Premier League

လက်စတာနဲ့ပွဲမှာ ဂိုးနည်းနိုင်တယ်လို့ အရိပ်အမြွက်ပြောလိုက်တဲ့ ဂွါဒီယိုလာ

ဂွါဒီယိုလာဟာ စနေနေ့ညနေ လက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်အတွက် အာလင်း ဟာလန်း ကြံ့ခိုင်မှု ပြည့်ဝမလားဆိုတာကို ယနေ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ အင်္ဂါနေ့က ဒေါ့မွန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ပွဲပမ်းမှု၊ ဖျားနာမှုနဲ့ ခြေထောက်ပြဿနာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဂွါဒီယိုလာက ဒေါ့မွန်ကြယ်ပွင့်ဟောင်းအတွက် အရားအားလုံး တိုးတက်နေပြီး လေ့ကျင့်ရေး ပြုလုပ်ခဲ့ပေမယ့် ကင်းပါဝါကွင်းမှာ ကစားရမယ့် စနေနေ့နေ့လယ်ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောမသွားခဲ့တာဖြစ်ပါတယ်။

“သူ ပိုကောင်းလာတယ်လို့ ခံစားနေရပေမယ့် ကျွန်တော်တို့ ဒီညနေမှာ လေ့ကျင့်ရေးပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် နာရီအနည်းငယ်အတွင်းမှာ အကဲဖြတ်သွားမှာပါ။ ကျွန်တော်တို့ သူ ဘယ်လိုခံစားနေရလဲဆိုတာကို ကြည့်ပြီးရင်တော့ ဆုံးဖြတ်သွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျာအို ကန်ဆယ်လိုအပါအဝင် တခြား ဒဏ်ရာပြဿနာ စိုးရိမ်စရာတွေနဲ့ပတ်သက်ပြီး ဂွါဒီယိုလာက “အားလုံးက ကောင်းကောင်း လေ့ကျင့်ခဲ့တယ်။ ကျွန်တော် သူတို့တွေ ပြန်လာတဲ့အထိ စောင့်ဆိုင်းပြီး သူတို့ ဘယ်လိုခံစားနေရလဲ ကြည့်သွားမှာပါ”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း စောင့်ကြည့်သွားမယ့်အထဲမှာ ကယ်လ်ဗင် ဖိလစ်ပ်စ်နဲ့ ကိုင်လီ ဝေါ်ကာတို့တော့မပါဝင်ဘဲ ဆက်လက် လွဲချော်သွားမှာဖြစ်ပြီး စနေနေ့မှာ ဟာလန်း မပါဝင်နိုင်ဘူးဆိုရင် ယူလီယန် အဲဗားရက်ဇ်က ပါဝင်ကစားပေးသွားမယ်လို့ ဂွါဒီယိုလာက အတည်ပြု ပြောကြားခဲ့ပါတယ်။

“ပုံမှန်အားဖြင့် အာလင်းက အဆင်သင့်မဖြစ်ရင် ယူလီယန်က ပထမဦးစားပေး ရွေးချယ်မှုပါ။ သူက false nine အဖြစ် ကစားနိုင်ပေမယ့် ဒါက ဖြစ်ပျက်လာမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ အာလင်းက အဆင်သင့်မဖြစ်တဲ့အချိန်ကျရင်တော့ ယူလီယန်က ပထမရွေးချယ်စရာပါ”

“ပွဲတိုင်း မိနစ် ၉၀ ကစားပြီး သူ ဂိုးတွေသွင်းယူပါလိမ့်မယ်။ အာလင်းလိုတော့ မဟုတ်နိုင်တာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူ ဂိုးတွေ သွင်းယူပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂြါဒီယိုလာဟာ စေနေန႔ညေန လက္စတာစီးတီးနဲ႔ ရင္ဆိုင္ကစားရမယ့္ပြဲစဥ္အတြက္ အာလင္း ဟာလန္း ႀကံ့ခိုင္မႈ ျပည့္ဝမလားဆိုတာကို ယေန႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အတည္မျပဳႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ အဂၤါေန႔က ေဒါ့မြန္အသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ပြဲပမ္းမႈ၊ ဖ်ားနာမႈနဲ႔ ေျခေထာက္ျပႆနာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ဂြါဒီယိုလာက ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းအတြက္ အရားအားလုံး တိုးတက္ေနၿပီး ေလ့က်င့္ေရး ျပဳလုပ္ခဲ့ေပမယ့္ ကင္းပါဝါကြင္းမွာ ကစားရမယ့္ စေနေန႔ေန႔လယ္ပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္မလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း ေျပာမသြားခဲ့တာျဖစ္ပါတယ္။

“သူ ပိုေကာင္းလာတယ္လို႔ ခံစားေနရေပမယ့္ ကြၽန္ေတာ္တို႔ ဒီညေနမွာ ေလ့က်င့္ေရးျပဳလုပ္သြားမွာျဖစ္ၿပီး လာမယ့္ နာရီအနည္းငယ္အတြင္းမွာ အကဲျဖတ္သြားမွာပါ။ ကြၽန္ေတာ္တို႔ သူ ဘယ္လိုခံစားေနရလဲဆိုတာကို ၾကည့္ၿပီးရင္ေတာ့ ဆုံးျဖတ္သြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂ်ာအို ကန္ဆယ္လိုအပါအဝင္ တျခား ဒဏ္ရာျပႆနာ စိုးရိမ္စရာေတြနဲ႔ပတ္သက္ၿပီး ဂြါဒီယိုလာက “အားလုံးက ေကာင္းေကာင္း ေလ့က်င့္ခဲ့တယ္။ ကြၽန္ေတာ္ သူတို႔ေတြ ျပန္လာတဲ့အထိ ေစာင့္ဆိုင္းၿပီး သူတို႔ ဘယ္လိုခံစားေနရလဲ ၾကည့္သြားမွာပါ”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ေစာင့္ၾကည့္သြားမယ့္အထဲမွာ ကယ္လ္ဗင္ ဖိလစ္ပ္စ္နဲ႔ ကိုင္လီ ေဝၚကာတို႔ေတာ့မပါဝင္ဘဲ ဆက္လက္ လြဲေခ်ာ္သြားမွာျဖစ္ၿပီး စေနေန႔မွာ ဟာလန္း မပါဝင္ႏိုင္ဘူးဆိုရင္ ယူလီယန္ အဲဗားရက္ဇ္က ပါဝင္ကစားေပးသြားမယ္လို႔ ဂြါဒီယိုလာက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

“ပုံမွန္အားျဖင့္ အာလင္းက အဆင္သင့္မျဖစ္ရင္ ယူလီယန္က ပထမဦးစားေပး ေ႐ြးခ်ယ္မႈပါ။ သူက false nine အျဖစ္ ကစားႏိုင္ေပမယ့္ ဒါက ျဖစ္ပ်က္လာမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ အာလင္းက အဆင္သင့္မျဖစ္တဲ့အခ်ိန္က်ရင္ေတာ့ ယူလီယန္က ပထမေ႐ြးခ်ယ္စရာပါ”

“ပြဲတိုင္း မိနစ္ ၉၀ ကစားၿပီး သူ ဂိုးေတြသြင္းယူပါလိမ့္မယ္။ အာလင္းလိုေတာ့ မဟုတ္ႏိုင္တာျဖစ္ေကာင္း ျဖစ္ႏိုင္ေပမယ့္ သူ ဂိုးေတြ သြင္းယူပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.