Match Report Premier League

စင်ရော်တွေကို အစာအကျွေးလွန်ပြီး ကိုယ့်ကိုကိုယ် ထိုးကျွေးမိခဲ့တဲ့ လန်ဒန်သားများ

ယနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင် စင်ရော်တွေဟာ ချဲလ်ဆီးနောက်ခံလူတွေရဲ့ အမှားကြောင့် ၄-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းစစချင်း ၅ မိနစ်မှာ လီအန်ဒရို ထရော့ဆက်က မီတိုမာရဲ့ လိမ်ခေါက်ပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ကီပါနဲ့ ချဲလ်ဆီးနောက်ခံကစားသမား ၂ ဦးကို လှည့်ထွက်ပြီး ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၉ မိနစ်အကြာမှာ ဂျက်ဆီ မာ့ချ်က ဘရိုက်တန်အသင်းအတွက် ထောင့်ကန်ဘောကို ကန်တင်ပေးပို့ခဲ့ရာမှာ လော့ဖ်တပ်စ်-ချိခ် ရှင်းထုတ်ခဲ့ပေမယ့်လည်း ဂိုးတိုင်နဲ့ထိပြီး ဂိုးထဲဝင်သွားတာကြောင့် ဘရိုက်တန်အသင်းက ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒုတိယမြောက် ဦးဆောင်ဂိုး မထင်မှတ်ဘဲ ခွင့်ပြုခဲ့ရပြီးနောက် အိမ်ရှင်ဘရိုက်တန်အသင်းကို ပြန်လည်တိုက်စစ်ဆင်လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီး ပိုမိုရယူလာနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ တော်တော်လေး နှေးကွေးနေခဲ့တာဖြစ်ပါတယ်။ ၁၈ မိနစ်မှာ ဂယ်လေဂါ ပင်နယ်တီဧရိယာထဲမှာ ဘောလုံးလက်ခံရရှိခဲ့ရာမှာ တုံ့ဆိုင်းနေခဲ့တာကြောင့် ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ် ပြေးထွက်လာပြီး ကာကွယ်ခဲ့ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို ပူလီရှစ် ပိတ်သွင်းရာမှာ အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ အက်စ်တူပီနန်က မွိုက်စ် ကိုင်ဆေဒိုနောက်ကနေ ပင်နယ်တီဧရိယာထဲကို တဟုန်ထိုးပြေးဝင်ခဲ့ပြီး အနှိမ့်ဖြတ်တင်ဘောပေးပို့ခဲ့ရာမှာ ချာလိုဘက်က လျှောထိုးဖျက်ထုတ်ခဲ့ရာမှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး အိမ်ရှင်ဘရိုက်တန်တို့ တတိယမြောက်ဦးဆောင်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးအသင်းကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ၄၈ မိနစ်မှာ လော့ဖ်တပ်စ်-ချိခ်က ညာတောင်ပံတလျှောက်ဆွဲပြေးလာပြီး ဂယ်လေဂါကို ပေးပို့ခဲ့ရာမှာ ဂယ်လေဂါက ခိုင် ဟာဗတ်ဇ်ဆီကို ကွက်တိပေးပို့ခဲ့ရာမှာ ဂျာမန်တိုက်စစ်မှူးက အမှားအယွင်းမရှိ ခေါင်းတိုက်ပိတ်သွင်းယူပြီး ချဲလ်ဆီးအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပြီး စတားလင်း၊ ကူကူရယ်လာတို့ရဲ့နေရာမှာ ချေးဝဲလ်၊ အူဘာမီယန်းတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ၆၉ မိနစ်မှာ ခိုင် ဟာဗတ်ဇ်က ဘယ်တောင်ပံမှာရှိနေတဲ့ အူဘာမီယန်းဆီ ဘောလုံးခင်းပေးခဲ့ရာမှာ ဂါဘွန်တိုက်စစ်မှူးက အတွင်းကို ချိုးဝင်ပြီး ဝိုက်ကန်သွင်းဖို့ ကြိုးပမ်းခဲ့ရာမှာ ဆန်းချက်ဇ်က အလွန်ကောင်းမွန်တဲ့ ဒိုင်ဗင်ထိုး ပုတ်ထုတ်ကာကွယ်မှုကို ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။

၇၈ မိနစ်မှာ ဘရိုက်တန်အသင်းက နောက်ထပ် ဦးဆောင်ဂိုး ရရှိဖို့ အခွင့်အရေးကောင်း ရရှိခဲ့ပေမယ့်လည်း အန်စစ္စကို ဆုံးဖြတ်ချက် ချမှတ်ရာမှာ နှောင့်နှေးနေခဲ့တာကြောင့် ဂိုးရရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲကစားချိန်ပြည့်ဖို့ ၁၁ မိနစ်အလိုမှာ ဂယ်လေဂါနဲ့ ပူလီရှစ်တို့အစား ဇီယက်ရှ်၊ ဘရိုဂျာတို့ကို ပေါ့တားက ထည့်သွင်းကစားစေခဲ့ပေမယ့်လည်း အကျိုးမထူးခဲ့ဘဲ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၃ မိနစ်မှာ ပါစကယ် ဂရို့စ်က အမ်စစ္စကိုရဲ့ ၂ ကြိမ် ကန်သွင်းမှုကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းပြီး စတုတ္ထမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ယနေ့ပွဲစဉ်မှာ ကြီးမားတဲ့အခွင့်အရေး များများစားစား မဖန်တီးနိုင်ခဲ့ဘဲ အထနှေးနေခဲ့တာကြောင့် တန်ပြန်တိုက်စစ် အလွန်ကောင်းမွန်တဲ့ ဘရိုက်တန်အသင်းရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရတာဖြစ်ပြီး တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်က ဝက်စ်ဟမ်းကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ ကျဆင်းသွားဖွယ်ရှိနေပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယေန႔ည ၈ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ပြဲစဥ္မွာ အိမ္ရွင္ စင္ေရာ္ေတြဟာ ခ်ဲလ္ဆီးေနာက္ခံလူေတြရဲ႕ အမွားေၾကာင့္ ၄-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္းစစခ်င္း ၅ မိနစ္မွာ လီအန္ဒ႐ို ထေရာ့ဆက္က မီတိုမာရဲ႕ လိမ္ေခါက္ၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ကီပါနဲ႔ ခ်ဲလ္ဆီးေနာက္ခံကစားသမား ၂ ဦးကို လွည့္ထြက္ၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္ ၉ မိနစ္အၾကာမွာ ဂ်က္ဆီ မာ့ခ်္က ဘ႐ိုက္တန္အသင္းအတြက္ ေထာင့္ကန္ေဘာကို ကန္တင္ေပးပို႔ခဲ့ရာမွာ ေလာ့ဖ္တပ္စ္-ခ်ိခ္ ရွင္းထုတ္ခဲ့ေပမယ့္လည္း ဂိုးတိုင္နဲ႔ထိၿပီး ဂိုးထဲဝင္သြားတာေၾကာင့္ ဘ႐ိုက္တန္အသင္းက ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒုတိယေျမာက္ ဦးေဆာင္ဂိုး မထင္မွတ္ဘဲ ခြင့္ျပဳခဲ့ရၿပီးေနာက္ အိမ္ရွင္ဘ႐ိုက္တန္အသင္းကို ျပန္လည္တိုက္စစ္ဆင္လာခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ပိုမိုရယူလာႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္ပိုင္းမွာ ေတာ္ေတာ္ေလး ေႏွးေကြးေနခဲ့တာျဖစ္ပါတယ္။ ၁၈ မိနစ္မွာ ဂယ္ေလဂါ ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးလက္ခံရရွိခဲ့ရာမွာ တုံ႔ဆိုင္းေနခဲ့တာေၾကာင့္ ဘ႐ိုက္တန္ဂိုးသမား ဆန္းခ်က္ဇ္ ေျပးထြက္လာၿပီး ကာကြယ္ခဲ့ရာကေန ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ပူလီရွစ္ ပိတ္သြင္းရာမွာ အံ့အားသင့္ဖြယ္ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီး ၃ မိနစ္အလိုမွာ အက္စ္တူပီနန္က မြိဳက္စ္ ကိုင္ေဆဒိုေနာက္ကေန ပင္နယ္တီဧရိယာထဲကို တဟုန္ထိုးေျပးဝင္ခဲ့ၿပီး အႏွိမ့္ျဖတ္တင္ေဘာေပးပို႔ခဲ့ရာမွာ ခ်ာလိုဘက္က ေလွ်ာထိုးဖ်က္ထုတ္ခဲ့ရာမွာ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့ၿပီး အိမ္ရွင္ဘ႐ိုက္တန္တို႔ တတိယေျမာက္ဦးေဆာင္ဂိုးကို ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးအသင္းကစားပုံ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ၄၈ မိနစ္မွာ ေလာ့ဖ္တပ္စ္-ခ်ိခ္က ညာေတာင္ပံတေလွ်ာက္ဆြဲေျပးလာၿပီး ဂယ္ေလဂါကို ေပးပို႔ခဲ့ရာမွာ ဂယ္ေလဂါက ခိုင္ ဟာဗတ္ဇ္ဆီကို ကြက္တိေပးပို႔ခဲ့ရာမွာ ဂ်ာမန္တိုက္စစ္မႉးက အမွားအယြင္းမရွိ ေခါင္းတိုက္ပိတ္သြင္းယူၿပီး ခ်ဲလ္ဆီးအတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒုတိယပိုင္းတစ္ပိုင္းလုံးမွာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူႏိုင္ဖို႔အတြက္ ႀကိဳးပမ္းခဲ့ၿပီး စတားလင္း၊ ကူကူရယ္လာတို႔ရဲ႕ေနရာမွာ ေခ်းဝဲလ္၊ အူဘာမီယန္းတို႔ကို ထည့္သြင္းကစားေစခဲ့ပါတယ္။ ၆၉ မိနစ္မွာ ခိုင္ ဟာဗတ္ဇ္က ဘယ္ေတာင္ပံမွာရွိေနတဲ့ အူဘာမီယန္းဆီ ေဘာလုံးခင္းေပးခဲ့ရာမွာ ဂါဘြန္တိုက္စစ္မႉးက အတြင္းကို ခ်ိဳးဝင္ၿပီး ဝိုက္ကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဆန္းခ်က္ဇ္က အလြန္ေကာင္းမြန္တဲ့ ဒိုင္ဗင္ထိုး ပုတ္ထုတ္ကာကြယ္မႈကို ျပဳလုပ္ျပခဲ့တာျဖစ္ပါတယ္။

၇၈ မိနစ္မွာ ဘ႐ိုက္တန္အသင္းက ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိဖို႔ အခြင့္အေရးေကာင္း ရရွိခဲ့ေပမယ့္လည္း အန္စစၥကို ဆုံးျဖတ္ခ်က္ ခ်မွတ္ရာမွာ ေႏွာင့္ေႏွးေနခဲ့တာေၾကာင့္ ဂိုးရရွိမယ့္ အခြင့္အေရး ဆုံးရႈံးခဲ့ရတာ ျဖစ္ပါတယ္။ ပြဲကစားခ်ိန္ျပည့္ဖို႔ ၁၁ မိနစ္အလိုမွာ ဂယ္ေလဂါနဲ႔ ပူလီရွစ္တို႔အစား ဇီယက္ရွ္၊ ဘ႐ိုဂ်ာတို႔ကို ေပါ့တားက ထည့္သြင္းကစားေစခဲ့ေပမယ့္လည္း အက်ိဳးမထူးခဲ့ဘဲ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၃ မိနစ္မွာ ပါစကယ္ ဂ႐ို႕စ္က အမ္စစၥကိုရဲ႕ ၂ ႀကိမ္ ကန္သြင္းမႈကေန ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းၿပီး စတုတၳေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ယေန႔ပြဲစဥ္မွာ ႀကီးမားတဲ့အခြင့္အေရး မ်ားမ်ားစားစား မဖန္တီးႏိုင္ခဲ့ဘဲ အထေႏွးေနခဲ့တာေၾကာင့္ တန္ျပန္တိုက္စစ္ အလြန္ေကာင္းမြန္တဲ့ ဘ႐ိုက္တန္အသင္းရဲ႕ အျပစ္ေပးျခင္းကို ခံခဲ့ရတာျဖစ္ၿပီး တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူႏိုက္တက္က ဝက္စ္ဟမ္းကိုသာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အမွတ္ေပးဇယား အဆင့္ ၆ ေနရာအထိ က်ဆင္းသြားဖြယ္ရွိေနၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.