La Liga Match Report

လီဗာရဲ့ နောက်ကျဂိုးနဲ့ စနေနေ့မှာ ရီးရဲလ်ကို ကျော်တက်လိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ အဲရစ် ဂါစီယာ၊ ဂျော်ဒီ အယ်လ်ဘာတို့နဲ့အတူ ဘယ်နောက်ခံ ကစားနေကျ အဲလက်စ် ဘာလ်ဒီကို ထူးထူးဆန်းဆန်း ညာနောက်ခံမှာ သုံးခဲ့သလို ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစကွက်စ်၊ ဒီယုံးနဲ့ ပက်ဒရီတို့ကို အထိုင် ချခဲ့ပြီး တိုက်စစ်မှာတော့ အန်ဆူ ဖာတီ၊ ဒမ်ဘီလီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဗလင်စီယာအသင်းကတော့ ဂိုးသမား မာမာဒက်ရှ်ဗီလီ၊ ခံစစ်မှာ ဂါဘရီယယ်လ် ပေါ်လစ္စတာ၊ အီရိုင်း ကြွန်မိုင်၊ ကော်ရီးယားနဲ့ ဟိုဆေး ဂါယာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဖူလ်ကီးယေး၊ ဟူဂို ဂီယာမွန်၊ အန်ဒရေး အယ်လ်မေးဒါးတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ကာဗာနီ၊ ဂျပ်စတင် ကလွိုက်ဗတ်နဲ့ ဆမ်မြူရယ် လီနိုတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ အန်ဆူ ဖာတီရဲ့ One on One ကန်သွင်းမှုကို ဂိုးသမား မာမာဒက်ရှ်ဗီလီ ကာကွယ်သွားခဲ့သလို ပွဲချိန် ၂၃ မိနစ်မှာ ဖာတီပဲ ဂိုးသွင်းခဲ့ပေမယ့် ခြေလှမ်းတစ်ဝက်စာ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရပြီး ဒီယုံးရဲ့ ကန်ချက်တွေကလည်း ဝတ်ကျေတန်းကျေနဲ့ စိတ်ပျက်စရာပဲဖြစ်နေပြီး အလွဲတွေပဲ များနေခဲ့ပါတယ်။

အတွေ့အကြုံနည်းတဲ့ ဖာတီကတော့ လီဗန်ဒေါ့ဗ်စကီးရဲ့ စားပေါက်တွေကို ကြားက ဝင်ဖျက်ဆီးသလိုဖြစ်နေခဲ့ပေမယ့် ပိုလန်သားကြီးကတော့ ဗွေမယူဘဲ ခွင့်လွှတ်သွားခဲ့သလို ပထမပိုင်းမှာ ဘာစီလိုနာတို့ ဖိကစားနိုင်ခဲ့သမျှက ဖန်တီးမှုပိုင်းတွေမှာ Clear Cut Chances တွေ နည်းခဲ့လို့ ဗလင်စီယာတို့ သက်သာခဲ့ပြီး ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဘာစီလိုနာဘက်က ဘူးစ်ကွက်စ်၊ ဒမ်ဘီလီ၊ အန်ဆူ ဖာတီတို့အစား ဂါဗီ၊ ဖယ်ရန် တောရက်စ်နဲ့ ရာဖင်ညာတို့ကို လူစား ထည့်သွင်းခဲ့ကြပြီး ဗလင်စီယာတို့ကတော့ ခံစစ်ကိုပဲ ပိုမိုအားပြုခဲ့ကြသလို တန်ပြန်တိုက်စစ်ကနေ ဆမ်မြူရယ် လီနိုက ပိတ်သွင်းနိုင်ခဲ့ပေမယ့် သူ့ဆီ မရောက်ခင်မှာ ဘောလုံးရယူဖို့ ကြိုးစားတဲ့ မားကို့စ် အွန်ဒရေး လက်နဲ့ပုတ်သလိုဖြစ်ခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံး အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး ဂိုးတော့ မဖြစ်ခဲ့ကြတာကြောင့် ဂိုးမရှိသရေကျတော့မယ်လို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို ၃ မိနစ်မှာ ဘာစီလိုနာတို့ အနိုင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ရာဖင်ညာက ဧရိယာထဲကို အသာအယာ မ,တင်ပေးလိုက်တဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီးက ဘယ်ဘက်တိုင်နားကို လျှောထိုးဝင်ပိတ်သွားနိုင်ခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဘာစီလိုနာတို့ တစ်လုံးတည်းသောဂိုးနဲ့ပဲ အောင်ပွဲခံခဲ့ကြသလို အဖိုးတန်သုံးမှတ်ကို မက်စတဲလားကွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပြီး အိမ်ရှင်နည်းပြ ဂတ်တူဆိုအတွက် မခံချင်စရာဖြစ်ခဲ့ရပေမယ့် ဖိအားတွေ တစ်လှေကြီးနဲ့ ဇာဗီကတော့ ချန်ပီယံလိဂ်က ပြုတ်ခဲ့ချိန်မှာ အသင်းကို ရီးရဲလ်မက်ဒရစ်တို့ မကန်ခင်မှာ တစ်ပွဲပိုကစားပြီး ဂိုးကွာခြားချက်နဲ့ ဇယားထိပ်ကို ပို့ဆောင်စိတ်ဓာတ်မြှင့်ပေးနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ကြန္ဒီ၊ အဲရစ္ ဂါစီယာ၊ ေဂ်ာ္ဒီ အယ္လ္ဘာတို႔နဲ႔အတူ ဘယ္ေနာက္ခံ ကစားေနက် အဲလက္စ္ ဘာလ္ဒီကို ထူးထူးဆန္းဆန္း ညာေနာက္ခံမွာ သုံးခဲ့သလို ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစကြက္စ္၊ ဒီယုံးနဲ႔ ပက္ဒရီတို႔ကို အထိုင္ ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အန္ဆူ ဖာတီ၊ ဒမ္ဘီလီနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ဗလင္စီယာအသင္းကေတာ့ ဂိုးသမား မာမာဒက္ရွ္ဗီလီ၊ ခံစစ္မွာ ဂါဘရီယယ္လ္ ေပၚလစၥတာ၊ အီ႐ိုင္း ႂကြန္မိုင္၊ ေကာ္ရီးယားနဲ႔ ဟိုေဆး ဂါယာတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖူလ္ကီးေယး၊ ဟူဂို ဂီယာမြန္၊ အန္ဒေရး အယ္လ္ေမးဒါးတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ကာဗာနီ၊ ဂ်ပ္စတင္ ကလြိဳက္ဗတ္နဲ႔ ဆမ္ျမဴရယ္ လီႏိုတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အန္ဆူ ဖာတီရဲ႕ One on One ကန္သြင္းမႈကို ဂိုးသမား မာမာဒက္ရွ္ဗီလီ ကာကြယ္သြားခဲ့သလို ပြဲခ်ိန္ ၂၃ မိနစ္မွာ ဖာတီပဲ ဂိုးသြင္းခဲ့ေပမယ့္ ေျခလွမ္းတစ္ဝက္စာ လူကြၽံေနလို႔ ပယ္ဖ်က္ခံခဲ့ရၿပီး ဒီယုံးရဲ႕ ကန္ခ်က္ေတြကလည္း ဝတ္ေက်တန္းေက်နဲ႔ စိတ္ပ်က္စရာပဲျဖစ္ေနၿပီး အလြဲေတြပဲ မ်ားေနခဲ့ပါတယ္။

အေတြ႕အႀကဳံနည္းတဲ့ ဖာတီကေတာ့ လီဗန္ေဒါ့ဗ္စကီးရဲ႕ စားေပါက္ေတြကို ၾကားက ဝင္ဖ်က္ဆီးသလိုျဖစ္ေနခဲ့ေပမယ့္ ပိုလန္သားႀကီးကေတာ့ ေဗြမယူဘဲ ခြင့္လႊတ္သြားခဲ့သလို ပထမပိုင္းမွာ ဘာစီလိုနာတို႔ ဖိကစားႏိုင္ခဲ့သမွ်က ဖန္တီးမႈပိုင္းေတြမွာ Clear Cut Chances ေတြ နည္းခဲ့လို႔ ဗလင္စီယာတို႔ သက္သာခဲ့ၿပီး ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဘာစီလိုနာဘက္က ဘူးစ္ကြက္စ္၊ ဒမ္ဘီလီ၊ အန္ဆူ ဖာတီတို႔အစား ဂါဗီ၊ ဖယ္ရန္ ေတာရက္စ္နဲ႔ ရာဖင္ညာတို႔ကို လူစား ထည့္သြင္းခဲ့ၾကၿပီး ဗလင္စီယာတို႔ကေတာ့ ခံစစ္ကိုပဲ ပိုမိုအားျပဳခဲ့ၾကသလို တန္ျပန္တိုက္စစ္ကေန ဆမ္ျမဴရယ္ လီႏိုက ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ သူ႔ဆီ မေရာက္ခင္မွာ ေဘာလုံးရယူဖို႔ ႀကိဳးစားတဲ့ မားကို႔စ္ အြန္ဒေရး လက္နဲ႔ပုတ္သလိုျဖစ္ခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္သင္းစလုံး အျပန္အလွန္တိုက္စစ္ဆင္ကစားခဲ့ၾကၿပီး ဂိုးေတာ့ မျဖစ္ခဲ့ၾကတာေၾကာင့္ ဂိုးမရွိသေရက်ေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ၃ မိနစ္မွာ ဘာစီလိုနာတို႔ အႏိုင္ဂိုး ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ရာဖင္ညာက ဧရိယာထဲကို အသာအယာ မ,တင္ေပးလိုက္တဲ့ ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီးက ဘယ္ဘက္တိုင္နားကို ေလွ်ာထိုးဝင္ပိတ္သြားႏိုင္ခဲ့လို႔ ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘာစီလိုနာတို႔ တစ္လုံးတည္းေသာဂိုးနဲ႔ပဲ ေအာင္ပြဲခံခဲ့ၾကသလို အဖိုးတန္သုံးမွတ္ကို မက္စတဲလားကြင္းမွာ သိမ္းပိုက္ႏိုင္ခဲ့ၿပီး အိမ္ရွင္နည္းျပ ဂတ္တူဆိုအတြက္ မခံခ်င္စရာျဖစ္ခဲ့ရေပမယ့္ ဖိအားေတြ တစ္ေလွႀကီးနဲ႔ ဇာဗီကေတာ့ ခ်န္ပီယံလိဂ္က ျပဳတ္ခဲ့ခ်ိန္မွာ အသင္းကို ရီးရဲလ္မက္ဒရစ္တို႔ မကန္ခင္မွာ တစ္ပြဲပိုကစားၿပီး ဂိုးကြာျခားခ်က္နဲ႔ ဇယားထိပ္ကို ပို႔ေဆာင္စိတ္ဓာတ္ျမႇင့္ေပးႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.