွက်ပြီး ရှင်းထုတ်ခဲ့ပြီးနောက် ထွာယေး ဂိုးဧရိယာဆီကို တဟုန်ထိုး ပြေးလွှားခဲ့ပေမယ့်လည်း ပြိုင်ဘက်ကစားသမား ၃ ဦးအထိ ၎င်းဆီကနေ ဘောလုံးကို လုယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ၃ ယောက်ကြားထဲမှာ တစ်ဦးတည်း ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်ကြယ်ပွင့်ဟာ ပြိုင်ဘက်ကစားသမား ၃ ဦးကြားထဲကနေ ဖောက်ထွက်ပြနိုင်ခဲ့ပြီး ပင်နယ်တီဧရိယာအစွန်ကို ရောက်ရှိလာခဲ့ပြီးနောက် Marseille လှည့်ကွက်ကို ပြုလုပ်ခဲ့ပြီး အမ်ဘာပေဆီကို ဘောလုံးကို ဖနောင့်နဲ့ အသာအယာ ထိုးပေးခဲ့တာဖြစ်ပါတယ်။

နေမာနဲ့ ပီအက်စ်ဂျီအတွက် ကံဆိုးစွာနဲ့ပဲ အမ်ဘာပေဟာ အဲဒီ ပေးပို့မှုကို အဆုံးမသတ်နိုင်ခဲ့ဘဲ ၎င်းရဲ့ ကန်သွင်းမှုကို ထွာယေးဂိုးသမား ဂယ်ယွန်က ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီပေးပို့မှုကို ပြင်သစ်တိုက်စစ်မှူးက အဆုံးသတ်နိုင်မယ်ဆိုရင် ပွတ်စကပ်ဆုအတွက် ကျိန်းသေပေါက် စိန်ခေါ်နိုင်မယ့် သွင်းဂိုး ဖြစ်လာခဲ့မှာဖြစ်ပြီး လူမှုကွန်ရက်ပေါ်က ပီအက်စ်ဂျီပရိသတ်တွေဟာ နေမာရဲ့ အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်း ကောင်းမွန်မှုကြောင့် အံ့သြတကြီး ချီးကျူးခဲ့ကြပါတယ်။

“သူ အနားယူသွားတဲ့အချိန်ကျရင် ဘောလုံးကလည်း သူ့ရဲ့အိပ်ရာပေါ်မှာ သေဆုံးသွားလိမ့်မယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “အမ်ဘာပေက နေမာရဲ့ အံ့အားသင့်ဖွယ် ဂိုးဖန်တီးမှုကို လုယူသွားခဲ့တာပါ”လို့ နောက်ထပ် ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။ အမ်ဘာပေဟာ နောက်ဆုံးမှာတော့ ပွဲကစားချိန် ၁၅ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ ရရှိခဲ့တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကနေတဆင့် ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး ၈၈ မိနစ်မှာ ထွာယေးအတွက် ပါလာဗာဆာက အနီးကပ်ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနမာဟာ စေနေန႔ညက ပီအက္စ္ဂ်ီအသင္း အႏိုင္ရရွိခဲ့တဲ့ ထြာေယးနဲ႔ ပြဲစဥ္မွာ အလြန္ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ေဘာလုံးစြမ္းရည္နဲ႔အတူ ပြတ္စကပ္ဆုအတြက္ ယွဥ္ၿပိဳင္သူျဖစ္လာမယ့္သြင္းဂိုးကို ဖန္တီးေပးႏိုင္ဖို႔ အလြန္နီးစပ္ခဲ့ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအသင္းက အိမ္ကြင္းမွာ ၄-၃ နဲ႔ အႏိုင္ရရွိဖို႔ ေနာက္ကေန လိုက္ကစားခဲ့တဲ့အခ်ိန္မွာ အေကာင္းဆုံးပုံစံ ျပသခဲ့တာျဖစ္ၿပီး မာမာ ဘာလ္ဒီက ထြာေယးအတြက္ အေစာပိုင္းဦးေဆာင္ဂိုး အံ့အားသင့္ဖြယ္ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ ပီအက္စ္ဂ်ီတို႔ဟာ ကားလို႔စ္ ဆိုလာရဲ႕ သြင္းဂိုးေၾကာင့္ ေခ်ပဂိုး ျပန္လည္ရရွိခဲ့ေပမယ့္လည္း ဒုတိယပိုင္းအေစာပိုင္းမွာ မာမာ ဘာလ္ဒီရဲ႕ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရျပန္တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက အလြန္ထူးျခားေကာင္းမြန္တဲ့ အေဝးကန္သြင္းခ်က္နဲ႔အတူ အိမ္ရွင္တို႔အတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၁၂ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္း ၃-၂ နဲ႔ ဦးေဆာင္ႏိုင္ေစမယ့္ သြင္းဂိုးကို ေနမာ သြင္းယူႏိုင္ေအာင္ ဖန္တီးေပးပို႔ခဲ့ၿပီးေနာက္ ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ေမွာ္ဆန္တဲ့ အခိုက္အတန႔္က ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

ကြင္းလယ္မွာ ေဘာလုံး ရယူခဲ့ၿပီးေနာက္ ေနမာဟာ ၿပိဳင္ဘက္ကစားသမားေတြရဲ႕ စိန္ေခၚမႈကို လ်င္လ်င္ျမန္ျမန္ပဲ လွည့္ထြက္ၿပီး ရွင္းထုတ္ခဲ့ၿပီးေနာက္ ထြာေယး ဂိုးဧရိယာဆီကို တဟုန္ထိုး ေျပးလႊားခဲ့ေပမယ့္လည္း ၿပိဳင္ဘက္ကစားသမား ၃ ဦးအထိ ၎ဆီကေန ေဘာလုံးကို လုယူဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ ၃ ေယာက္ၾကားထဲမွာ တစ္ဦးတည္း ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္ၾကယ္ပြင့္ဟာ ၿပိဳင္ဘက္ကစားသမား ၃ ဦးၾကားထဲကေန ေဖာက္ထြက္ျပႏိုင္ခဲ့ၿပီး ပင္နယ္တီဧရိယာအစြန္ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ Marseille လွည့္ကြက္ကို ျပဳလုပ္ခဲ့ၿပီး အမ္ဘာေပဆီကို ေဘာလုံးကို ဖေနာင့္နဲ႔ အသာအယာ ထိုးေပးခဲ့တာျဖစ္ပါတယ္။

ေနမာနဲ႔ ပီအက္စ္ဂ်ီအတြက္ ကံဆိုးစြာနဲ႔ပဲ အမ္ဘာေပဟာ အဲဒီ ေပးပို႔မႈကို အဆုံးမသတ္ႏိုင္ခဲ့ဘဲ ၎ရဲ႕ ကန္သြင္းမႈကို ထြာေယးဂိုးသမား ဂယ္ယြန္က ကာကြယ္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ တကယ္လို႔သာ အဲဒီေပးပို႔မႈကို ျပင္သစ္တိုက္စစ္မႉးက အဆုံးသတ္ႏိုင္မယ္ဆိုရင္ ပြတ္စကပ္ဆုအတြက္ က်ိန္းေသေပါက္ စိန္ေခၚႏိုင္မယ့္ သြင္းဂိုး ျဖစ္လာခဲ့မွာျဖစ္ၿပီး လူမႈကြန္ရက္ေပၚက ပီအက္စ္ဂ်ီပရိသတ္ေတြဟာ ေနမာရဲ႕ အလြန္ေကာင္းမြန္တဲ့ တစ္ဦးခ်င္း ေကာင္းမြန္မႈေၾကာင့္ အံ့ၾသတႀကီး ခ်ီးက်ဴးခဲ့ၾကပါတယ္။

“သူ အနားယူသြားတဲ့အခ်ိန္က်ရင္ ေဘာလုံးကလည္း သူ႔ရဲ႕အိပ္ရာေပၚမွာ ေသဆုံးသြားလိမ့္မယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “အမ္ဘာေပက ေနမာရဲ႕ အံ့အားသင့္ဖြယ္ ဂိုးဖန္တီးမႈကို လုယူသြားခဲ့တာပါ”လို႔ ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။ အမ္ဘာေပဟာ ေနာက္ဆုံးမွာေတာ့ ပြဲကစားခ်ိန္ ၁၅ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ ရရွိခဲ့တဲ့ ပင္နယ္တီ ျပစ္ဒဏ္ေဘာကေနတဆင့္ ဂိုးသြင္းယူသြားႏိုင္ခဲ့ၿပီး ၈၈ မိနစ္မွာ ထြာေယးအတြက္ ပါလာဗာဆာက အနီးကပ္ေခါင္းတိုက္ၿပီး ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.