Premier League

ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဂျော်ဂျင်ညိုကို ဝိုင်းဗျင်းခဲ့ကြတဲ့ မာတီနက်ဇ်နဲ့ အန်တိုနီ

ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲစဉ်အတွင်း ဂျော်ဂျင်ညိုကို လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့ အနိုင်ဝိုင်းကျင့်နေတဲ့ ဗီဒီယိုဖိုင်အသစ်ဟာ လူမှုကွန်ရက်ပေါ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးအသင်းဆီကနေ သရေ ၁ မှတ် ရယူနိုင်မယ့် နောက်ကျ ချေပဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဂျော်ဂျင်ညိုက ပွဲပြီးဆုံးခါနီး ၃ မိနစ်အလိုမှာ ပင်နယ်တီကနေ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကက်စမီရိုက နာကျင်အချိန်ပို ၉၄ မိနစ်မှာ လုခ် ရှောရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး အန်တိုနီဟာ မန်ယူနိုက်တက်အသင်းသားတွေ အောင်ပွဲခံနေချိန်အတွင်း ပြိုင်ဘက်မျက်နှာရှေ့တည့်တည့်မှာ အော်ဟစ်ပြီး ချဲလ်ဆီးကွင်းလယ်ကစားသမားကို လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားနဲ့ အီတလီကွင်းလယ်ကစားသမားတို့ဟာ ပွဲစဉ်တလျှောက်လုံး ငြိနေခဲ့ပုံပေါ်ခဲ့ပြီး ဘာကြောင့်လဲဆိုရင် ဗီဒီယိုအသစ်ထဲမှာ အန်တိုနီနဲ့ မာတီနက်ဇ်တို့ဟာ ဂျော်ဂျင်ညိုကို ဝိုင်းဗျင်းခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။

ဂျော်ဂျင်ညိုဟာ လီဆန်ဒရို မာတီနက်ဇ်ကို လှောင်ပြောင်ရင်း နောက်ကို ဆုတ်ချိန်မှာ အန်တိုနီက တောင့်တောင့်ကြီး ပိတ်ရပ်နေခဲ့တာဖြစ်ပြီး အီတလီကွင်းလယ်ကစားသမားက ရုတ်တရက် ဘာဖြစ်သွားမှန်းမသိဘဲ ကြောင်တောင်တောင်ဖြစ်နေချိန်မှာ အာဂျင်တီးနားနောက်ခံလူကလည်း ဂျော်ဂျင်ညိုကို ရင်ဘတ်ချင်း ဝင်တိုက်ခဲ့တာကြောင့် ချဲလ်ဆီးကြယ်ပွင့်ဟာ မြက်ခင်းပေါ်ကို လဲကျသွားခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်အသစ်ကို လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ ပြောနေစရာတောင်မလိုအောင် အလျင်အမြန် တုံ့ပြန်ခဲ့ကြတာဖြစ်ပြီး တွစ်တာအသုံးပြုသူတစ်ဦးက “အန်တိုနီရဲ့ ဖန်တီးပေးပို့မှုကို လီဆန်ဒရိုက လှလှပပ အဆုံးသတ်ပေးလိုက်ပါတယ်”လို့ နောက်ပြောင်ခဲ့ပြီး “ငါတို့တွေ တောင်အမေရိကသားတွေ ဒီထက်ပိုပြီး လိုနေပြီ။ လော်တာရို မာတီနက်ဇ်ကို တိုက်စစ်အတွက် ခေါ်”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အန်တိုနီဟာ ရှယ်ရစ်ဖ်ကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ကြာသပတေးနေ့ညပွဲစဉ်အတွင်း ပထမပိုင်းမှာ ၎င်းရဲ့ အထင်ကရဖြစ်တဲ့ ၃၆၀ ဒီဂရီလှည့်ကွက်ကို ပြသခဲ့တာကြောင့် ပေါလ်စခိုး၊ ရော်ဘီ ဆားဗေ့ဂျ်တို့ရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ပြဲစဥ္အတြင္း ေဂ်ာ္ဂ်င္ညိဳကို လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ အန္တိုနီတို႔ အႏိုင္ဝိုင္းက်င့္ေနတဲ့ ဗီဒီယိုဖိုင္အသစ္ဟာ လူမႈကြန္ရက္ေပၚမွာ ေပၚထြက္လာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့အပတ္က စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးအသင္းဆီကေန သေရ ၁ မွတ္ ရယူႏိုင္မယ့္ ေနာက္က် ေခ်ပဂိုးကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ၿပီး ေဂ်ာ္ဂ်င္ညိဳက ပြဲၿပီးဆုံးခါနီး ၃ မိနစ္အလိုမွာ ပင္နယ္တီကေန ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကက္စမီ႐ိုက နာက်င္အခ်ိန္ပို ၉၄ မိနစ္မွာ လုခ္ ေရွာရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ အလြန္ေကာင္းမြန္တဲ့ ေခါင္းတိုက္သြင္းဂိုးနဲ႔ ေခ်ပဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး အန္တိုနီဟာ မန္ယူႏိုက္တက္အသင္းသားေတြ ေအာင္ပြဲခံေနခ်ိန္အတြင္း ၿပိဳင္ဘက္မ်က္ႏွာေရွ႕တည့္တည့္မွာ ေအာ္ဟစ္ၿပီး ခ်ဲလ္ဆီးကြင္းလယ္ကစားသမားကို ေလွာင္ေျပာင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားနဲ႔ အီတလီကြင္းလယ္ကစားသမားတို႔ဟာ ပြဲစဥ္တေလွ်ာက္လုံး ၿငိေနခဲ့ပုံေပၚခဲ့ၿပီး ဘာေၾကာင့္လဲဆိုရင္ ဗီဒီယိုအသစ္ထဲမွာ အန္တိုနီနဲ႔ မာတီနက္ဇ္တို႔ဟာ ေဂ်ာ္ဂ်င္ညိဳကို ဝိုင္းဗ်င္းခဲ့တာကို ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳဟာ လီဆန္ဒ႐ို မာတီနက္ဇ္ကို ေလွာင္ေျပာင္ရင္း ေနာက္ကို ဆုတ္ခ်ိန္မွာ အန္တိုနီက ေတာင့္ေတာင့္ႀကီး ပိတ္ရပ္ေနခဲ့တာျဖစ္ၿပီး အီတလီကြင္းလယ္ကစားသမားက ႐ုတ္တရက္ ဘာျဖစ္သြားမွန္းမသိဘဲ ေၾကာင္ေတာင္ေတာင္ျဖစ္ေနခ်ိန္မွာ အာဂ်င္တီးနားေနာက္ခံလူကလည္း ေဂ်ာ္ဂ်င္ညိဳကို ရင္ဘတ္ခ်င္း ဝင္တိုက္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးၾကယ္ပြင့္ဟာ ျမက္ခင္းေပၚကို လဲက်သြားခဲ့တာျဖစ္ပါတယ္။

ဒီဗီဒီယိုဖိုင္အသစ္ကို လူမႈကြန္ရက္ေပၚက ပရိသတ္ေတြဟာ ေျပာေနစရာေတာင္မလိုေအာင္ အလ်င္အျမန္ တုံ႔ျပန္ခဲ့ၾကတာျဖစ္ၿပီး တြစ္တာအသုံးျပဳသူတစ္ဦးက “အန္တိုနီရဲ႕ ဖန္တီးေပးပို႔မႈကို လီဆန္ဒ႐ိုက လွလွပပ အဆုံးသတ္ေပးလိုက္ပါတယ္”လို႔ ေနာက္ေျပာင္ခဲ့ၿပီး “ငါတို႔ေတြ ေတာင္အေမရိကသားေတြ ဒီထက္ပိုၿပီး လိုေနၿပီ။ ေလာ္တာ႐ို မာတီနက္ဇ္ကို တိုက္စစ္အတြက္ ေခၚ”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

အန္တိုနီဟာ ရွယ္ရစ္ဖ္ကို ၃-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ၾကာသပေတးေန႔ညပြဲစဥ္အတြင္း ပထမပိုင္းမွာ ၎ရဲ႕ အထင္ကရျဖစ္တဲ့ ၃၆၀ ဒီဂရီလွည့္ကြက္ကို ျပသခဲ့တာေၾကာင့္ ေပါလ္စခိုး၊ ေရာ္ဘီ ဆားေဗ့ဂ်္တို႔ရဲ႕ ျပစ္တင္ႀကိမ္းေမာင္းျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.