Match Report Premier League

နည်းပြမဲ့ ဗီလာကို အိမ်ကွင်းမှာ ရက်ရက်စက်စက် ချေမှုန်းလိုက်တဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ဘော့တ်မန်၊ ရှား၊ ဒန်ဘန်းနဲ့ ထရစ်ပီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ လောင်းစတပ်ဖ်နဲ့ ဝီလော့ခ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျိုလင်တန်၊ အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အက်စ်တန်ဗီလာတို့ကတော့ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ တိုင်ရုန်းမင်းစ်၊ ကွန်ဆာ၊ ကတ်ရှ်နဲ့ အက်ရှ်လီယန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒန်ဒွန့်ကာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ဘွင်ဒီယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝပ်ကင်းစ်၊ ဘေလီနဲ့ ဒန်နီအင်းစ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

ပထမပိုင်းမှာ ဒဏ်ရာနှစ်ကြိမ်ရခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်ကို ကုသခဲ့ရပြီး အော်လ်ဆန်နဲ့ လူစားလဲခဲ့ရသလို ဘွင်ဒီယာရဲ့ ဒဏ်ရာကြောင့်ပါ ပွဲကို သုံးကြိမ်တိတိ ရပ်နားခဲ့ရတာကြောင့် နာကျင်အချိန်ပို ၁၀ မိနစ်အထိ သတ်မှတ်ပေးခဲ့ရပြီး နယူးကာဆယ်လ်တို့ကတော့ ဗီလာတို့ကို အိမ်ကွင်းမှာ အတော်ကြီးကို ဒုက္ခပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး အယ်လ်မီရွန်ကန်တဲ့ ဘောလုံးကို ဧရိယာအတွင်းမှာ လျှောထိုးဖျက်ထုတ်ရင်း မြှောက်ထားတဲ့ လက်နဲ့ ထိမိတဲ့ အက်ရှ်လီယန်းကြောင့် အငြင်းပွားစရာမလိုဘဲ ပေးခဲ့ရတဲ့ ပင်နယ်တီကို ဝီလ်ဆန်က ဘယ်ဘက်ကို အယောင်ပြပြီး အလယ်တည့်တည့်ကို ကန်သွင်းနိုင်ခဲ့တာကြောင့် ပထမပိုင်းကို အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၆ မိနစ်မှာတော့ အိမ်ရှင် ငှက်ကျားတွေ ဒုတိယ ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို အတိုပေးပြီး အယ်လ်မီရွန်က နောက်ပေါက်နဲ့ ချန်ထားခဲ့တာကို အသာလေး မ,တင်ပေးခဲ့တဲ့ ထရစ်ပီယာရဲ့ ပေးပို့မှုကနေ အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ ဝီလ်ဆန်ကပဲ မြေထောက်ခေါင်းတိုက်ချက်နဲ့ သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

သုံးမိနစ်အကြာ ပွဲချိန် ၅၉ မိနစ်မှာတော့ ပွဲကို စီးမိထားတဲ့ နယူးကာဆယ်လ်တို့ တတိယဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဝီလော့ခ် ပေးတာကို ဗီလာခံစစ်က တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် မလုံလောက်ဘဲ လည်ထွက်လာတဲ့ ဘောလုံးကို ဝီလ်ဆန်က ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းရာမှာ ဂိုးသမား အော်လ်ဆန် ကာကွယ်နိုင်ခဲ့ပေမယ့် ဘယ်ခြမ်းက ပြေးဝင်လာတဲ့ ဂျိုလင်တန်က ထပ်ဆင့်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၇ မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ အယ်လ်မီရွန်က သူ့ရဲ့ ဂိုးသွင်းစိပ်မှုကို အသင်းအတွက် စတုတ္ထဂိုးနဲ့အတူ ထပ်မံလုပ်ဆောင်နိုင်ခဲ့ပြီး ဒီဂိုးမှာတော့ ဘယ်ခြမ်းကနေ ဒန်ဘန်း ပေးတဲ့ ဘောလုံးကို ဝီလ်ဆန်က ညာခြမ်းကို ပြန်ဖြန့်ပေးရာမှာ ပါရာဂွေးတောင်ပံကစားသမားက အတွင်းကို ဆွဲဝင်ပြီး ဘယ်ဘက်အဝေးတိုင်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ နယူးကာဆယ်လ်တို့ဘက်က ဘော့တ်မန်၊ ရှား၊ ဘရူနို ဂီမာရိုင်းစ်၊ ဝီလော့ခ်နဲ့ ဝီလ်ဆန်တို့အစား တားဂက်၊ လာဆယ်လက်စ်၊ မာဖီ၊ ရှယ်လ်ဗီနဲ့ ခရစ္စဝုဒ်တို့ကို လူစားလဲကစားသွားခဲ့ပြီး ပွဲကို ထိန်းကစားခဲ့ချိန်မှာ ဗီလာဘက်က ဝင်လာတဲ့ ကော်တင်ညို၊ ရမ်ဆေး၊ မက်ဂင်းနဲ့ ဒီညာတို့ကတော့ ပွဲအဖြေကို ပြောင်းလဲဖို့ မတတ်နိုင်တော့တာကြောင့် စိန့်ဂျိမ်းစ်ပါ့ခ်က ပွဲက လေးဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်လ်တို့အနေနဲ့ ၁၃ ပွဲ ကစားအပြီးမှာ ရမှတ် ၂၄ မှတ်နဲ့ သူတို့ထက် တစ်ပွဲလျော့ကစားထားတဲ့ ချဲလ်ဆီးတို့ရဲ့ ရှုံးပွဲကို အခွင့်ကောင်းယူပြီး အဆင့် ၄ နေရာကနေ သုံးမှတ်ဖြတ်လိုက်သလို ဗီလာတို့ကတော့ အသင်းကို Good Ebeing မရောက်ခင်မှာ ရှုံးပွဲပြန်တွေ့ပြီး အဆင့် ၁၅ နေရာမှာသာ ရပ်တည်နေနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ေဘာ့တ္မန္၊ ရွား၊ ဒန္ဘန္းနဲ႔ ထရစ္ပီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ေလာင္းစတပ္ဖ္နဲ႔ ဝီေလာ့ခ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ိဳလင္တန္၊ အယ္လ္မီ႐ြန္နဲ႔ ဝီလ္ဆန္တို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အက္စ္တန္ဗီလာတို႔ကေတာ့ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ တိုင္႐ုန္းမင္းစ္၊ ကြန္ဆာ၊ ကတ္ရွ္နဲ႔ အက္ရွ္လီယန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒန္ဒြန႔္ကာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ဘြင္ဒီယာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္၊ ေဘလီနဲ႔ ဒန္နီအင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပထမပိုင္းမွာ ဒဏ္ရာႏွစ္ႀကိမ္ရခဲ့တဲ့ ဂိုးသမား မာတီနက္ဇ္ကို ကုသခဲ့ရၿပီး ေအာ္လ္ဆန္နဲ႔ လူစားလဲခဲ့ရသလို ဘြင္ဒီယာရဲ႕ ဒဏ္ရာေၾကာင့္ပါ ပြဲကို သုံးႀကိမ္တိတိ ရပ္နားခဲ့ရတာေၾကာင့္ နာက်င္အခ်ိန္ပို ၁၀ မိနစ္အထိ သတ္မွတ္ေပးခဲ့ရၿပီး နယူးကာဆယ္လ္တို႔ကေတာ့ ဗီလာတို႔ကို အိမ္ကြင္းမွာ အေတာ္ႀကီးကို ဒုကၡေပးႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး အယ္လ္မီ႐ြန္ကန္တဲ့ ေဘာလုံးကို ဧရိယာအတြင္းမွာ ေလွ်ာထိုးဖ်က္ထုတ္ရင္း ေျမႇာက္ထားတဲ့ လက္နဲ႔ ထိမိတဲ့ အက္ရွ္လီယန္းေၾကာင့္ အျငင္းပြားစရာမလိုဘဲ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဝီလ္ဆန္က ဘယ္ဘက္ကို အေယာင္ျပၿပီး အလယ္တည့္တည့္ကို ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းကို အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ အိမ္ရွင္ ငွက္က်ားေတြ ဒုတိယ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို အတိုေပးၿပီး အယ္လ္မီ႐ြန္က ေနာက္ေပါက္နဲ႔ ခ်န္ထားခဲ့တာကို အသာေလး မ,တင္ေပးခဲ့တဲ့ ထရစ္ပီယာရဲ႕ ေပးပို႔မႈကေန အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ ဝီလ္ဆန္ကပဲ ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

သုံးမိနစ္အၾကာ ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ပြဲကို စီးမိထားတဲ့ နယူးကာဆယ္လ္တို႔ တတိယဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဝီေလာ့ခ္ ေပးတာကို ဗီလာခံစစ္က တားဆီးဖို႔ ႀကိဳးစားခဲ့ေပမယ့္ မလုံေလာက္ဘဲ လည္ထြက္လာတဲ့ ေဘာလုံးကို ဝီလ္ဆန္က ဧရိယာထိပ္ကေန ဘယ္ေျခနဲ႔ ကန္သြင္းရာမွာ ဂိုးသမား ေအာ္လ္ဆန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ ဘယ္ျခမ္းက ေျပးဝင္လာတဲ့ ဂ်ိဳလင္တန္က ထပ္ဆင့္ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ေျခစြမ္းျပေနတဲ့ အယ္လ္မီ႐ြန္က သူ႔ရဲ႕ ဂိုးသြင္းစိပ္မႈကို အသင္းအတြက္ စတုတၳဂိုးနဲ႔အတူ ထပ္မံလုပ္ေဆာင္ႏိုင္ခဲ့ၿပီး ဒီဂိုးမွာေတာ့ ဘယ္ျခမ္းကေန ဒန္ဘန္း ေပးတဲ့ ေဘာလုံးကို ဝီလ္ဆန္က ညာျခမ္းကို ျပန္ျဖန႔္ေပးရာမွာ ပါရာေဂြးေတာင္ပံကစားသမားက အတြင္းကို ဆြဲဝင္ၿပီး ဘယ္ဘက္အေဝးတိုင္ေထာင့္ကို ေဝ့ဝိုက္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔ဘက္က ေဘာ့တ္မန္၊ ရွား၊ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဝီေလာ့ခ္နဲ႔ ဝီလ္ဆန္တို႔အစား တားဂက္၊ လာဆယ္လက္စ္၊ မာဖီ၊ ရွယ္လ္ဗီနဲ႔ ခရစၥဝုဒ္တို႔ကို လူစားလဲကစားသြားခဲ့ၿပီး ပြဲကို ထိန္းကစားခဲ့ခ်ိန္မွာ ဗီလာဘက္က ဝင္လာတဲ့ ေကာ္တင္ညိဳ၊ ရမ္ေဆး၊ မက္ဂင္းနဲ႔ ဒီညာတို႔ကေတာ့ ပြဲအေျဖကို ေျပာင္းလဲဖို႔ မတတ္ႏိုင္ေတာ့တာေၾကာင့္ စိန႔္ဂ်ိမ္းစ္ပါ့ခ္က ပြဲက ေလးဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ နယူးကာဆယ္လ္တို႔အေနနဲ႔ ၁၃ ပြဲ ကစားအၿပီးမွာ ရမွတ္ ၂၄ မွတ္နဲ႔ သူတို႔ထက္ တစ္ပြဲေလ်ာ့ကစားထားတဲ့ ခ်ဲလ္ဆီးတို႔ရဲ႕ ရႈံးပြဲကို အခြင့္ေကာင္းယူၿပီး အဆင့္ ၄ ေနရာကေန သုံးမွတ္ျဖတ္လိုက္သလို ဗီလာတို႔ကေတာ့ အသင္းကို Good Ebeing မေရာက္ခင္မွာ ရႈံးပြဲျပန္ေတြ႕ၿပီး အဆင့္ ၁၅ ေနရာမွာသာ ရပ္တည္ေနႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.