Bundesliga Match Report

၁၆ မှတ်အသာနဲ့ ဘွန်ဒက်စ်လီဂါဖလားရဖို့ သေချာသွားပြီဖြစ်တဲ့ လေဗာကူဆင်

ဘိုင်ယန်မြူးနစ်နည်းပြ သောမတ်စ် တူဟယ်က ပြီးခဲ့တဲ့အပတ်ကတည်းက ဘွန်ဒက်စ်လီဂါဖလားပြိုင်ပွဲမှာ ပုဝါဖြူ ပစ်ခဲ့တာဖြစ်ပြီး(အရှုံးပေးကြောင်း ကြေညာ)လေဗာကူဆင်ကတော့ နိုင်ပွဲဆက် စံချိန်ကောင်းကို မရပ်တန့်ဘဲ နောက်ထပ် နိုင်ပွဲ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဇာဘီ အလွန်ဆိုရဲ့အသင်းဟာ စနေနေ့ညနေက ယူနီယံ ဘာလင်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ် နိုင်ပွဲနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၁၆ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးခါနီးမှာ ရခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဖလိုရီယန် ဗာ့ဇ်က လေဗာကူဆင်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီပွဲစဉ်မှာ အလွန်ဆိုရဲ့အသင်းဟာ ကစားပုံ သိပ်မကောင်းခဲ့ပေမယ့် ပွဲတစ်ပွဲလုံးကို ထိန်းချုပ်ထားနိင်ခဲ့တာဖြစ်ပါတယ်။

အဲလက်စ် ဂရီမယ်လ်ဒိုက ဂိုးသွင်းယူနိုင်မယ့် အပိုင်အခွင့်အရေးကို ဖြုန်းတီးခဲ့တာကြောင့် စောစောစီးစီး ဦးဆောင်ဂိုး မရခဲ့တာဖြစ်ပြီး ယူနီယံ ဘာလင်က ပထမပိုင်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိခဲ့ပေမယ့်လည်း ပထမပိုင်းမပြီးခင် နာကျင်အချိန်ပိုက အဆုံးအဖြတ် ဖြစ်ခဲ့တာဖြစ်ပါတယ်။

ရောဘင် ဂိုဆင်က မလိုအပ်ဘဲ တယ်လာကို ထောင့်ကန်ဘောအလံတိုင်နားမှာ ဖျက်ထုတ်မှုကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ခံခဲ့ရပြီး ဟင်ကာပီရဲ့ ကန်ချက်က ထရင်းမဲလ်ရဲ့ လက်နဲ့ ထိခဲ့တာကြောင့် လေဗာကူဆင်တို့ ပင်နယ်တီရခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာ ကစားခဲ့တဲ့ ဟိုင်ဒန်ဟိမ်းနဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲစဉ်မှာ တူဟယ်ရဲ့ အသင်းက ရှုံးနိမ့်ခဲ့တာကြောင့် လေဗာကူဆင်ရဲ့အသင်းက လာမယ့်အပတ်ပွဲစဉ်မှာသာ အနိုင်ရခဲ့ပြီး လက်ရှိ ချန်ပီယံတွေသာ ရှုံးပွဲထပ်တွေ့ခဲ့ရင် အမှတ်ပေးဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

SportsA2Z

ZAWGYI:
ဘိုင္ယန္ျမဴးနစ္နည္းျပ ေသာမတ္စ္ တူဟယ္က ၿပီးခဲ့တဲ့အပတ္ကတည္းက ဘြန္ဒက္စ္လီဂါဖလားၿပိဳင္ပြဲမွာ ပုဝါျဖဴ ပစ္ခဲ့တာျဖစ္ၿပီး(အရႈံးေပးေၾကာင္း ေၾကညာ)ေလဗာကူဆင္ကေတာ့ ႏိုင္ပြဲဆက္ စံခ်ိန္ေကာင္းကို မရပ္တန႔္ဘဲ ေနာက္ထပ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဇာဘီ အလြန္ဆိုရဲ႕အသင္းဟာ စေနေန႔ညေနက ယူနီယံ ဘာလင္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္ ႏိုင္ပြဲနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၁၆ မွတ္ျဖတ္ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္း ပြဲကစားခ်ိန္ၿပီးဆုံးခါနီးမွာ ရခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဖလိုရီယန္ ဗာ့ဇ္က ေလဗာကူဆင္အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္မွာ အလြန္ဆိုရဲ႕အသင္းဟာ ကစားပုံ သိပ္မေကာင္းခဲ့ေပမယ့္ ပြဲတစ္ပြဲလုံးကို ထိန္းခ်ဳပ္ထားနိင္ခဲ့တာျဖစ္ပါတယ္။

အဲလက္စ္ ဂရီမယ္လ္ဒိုက ဂိုးသြင္းယူႏိုင္မယ့္ အပိုင္အခြင့္အေရးကို ျဖဳန္းတီးခဲ့တာေၾကာင့္ ေစာေစာစီးစီး ဦးေဆာင္ဂိုး မရခဲ့တာျဖစ္ၿပီး ယူနီယံ ဘာလင္က ပထမပိုင္းမွာ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိခဲ့ေပမယ့္လည္း ပထမပိုင္းမၿပီးခင္ နာက်င္အခ်ိန္ပိုက အဆုံးအျဖတ္ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ေရာဘင္ ဂိုဆင္က မလိုအပ္ဘဲ တယ္လာကို ေထာင့္ကန္ေဘာအလံတိုင္နားမွာ ဖ်က္ထုတ္မႈေၾကာင့္ ၂ ဝါ ၁ နီနဲ႔ ထုတ္ခံခဲ့ရၿပီး ဟင္ကာပီရဲ႕ ကန္ခ်က္က ထရင္းမဲလ္ရဲ႕ လက္နဲ႔ ထိခဲ့တာေၾကာင့္ ေလဗာကူဆင္တို႔ ပင္နယ္တီရခဲ့တာျဖစ္ပါတယ္။

တစ္ဖက္မွာ ကစားခဲ့တဲ့ ဟိုင္ဒန္ဟိမ္းနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ပြဲစဥ္မွာ တူဟယ္ရဲ႕ အသင္းက ရႈံးနိမ့္ခဲ့တာေၾကာင့္ ေလဗာကူဆင္ရဲ႕အသင္းက လာမယ့္အပတ္ပြဲစဥ္မွာသာ အႏိုင္ရခဲ့ၿပီး လက္ရွိ ခ်န္ပီယံေတြသာ ရႈံးပြဲထပ္ေတြ႕ခဲ့ရင္ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္သြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

SportsA2Z