Bundesliga Match Report

ပွဲ ၄၀ ရှုံးပွဲမရှိစံချိန်နဲ့ ပိုကယ်ဖလားဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်က ဗုဒ္ဓဟူးနေ့ညမှာ ဖော်တူနာ ဒက်ဆယ်ဒေါ့ဖ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဂျာမန်ဖလားဗိုလ်လုပွဲကို ပြိုင်ပွဲစုံ ပွဲ ၄၀ ရှုံးပွဲမရှိစံချိန်နဲ့ တက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိ အမှတ်ပေးဇယားဦးဆောင်သူတွေနဲ့ ဘွန်ဒက်စ်လီဂါကို တန်းတက်နိုင်ဖို့ မျှော်လင့်နေတဲ့အသင်းတို့ကြားက ဒါဘီပွဲစဉ်မှာ လေဗာကူဆင်က ပြိုင်ပွဲစုံ ပွဲ ၄၀ အထိ ရှုံးပွဲမရှိစံချိန်ကို တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၇ မိနစ်မှာပဲ ဂျယ်ရမီး ဖရင်းပေါင်က လေဗာကူဆင်အတွက် အဖွင့်ဂိုးကို အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူပေးသွားခဲ့ပြီး နောက်ထပ် ၁၃ မိနစ်အကြာမှာ အက်ဒ်လီက တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးညာဘက်ထောင့်ထဲကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဖလိုရီယန် ဗာ့ဇ်က ၃၅ မိနစ်မှာ လေဗာကူဆင်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး မိနစ် ၆၀ မှာ ဒက်ဆယ်ဒေါ့ဖ် ဂိုးသမား ဖလိုရီယန် ကက်စတန်မိုင်ယာရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပြီးနောက် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပိုကယ်ဖလား ၂ ကြိမ်အထိ ရရှိခဲ့ဖူးတဲ့ ဒက်ဆယ်ဒေါ့ဖ်ဟာ လေဗာကူဆင်နဲ့ပွဲမှာ အခွင့်အရေးအချို့ ရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်မှာ ဘိုချန်ကို ၃-၀ နဲ့ ရှုံးနိမ့်ပြီးကတည်းက ရှုံးပွဲအရသာ မမြည်းစမ်းရသေးတဲ့ အိမ်ရှင်တွေရဲ့ အပြတ်အသတ် အသာစီးရယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဇာဘီ အလွန်ဆိုရဲ့အသင်းဟာ လာမယ့် မေလ ၂၅ ရက်နေ့ ဘာလင်မှာ ပဉ္စမအကြိမ်မြောက် ပိုကယ်ဖလားဗိုလ်လုပွဲမှာ ဆာဘရွတ်ကန်ကို ၂-၀ နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ နောက်ထပ် ဒုတိယတန်းအသင်းဖြစ်တဲ့ ကိုင်ဆာလောက်တန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်တာကြောင့် လေဗာကူဆင်က ပြည်တွင်းဖလား ၂ လုံးကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတာဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ရင်ဆိုင်သွားရမှာဖြစ်တာကြောင့် ဖလား ၃ လုံးတပြိုင်နက် ရနိုင်ခြေလည်း ရှိနေပေမယ့် ၁၉၈၈ ယူအီးအက်ဖ်အေဖလားချန်ပီယံတွေဟာ ၁၉၉၃ ခုနှစ်မှာ ဂျာမန်ဖလားတစ်လုံးတည်း အနိုင်ရခဲ့ပြီးနောက်ပိုင်း ဘယ်ဖလားမှ မရခဲ့တော့တာဖြစ်ပါတယ်။

ဂျာမန်ဖလားဗိုလ်လုပွဲ ၃ ကြိမ်ရှုံး၊ ဘွန်ဒက်စ်လီဂါ ဒုတိယ ၅ ကြိမ်အထိ ရရှိခဲ့တဲ့ လေဗာကူဆင်ဟာ ၂၀၀၂ ခုနှစ်တုန်းက ၁၂ ရက်အတွင်း ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ဖလား၊ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာ ဒုတိယနေရာနဲ့ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ေလဗာကူဆင္က ဗုဒၶဟူးေန႔ညမွာ ေဖာ္တူနာ ဒက္ဆယ္ေဒါ့ဖ္ကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဂ်ာမန္ဖလားဗိုလ္လုပြဲကို ၿပိဳင္ပြဲစုံ ပြဲ ၄၀ ရႈံးပြဲမရွိစံခ်ိန္နဲ႔ တက္လွမ္းႏိုင္ခဲ့ပါတယ္။

လက္ရွိ အမွတ္ေပးဇယားဦးေဆာင္သူေတြနဲ႔ ဘြန္ဒက္စ္လီဂါကို တန္းတက္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတဲ့အသင္းတို႔ၾကားက ဒါဘီပြဲစဥ္မွာ ေလဗာကူဆင္က ၿပိဳင္ပြဲစုံ ပြဲ ၄၀ အထိ ရႈံးပြဲမရွိစံခ်ိန္ကို တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၇ မိနစ္မွာပဲ ဂ်ယ္ရမီး ဖရင္းေပါင္က ေလဗာကူဆင္အတြက္ အဖြင့္ဂိုးကို အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ သြင္းယူေပးသြားခဲ့ၿပီး ေနာက္ထပ္ ၁၃ မိနစ္အၾကာမွာ အက္ဒ္လီက တန္ျပန္တိုက္စစ္ကေနတဆင့္ ဂိုးညာဘက္ေထာင့္ထဲကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဖလိုရီယန္ ဗာ့ဇ္က ၃၅ မိနစ္မွာ ေလဗာကူဆင္အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး မိနစ္ ၆၀ မွာ ဒက္ဆယ္ေဒါ့ဖ္ ဂိုးသမား ဖလိုရီယန္ ကက္စတန္မိုင္ယာရဲ႕ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရၿပီးေနာက္ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပိုကယ္ဖလား ၂ ႀကိမ္အထိ ရရွိခဲ့ဖူးတဲ့ ဒက္ဆယ္ေဒါ့ဖ္ဟာ ေလဗာကူဆင္နဲ႔ပြဲမွာ အခြင့္အေရးအခ်ိဳ႕ ရခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီ ဘြန္ဒက္စ္လီဂါ ရာသီပိတ္ပြဲစဥ္မွာ ဘိုခ်န္ကို ၃-၀ နဲ႔ ရႈံးနိမ့္ၿပီးကတည္းက ရႈံးပြဲအရသာ မျမည္းစမ္းရေသးတဲ့ အိမ္ရွင္ေတြရဲ႕ အျပတ္အသတ္ အသာစီးရယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဇာဘီ အလြန္ဆိုရဲ႕အသင္းဟာ လာမယ့္ ေမလ ၂၅ ရက္ေန႔ ဘာလင္မွာ ပၪၥမအႀကိမ္ေျမာက္ ပိုကယ္ဖလားဗိုလ္လုပြဲမွာ ဆာဘ႐ြတ္ကန္ကို ၂-၀ နဲ႔ အႏိုင္ယူႏိုင္ခဲ့တဲ့ ေနာက္ထပ္ ဒုတိယတန္းအသင္းျဖစ္တဲ့ ကိုင္ဆာေလာက္တန္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္တာေၾကာင့္ ေလဗာကူဆင္က ျပည္တြင္းဖလား ၂ လုံးကိုင္ေျမႇာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းျဖစ္ေနတာျဖစ္ပါတယ္။

ေလဗာကူဆင္ဟာ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္မွာ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္တာေၾကာင့္ ဖလား ၃ လုံးတၿပိဳင္နက္ ရႏိုင္ေျခလည္း ရွိေနေပမယ့္ ၁၉၈၈ ယူအီးအက္ဖ္ေအဖလားခ်န္ပီယံေတြဟာ ၁၉၉၃ ခုႏွစ္မွာ ဂ်ာမန္ဖလားတစ္လုံးတည္း အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ဘယ္ဖလားမွ မရခဲ့ေတာ့တာျဖစ္ပါတယ္။

ဂ်ာမန္ဖလားဗိုလ္လုပြဲ ၃ ႀကိမ္ရႈံး၊ ဘြန္ဒက္စ္လီဂါ ဒုတိယ ၅ ႀကိမ္အထိ ရရွိခဲ့တဲ့ ေလဗာကူဆင္ဟာ ၂၀၀၂ ခုႏွစ္တုန္းက ၁၂ ရက္အတြင္း ကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါ၊ ဂ်ာမန္ဖလား၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတို႔မွာ ဒုတိယေနရာနဲ႔ အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။

SportsA2Z