Ligue1 Match Report

ဖိုက်တာဧည့်သည် ထွာယေးကို မက်ဆီအားကိုးနဲ့ အကြိတ်အနယ် နိုင်ပွဲယူခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ကင်ပမ်ဘီ၊ ရာမို့စ်၊ မူခီယေးလီနဲ့ ဘားနတ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဗီတင်ညာ၊ ဗာရက်တီနဲ့ ကားလို့စ် ဆိုလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကိုပဲ ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ထွာယေးတို့ကတော့ ဂိုးသမား ဂယ်ယွန်၊ ခံစစ်မှာ ပိုရိုဇို၊ ပါးလ်မား-ဘရောင်း၊ ဆယ်လ်မီယေး၊ သီယာနို ဘာလ်ဒီ၊ အက်ဘ်ဒူ ကွန်တီတို့နဲ့ စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ရှာဗာလယ်ရင်၊ ကူအာမေ၊ ရိုနီ လိုပက်စ်နဲ့ အိုဒိုဘာ့တ်တို့ကို အသုံးပြုလာခဲ့ပြီး တိုက်စစ်မှာတော့ မာမာ ဘာလ်ဒီတစ်ဦးတည်းကို အထောင်တင်ထားလာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက အထနှေးတဲ့ ပီအက်စ်ဂျီတို့ကို ဧည့်သည်တွေက ထိုးနှက်သွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကွန်တီ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ကင်ပမ်ဘီနဲ့ ရာမို့စ်တို့ မရှင်းနိုင်ဘဲ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ရိုနီ လိုပက်စ်က နောက်ပြန်ချပေးတာကို တိုက်စစ်မှူး မာမာ ဘာလ်ဒီက Volley ကန်သွင်းပြီး ထွာယေးတို့ကို ဂိုးစရစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုးပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အပေးအယူလုပ်လာခဲ့ပြီး စနစ်တကျ ဆုတ်ခံနေတဲ့ ထွာယေးခံစစ်ကြားကနေ နေမာက ကျော်ချပေးရာမှာ လူကျွံထောင်ချောက်မှာ အာရုံမစိုက်ဘဲ ပြေးလိုက်ခဲ့တဲ့ ဘယ်နောက်ခံလူ ကွန်တီကြောင့် ပျက်သွားခဲ့တဲ့ အနေအထားကနေ ရသွားခဲ့တဲ့ ကားလို့စ် ဆိုလာက အနိမ့်ဘော ချိုးကန်သွင်းပြီး ရယူသွားခဲ့တာပါ။

ပီအက်စ်ဂျီတို့အနေနဲ့ ကွင်းလယ်မှာ လိုက်အား ဖျက်အားကောင်းတဲ့ ကစားသမားမျိုး မပါဝင်ချိန်မှာ ခံစစ်နဲ့ ကွင်းလယ်ကို နေရာလွတ်မပေးဘဲ ကစားနေတဲ့ ထွာယေးရဲ့ ထောင်ချောက်ထဲမှာ ကားလို့စ် ဆိုလာ၊ ဗီတင်ညာနဲ့ ဗာရက်တီတို့ ရုန်းကန်ခဲ့ရပြီး ဒါကို ဖြတ်ကျော်နိုင်ဖို့ ခံစစ်တွေပါ အကုန်တက်ပြီး Overload လုပ်ခဲ့ရတဲ့ ရာမို့စ်တို့ကြောင့် အပြန်အလှန်သွင်းဂိုးများဖို့ ဖြစ်လာခဲ့ရပါတယ်။

ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှာ ထွာယေးတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်တောင်ပံသမား အိုဒိုဘာ့တ်က အတွင်းကို ချိုးပေးခဲ့ရာမှာ သုံးလေးယောက်လောက်ရှိပြီး ဘာလုပ်နေမှန်း မသိတဲ့ ပီအက်စ်ဂျီခံစစ်ကြားက ရသွားတဲ့ မာမာ ဘာလ်ဒီကပဲ အေးအေးဆေးဆေး ကန်သွင်းသွားခဲ့ပြီး ကင်ပမ်ဘီကတော့ တော်တော် စိတ်ပျက်စရာကောင်းခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ စိတ်ဓာတ်ပိုင်းအရ အရေးပါတဲ့ ဒုတိယ ချေပဂိုးကို မက်ဆီက သွင်းယူပေးခဲ့ပြီး ဒီဂိုးမှာတော့ ကွင်းလယ်ကနေ ဆာဂျီယို ရာမို့စ်ရဲ့ သာမန်ပေးပို့မှုကို အာဂျင်တီးနား GOAT က သူ့ကို မကပ်ဘဲ လွှတ်ထားတဲ့ ထွာယေးကွင်းလယ်ရှေ့ အတော်ဝေးဝေးကနေ အပြင်းကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့လို့ နှစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာ ခြေပျက်နေတဲ့ ဗီတင်ညာနဲ့ ကင်ပမ်ဘီတို့အစား ဖာဘီယန် ရူးဝီးဇ်နဲ့ မားကင်ညို့စ်တို့ ဝင်ကစားခဲ့ကြပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ ကွင်းလယ်စက်ဝိုင်းကနေ ဘောလုံးဆွဲယူလာခဲ့တဲ့ မက်ဆီက ထွာယေးခံစစ်ကြားကနေ ဧရိယာထိပ်ကို အနိမ့်ဘော လှမ်းခင်းပေးခဲ့ရာမှာ ခံစစ်နှစ်ဦးကြားက ပြေးထွက်သွားခဲ့တဲ့ နေမာက အပြင်းကန်သွင်းပြီး ပီအက်စ်ဂျီတို့ကို ပြန်လည်ဦးဆောင်စေခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့အတွက် အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို ထပ်မံရရှိခဲ့ကြပြီး ထွာယေးခံစစ်မှားကနေ ရယူပြီး တစ်ပတ် လှည့်ထွက်ဖို့ ကြိုးစားတဲ့ ကားလို့စ် ဆိုလာရဲ့ ခြေထောက်ကို ဆွဲမိတဲ့ ဂိုးသမားကြောင့် စပိန်သားကိုပါ ရီနာတို ဆန်ချက်စ်နဲ့ လဲခဲ့ရပြီး ရခဲ့တဲ့ ပင်နယ်တီကို အမ်ဘာပေက ဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ထွာယေးတို့ တတိယ ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ တင်ပေးတာကို ထုံးစံအတိုင်း အမြင့်ဘောဆို ကြောင်နေတဲ့ မားကင်ညို့စ်ရဲ့ အမှားကနေ ရီပတ်က ဂိုးရှေ့ကို Volley ကန်ပြီး ချိုးပေးရာမှာ လူစားဝင် တောင်ပံကစားသမား ပါလာဗာဆာက အနီးကပ် ခေါင်းတိုက်ပြီး သွင်းယူသွားနိုင်ခဲ့လို့ လက်ကျန်ပွဲချိန်တွေမှာတော့ ပီအက်စ်ဂျီတို့ သတိကြီးကြီးနဲ့ ကစားခဲ့ကြရတာပါ။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့အတွက် ဂိုးပြတ်ရမယ့် နိုင်ပွဲတစ်ပွဲမှာ လေးဂိုး-သုံးဂိုးနဲ့ ကပ်နိုင်ခဲ့ရပြီး ကွင်းလယ်မှာရော တိုက်စစ်မှာပါ တစ်ကွင်းလုံးကစားပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်ဆီရဲ့ ၂၅ နှစ်သားအရွယ် ခြေစွမ်းနဲ့အတူ အဝေးကွင်းမှာ ဖိုက်တာလာကျတဲ့ ထွာယေးကို ကျော်ဖြတ်ပြီး ပြင်သစ်လိဂန်ကို ပါရီသားတွေ အမှတ်ဖြတ်ဦးဆောင်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ကင္ပမ္ဘီ၊ ရာမို႔စ္၊ မူခီေယးလီနဲ႔ ဘားနတ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗီတင္ညာ၊ ဗာရက္တီနဲ႔ ကားလို႔စ္ ဆိုလာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကိုပဲ ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ထြာေယးတို႔ကေတာ့ ဂိုးသမား ဂယ္ယြန္၊ ခံစစ္မွာ ပို႐ိုဇို၊ ပါးလ္မား-ဘေရာင္း၊ ဆယ္လ္မီေယး၊ သီယာႏို ဘာလ္ဒီ၊ အက္ဘ္ဒူ ကြန္တီတို႔နဲ႔ စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွာဗာလယ္ရင္၊ ကူအာေမ၊ ႐ိုနီ လိုပက္စ္နဲ႔ အိုဒိုဘာ့တ္တို႔ကို အသုံးျပဳလာခဲ့ၿပီး တိုက္စစ္မွာေတာ့ မာမာ ဘာလ္ဒီတစ္ဦးတည္းကို အေထာင္တင္ထားလာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက အထေႏွးတဲ့ ပီအက္စ္ဂ်ီတို႔ကို ဧည့္သည္ေတြက ထိုးႏွက္သြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ကြန္တီ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ကင္ပမ္ဘီနဲ႔ ရာမို႔စ္တို႔ မရွင္းႏိုင္ဘဲ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ႐ိုနီ လိုပက္စ္က ေနာက္ျပန္ခ်ေပးတာကို တိုက္စစ္မႉး မာမာ ဘာလ္ဒီက Volley ကန္သြင္းၿပီး ထြာေယးတို႔ကို ဂိုးစရေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ေခ်ပဂိုးျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အေပးအယူလုပ္လာခဲ့ၿပီး စနစ္တက် ဆုတ္ခံေနတဲ့ ထြာေယးခံစစ္ၾကားကေန ေနမာက ေက်ာ္ခ်ေပးရာမွာ လူကြၽံေထာင္ေခ်ာက္မွာ အာ႐ုံမစိုက္ဘဲ ေျပးလိုက္ခဲ့တဲ့ ဘယ္ေနာက္ခံလူ ကြန္တီေၾကာင့္ ပ်က္သြားခဲ့တဲ့ အေနအထားကေန ရသြားခဲ့တဲ့ ကားလို႔စ္ ဆိုလာက အနိမ့္ေဘာ ခ်ိဳးကန္သြင္းၿပီး ရယူသြားခဲ့တာပါ။

ပီအက္စ္ဂ်ီတို႔အေနနဲ႔ ကြင္းလယ္မွာ လိုက္အား ဖ်က္အားေကာင္းတဲ့ ကစားသမားမ်ိဳး မပါဝင္ခ်ိန္မွာ ခံစစ္နဲ႔ ကြင္းလယ္ကို ေနရာလြတ္မေပးဘဲ ကစားေနတဲ့ ထြာေယးရဲ႕ ေထာင္ေခ်ာက္ထဲမွာ ကားလို႔စ္ ဆိုလာ၊ ဗီတင္ညာနဲ႔ ဗာရက္တီတို႔ ႐ုန္းကန္ခဲ့ရၿပီး ဒါကို ျဖတ္ေက်ာ္ႏိုင္ဖို႔ ခံစစ္ေတြပါ အကုန္တက္ၿပီး Overload လုပ္ခဲ့ရတဲ့ ရာမို႔စ္တို႔ေၾကာင့္ အျပန္အလွန္သြင္းဂိုးမ်ားဖို႔ ျဖစ္လာခဲ့ရပါတယ္။

ပထမပိုင္းမွာေတာ့ တစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္း ပြဲခ်ိန္ ၅၂ မိနစ္မွာ ထြာေယးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံသမား အိုဒိုဘာ့တ္က အတြင္းကို ခ်ိဳးေပးခဲ့ရာမွာ သုံးေလးေယာက္ေလာက္ရွိၿပီး ဘာလုပ္ေနမွန္း မသိတဲ့ ပီအက္စ္ဂ်ီခံစစ္ၾကားက ရသြားတဲ့ မာမာ ဘာလ္ဒီကပဲ ေအးေအးေဆးေဆး ကန္သြင္းသြားခဲ့ၿပီး ကင္ပမ္ဘီကေတာ့ ေတာ္ေတာ္ စိတ္ပ်က္စရာေကာင္းခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ စိတ္ဓာတ္ပိုင္းအရ အေရးပါတဲ့ ဒုတိယ ေခ်ပဂိုးကို မက္ဆီက သြင္းယူေပးခဲ့ၿပီး ဒီဂိုးမွာေတာ့ ကြင္းလယ္ကေန ဆာဂ်ီယို ရာမို႔စ္ရဲ႕ သာမန္ေပးပို႔မႈကို အာဂ်င္တီးနား GOAT က သူ႔ကို မကပ္ဘဲ လႊတ္ထားတဲ့ ထြာေယးကြင္းလယ္ေရွ႕ အေတာ္ေဝးေဝးကေန အျပင္းကန္သြင္းခဲ့ရာမွာ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့လို႔ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာ ေျခပ်က္ေနတဲ့ ဗီတင္ညာနဲ႔ ကင္ပမ္ဘီတို႔အစား ဖာဘီယန္ ႐ူးဝီးဇ္နဲ႔ မားကင္ညိဳ႕စ္တို႔ ဝင္ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ကြင္းလယ္စက္ဝိုင္းကေန ေဘာလုံးဆြဲယူလာခဲ့တဲ့ မက္ဆီက ထြာေယးခံစစ္ၾကားကေန ဧရိယာထိပ္ကို အနိမ့္ေဘာ လွမ္းခင္းေပးခဲ့ရာမွာ ခံစစ္ႏွစ္ဦးၾကားက ေျပးထြက္သြားခဲ့တဲ့ ေနမာက အျပင္းကန္သြင္းၿပီး ပီအက္စ္ဂ်ီတို႔ကို ျပန္လည္ဦးေဆာင္ေစခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ စတုတၳဂိုးကို ထပ္မံရရွိခဲ့ၾကၿပီး ထြာေယးခံစစ္မွားကေန ရယူၿပီး တစ္ပတ္ လွည့္ထြက္ဖို႔ ႀကိဳးစားတဲ့ ကားလို႔စ္ ဆိုလာရဲ႕ ေျခေထာက္ကို ဆြဲမိတဲ့ ဂိုးသမားေၾကာင့္ စပိန္သားကိုပါ ရီနာတို ဆန္ခ်က္စ္နဲ႔ လဲခဲ့ရၿပီး ရခဲ့တဲ့ ပင္နယ္တီကို အမ္ဘာေပက ဘယ္ဘက္အေပၚေထာင့္ကို ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ထြာေယးတို႔ တတိယ ေခ်ပဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန တင္ေပးတာကို ထုံးစံအတိုင္း အျမင့္ေဘာဆို ေၾကာင္ေနတဲ့ မားကင္ညိဳ႕စ္ရဲ႕ အမွားကေန ရီပတ္က ဂိုးေရွ႕ကို Volley ကန္ၿပီး ခ်ိဳးေပးရာမွာ လူစားဝင္ ေတာင္ပံကစားသမား ပါလာဗာဆာက အနီးကပ္ ေခါင္းတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့လို႔ လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပီအက္စ္ဂ်ီတို႔ သတိႀကီးႀကီးနဲ႔ ကစားခဲ့ၾကရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီတို႔အတြက္ ဂိုးျပတ္ရမယ့္ ႏိုင္ပြဲတစ္ပြဲမွာ ေလးဂိုး-သုံးဂိုးနဲ႔ ကပ္ႏိုင္ခဲ့ရၿပီး ကြင္းလယ္မွာေရာ တိုက္စစ္မွာပါ တစ္ကြင္းလုံးကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ မက္ဆီရဲ႕ ၂၅ ႏွစ္သားအ႐ြယ္ ေျခစြမ္းနဲ႔အတူ အေဝးကြင္းမွာ ဖိုက္တာလာက်တဲ့ ထြာေယးကို ေက်ာ္ျဖတ္ၿပီး ျပင္သစ္လိဂန္ကို ပါရီသားေတြ အမွတ္ျဖတ္ဦးေဆာင္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.