Match Report Premier League

နောက်ဆုံးမှာ ဘင်တန်ကာ ကယ်ခဲ့ပြန်လို့ Come Back နိုင်ပွဲနဲ့ လှပခဲ့ရတဲ့ စပါးစ်

စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဆန်ချက်ဇ်၊ လွန်ဂလေ၊ ဒေးဗီးစ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ရိုယဲလ်၊ ဆက်ဆီညွန်၊ စကစ်ပ်၊ ဘီဆူးမားနဲ့ ဟွိုင်ဘယာ့ဂ်တို့ကို ထားခဲ့သလို တိုက်စစ်မှာတော့ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ နှစ်ယောက်တွဲ ပွဲထွက်လာခဲ့ပါတယ်။

အိမ်ရှင် ဘုန်းမောက်တို့ကတော့ ဂိုးသမား ထရေဗာစ်၊ ခံစစ်မှာ မက်ဖမ်၊ ဆင်နက်ဆီ၊ အဒမ် စမစ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လာမာ၊ လူးဝစ္စ ကွတ်ခ်၊ ဇီမူရာ၊ တာဗားနီးယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကီဖာမိုးရ်၊ ဘီလင်းနဲ့ ဆိုလန်ကီတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်တို့အနေနဲ့ လျင်မြန်တဲ့ တိုက်စစ်နဲ့ အမြင့်ဘောတွေကို အသုံးချထိုးဖောက်ဖို့ ကြိုးစားနေခဲ့ကြပြီး စပါးစ်တို့ကတော့ ဖန်တီးမှု အားနည်းနေတဲ့ တောင်ပံတွေကြောင့် ကွင်းလယ်ကပဲ တိုးဖို့ ကြိုးစားနေခဲ့သလို အိမ်ရှင်တွေရဲ့ ကစားကွက်ကို ယှဉ်ဖို့ခက်နေခဲ့ပြီး ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ပါ မြုပ်နေခဲ့တာကို တွေ့ခဲ့ရတာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဘုန်းမောက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဆိုလန်ကီ ညာခြမ်းကို ချပေးခဲ့ရာမှာ တောင်ပံကနေ လိုက်ပါလာတဲ့ တာဗားနီးယာက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးတာကို ဘယ်ခြမ်းမှာ လွတ်နေတဲ့ ကီဖာမိုးရ်က နေရာလွတ်ထဲ အဆင်သင့်ပြေးဝင်ပြီး ဂိုးသမား လိုရစ်ရဲ့ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ တာဗားနီးယာ ထိုးဖောက်လာတာကို လိုရစ် ထွက်တာမြန်လို့ နောက်တစ်ဂိုးပေးရဖို့ သက်သာခဲ့တာဖြစ်ပြီး ဒီနောက်ပိုင်းမှာ စပါးစ်တို့ရဲ့ ပြန်လှန်တိုက်စစ်ဆင်မှုတွေကိုတော့ ဒဏ်ရာနေတဲ့ ဦးစားပေးဂိုးသမား နီတိုလို မတည်ငြိမ်တဲ့ ထရေဗာစ်ကြောင့် ဘုန်းမောက်ခံစစ်သမားတွေ တော်တော့်ကို ကြိုးစားကာကွယ်နေခဲ့ရပြီး ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ စပါးစ်တို့ဘက်က လူးကပ်စ် မော်ရာကို စကစ်ပ်အစား ထည့်သွင်းပြီး ၃-၄-၃ ပြောင်းကစားခဲ့ပေမယ့် ပွဲချိန် ၄၉ မိနစ်မှာ ဘုန်းမောက်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့ပြီး ညာခြမ်းတိုက်စစ်ကနေ ဆိုလန်ကီ ပြန်ချပေးတာကို အဒမ် စမစ်က ဖြတ်တင်ပေးခဲ့ရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ ကီဖာမိုးရ်ကပဲ ပြေးဝင်ခေါင်းတိုက်ပြီး ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဟွိုင်ဘယာ့ဂ် ထိုးပေးတာကို ခံစစ်က မက်ဖမ်နဲ့ အဒမ် စမစ်တို့ နားလည်မှုလွဲပြီး မဖျက်နိုင်ခဲ့လို့ လွတ်ထွက်သွားတဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ ပြေးဝင်လာတဲ့ ဆက်ဆီညွန်က ကန်သွင်းရာမှာ ဂိုးသမား ထရေဗာစ်ပါ ကာကွယ်ပုံ တိုင်ပတ်နေခဲ့လို့ အမှားပေါ် အမှားဆင့်ပြီး ဘုန်းမောက်တို့ ဂိုးပြန်ပေးခဲ့ရတာပါ။

ဒီနောက်မှာတော့ စပါးစ်တို့ဘက်က ဘီဆူးမားအစား ဖန်တီးမှုအား ပိုကောင်းတဲ့ ဘင်တန်ကာနဲ့ နောက်တန်းက ဆန်ချက်ဇ်အစား အဝေးဘော ပိုပေးနိုင်တဲ့ ဒိုင်ယာတို့ကို ထည့်သွင်းခဲ့သလို ခြေစွမ်းမပြနိုင်တဲ့ ရိုယဲလ်အစား ပါရီရှစ်ချ်ကိုပါ ထပ်ထည့်ခဲ့တာကြောင့် ဘုန်းမောက်တို့ နည်းဗျူဟာမြောက် အပြောင်းအလဲမလုပ်နိုင်ခဲ့ချိန်မှာ ကွန်တီရဲ့ လူတွေ ပွဲကို ပိုစီးမိလာခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာတော့ စပါးစ်တို့ပဲ သရေကျစေမယ့်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ပါရီရှစ်ချ်က ကန်တင်ပေးရာမှာ ခေါင်းတိုက်ဖျက်ထုတ်ဖို့ကို ဟိုလူလိုလို ဒီလူလိုလို လုပ်ခဲ့ပြန်တဲ့ ဘုန်းမောက်ခံစစ်ကြားကနေ အရပ်ဘယ်လောက်မှ မရှည်တဲ့ နောက်ခံလူ ဘန်ဒေးဗီးစ်က ခေါင်းတိုက်သွင်းသွားခဲ့ပြီး ဒီဂိုးမှာတော့ ဂိုးသမား ထရေဗာစ်ကပါ ပုတ်ထုတ်သင့်တာကို မပုတ်ခဲ့တာကြောင့် ခံစားသွားခဲ့ရတာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ စပါးစ်တို့ပဲ အနိုင်ရစေမယ့် တတိယမြောက်ဂိုးကို သွင်းယူသွားခဲ့ပြီး ဒီဂိုးမှာလည်း ဘယ်ခြမ်းကနေ ဆွန်ဟောင်မင် ကန်တင်ပေးတာကို နေရာယူရှင်းထုတ်ဖို့ တာဝန်ခွဲဝေပုံ မမှန်ဘဲ ဂိုးရှေ့တည့်တည်မှာ စုနေတဲ့ ဘုန်းမောက်ခံစစ်သမားတွေကြောင့် အခွင့်အရေးရသွားခဲ့တဲ့ ဘင်တန်ကာက သူခေါင်းတိုက်တဲ့ ဘောလုံး ပြန်ထွက်လာတာကို ညာခြေနဲ့ ပိတ်ပြီး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပါးစ်တို့ နောက်ကနေ လိုက်ပြီး သွင်းယူခဲ့တဲ့ သွင်းဂိုးသုံးဂိုးကြောင့် အနိုင်သုံးမှတ်ကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသလို ဘုန်းမောက်တို့ကတော့ ဖိအားဒဏ်မခံနိုင်ဘဲ ဂိုးသမားနဲ့ ခံစစ်တွေက အမှားတွေ ကျူးလွန်မိခဲ့တာကြောင့် ဦးဆောင်ဂိုးနှစ်ဂိုး အလဟဿဖြစ်ခဲ့ချိန်မှာ စပါးစ်တို့ကတော့ နယူးကာဆယ်လ်ကျော်တက်မယ့်အရေးကနေ တတိယနေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဆန္ခ်က္ဇ္၊ လြန္ဂေလ၊ ေဒးဗီးစ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုယဲလ္၊ ဆက္ဆီၫြန္၊ စကစ္ပ္၊ ဘီဆူးမားနဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို ထားခဲ့သလို တိုက္စစ္မွာေတာ့ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ႏွစ္ေယာက္တြဲ ပြဲထြက္လာခဲ့ပါတယ္။

အိမ္ရွင္ ဘုန္းေမာက္တို႔ကေတာ့ ဂိုးသမား ထေရဗာစ္၊ ခံစစ္မွာ မက္ဖမ္၊ ဆင္နက္ဆီ၊ အဒမ္ စမစ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ လာမာ၊ လူးဝစၥ ကြတ္ခ္၊ ဇီမူရာ၊ တာဗားနီးယာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကီဖာမိုးရ္၊ ဘီလင္းနဲ႔ ဆိုလန္ကီတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဘုန္းေမာက္တို႔အေနနဲ႔ လ်င္ျမန္တဲ့ တိုက္စစ္နဲ႔ အျမင့္ေဘာေတြကို အသုံးခ်ထိုးေဖာက္ဖို႔ ႀကိဳးစားေနခဲ့ၾကၿပီး စပါးစ္တို႔ကေတာ့ ဖန္တီးမႈ အားနည္းေနတဲ့ ေတာင္ပံေတြေၾကာင့္ ကြင္းလယ္ကပဲ တိုးဖို႔ ႀကိဳးစားေနခဲ့သလို အိမ္ရွင္ေတြရဲ႕ ကစားကြက္ကို ယွဥ္ဖို႔ခက္ေနခဲ့ၿပီး ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္ပါ ျမဳပ္ေနခဲ့တာကို ေတြ႕ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဆိုလန္ကီ ညာျခမ္းကို ခ်ေပးခဲ့ရာမွာ ေတာင္ပံကေန လိုက္ပါလာတဲ့ တာဗားနီးယာက ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးတာကို ဘယ္ျခမ္းမွာ လြတ္ေနတဲ့ ကီဖာမိုးရ္က ေနရာလြတ္ထဲ အဆင္သင့္ေျပးဝင္ၿပီး ဂိုးသမား လိုရစ္ရဲ႕ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ တာဗားနီးယာ ထိုးေဖာက္လာတာကို လိုရစ္ ထြက္တာျမန္လို႔ ေနာက္တစ္ဂိုးေပးရဖို႔ သက္သာခဲ့တာျဖစ္ၿပီး ဒီေနာက္ပိုင္းမွာ စပါးစ္တို႔ရဲ႕ ျပန္လွန္တိုက္စစ္ဆင္မႈေတြကိုေတာ့ ဒဏ္ရာေနတဲ့ ဦးစားေပးဂိုးသမား နီတိုလို မတည္ၿငိမ္တဲ့ ထေရဗာစ္ေၾကာင့္ ဘုန္းေမာက္ခံစစ္သမားေတြ ေတာ္ေတာ့္ကို ႀကိဳးစားကာကြယ္ေနခဲ့ရၿပီး ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ စပါးစ္တို႔ဘက္က လူးကပ္စ္ ေမာ္ရာကို စကစ္ပ္အစား ထည့္သြင္းၿပီး ၃-၄-၃ ေျပာင္းကစားခဲ့ေပမယ့္ ပြဲခ်ိန္ ၄၉ မိနစ္မွာ ဘုန္းေမာက္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ရယူသြားႏိုင္ခဲ့ၿပီး ညာျခမ္းတိုက္စစ္ကေန ဆိုလန္ကီ ျပန္ခ်ေပးတာကို အဒမ္ စမစ္က ျဖတ္တင္ေပးခဲ့ရာမွာ အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ ကီဖာမိုးရ္ကပဲ ေျပးဝင္ေခါင္းတိုက္ၿပီး ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ စပါးစ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဟြိဳင္ဘယာ့ဂ္ ထိုးေပးတာကို ခံစစ္က မက္ဖမ္နဲ႔ အဒမ္ စမစ္တို႔ နားလည္မႈလြဲၿပီး မဖ်က္ႏိုင္ခဲ့လို႔ လြတ္ထြက္သြားတဲ့ ေဘာလုံးကို ဘယ္ျခမ္းကေန ေျပးဝင္လာတဲ့ ဆက္ဆီၫြန္က ကန္သြင္းရာမွာ ဂိုးသမား ထေရဗာစ္ပါ ကာကြယ္ပုံ တိုင္ပတ္ေနခဲ့လို႔ အမွားေပၚ အမွားဆင့္ၿပီး ဘုန္းေမာက္တို႔ ဂိုးျပန္ေပးခဲ့ရတာပါ။

ဒီေနာက္မွာေတာ့ စပါးစ္တို႔ဘက္က ဘီဆူးမားအစား ဖန္တီးမႈအား ပိုေကာင္းတဲ့ ဘင္တန္ကာနဲ႔ ေနာက္တန္းက ဆန္ခ်က္ဇ္အစား အေဝးေဘာ ပိုေပးႏိုင္တဲ့ ဒိုင္ယာတို႔ကို ထည့္သြင္းခဲ့သလို ေျခစြမ္းမျပႏိုင္တဲ့ ႐ိုယဲလ္အစား ပါရီရွစ္ခ်္ကိုပါ ထပ္ထည့္ခဲ့တာေၾကာင့္ ဘုန္းေမာက္တို႔ နည္းဗ်ဴဟာေျမာက္ အေျပာင္းအလဲမလုပ္ႏိုင္ခဲ့ခ်ိန္မွာ ကြန္တီရဲ႕ လူေတြ ပြဲကို ပိုစီးမိလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ သေရက်ေစမယ့္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ပါရီရွစ္ခ်္က ကန္တင္ေပးရာမွာ ေခါင္းတိုက္ဖ်က္ထုတ္ဖို႔ကို ဟိုလူလိုလို ဒီလူလိုလို လုပ္ခဲ့ျပန္တဲ့ ဘုန္းေမာက္ခံစစ္ၾကားကေန အရပ္ဘယ္ေလာက္မွ မရွည္တဲ့ ေနာက္ခံလူ ဘန္ေဒးဗီးစ္က ေခါင္းတိုက္သြင္းသြားခဲ့ၿပီး ဒီဂိုးမွာေတာ့ ဂိုးသမား ထေရဗာစ္ကပါ ပုတ္ထုတ္သင့္တာကို မပုတ္ခဲ့တာေၾကာင့္ ခံစားသြားခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ အႏိုင္ရေစမယ့္ တတိယေျမာက္ဂိုးကို သြင္းယူသြားခဲ့ၿပီး ဒီဂိုးမွာလည္း ဘယ္ျခမ္းကေန ဆြန္ေဟာင္မင္ ကန္တင္ေပးတာကို ေနရာယူရွင္းထုတ္ဖို႔ တာဝန္ခြဲေဝပုံ မမွန္ဘဲ ဂိုးေရွ႕တည့္တည္မွာ စုေနတဲ့ ဘုန္းေမာက္ခံစစ္သမားေတြေၾကာင့္ အခြင့္အေရးရသြားခဲ့တဲ့ ဘင္တန္ကာက သူေခါင္းတိုက္တဲ့ ေဘာလုံး ျပန္ထြက္လာတာကို ညာေျခနဲ႔ ပိတ္ၿပီး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စပါးစ္တို႔ ေနာက္ကေန လိုက္ၿပီး သြင္းယူခဲ့တဲ့ သြင္းဂိုးသုံးဂိုးေၾကာင့္ အႏိုင္သုံးမွတ္ကို ထိုက္ထိုက္တန္တန္ ရရွိခဲ့ၾကသလို ဘုန္းေမာက္တို႔ကေတာ့ ဖိအားဒဏ္မခံႏိုင္ဘဲ ဂိုးသမားနဲ႔ ခံစစ္ေတြက အမွားေတြ က်ဴးလြန္မိခဲ့တာေၾကာင့္ ဦးေဆာင္ဂိုးႏွစ္ဂိုး အလဟႆျဖစ္ခဲ့ခ်ိန္မွာ စပါးစ္တို႔ကေတာ့ နယူးကာဆယ္လ္ေက်ာ္တက္မယ့္အေရးကေန တတိယေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.