La Liga Premier League Transfer News

လူကာ မိုဒရစ်လက်သစ်အတွက် ရီးရဲလ်နဲ့အပြိုင် ခေါ်ယူသွားမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒေါ့မွန်ကွင်းလယ်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် သတင်းတွေ ပြန်လည်ထွက်ပေါ်နေခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဆီကနေ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သိရပါတယ်။

ဘယ်လင်ဟမ်ဟာ လီဗာပူးလ်အသင်းအတွက် ပြီးပြည့်စုံတဲ့ ခေါ်ယူမှုအဖြစ် ရှုမြင်ခြင်းခံခဲ့ရတာ ကြာခဲ့ပြီဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်မှာပဲ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်နေခဲ့ပြီးဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဘောလုံးနဲ့အတူ အလွန်ကောင်းမွန်တဲ့ အရည်အသွေးတွေ၊ တိုက်စစ်အားသန်မှုတွေနဲ့ လုပ်အားနှုန်း၊ ကစားကွက်အမြင်ရှိမှုတွေကို ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရွေးစင်အသင်းမှာလည်း အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ကြီးထွားလာသူဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ အနဂတ် အသင်းဖော်တွေဖြစ်လာနိုင်တဲ့ ဟန်ဒါဆန်၊ အလက်ဇန်းဒါး-အာနိုးတို့နဲ့အတူ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးနေခဲ့သူဖြစ်ပြီး အပြောင်းအရွှေ့အတွက် ပြဿနာရှိတဲ့အချက်တစ်ချက်က လီဗာပူးလ်အသင်းဟာ အမြဲတမ်း ငွေကြေးပိုင်းမှာ နှမြောတွန့်တိုတတ်တာဖြစ်ပါတယ်။

မကြာသေးမီက The Times ရဲ့ သတင်းအရ လီဗာပူးလ်ဟာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ပေါင်သန်း ၁၀၀ ကျော် ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပြီး တစ်ဆက်တည်းမှာပဲ သတင်းသစ်တွေက ရီးရဲလ်မက်ဒရစ်ဟာ ဒေါ့မွန်ကွင်းလယ်လူကို စိတ်ဝင်စားမှု ကြီးထွားလာခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Daily Mail ရဲ့ သတင်းအရ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၁၉ နှစ်အရွယ် ဒေါ့မွန်ကြယ်ပွင့်အတွက် ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပြီး ဘယ်လင်ဟမ်ကို လူကာ မိုဒရစ်လက်သစ်ဖြစ်လာဖို့ အခွင့်အရေး ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ခရိုအေးရှားဂန္တဝင်ကွင်းလယ်ကစားသမားဟာ ထူးထူးခြားခြား အားကောင်းတဲ့အဆင့်အတန်းမှာ ကစားနိုင်ဆဲဖြစ်ပေမယ့်လည်း ယခုနှစ်မှာ အသက် ၃၇ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တာကြောင့် လာမယ့်ရာသီတွေမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ နီးစပ်လာနေပြီ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဖြတ်ကျော်ရမယ့် အခက်အခဲ တစ်ခုရှိနေတယ်လို့ ယင်းသတင်းရင်းမြစ်ကပဲ ဖော်ပြခဲ့ပါတယ်။

အဲဒါကတော့ ဘယ်လင်ဟမ်ဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုပြီး စိတ်ညွတ်နေတာဖြစ်ပြီး စပိန်ကို ပြောင်းရွှေ့ဖို့ထက် မွေးရပ်မြေ အင်္ဂလန်ကိုသာ ပြန်လည် ပြောင်းရွှေ့ကစားချင်နေတာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဘာမင်ဟမ်စီးတီး လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ဒေါ့မွန်အသင်းဟာ ၎င်းရဲ့ ကစားသမားဘဝတလျှောက်မှာ ပထမဆုံး ပြည်ပကလပ်အသင်း ဖြစ်လာခဲ့တာဖြစ်ပြီး Sky Sports သတင်းထောက် ကီဗင် ဟက်ချက်ရဲ့ ပြောကြားချက်အရ ဂျုဒ် ဘယ်လင်ဟမ်ဟာ ယခုနွေရာသီထက် ကျော်လွန်ပြီး ဒေါ့မွန်မှာ ဆက်နေဖို့အတွက် စဉ်းစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ ေဒါ့မြန္ကြင္းလယ္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ကို ေခၚယူဖို႔အတြက္ သတင္းေတြ ျပန္လည္ထြက္ေပၚေနခဲ့ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းဆီကေန ယွဥ္ၿပိဳင္မႈနဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ သိရပါတယ္။

ဘယ္လင္ဟမ္ဟာ လီဗာပူးလ္အသင္းအတြက္ ၿပီးျပည့္စုံတဲ့ ေခၚယူမႈအျဖစ္ ရႈျမင္ျခင္းခံခဲ့ရတာ ၾကာခဲ့ၿပီျဖစ္ၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္မွာပဲ ကမာၻေပၚက အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးျဖစ္ေနခဲ့ၿပီးျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ေဘာလုံးနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ အရည္အေသြးေတြ၊ တိုက္စစ္အားသန္မႈေတြနဲ႔ လုပ္အားႏႈန္း၊ ကစားကြက္အျမင္ရွိမႈေတြကို ပိုင္ဆိုင္ထားသူျဖစ္ၿပီး လက္ေ႐ြးစင္အသင္းမွာလည္း အေရးပါတဲ့ ကစားသမားတစ္ဦးအျဖစ္ ႀကီးထြားလာသူျဖစ္ပါတယ္။

ဘယ္လင္ဟမ္ဟာ အနဂတ္ အသင္းေဖာ္ေတြျဖစ္လာႏိုင္တဲ့ ဟန္ဒါဆန္၊ အလက္ဇန္းဒါး-အာႏိုးတို႔နဲ႔အတူ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးေနခဲ့သူျဖစ္ၿပီး အေျပာင္းအေ႐ႊ႕အတြက္ ျပႆနာရွိတဲ့အခ်က္တစ္ခ်က္က လီဗာပူးလ္အသင္းဟာ အၿမဲတမ္း ေငြေၾကးပိုင္းမွာ ႏွေျမာတြန႔္တိုတတ္တာျဖစ္ပါတယ္။

မၾကာေသးမီက The Times ရဲ႕ သတင္းအရ လီဗာပူးလ္ဟာ ဘယ္လင္ဟမ္ကို ေခၚယူဖို႔ ေပါင္သန္း ၁၀၀ ေက်ာ္ ေပးေခ်ဖို႔ ဆႏၵမရွိဘူးလို႔ သိရၿပီး တစ္ဆက္တည္းမွာပဲ သတင္းသစ္ေတြက ရီးရဲလ္မက္ဒရစ္ဟာ ေဒါ့မြန္ကြင္းလယ္လူကို စိတ္ဝင္စားမႈ ႀကီးထြားလာခဲ့တယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Daily Mail ရဲ႕ သတင္းအရ ရီးရဲလ္မက္ဒရစ္ဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ ေဒါ့မြန္ၾကယ္ပြင့္အတြက္ ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရၿပီး ဘယ္လင္ဟမ္ကို လူကာ မိုဒရစ္လက္သစ္ျဖစ္လာဖို႔ အခြင့္အေရး ကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ခ႐ိုေအးရွားဂႏၲဝင္ကြင္းလယ္ကစားသမားဟာ ထူးထူးျခားျခား အားေကာင္းတဲ့အဆင့္အတန္းမွာ ကစားႏိုင္ဆဲျဖစ္ေပမယ့္လည္း ယခုႏွစ္မွာ အသက္ ၃၇ ႏွစ္ ျပည့္ေျမာက္ခဲ့ၿပီျဖစ္တာေၾကာင့္ လာမယ့္ရာသီေတြမွာ ကစားသမားဘဝ အဆုံးသတ္ဖို႔ နီးစပ္လာေနၿပီ ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ျဖတ္ေက်ာ္ရမယ့္ အခက္အခဲ တစ္ခုရွိေနတယ္လို႔ ယင္းသတင္းရင္းျမစ္ကပဲ ေဖာ္ျပခဲ့ပါတယ္။

အဲဒါကေတာ့ ဘယ္လင္ဟမ္ဟာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ပိုၿပီး စိတ္ၫြတ္ေနတာျဖစ္ၿပီး စပိန္ကို ေျပာင္းေ႐ႊ႕ဖို႔ထက္ ေမြးရပ္ေျမ အဂၤလန္ကိုသာ ျပန္လည္ ေျပာင္းေ႐ႊ႕ကစားခ်င္ေနတာျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ကစားသမားဟာ ဘာမင္ဟမ္စီးတီး လူငယ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္ၿပီး ေဒါ့မြန္အသင္းဟာ ၎ရဲ႕ ကစားသမားဘဝတေလွ်ာက္မွာ ပထမဆုံး ျပည္ပကလပ္အသင္း ျဖစ္လာခဲ့တာျဖစ္ၿပီး Sky Sports သတင္းေထာက္ ကီဗင္ ဟက္ခ်က္ရဲ႕ ေျပာၾကားခ်က္အရ ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ယခုေႏြရာသီထက္ ေက်ာ္လြန္ၿပီး ေဒါ့မြန္မွာ ဆက္ေနဖို႔အတြက္ စဥ္းစားေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.