Premier League

ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် အီဗရာရဲ့ ခန့်မှန်းချက်များ

အလုပ်များတဲ့ ဥရောပ ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေအလှည့် တဖန်ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အမှတ်ပေးဇယားထိပ်ပိုင်းနေရာမျာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

မန်စီးတီးဟာ ယနေ့ညနေအစောပိုင်းမှာ လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို အနည်းဆုံး ၂၄ နာရီတော့ ယာယီတက်ရောက်နိုင်မှာဖြစ်ပြီး လက်ရှိ အဆင့် ၁ နေရာက အာဆင်နယ်ဟာ ယူရိုပါလိဂ်ရှုံးပွဲအပြီး တနင်္ဂနွေနေ့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ တွေ့ဆုံယှဉ်ပြိုင်မယ့်ပွဲမှာ မဖြစ်မနေ အနိုင်ယူဖို့ လုပ်သွားမှာဖြစ်ပါတယ်။

ဂရေဟမ် ပေါ့တားကတော့ အသင်းဟောင်း ဘရိုက်တန်နဲ့ တွေ့ဆုံဖို့ အေးမက်စ်ကွင်းကို ပြန်သွားရမှာဖြစ်ပြီး ဂျက်ဆီ မာ့ရှ်ကလည်း နည်းပြရာထူး မပြုတ်ဖို့ လုပ်ဆောင်နေရချိန်မှာ အန်းဖီကို ယနေ့ညမှာ သွားရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ ယခုအပတ် ယှဉ်ပြိုင်ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် မန်ချက်စတာယူနိုက်တက်ဂန္တဝင် နောက်ခံကစားသမား အီဗရာက ဟောကိန်းထုတ်ပေးခဲ့ပြီး ဘယ်လို ရလဒ်တွေ ထွက်ပေါ်မလဲလို့ သုံးသပ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လက်စတာစီး-စီးတီး

လက်စတာစီးတီးက ခင်ဗျား သူတို့ဆီက ဘာမှမမျှော်မှန်းထားတဲ့အချိန်မှာ ၄-၀ နဲ့ အနိုင်ရတယ်။ အခုအချိန်မှာ လက်စတာစီးတီးကို ခန့်မှန်းဖို့ခက်ပေမယ့် ကျွန်တော်ကတော့ ဒီပွဲမှာ စီးတီးဘက်ကပဲ နေသွားပါ။ ဂွါဒီယိုလာရဲ့အသင်းက တွေ့သမျှအသင်းကို ဖျက်ဆီးပစ်မယ့်ပုံစံဖြစ်နေပြီး အရာအားလုံးကို ဝါးမျိုပစ်ချင်နေပါတယ်။ သူတို့တွေ ဆုဖလားအတွက် အရမ်းဆာလောင်နေတယ်။ ဂွါဒီယိုလာက သူ့အသင်း ဖလားရအောင် အရာအားလုံး လုပ်သွားမှာဖြစ်ပြီး လက်စတာစီးတီးက ခြေစွမ်းမတည်မငြိမ်ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ တခါတလေ ရူးသွပ်ချင်စရာရလဒ်အချို့ ရှိနိုင်တယ်ဆိုတာ ကျွန်တော် သိပေမယ့် ဒီပွဲမှာတော့ အဲဒီလိုမမြင်ပါဘူး။

ပွဲပြီးရလဒ် ခန့်မှန်းချက်(ဝ-၃)

နယူးကာဆယ်လ်-အက်စတန် ဗီလာ

နည်းပြသစ်နဲ့ ကြီးမားတဲ့နိုင်ပွဲ ပြီးခဲ့တဲ့ပွဲမှာ ဗီလာတို့ ရခဲ့တယ်။ ခင်ဗျားမှာ နည်းပြသစ် ရှိနေတဲ့အချိန်မှာ ကစားသမားတွေအနေနဲ့ သူတို့ ဘယ်ကစားသင့်တယ်၊ သူတို့ကိုယ်ကို သူတို့ သက်သေပြသချင်တဲ့ ကစားသမားတွေအတွက် ကြီးမားတဲ့အခွင့်အရေးပဲ။ အက်ရှ်လေ ယန်းက ပြန်ကစားနေပြီး ကျွန်တော် ယူနိုက်တက်ကို စွန့်ခွာပြီးကတည်းက ကျွန်တော့်နေရာမှာ ကစားတာ မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါ။ သူက အရမ်းအားကိုးရပါတယ်။ သူက စစ်သည်တော်ဖြစ်ပြီး သူ ဘယ်လို တိုက်ခိုက်ရမလဲနဲ့ ခုခံရမလဲဆိုတာကို သိပါတယ်။ နယူးကာဆယ်လ်က အခု ခြေစွာနေတယ်။ အယ်လ်မီရွန်က တော်တော်ကောင်းကောင်း လုပ်နိုင်နေတယ်။ သူတို့ပရိသတ်တွေလည်း တက်ကြွနေတယ်။ ဒီပွဲက အရမ်းကောင်းမှာဖြစ်ပြီး ဗီလာက ပြီးခဲ့တဲ့ပွဲမှာ အရမ်းကောင်းခဲ့ပေမယ့် နယူးကာဆယ်က ပိုကောင်းနေပါတယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၂-၁)

ဘုန်းမောက်-စပါးစ်

စပါးစ်က ရသင့်ရထိုက်တာ ပြန်ယူဖို့လိုတယ်။ ကျွန်တော် VAR အကြောင်း မပြောချင်ဘူး။ ကွန်တီ ဒေါသထွက်နေမယ်ဆိုတာ ကျွန်တော်သိတယ်။ သူတို့တွေ ဒီပွဲမှာတော့ သရေကျလို့ မရနိုင်ဘူး သူတို့တွေ ဒီပွဲကို အနိုင်ရဖို့ လိုတယ်။ ချန်ပီယံလိဂ်မှာ တရားမမျှတမှုအပြီးမှာ သူတို့တွေ ဘုန်းမောက်နဲ့ပွဲမှာ ဖောက်ခွဲချင်နေမယ်ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော်တို့အားလုံး စပါးစ်ဆီကနေ ပိုပြီး မျှော်မှန်းနိုင်ပေမယ့် သူတို့တွေ ဘယ်ကနေ လာလဲဆိုတာကို မမေ့ဘဲနေရအောင်။ ကွန်တီက ဘယ်တော့မှ အရှုံးမပေးဘူး။ ခုလူတွေက သူ့ကို ဒေါသထွက်အောင် လုပ်ချင်နေပြီး သူ ဒေါသထွက်ရင် ရလဒ်ကောင်းတယ်။ ကျွန်တော်ပြောတာယုံပါ။ သူတို့အတွက် ကျွန်တော် မစိုးရိမ်ပါဘူး။

ပွဲပြီးရလဒ် ခန့်မှန်းချက်(ဝ-၂)

ဘရိုက်တန်-ချဲလ်ဆီး

ဒီပွဲက ပွဲကောင်းဖြစ်မှာပါ။ ပေါ့တားက အိမ်ပြန်ရမယ်။ သူ့အတွက် စိတ်ခံစားမှုတွေ ပြည့်နေမှာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ ဘရိုက်တန် ဘယ်လိုကစားနိုင်လဲဆိုတာကို သိပါတယ်။ သူ ဒီအသင်းကို တည်ဆောက်ပေးခဲ့တာဖြစ်ပြီး သူတို့ရဲ့ အားနည်းချက်ကို သူ သိပါတယ်။ အဲဒီတော့ ယုတ္တိကျကျပြောရရင် ချဲလ်ဆီးက အနိုင်ရသင့်ပေမယ့် ဘရိုက်တန်ကလည်း ပေါ့တားကို သူ သူတို့ကို ထားခဲ့ပေမယ့် သူ့ကို အနိုင်ယူနိုင်ဆဲဆိုတာ ပြသချင်မှာပါ။ စိတ်ဝင်စားစရာတော့ ကောင်းမှာပါ။ ဒါပေမယ့် ချဲလ်ဆီးအတွက်တော့ သရေပွဲအပြီးမှာ အမှတ်လိုနေပါတယ်။ သူတို့ပဲ ဘရိုက်တန်ကို အနိုင်ရသွားမယ်လို့ မြင်တယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၁-၂)

ခရစ္စတယ် ပဲလေ့စ်-ဆောက်သမ်တန်

ဒီပွဲတော့ ကျွန်တော် တွန့်ဆုတ်မနေပါဘူး။ ပဲလေ့စ်ပဲ နိုင်မယ်။ ဇာဟာနဲ့ အီဇီတို့ တခြားအပတ်မှာတုန်းက ဂိုးသွင်းတော့ ကျွန်တော် ကျေနပ်ခဲ့တယ်။ သူတို့တွေက ဒီပွဲမှာ တော်တော်လေး သက်တောင့်သက်သာရှိမယ်လို့ ထင်တယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၂-ဝ)

ဘရန့်တ်ဖို့ဒ်-ဝုလ်ဗ်စ်

ဝုလ်ဗ်စ်က နည်းပြသစ် ရှာနေတုန်းဖြစ်ပြီး သူတို့တွေ မကြာသေးမီက စိတ်ပျက်ဖွယ်ရလဒ်အများအပြား ရခဲ့တယ်။ ဘရန့်တ်ဖို့ဒ်ကလည်းနောက်ဆုံးပွဲမှာ ရလဒ်ဆိုးခဲ့တယ်။ ၂ သင်းစလုံးက အနိုင်လိုချင်နေပေမယ့် သရေပဲမြင်ပါတယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၁-၁)

ဖူလ်ဟမ်-အဲဗာတန်

မီထရိုဗစ် ပြန်လာပြီ။ သူက ခြေပေါ်နေတယ်။ သူ ဒဏ်ရာမရထားဘူး။ ဖူလ်ဟမ်ရဲ့ အသင်းလူစာရင်းက ပထမဆုံးနာမည်က မီထရိုပဲ။ ခင်ဗျား သူ ကစားနေတယ်ကြားလို့ကတော့ ဖူလ်ဟမ်အတွက် နိုင်ပွဲရဖို့က မခက်တော့ပါဘူး။ ဒီပွဲက သူတို့အတွက် ပွဲကောင်းဖြစ်သင့်ပါတယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၂-ဝ)

လီဗာပူးလ်-လိဒ်စ်ယူနိုက်တက်

လီဗာပူးလ်က အရမ်းကောင်းတဲ့ရလဒ်အချို့ရခဲ့ပြီး အထူးသဖြင့် စီးတီးကို အနိုင်ယူနိုင်ခဲ့တယ်။ သူတို့တွေ နော်တင်ဟမ်နဲ့ပွဲမှာ ခြေချော်ခဲ့တယ်။ ဒါပေမယ့် ဆာလားက ဂိုးပြန်သွင်းနေပြီး သူတို့တွေ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ထင်တယ်။ နူးညက်ဇ်ကလည်း ဂိုးတွေ ထပ်သွင်းနေပြီး သူတို့တွေ ဒီအရှိန်အဟုန်အတိုင်း ဆက်သွားချင်နေမှာပါ။ သူတို့တွေ လိဒ်စ်နဲ့ပွဲက အခွင့်အရေးကိုတော့ လွဲချော်မှာမဟုတ်ဘူးလို့ ထင်ပါတယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၃-ဝ)

အာဆင်နယ်-နော်တင်ဟမ် ဖောရက်စ်

လီဗာပူးလ်ကို အနိုင်ယူပြီးတော့ ဖောရက်စ်က တော်တော်လေး မြောက်ကြွမြောက်ကြွဖြစ်နေမယ်လို့ ကျွန်တော် သေချာသိပါတယ်။ ဘယ်သူမှ မထင်မှတ်ခဲ့ဘူးလေ။ အဲဒါက နာကျင်စရာကောင်းပြီး ခင်ဗျား ကလော့ပ်ရဲ့ ဒေါသကို မြင်နိုင်ပါတယ်။ သူ အရမ်းစိတ်ပျက်ခဲ့တယ်။ ဒီပွဲက ပွဲကောင်းဖြစ်မှာဖြစ်ပြီး အာဆင်နယ်က ဆောက်သမ်တန်နဲ့ သရေကျခဲ့တယ်။ အာတီတာရဲ့အသင်းက အိမ်ကွင်းမှာ အနိုင်ယူသွားပြီး နိုင်ပွဲပြန်ယူသွားမယ်ထင်ပါတယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၃-၁)

မန်ယူနိုက်တက်-ဝက်စ်ဟမ်း

မန်ယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့်ပွဲမှာ ဝက်စ်ဟမ်းက အကြောက်တရားကင်းကင်းနဲ့ ကစားသွားမှာဖြစ်ပြီး ဒီပွဲက တော်တော်လေးကြမ်းမယ့်ပွဲလို့ ထင်တယ်။ ပွဲက အိုးထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်ပြီး အဲဒါက ထောင်ချောက်ပါ။ ရလဒ်ကို ခန့်မှန်းဖို့ ခက်တယ်။ ဘာလို့လဲဆိုတော့ ဝက်စ်ဟမ်းက ယူနိုက်တက်နဲ့ ကစားတဲ့အခါမှာ ဘာမှ ဆုံးရှုံးစရာမရှိလို့ပါ။ ယူနိုက်တက်သာ မှန်ကန်တဲ့စိတ်ဓာတ်နဲ့ မကစားရင် ဘောလုံးတစ်လုံးချင်းစီတိုင်းအတွက် တိုက်ပွဲမဝင်ဘူးဆိုရင် ဒီပွဲမှာ အလွယ်တကူနဲ့ ရှုံးနိမ့်တယ်။ ဒီပွဲက သရေဖြစ်မယ့်ပွဲလို့ ကျွန်တော် မြင်တယ်။ ကျွန်တော် ယူနိုက်တက်က ချဲလ်ဆီးနဲ့ပွဲမှာ အရမ်းကောင်းတဲ့ ပြန်လာနိုင်မှုအပြီး ၃ မှတ်လိုတယ်ဆိုတာ သိပေမယ့်လည်း ဝက်စ်ဟမ်းက အန္တရာယ်ရှိပြီး ယူနိုက်တက်က သူတို့ကို အလွယ်တကူနဲ့ အနိုင်ယူနိုင်တယ်လို့ ကျွန်တော် မပြောနိုင်ဘူး။ ဒီပွဲက ခက်ခဲတဲ့ပွဲဖြစ်လိမ့်မယ်။

ပွဲပြီးရလဒ် ခန့်မှန်းချက်(၂-၂)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အလုပ္မ်ားတဲ့ ဥေရာပ ပြဲစဥ္ေတြအၿပီးမွာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအလွည့္ တဖန္ျပန္လည္ေရာက္ရွိလာၿပီျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ပိုင္းေနရာမ်ာ အေျပာင္းအလဲေတြ ရွိလာႏိုင္ပါတယ္။

မန္စီးတီးဟာ ယေန႔ညေနအေစာပိုင္းမွာ လက္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ပြဲစဥ္မွာ အႏိုင္ရခဲ့ရင္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို အနည္းဆုံး ၂၄ နာရီေတာ့ ယာယီတက္ေရာက္ႏိုင္မွာျဖစ္ၿပီး လက္ရွိ အဆင့္ ၁ ေနရာက အာဆင္နယ္ဟာ ယူ႐ိုပါလိဂ္ရႈံးပြဲအၿပီး တနဂၤေႏြေန႔မွာ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္မယ့္ပြဲမွာ မျဖစ္မေန အႏိုင္ယူဖို႔ လုပ္သြားမွာျဖစ္ပါတယ္။

ဂေရဟမ္ ေပါ့တားကေတာ့ အသင္းေဟာင္း ဘ႐ိုက္တန္နဲ႔ ေတြ႕ဆုံဖို႔ ေအးမက္စ္ကြင္းကို ျပန္သြားရမွာျဖစ္ၿပီး ဂ်က္ဆီ မာ့ရွ္ကလည္း နည္းျပရာထူး မျပဳတ္ဖို႔ လုပ္ေဆာင္ေနရခ်ိန္မွာ အန္းဖီကို ယေန႔ညမွာ သြားေရာက္ယွဥ္ၿပိဳင္ရေတာ့မွာျဖစ္ပါတယ္။ ယခုအပတ္ ယွဥ္ၿပိဳင္ကစားသြားမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအတြက္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေနာက္ခံကစားသမား အီဗရာက ေဟာကိန္းထုတ္ေပးခဲ့ၿပီး ဘယ္လို ရလဒ္ေတြ ထြက္ေပၚမလဲလို႔ သုံးသပ္ခဲ့တာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

လက္စတာစီး-စီးတီး

လက္စတာစီးတီးက ခင္ဗ်ား သူတို႔ဆီက ဘာမွမေမွ်ာ္မွန္းထားတဲ့အခ်ိန္မွာ ၄-၀ နဲ႔ အႏိုင္ရတယ္။ အခုအခ်ိန္မွာ လက္စတာစီးတီးကို ခန႔္မွန္းဖို႔ခက္ေပမယ့္ ကြၽန္ေတာ္ကေတာ့ ဒီပြဲမွာ စီးတီးဘက္ကပဲ ေနသြားပါ။ ဂြါဒီယိုလာရဲ႕အသင္းက ေတြ႕သမွ်အသင္းကို ဖ်က္ဆီးပစ္မယ့္ပုံစံျဖစ္ေနၿပီး အရာအားလုံးကို ဝါးမ်ိဳပစ္ခ်င္ေနပါတယ္။ သူတို႔ေတြ ဆုဖလားအတြက္ အရမ္းဆာေလာင္ေနတယ္။ ဂြါဒီယိုလာက သူ႔အသင္း ဖလားရေအာင္ အရာအားလုံး လုပ္သြားမွာျဖစ္ၿပီး လက္စတာစီးတီးက ေျခစြမ္းမတည္မၿငိမ္ျဖစ္ေနပါတယ္။ ပရီးမီးယားလိဂ္မွာ တခါတေလ ႐ူးသြပ္ခ်င္စရာရလဒ္အခ်ိဳ႕ ရွိႏိုင္တယ္ဆိုတာ ကြၽန္ေတာ္ သိေပမယ့္ ဒီပြဲမွာေတာ့ အဲဒီလိုမျမင္ပါဘူး။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(ဝ-၃)

နယူးကာဆယ္လ္-အက္စတန္ ဗီလာ

နည္းျပသစ္နဲ႔ ႀကီးမားတဲ့ႏိုင္ပြဲ ၿပီးခဲ့တဲ့ပြဲမွာ ဗီလာတို႔ ရခဲ့တယ္။ ခင္ဗ်ားမွာ နည္းျပသစ္ ရွိေနတဲ့အခ်ိန္မွာ ကစားသမားေတြအေနနဲ႔ သူတို႔ ဘယ္ကစားသင့္တယ္၊ သူတို႔ကိုယ္ကို သူတို႔ သက္ေသျပသခ်င္တဲ့ ကစားသမားေတြအတြက္ ႀကီးမားတဲ့အခြင့္အေရးပဲ။ အက္ရွ္ေလ ယန္းက ျပန္ကစားေနၿပီး ကြၽန္ေတာ္ ယူႏိုက္တက္ကို စြန႔္ခြာၿပီးကတည္းက ကြၽန္ေတာ့္ေနရာမွာ ကစားတာ ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးပါ။ သူက အရမ္းအားကိုးရပါတယ္။ သူက စစ္သည္ေတာ္ျဖစ္ၿပီး သူ ဘယ္လို တိုက္ခိုက္ရမလဲနဲ႔ ခုခံရမလဲဆိုတာကို သိပါတယ္။ နယူးကာဆယ္လ္က အခု ေျခစြာေနတယ္။ အယ္လ္မီ႐ြန္က ေတာ္ေတာ္ေကာင္းေကာင္း လုပ္ႏိုင္ေနတယ္။ သူတို႔ပရိသတ္ေတြလည္း တက္ႂကြေနတယ္။ ဒီပြဲက အရမ္းေကာင္းမွာျဖစ္ၿပီး ဗီလာက ၿပီးခဲ့တဲ့ပြဲမွာ အရမ္းေကာင္းခဲ့ေပမယ့္ နယူးကာဆယ္က ပိုေကာင္းေနပါတယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၂-၁)

ဘုန္းေမာက္-စပါးစ္

စပါးစ္က ရသင့္ရထိုက္တာ ျပန္ယူဖို႔လိုတယ္။ ကြၽန္ေတာ္ VAR အေၾကာင္း မေျပာခ်င္ဘူး။ ကြန္တီ ေဒါသထြက္ေနမယ္ဆိုတာ ကြၽန္ေတာ္သိတယ္။ သူတို႔ေတြ ဒီပြဲမွာေတာ့ သေရက်လို႔ မရႏိုင္ဘူး သူတို႔ေတြ ဒီပြဲကို အႏိုင္ရဖို႔ လိုတယ္။ ခ်န္ပီယံလိဂ္မွာ တရားမမွ်တမႈအၿပီးမွာ သူတို႔ေတြ ဘုန္းေမာက္နဲ႔ပြဲမွာ ေဖာက္ခြဲခ်င္ေနမယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ္တို႔အားလုံး စပါးစ္ဆီကေန ပိုၿပီး ေမွ်ာ္မွန္းႏိုင္ေပမယ့္ သူတို႔ေတြ ဘယ္ကေန လာလဲဆိုတာကို မေမ့ဘဲေနရေအာင္။ ကြန္တီက ဘယ္ေတာ့မွ အရႈံးမေပးဘူး။ ခုလူေတြက သူ႔ကို ေဒါသထြက္ေအာင္ လုပ္ခ်င္ေနၿပီး သူ ေဒါသထြက္ရင္ ရလဒ္ေကာင္းတယ္။ ကြၽန္ေတာ္ေျပာတာယုံပါ။ သူတို႔အတြက္ ကြၽန္ေတာ္ မစိုးရိမ္ပါဘူး။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(ဝ-၂)

ဘ႐ိုက္တန္-ခ်ဲလ္ဆီး

ဒီပြဲက ပြဲေကာင္းျဖစ္မွာပါ။ ေပါ့တားက အိမ္ျပန္ရမယ္။ သူ႔အတြက္ စိတ္ခံစားမႈေတြ ျပည့္ေနမွာ ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ သူ ဘ႐ိုက္တန္ ဘယ္လိုကစားႏိုင္လဲဆိုတာကို သိပါတယ္။ သူ ဒီအသင္းကို တည္ေဆာက္ေပးခဲ့တာျဖစ္ၿပီး သူတို႔ရဲ႕ အားနည္းခ်က္ကို သူ သိပါတယ္။ အဲဒီေတာ့ ယုတၱိက်က်ေျပာရရင္ ခ်ဲလ္ဆီးက အႏိုင္ရသင့္ေပမယ့္ ဘ႐ိုက္တန္ကလည္း ေပါ့တားကို သူ သူတို႔ကို ထားခဲ့ေပမယ့္ သူ႔ကို အႏိုင္ယူႏိုင္ဆဲဆိုတာ ျပသခ်င္မွာပါ။ စိတ္ဝင္စားစရာေတာ့ ေကာင္းမွာပါ။ ဒါေပမယ့္ ခ်ဲလ္ဆီးအတြက္ေတာ့ သေရပြဲအၿပီးမွာ အမွတ္လိုေနပါတယ္။ သူတို႔ပဲ ဘ႐ိုက္တန္ကို အႏိုင္ရသြားမယ္လို႔ ျမင္တယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၁-၂)

ခရစၥတယ္ ပဲေလ့စ္-ေဆာက္သမ္တန္

ဒီပြဲေတာ့ ကြၽန္ေတာ္ တြန႔္ဆုတ္မေနပါဘူး။ ပဲေလ့စ္ပဲ ႏိုင္မယ္။ ဇာဟာနဲ႔ အီဇီတို႔ တျခားအပတ္မွာတုန္းက ဂိုးသြင္းေတာ့ ကြၽန္ေတာ္ ေက်နပ္ခဲ့တယ္။ သူတို႔ေတြက ဒီပြဲမွာ ေတာ္ေတာ္ေလး သက္ေတာင့္သက္သာရွိမယ္လို႔ ထင္တယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၂-ဝ)

ဘရန႔္တ္ဖို႔ဒ္-ဝုလ္ဗ္စ္

ဝုလ္ဗ္စ္က နည္းျပသစ္ ရွာေနတုန္းျဖစ္ၿပီး သူတို႔ေတြ မၾကာေသးမီက စိတ္ပ်က္ဖြယ္ရလဒ္အမ်ားအျပား ရခဲ့တယ္။ ဘရန႔္တ္ဖို႔ဒ္ကလည္းေနာက္ဆုံးပြဲမွာ ရလဒ္ဆိုးခဲ့တယ္။ ၂ သင္းစလုံးက အႏိုင္လိုခ်င္ေနေပမယ့္ သေရပဲျမင္ပါတယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၁-၁)

ဖူလ္ဟမ္-အဲဗာတန္

မီထ႐ိုဗစ္ ျပန္လာၿပီ။ သူက ေျခေပၚေနတယ္။ သူ ဒဏ္ရာမရထားဘူး။ ဖူလ္ဟမ္ရဲ႕ အသင္းလူစာရင္းက ပထမဆုံးနာမည္က မီထ႐ိုပဲ။ ခင္ဗ်ား သူ ကစားေနတယ္ၾကားလို႔ကေတာ့ ဖူလ္ဟမ္အတြက္ ႏိုင္ပြဲရဖို႔က မခက္ေတာ့ပါဘူး။ ဒီပြဲက သူတို႔အတြက္ ပြဲေကာင္းျဖစ္သင့္ပါတယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၂-ဝ)

လီဗာပူးလ္-လိဒ္စ္ယူႏိုက္တက္

လီဗာပူးလ္က အရမ္းေကာင္းတဲ့ရလဒ္အခ်ိဳ႕ရခဲ့ၿပီး အထူးသျဖင့္ စီးတီးကို အႏိုင္ယူႏိုင္ခဲ့တယ္။ သူတို႔ေတြ ေနာ္တင္ဟမ္နဲ႔ပြဲမွာ ေျခေခ်ာ္ခဲ့တယ္။ ဒါေပမယ့္ ဆာလားက ဂိုးျပန္သြင္းေနၿပီး သူတို႔ေတြ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနတယ္လို႔ ထင္တယ္။ ႏူးညက္ဇ္ကလည္း ဂိုးေတြ ထပ္သြင္းေနၿပီး သူတို႔ေတြ ဒီအရွိန္အဟုန္အတိုင္း ဆက္သြားခ်င္ေနမွာပါ။ သူတို႔ေတြ လိဒ္စ္နဲ႔ပြဲက အခြင့္အေရးကိုေတာ့ လြဲေခ်ာ္မွာမဟုတ္ဘူးလို႔ ထင္ပါတယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၃-ဝ)

အာဆင္နယ္-ေနာ္တင္ဟမ္ ေဖာရက္စ္

လီဗာပူးလ္ကို အႏိုင္ယူၿပီးေတာ့ ေဖာရက္စ္က ေတာ္ေတာ္ေလး ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနမယ္လို႔ ကြၽန္ေတာ္ ေသခ်ာသိပါတယ္။ ဘယ္သူမွ မထင္မွတ္ခဲ့ဘူးေလ။ အဲဒါက နာက်င္စရာေကာင္းၿပီး ခင္ဗ်ား ကေလာ့ပ္ရဲ႕ ေဒါသကို ျမင္ႏိုင္ပါတယ္။ သူ အရမ္းစိတ္ပ်က္ခဲ့တယ္။ ဒီပြဲက ပြဲေကာင္းျဖစ္မွာျဖစ္ၿပီး အာဆင္နယ္က ေဆာက္သမ္တန္နဲ႔ သေရက်ခဲ့တယ္။ အာတီတာရဲ႕အသင္းက အိမ္ကြင္းမွာ အႏိုင္ယူသြားၿပီး ႏိုင္ပြဲျပန္ယူသြားမယ္ထင္ပါတယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၃-၁)

မန္ယူႏိုက္တက္-ဝက္စ္ဟမ္း

မန္ယူႏိုက္တက္နဲ႔ရင္ဆိုင္ရမယ့္ပြဲမွာ ဝက္စ္ဟမ္းက အေၾကာက္တရားကင္းကင္းနဲ႔ ကစားသြားမွာျဖစ္ၿပီး ဒီပြဲက ေတာ္ေတာ္ေလးၾကမ္းမယ့္ပြဲလို႔ ထင္တယ္။ ပြဲက အိုးထရက္ဖို႔ဒ္မွာ ကစားရမွာျဖစ္ၿပီး အဲဒါက ေထာင္ေခ်ာက္ပါ။ ရလဒ္ကို ခန႔္မွန္းဖို႔ ခက္တယ္။ ဘာလို႔လဲဆိုေတာ့ ဝက္စ္ဟမ္းက ယူႏိုက္တက္နဲ႔ ကစားတဲ့အခါမွာ ဘာမွ ဆုံးရႈံးစရာမရွိလို႔ပါ။ ယူႏိုက္တက္သာ မွန္ကန္တဲ့စိတ္ဓာတ္နဲ႔ မကစားရင္ ေဘာလုံးတစ္လုံးခ်င္းစီတိုင္းအတြက္ တိုက္ပြဲမဝင္ဘူးဆိုရင္ ဒီပြဲမွာ အလြယ္တကူနဲ႔ ရႈံးနိမ့္တယ္။ ဒီပြဲက သေရျဖစ္မယ့္ပြဲလို႔ ကြၽန္ေတာ္ ျမင္တယ္။ ကြၽန္ေတာ္ ယူႏိုက္တက္က ခ်ဲလ္ဆီးနဲ႔ပြဲမွာ အရမ္းေကာင္းတဲ့ ျပန္လာႏိုင္မႈအၿပီး ၃ မွတ္လိုတယ္ဆိုတာ သိေပမယ့္လည္း ဝက္စ္ဟမ္းက အႏၲရာယ္ရွိၿပီး ယူႏိုက္တက္က သူတို႔ကို အလြယ္တကူနဲ႔ အႏိုင္ယူႏိုင္တယ္လို႔ ကြၽန္ေတာ္ မေျပာႏိုင္ဘူး။ ဒီပြဲက ခက္ခဲတဲ့ပြဲျဖစ္လိမ့္မယ္။

ပြဲၿပီးရလဒ္ ခန႔္မွန္းခ်က္(၂-၂)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.