Bundesliga La Liga

လီဗန်ဒေါ့ဗ်စကီးအတွက် ဘာစီလိုနာဆီကနေ မြတ်ပြီးရင်း မြတ်အောင် လုပ်ထားတဲ့ ဘိုင်ယန်

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူနိုင်ဖို့အတွက် ကနဦး ပြောင်းရွှေ့ကြေးယူရို ၄၅ သန်းပေးချေခဲ့ရပေမယ့် သဘောတူညီမှုရဲ့တစိတ်တပိုင်းအဖြစ် ပိုလန်တိုက်စစ်မှူးအတွက် အချိန်တစ်ခုအထိ ဘွန်ဒက်စ်လီဂါအသင်းကြီးကို ငွေကြေးအချို့ ဆက်လက်ပေးချေရမှာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ ဂျာမန်ချန်ပီယံတွေနဲ့အတူ အောင်မြင်တဲ့ ၈ နှစ်တာကာလကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကတ်တလန်အသင်းအတွက် ၁၆ ပွဲသာ ပါဝင်ကစားပေးရသေးချိန်မှာ ၁၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျာမန်သတင်းဌာန Bild ရဲ့ ဖော်ပြချက်အရ ကတ်တလန်အသင်းကြီးဟာ လီဗန်ဒေါ့ဗ်စကီး တစ်ရာသီကို ၂၅ ဂိုး သွင်းယူနိုင်တိုင်း ဘိုင်ယန်မြူးနစ်အသင်းကို စာချုပ်ပါသဘောတူညီချက်အရ တစ်ရာသီကို ယူရို ၁.၂၅ သန်းထပ်မံပေးချေရမယ်လို့ သိရပါတယ်။

ပိုလန်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုထားတာကြောင့် ၂၀၂၆ ခုနှစ်အထိ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘာစီလိုနာအသင်းဆီကနေ နောက်ထပ် ယူရို ၅ သန်း ရရှိသွားနိုင်ခြေရှိနေတာဖြစ်ပြီး လီဗန်ဒေါ့ဗ်စကီးဟာ ယခုရာသီမှာ အဲဒီသွင်းဂိုးပမာဏကို ရောက်ရှိဖို့ တော်တော်လေး နီးစပ်နေပြီဖြစ်ပါတယ်။ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် လာမယ့်ရာသီတွေမှာလည်း သွင်းဂိုး ၂၅ ဂိုးလောက်ကို ရရှိဖို့ကလည်း အခွင့်အရေးရှိနေတာဖြစ်ပြီး ဒီသတင်းဟာ ဘာစီလိုနာအသင်း ၂ နှစ်ဆက်တိုက် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ပြုတ်ခဲ့တဲ့အပတ်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဇာဗီရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပြုတ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲကို သွားကစားရတော့မှာဖြစ်တာကြောင့် ဘဏ္ဍာရေးပိုင်းအရလည်း ထိခိုက်နစ်နာမှုတွေ ရှိလာတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ကြောက်မက်ဖွယ် ငွေကြေးသုံးစွဲမှု ပြုလုပ်နိုင်အောင် ကတ်တလန်အသင်းကြီးဟာ စီးပွားရေးမောင်းတံတွေကို အသက်သွင်းခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာဟာ လီဗန်ဒေါ့ဗ်စကီးအပြင် ဂျူးစ် ကွန်ဒေ၊ ရာဖင်ညာ၊ ဖရန့်ခ် ကက်ဆီ၊ မားကို့စ် အလွန်ဆိုတို့အပြင် အခြား ကြယ်ပွင့်ကစားသမားအများအပြားကို ခေါ်ယူခဲ့တာဖြစ်ပြီး ဇာဗီဟာ ယခုရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ကြိမ် စိန်ခေါ်နိုင်တဲ့အသင်းကို တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ လက်ရှိမှာတော့ လာလီဂါရဲ့ထိပ်တန်းဂိုသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပြီး အခြား ဘာစီလိုနာကစားသမားတွေအားလုံးထက် သိသာထင်ရှားတဲ့ဂိုးအရေအတွက်ကို သွင်းယူပေးထားချိန်မှာ အူ့စ်မန် ဒမ်ဘီလီက ၄ ဂိုးနဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူႏိုင္ဖို႔အတြက္ ကနဦး ေျပာင္းေ႐ႊ႕ေၾကးယူ႐ို ၄၅ သန္းေပးေခ်ခဲ့ရေပမယ့္ သေဘာတူညီမႈရဲ႕တစိတ္တပိုင္းအျဖစ္ ပိုလန္တိုက္စစ္မႉးအတြက္ အခ်ိန္တစ္ခုအထိ ဘြန္ဒက္စ္လီဂါအသင္းႀကီးကို ေငြေၾကးအခ်ိဳ႕ ဆက္လက္ေပးေခ်ရမွာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ ဂ်ာမန္ခ်န္ပီယံေတြနဲ႔အတူ ေအာင္ျမင္တဲ့ ၈ ႏွစ္တာကာလကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ကတ္တလန္အသင္းအတြက္ ၁၆ ပြဲသာ ပါဝင္ကစားေပးရေသးခ်ိန္မွာ ၁၇ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂ်ာမန္သတင္းဌာန Bild ရဲ႕ ေဖာ္ျပခ်က္အရ ကတ္တလန္အသင္းႀကီးဟာ လီဗန္ေဒါ့ဗ္စကီး တစ္ရာသီကို ၂၅ ဂိုး သြင္းယူႏိုင္တိုင္း ဘိုင္ယန္ျမဴးနစ္အသင္းကို စာခ်ဳပ္ပါသေဘာတူညီခ်က္အရ တစ္ရာသီကို ယူ႐ို ၁.၂၅ သန္းထပ္မံေပးေခ်ရမယ္လို႔ သိရပါတယ္။

ပိုလန္တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းနဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားတာေၾကာင့္ ၂၀၂၆ ခုႏွစ္အထိ ဘိုင္ယန္ျမဴးနစ္အသင္းဟာ ဘာစီလိုနာအသင္းဆီကေန ေနာက္ထပ္ ယူ႐ို ၅ သန္း ရရွိသြားႏိုင္ေျခရွိေနတာျဖစ္ၿပီး လီဗန္ေဒါ့ဗ္စကီးဟာ ယခုရာသီမွာ အဲဒီသြင္းဂိုးပမာဏကို ေရာက္ရွိဖို႔ ေတာ္ေတာ္ေလး နီးစပ္ေနၿပီျဖစ္ပါတယ္။ ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးရဲ႕ ဂိုးသြင္းစြမ္းရည္ေၾကာင့္ လာမယ့္ရာသီေတြမွာလည္း သြင္းဂိုး ၂၅ ဂိုးေလာက္ကို ရရွိဖို႔ကလည္း အခြင့္အေရးရွိေနတာျဖစ္ၿပီး ဒီသတင္းဟာ ဘာစီလိုနာအသင္း ၂ ႏွစ္ဆက္တိုက္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ျပဳတ္ခဲ့တဲ့အပတ္မွာ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဇာဗီရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ျပဳတ္ၿပီး ယူ႐ိုပါလိဂ္ၿပိဳင္ပြဲကို သြားကစားရေတာ့မွာျဖစ္တာေၾကာင့္ ဘ႑ာေရးပိုင္းအရလည္း ထိခိုက္နစ္နာမႈေတြ ရွိလာေတာ့မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ေၾကာက္မက္ဖြယ္ ေငြေၾကးသုံးစြဲမႈ ျပဳလုပ္ႏိုင္ေအာင္ ကတ္တလန္အသင္းႀကီးဟာ စီးပြားေရးေမာင္းတံေတြကို အသက္သြင္းခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာဟာ လီဗန္ေဒါ့ဗ္စကီးအျပင္ ဂ်ဴးစ္ ကြန္ေဒ၊ ရာဖင္ညာ၊ ဖရန႔္ခ္ ကက္ဆီ၊ မားကို႔စ္ အလြန္ဆိုတို႔အျပင္ အျခား ၾကယ္ပြင့္ကစားသမားအမ်ားအျပားကို ေခၚယူခဲ့တာျဖစ္ၿပီး ဇာဗီဟာ ယခုရာသီမွာ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္မွာ ေနာက္ထပ္တစ္ႀကိမ္ စိန္ေခၚႏိုင္တဲ့အသင္းကို တည္ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ လက္ရွိမွာေတာ့ လာလီဂါရဲ႕ထိပ္တန္းဂိုသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ၿပီး အျခား ဘာစီလိုနာကစားသမားေတြအားလုံးထက္ သိသာထင္ရွားတဲ့ဂိုးအေရအတြက္ကို သြင္းယူေပးထားခ်ိန္မွာ အူ႔စ္မန္ ဒမ္ဘီလီက ၄ ဂိုးနဲ႔ ဒုတိယေျမာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.