Match Report Premier League

ဒီဘရိုင်းနားရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဇယားထိပ်တက်လာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ လာပေါ့တ်၊ အာကန်ဂျီ၊ ဂျွန်စတုန်းစ်နဲ့ ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ အယ်လ်ဗာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

တန်းဆင်းဇုန် ရုန်းနေတဲ့ လက်စတာစီးတီးတို့ကတော့ ဂိုးသမား ဝါ့ဒ်၊ ခံစစ်မှာ အမာတေ၊ ဖေးစ်နဲ့ ဆိုယွန်ကျူတို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ တီးလီးမန်းစ်၊ ဂျူးစ်ဘာရီ-ဟောလ်၊ ဂျပ်စတင်နဲ့ ကက်စတာညာတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ မက်ဒီဆန်၊ ဟာဗီဘန်းစ်နဲ့ ဗာဒီတို့ကို အသုံးပြုခဲ့တာပါ။

ပွဲစကတည်းက စီးတီးတို့ ဖိကစားခဲ့ပေမယ့် လက်စတာခံစစ်ကလည်း အမှားအယွင်းနည်းနည်းနဲ့ တုံ့ပြန်ကစားနိုင်ခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ပုံမှန်ကစားခွင့်နဲ့အတူ ယုံကြည်မှုကောင်းလာခဲ့လို့ လက်စွမ်းတက်လာခဲ့တဲ့ ဂိုးသမား ဝါ့ဒ်ကလည်း ဧည့်သည်တွေရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို ပိတ်ဆို့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

တန်ပြန်တိုက်စစ်ကနေ ဘန်းစ်ရဲ့ ထောင့်ကျဉ်းအနေအထား အနီးကပ်ကန်ချက်ကို အီဒါဆန် ကာကွယ်ခဲ့ရသလို ဒီဘရိုင်းနားရဲ့ ကွင်းလယ်ကနေ အားပါတဲ့ ကန်ချက်ကိုလည်း ဝါ့ဒ်က ဖမ်းယူသွားနိုင်ခဲ့ပြီး အခွင့်အရေးတွေကို မန်စီးတီးတို့ အသုံးမချနိုင်ခဲ့ကြလို့ ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းစပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ ဒီနေ့ပွဲအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး လူစားဝင်ကွင်းလယ်လူ မန်ဒီရဲ့ ဂရီးလစ်ရှ်အပေါ် မလိုအပ်ဘဲ ကြမ်းခဲ့တဲ့ အနေအထားကနေ ရခဲ့တဲ့ ဖရီးကစ်ကို ဒီဘရိုင်းနားက ဂိုးဘယ်ဘက်အပေါ်ထောင့်ကို ကန်သွင်းရာမှာ တိုင်ထိပြီး ဝင်သွားခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

လက်စတာတို့ရဲ့ ပွဲတဝက် လူစားလဲမှုကတော့ သူတို့ကို အထိနာစေခဲ့ပြီး ဂျူးစ်ဘာရီ-ဟောလ်အစား ဝင်လာတဲ့ နမ်ပလီ မန်ဒီအနေနဲ့ မဖြစ်သင့်တဲ့ ပြစ်ဒဏ်ဘောတစ်လုံးကို မလိုအပ်ဘဲ ရက်ရက်ရောရော လက်ဆောင်ပေးသွားခဲ့တယ်လို့ တင်ဆက်သူတွေက ဝေဖန်ခဲ့ကြချိန်မှာ မန်စီးတီးတို့ကို ထိန်းထားနိုင်လျက်သားနဲ့ နည်းပြ ရော့ဂျားစ်တစ်ယောက် သူ့လူစားလဲမှုအမှားကနေ ခံစားခဲ့ရတာပါ။

ရော့ဂျားစ်အနေနဲ့ ဒီနေ့ပွဲမှာ စီးတီးတို့ဆီကနေ အမှတ်ခွဲယူနိုင်ဖို့ ခံစစ်က ဆိုယွန်ကျူနဲ့ တိုက်စစ်က ဗာဒီတို့အစား ဒါကာနဲ့ အီဟန်နာချိုတို့ကို ထည့်သွင်းခဲ့သလို ၄-၄-၂ ပုံစံ ပြန်ပြောင်းကစားလာခဲ့ပေမယ့် ဧည့်သည်တွေရဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်ထားချိန်မှာ သူတို့တွေ အခွင့်အရေး အများကြီးတော့ ရှာဖွေနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်ဖက်စလုံး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို မန်စီးတီးတို့ဘက်ကလည်း အာကန်ဂျီအစား ရူဘင် ဒီယက်စ်၊ အယ်လ်ဗာရက်ဇ်အစား ဖိုဒန်တို့ကို လဲကစားပြီး တိုက်စစ်မှူး ဟားလန်း ဒဏ်ရာကြောင့် မပါနိုင်ချိန်မှာ လိုအပ်နေတဲ့ အဖိုးတန်နိုင်ပွဲကို ရယူသွားနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာစီးတီးတို့အနေနဲ့ ၁၂ ပွဲကစားအပြီးမှာ ၉ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်နဲ့ အာဆင်နယ်တို့ မကစားခင် အမှတ်ပေးဇယားထိပ်ကို တက်ရောက်လာနိုင်ခဲ့ကြသလို လက်စတာစီးတီးတို့ကတော့ အဆင့် ၁၇ မှာပဲ ဆက်လက်ရပ်တည်နေပြီး နောက်က ပွဲကစားကြမယ့် လိဒ်စ်၊ ဝုလ်ဗ်စ်၊ ဖောရက်စ်တို့ရဲ့ ကျော်တက်ခံရနိုင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ လာေပါ့တ္၊ အာကန္ဂ်ီ၊ ဂြၽန္စတုန္းစ္နဲ႔ ကန္ဆယ္လိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ အယ္လ္ဗာရက္ဇ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

တန္းဆင္းဇုန္ ႐ုန္းေနတဲ့ လက္စတာစီးတီးတို႔ကေတာ့ ဂိုးသမား ဝါ့ဒ္၊ ခံစစ္မွာ အမာေတ၊ ေဖးစ္နဲ႔ ဆိုယြန္က်ဴတို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ တီးလီးမန္းစ္၊ ဂ်ဴးစ္ဘာရီ-ေဟာလ္၊ ဂ်ပ္စတင္နဲ႔ ကက္စတာညာတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ မက္ဒီဆန္၊ ဟာဗီဘန္းစ္နဲ႔ ဗာဒီတို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲစကတည္းက စီးတီးတို႔ ဖိကစားခဲ့ေပမယ့္ လက္စတာခံစစ္ကလည္း အမွားအယြင္းနည္းနည္းနဲ႔ တုံ႔ျပန္ကစားႏိုင္ခဲ့ၿပီး ေနာက္ပိုင္းပြဲေတြမွာ ပုံမွန္ကစားခြင့္နဲ႔အတူ ယုံၾကည္မႈေကာင္းလာခဲ့လို႔ လက္စြမ္းတက္လာခဲ့တဲ့ ဂိုးသမား ဝါ့ဒ္ကလည္း ဧည့္သည္ေတြရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကို ပိတ္ဆို႔ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

တန္ျပန္တိုက္စစ္ကေန ဘန္းစ္ရဲ႕ ေထာင့္က်ဥ္းအေနအထား အနီးကပ္ကန္ခ်က္ကို အီဒါဆန္ ကာကြယ္ခဲ့ရသလို ဒီဘ႐ိုင္းနားရဲ႕ ကြင္းလယ္ကေန အားပါတဲ့ ကန္ခ်က္ကိုလည္း ဝါ့ဒ္က ဖမ္းယူသြားႏိုင္ခဲ့ၿပီး အခြင့္အေရးေတြကို မန္စီးတီးတို႔ အသုံးမခ်ႏိုင္ခဲ့ၾကလို႔ ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းစၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒီေန႔ပြဲအတြက္ တစ္လုံးတည္းေသာဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး လူစားဝင္ကြင္းလယ္လူ မန္ဒီရဲ႕ ဂရီးလစ္ရွ္အေပၚ မလိုအပ္ဘဲ ၾကမ္းခဲ့တဲ့ အေနအထားကေန ရခဲ့တဲ့ ဖရီးကစ္ကို ဒီဘ႐ိုင္းနားက ဂိုးဘယ္ဘက္အေပၚေထာင့္ကို ကန္သြင္းရာမွာ တိုင္ထိၿပီး ဝင္သြားခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

လက္စတာတို႔ရဲ႕ ပြဲတဝက္ လူစားလဲမႈကေတာ့ သူတို႔ကို အထိနာေစခဲ့ၿပီး ဂ်ဴးစ္ဘာရီ-ေဟာလ္အစား ဝင္လာတဲ့ နမ္ပလီ မန္ဒီအေနနဲ႔ မျဖစ္သင့္တဲ့ ျပစ္ဒဏ္ေဘာတစ္လုံးကို မလိုအပ္ဘဲ ရက္ရက္ေရာေရာ လက္ေဆာင္ေပးသြားခဲ့တယ္လို႔ တင္ဆက္သူေတြက ေဝဖန္ခဲ့ၾကခ်ိန္မွာ မန္စီးတီးတို႔ကို ထိန္းထားႏိုင္လ်က္သားနဲ႔ နည္းျပ ေရာ့ဂ်ားစ္တစ္ေယာက္ သူ႔လူစားလဲမႈအမွားကေန ခံစားခဲ့ရတာပါ။

ေရာ့ဂ်ားစ္အေနနဲ႔ ဒီေန႔ပြဲမွာ စီးတီးတို႔ဆီကေန အမွတ္ခြဲယူႏိုင္ဖို႔ ခံစစ္က ဆိုယြန္က်ဴနဲ႔ တိုက္စစ္က ဗာဒီတို႔အစား ဒါကာနဲ႔ အီဟန္နာခ်ိဳတို႔ကို ထည့္သြင္းခဲ့သလို ၄-၄-၂ ပုံစံ ျပန္ေျပာင္းကစားလာခဲ့ေပမယ့္ ဧည့္သည္ေတြရဲ႕ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ထားခ်ိန္မွာ သူတို႔ေတြ အခြင့္အေရး အမ်ားႀကီးေတာ့ ရွာေဖြႏိုင္ခဲ့ျခင္းမရွိတာလည္းျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္ဖက္စလုံး အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကသလို မန္စီးတီးတို႔ဘက္ကလည္း အာကန္ဂ်ီအစား ႐ူဘင္ ဒီယက္စ္၊ အယ္လ္ဗာရက္ဇ္အစား ဖိုဒန္တို႔ကို လဲကစားၿပီး တိုက္စစ္မႉး ဟားလန္း ဒဏ္ရာေၾကာင့္ မပါႏိုင္ခ်ိန္မွာ လိုအပ္ေနတဲ့ အဖိုးတန္ႏိုင္ပြဲကို ရယူသြားႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ၁၂ ပြဲကစားအၿပီးမွာ ၉ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံး၊ ရမွတ္ ၂၉ မွတ္နဲ႔ အာဆင္နယ္တို႔ မကစားခင္ အမွတ္ေပးဇယားထိပ္ကို တက္ေရာက္လာႏိုင္ခဲ့ၾကသလို လက္စတာစီးတီးတို႔ကေတာ့ အဆင့္ ၁၇ မွာပဲ ဆက္လက္ရပ္တည္ေနၿပီး ေနာက္က ပြဲကစားၾကမယ့္ လိဒ္စ္၊ ဝုလ္ဗ္စ္၊ ေဖာရက္စ္တို႔ရဲ႕ ေက်ာ္တက္ခံရႏိုင္မႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.