Premier League

စိတ်ပျက်စရာကစားသမားကို ပွဲထွက်ခိုင်းလို့ ပရိသတ်တွေဝေဖန်တာခံနေရတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးပရိသတ်အချို့ဟာ ယနေ့ညနေ လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားနေတဲ့ ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ဂျက်ခ် ဂရီးလစ်ရှ်ကို မြင်တွေ့ရတာကို မကျေမနပ်ဖြစ်နေကြပါတယ်။

မန်စီးတီးဟာ ယခုရာသီ ၁၂ ပွဲမြောက်ပွဲစဉ်အဖြစ် ကင်းပါဝါကွင်းမှာ လက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားနေရတာဖြစ်ပြီး ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ အရင်အပတ်ပွဲစဉ်မှာ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲစဉ်က ရှုံးပွဲကနေ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာစီးတီးဟာ လက်စတာစီးတီးကို နောက်ထပ် နိုင်ပွဲရယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ပွဲမတိုင်ခင် ပွဲထွက်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ဂွါဒီယိုလာက ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို ၃ နေရာအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီအပတ်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒေါ့မွန်နဲ့ ရင်ဆိုင်ခဲ့ရပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ပြီးသားဖြစ်ပေမယ့်လည်း အာလင်း ဟာလန်းကို ထည့်သွင်းအသုံးပြုခဲ့ရာမှာ ပွဲစဉ်အတွင်း ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ယနေ့ညနေ လက်စတာစီးတီးနဲ့ပွဲစဉ်ကို ဟာလန်း မပါဝင်နိုင်ခဲ့ဘဲ ယူလီယန် အဲဗားက်ဇ်က ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး အဲဒီအထိ ပရိသတ်တွေက ဘာမှ မပြောပေမယ့် ဖိုဒန်ရဲ့နေရာမှာ ဂျက်ခ် ဂရီးလစ်ရှ်ကို ပွဲထွက်ကစားစေခဲ့တဲ့ဆုံးဖြတ်ချက်ကိုတော့ ဒေါသထွက်ခဲ့ကြတာဖြစ်ပါတယ်။

အင်္ဂလန်ကြယ်ပွင့်ဟာ ယခုရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် ၆ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်သေးသူဖြစ်ပြီး ဂရီးလစ်ရှ်ရဲ့ စွမ်းဆောင်ရည်ဟာ မကြာခဏ စီးတီးပရိသတ်တွေကို စိတ်ပျက်ဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးပရိသတ်တွေဟာ အသက် ၂၇ နှစ်အရွယ် အက်စတန် ဗီလာကြယ်ပွင့်ဟောင်းကို ပွဲထွက်ကစားခွင့်ပေးခဲ့တဲ့ ဂွါဒီယိုလာကို တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ကြိမ်းမောင်းခဲ့ကြတာဖြစ်ပါတယ်။

“ဂရီးလစ်ရှ်က ပါလာပြန်ပြီလား။ သုံးစားမရဆုံး ကစားသမားပဲ”လို့ မန်စီးတီးပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ပက် ဂွါဒီယိုလာက ဖိုဒန်အစား ဂရီးလစ်ရှ်ကို ကစားခိုင်းပြီး ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲကို စိတ်ဝင်စားစရာကောင်းလာအောင် အကောင်းဆုံး ဆက်ပြီး ထိန်းသိမ်းဖို့ ကြိုးပမ်းနေတာပဲ။ အလိမ်အညာတွေ”လို့ နောက်ထပ် မန်စီးတီးပရိသတ်တစ်ဦးကလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးပရိသတ္အခ်ိဳ႕ဟာ ယေန႔ညေန လက္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားေနတဲ့ ပြဲစဥ္အတြက္ ပြဲထြက္လူစာရင္းမွာ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ျမင္ေတြ႕ရတာကို မေက်မနပ္ျဖစ္ေနၾကပါတယ္။

မန္စီးတီးဟာ ယခုရာသီ ၁၂ ပြဲေျမာက္ပြဲစဥ္အျဖစ္ ကင္းပါဝါကြင္းမွာ လက္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားေနရတာျဖစ္ၿပီး ဘ႐ိုက္တန္နဲ႔ ကစားခဲ့တဲ့ အရင္အပတ္ပြဲစဥ္မွာ ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲစဥ္က ရႈံးပြဲကေန ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာစီးတီးဟာ လက္စတာစီးတီးကို ေနာက္ထပ္ ႏိုင္ပြဲရယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး ပြဲမတိုင္ခင္ ပြဲထြက္လူစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ရာမွာ ဂြါဒီယိုလာက ဘ႐ိုက္တန္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲက လူစာရင္းကို ၃ ေနရာအထိ အေျပာင္းအလဲ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ဒီအပတ္ထဲမွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ေဒါ့မြန္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ၿပီးသားျဖစ္ေပမယ့္လည္း အာလင္း ဟာလန္းကို ထည့္သြင္းအသုံးျပဳခဲ့ရာမွာ ပြဲစဥ္အတြင္း ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ယေန႔ညေန လက္စတာစီးတီးနဲ႔ပြဲစဥ္ကို ဟာလန္း မပါဝင္ႏိုင္ခဲ့ဘဲ ယူလီယန္ အဲဗားက္ဇ္က ပြဲထြက္လူစာရင္းမွာ ပါဝင္လာခဲ့ၿပီး အဲဒီအထိ ပရိသတ္ေတြက ဘာမွ မေျပာေပမယ့္ ဖိုဒန္ရဲ႕ေနရာမွာ ဂ်က္ခ္ ဂရီးလစ္ရွ္ကို ပြဲထြက္ကစားေစခဲ့တဲ့ဆုံးျဖတ္ခ်က္ကိုေတာ့ ေဒါသထြက္ခဲ့ၾကတာျဖစ္ပါတယ္။

အဂၤလန္ၾကယ္ပြင့္ဟာ ယခုရာသီမွာ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္ ၆ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးသာ သြင္းယူထားႏိုင္ေသးသူျဖစ္ၿပီး ဂရီးလစ္ရွ္ရဲ႕ စြမ္းေဆာင္ရည္ဟာ မၾကာခဏ စီးတီးပရိသတ္ေတြကို စိတ္ပ်က္ေဒါသထြက္ေစခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ မန္စီးတီးပရိသတ္ေတြဟာ အသက္ ၂၇ ႏွစ္အ႐ြယ္ အက္စတန္ ဗီလာၾကယ္ပြင့္ေဟာင္းကို ပြဲထြက္ကစားခြင့္ေပးခဲ့တဲ့ ဂြါဒီယိုလာကို တြစ္တာလူမႈကြန္ရက္ေပၚမွာ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကတာျဖစ္ပါတယ္။

“ဂရီးလစ္ရွ္က ပါလာျပန္ၿပီလား။ သုံးစားမရဆုံး ကစားသမားပဲ”လို႔ မန္စီးတီးပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ပက္ ဂြါဒီယိုလာက ဖိုဒန္အစား ဂရီးလစ္ရွ္ကို ကစားခိုင္းၿပီး ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲကို စိတ္ဝင္စားစရာေကာင္းလာေအာင္ အေကာင္းဆုံး ဆက္ၿပီး ထိန္းသိမ္းဖို႔ ႀကိဳးပမ္းေနတာပဲ။ အလိမ္အညာေတြ”လို႔ ေနာက္ထပ္ မန္စီးတီးပရိသတ္တစ္ဦးကလည္း ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.