Bundesliga Match Report

အိမ်ကွင်းမှာ ၃၇ ပွဲရှုံးပွဲမရှိစံချိန်ကျိုးမယ့်အရေးကနေ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တဲ့ လေဗာကူဆင်

ဒီနေ့ည ၉ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ ဟော့ဖန်ဟိမ်းတို့ရဲ့ပွဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် အလွန်ဆိုရဲ့အသင်းက နောက်ကျသွင်းဂိုးတွေကြောင့် ပြိုင်ပွဲစုံ ၃၈ ပွဲရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်ရရှိခဲ့ပါတယ်။

လေဗာကူဆင်ဟာ ပထမပိုင်းစကတည်းက ဟော့ဖန်ဟိမ်းဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးသမားဘောင်းမန်းနဲ့ နောက်ခံလူတွေက ကာကွယ်နိုင်ခဲ့ပါတယ်။ ၃၃ မိနစ်မှာ ဟော့ဖန်ဟိမ်းက မက်ဆီမီလီယန် ဘေယာရဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ကို ညာခြေနဲ့ အပြင်းကန်သွင်းခဲ့တဲ့ဂိုးကို လေဗာကူဆင်တို့ ခွင့်ပြုခဲ့ရပြီး အိမ်ရှင်တို့ အငိုက်မိခဲ့ရပါတယ်။

ဟော့ဖန်ဟိမ်းဟာ အိမ်ရှင် လေဗာကူဆင်ကို ရှိန်မနေဘဲ သူတင်ကိုယ်တင်ကစားသွားခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ ဂရီမယ်ဒို ပင်နယ်တီဧရိယာထဲမှာ ထောင့်ကန်ဘောကနေ အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် အံ့အားသင့်ဖွယ်လွဲချော်ခဲ့လို့ အိမ်ရှင်တို့ ချေပဂိုး မရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဟော့ဖန်ဟိမ်းဟာ အနိုင်ရလဒ်ကို ထိန်းကစားဖို့ မကြိုးစားခဲ့ဘဲ တန်ပြန်တိုက်စစ်ဖွင့်ကစားခဲ့ပြီး အိမ်ရှင်တွေက ဂိုးပေါက်နားမှာ တဝဲဝဲလည်လည်နဲ့ ချေပဂိုးရဖို့ အပြင်းအထန် ကြိုးစားခဲ့သလို ဧည့်သည်တွေကလည်း စွမ်းစွမ်းတမံ ကာကွယ်ခဲ့ကြပါတယ်။

ဒီပွဲမှာ လေဗာကူဆင်ရဲ့ ဂိုးပေါက်ကန်သွင်းမှုတွေကို ဟော့ဖန်ဟိမ်းနောက်ခံလူတွေက မရေမတွက်နိုင်အောင် ဘလော့ခ် လုပ်နိုင်ခဲ့တာ မြင်တွေ့ခဲ့ရပြီး ဇာဘီ အလွန်ဆိုရဲ့အသင်းဟာ အပွဲပွဲနွှဲလာသမျှ အိမ်ကွင်းမှာမှ ၃၇ ပွဲရှုံးပွဲမရှိ စံချိန်ရပ်တန့်ရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၇၂ မိနစ်မှာ လေဗာကူဆင်အသင်း ပင်နယ်တီပေးဖို့ တောင်းခဲ့ပေမယ့် ဒိုင်လူကြီးက ငြင်းပယ်ခဲ့ပြီး VAR ကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်ခဲ့လို့ အိမ်ရှင်ပရိသတ်တွေ ဒေါသထွက်ခဲ့ရပါတယ်။ ဟော့ဖန်ဟိမ်းကလည်း လူစားလဲလှယ်မှုတွေ ပြုလုပ်ပြီး ကစားအားကျမသွားအောင် ထိန်းထားနိုင်ခဲ့ပြီး လေဗာကူဆင်ကလည်း တရစပ်ကို ဖိအားပေး တိုက်စစ်ဆင်နေခဲ့ပါတယ်။

၈၈ မိနစ်မှာတော့ လေဗာကူဆင်အသင်း ထောင့်ကန်ဘော ရရှိခဲ့ရာကနေ ဂျိုနသန် တာ ချပေးလိုက်တဲ့ ဘောလုံးကို အန်းဒရစ်ချ်က ညာခြေနဲ့ ဘယ်ဖက်ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းယူပြီး နောက်ကျချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

ချေပဂိုးရသွားခဲ့တဲ့ အိမ်ရှင်တွေဟာ စိတ်အားတက်ကြွလာခဲ့ပြီး နောက်ထပ် အနိုင်ဂိုးတစ်ဂိုးကို အပူတပြင်းရှာဖွေခဲ့ရာမှာ ၉၀+၁ မိနစ်မှာ ပက်ထရစ် ရှစ်ခ်က အနီးကပ်ကန်ချက်နဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို မြေမကျဘော ထောက်ကန်သွင်းယူပေးသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဇာဘီ အလွန်ဆိုရဲ့အသင်းဟာ ပြိုင်ပွဲစုံ ၃၈ ပွဲ ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပြီး အမှတ်ပေးဇယား ဒုတိယနေရာက ဘိုင်ယန်နဲ့ ၁၃ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီေန႔ည ၉ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေလဗာကူဆင္နဲ႔ ေဟာ့ဖန္ဟိမ္းတို႔ရဲ႕ပြဲမွာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီးေနာက္ အလြန္ဆိုရဲ႕အသင္းက ေနာက္က်သြင္းဂိုးေတြေၾကာင့္ ၿပိဳင္ပြဲစုံ ၃၈ ပြဲရႈံးပြဲမရွိစံခ်ိန္ကို တိုးျမႇင့္ရရွိခဲ့ပါတယ္။

ေလဗာကူဆင္ဟာ ပထမပိုင္းစကတည္းက ေဟာ့ဖန္ဟိမ္းဂိုးေပါက္ကို ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ဂိုးသမားေဘာင္းမန္းနဲ႔ ေနာက္ခံလူေတြက ကာကြယ္ႏိုင္ခဲ့ပါတယ္။ ၃၃ မိနစ္မွာ ေဟာ့ဖန္ဟိမ္းက မက္ဆီမီလီယန္ ေဘယာရဲ႕ ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ညာေျခနဲ႔ အျပင္းကန္သြင္းခဲ့တဲ့ဂိုးကို ေလဗာကူဆင္တို႔ ခြင့္ျပဳခဲ့ရၿပီး အိမ္ရွင္တို႔ အငိုက္မိခဲ့ရပါတယ္။

ေဟာ့ဖန္ဟိမ္းဟာ အိမ္ရွင္ ေလဗာကူဆင္ကို ရွိန္မေနဘဲ သူတင္ကိုယ္တင္ကစားသြားခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးခါနီးမွာ ဂရီမယ္ဒို ပင္နယ္တီဧရိယာထဲမွာ ေထာင့္ကန္ေဘာကေန အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ အံ့အားသင့္ဖြယ္လြဲေခ်ာ္ခဲ့လို႔ အိမ္ရွင္တို႔ ေခ်ပဂိုး မရခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ေဟာ့ဖန္ဟိမ္းဟာ အႏိုင္ရလဒ္ကို ထိန္းကစားဖို႔ မႀကိဳးစားခဲ့ဘဲ တန္ျပန္တိုက္စစ္ဖြင့္ကစားခဲ့ၿပီး အိမ္ရွင္ေတြက ဂိုးေပါက္နားမွာ တဝဲဝဲလည္လည္နဲ႔ ေခ်ပဂိုးရဖို႔ အျပင္းအထန္ ႀကိဳးစားခဲ့သလို ဧည့္သည္ေတြကလည္း စြမ္းစြမ္းတမံ ကာကြယ္ခဲ့ၾကပါတယ္။

ဒီပြဲမွာ ေလဗာကူဆင္ရဲ႕ ဂိုးေပါက္ကန္သြင္းမႈေတြကို ေဟာ့ဖန္ဟိမ္းေနာက္ခံလူေတြက မေရမတြက္ႏိုင္ေအာင္ ဘေလာ့ခ္ လုပ္ႏိုင္ခဲ့တာ ျမင္ေတြ႕ခဲ့ရၿပီး ဇာဘီ အလြန္ဆိုရဲ႕အသင္းဟာ အပြဲပြဲႏႊဲလာသမွ် အိမ္ကြင္းမွာမွ ၃၇ ပြဲရႈံးပြဲမရွိ စံခ်ိန္ရပ္တန႔္ရမယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

၇၂ မိနစ္မွာ ေလဗာကူဆင္အသင္း ပင္နယ္တီေပးဖို႔ ေတာင္းခဲ့ေပမယ့္ ဒိုင္လူႀကီးက ျငင္းပယ္ခဲ့ၿပီး VAR ကလည္း ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း ရပ္တည္ခဲ့လို႔ အိမ္ရွင္ပရိသတ္ေတြ ေဒါသထြက္ခဲ့ရပါတယ္။ ေဟာ့ဖန္ဟိမ္းကလည္း လူစားလဲလွယ္မႈေတြ ျပဳလုပ္ၿပီး ကစားအားက်မသြားေအာင္ ထိန္းထားႏိုင္ခဲ့ၿပီး ေလဗာကူဆင္ကလည္း တရစပ္ကို ဖိအားေပး တိုက္စစ္ဆင္ေနခဲ့ပါတယ္။

၈၈ မိနစ္မွာေတာ့ ေလဗာကူဆင္အသင္း ေထာင့္ကန္ေဘာ ရရွိခဲ့ရာကေန ဂ်ိဳနသန္ တာ ခ်ေပးလိုက္တဲ့ ေဘာလုံးကို အန္းဒရစ္ခ်္က ညာေျခနဲ႔ ဘယ္ဖက္ဂိုးအေပၚေထာင့္ထဲကို ကန္သြင္းယူၿပီး ေနာက္က်ေခ်ပဂိုးကို သြင္းယူသြားႏိုင္ခဲ့ပါတယ္။

ေခ်ပဂိုးရသြားခဲ့တဲ့ အိမ္ရွင္ေတြဟာ စိတ္အားတက္ႂကြလာခဲ့ၿပီး ေနာက္ထပ္ အႏိုင္ဂိုးတစ္ဂိုးကို အပူတျပင္းရွာေဖြခဲ့ရာမွာ ၉၀+၁ မိနစ္မွာ ပက္ထရစ္ ရွစ္ခ္က အနီးကပ္ကန္ခ်က္နဲ႔ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ေျမမက်ေဘာ ေထာက္ကန္သြင္းယူေပးသြားခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ဇာဘီ အလြန္ဆိုရဲ႕အသင္းဟာ ၿပိဳင္ပြဲစုံ ၃၈ ပြဲ ရႈံးပြဲမရွိစံခ်ိန္ကို ပိုင္ဆိုင္ခဲ့ၿပီျဖစ္ၿပီး အမွတ္ေပးဇယား ဒုတိယေနရာက ဘိုင္ယန္နဲ႔ ၁၃ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.