Ligue1 Premier League

အကွက်တွေပြခဲ့လို့ ဝေဖန်ခံနေရတဲ့အန်တိုနီကို သတင်းစကားပေးပို့လိုက်တဲ့ နေမာ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ရှယ်ရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အကွက်တွေ ပြသခဲ့တာကြောင့် ပြစ်တင်ဝေဖန်ခံနေရတဲ့ အန်တိုနီကို ကာကွယ်ပေးခဲ့တဲ့ နောက်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက်နဲ့ ရှယ်ရစ်ဖ်တို့ ဂိုးမရှိ သရေကျနေချိန်မှာ ၎င်းရဲ့ အထင်ကရဖြစ်တဲ့ ၃၆၀ ဒီဂရီ ဘောလုံးနဲ့အတူ လှည့်ပတ်မှုကို ၂ ကြိမ်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်ဟာ ပေါလ် စခိုး၊ ရော်ဘီ ဆားဗေ့ဂျ်နဲ့ ရေး ပါလာတို့လို ဘောလုံးဝေဖန်သူတွေဆီကနေ ပြစ်တင်ကြိမ်းမောင်းမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အုပ်စုပထမနေရာနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ဆက်လက်ရှိနေဖို့အတွက် နိုင်ပွဲမဖြစ်မနေ လိုအပ်ခဲ့တာဖြစ်ပမေယ့်လည်း အန်တိုနီက ၎င်းရဲ့ အကွက်ကို ပြသခဲ့ပြီးနောက် ပေးပို့လိုက်တဲ့ ဘောလုံးက အရှိန်များပြီး ဂိုးလွန်ဘော ဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ရော်ဘီ ဆားဗေ့ဂျ်က ၎င်းသာ နည်းပြဖြစ်ခဲ့မယ်ဆိုရင် နောက်ထပ်တစ်ကြိမ် အဲဒီလို ထပ်လုပ်တာနဲ့ အန်တိုနီကို ကွင်းထဲကနေ ဆွဲထုတ်မိလိမ့်မယ်လို့ ပြစ်တင်ကြိမ်းမောင်းလိုက်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးကလည်း ဘရာဇီးလ်တောင်ပံကစားသမားရဲ့ အပိုဆာဒါးလုပ်ရပ်ဟာ ရူးကြောင်ကြောင်နိုင်ပြီး လူပြက်လို့တောင် ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်က ရှယ်ရစ်ဖ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အန်တိုနီဟာ မလိုလားအပ်ဘဲ အကွက်တွေ ထုတ်ပြခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ နေမာက ပြစ်တင်ဝေဖန်မှုများစွာ ခံနေရတဲ့ အန်တိုနီကို အားပေးထောက်ခံတဲ့ သတင်းစကားပေးပို့လိုက်ပြီး အိုင်းယက်စ်ကြယ်ပွင့်ဟောင်းကို ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာကို ထုတ်ဖော်ဖို့ အားပေးလိုက်တာ ဖြစ်ပါတယ်။ နေမာက အန်တိုနီရဲ့ ၃၆၀ ဒီဂရီ လှည့်နေတဲ့ ဗီဒီယိုကို အင်စတာဂရမ် စတိုရီမှာ မျှဝေခဲ့ရာမှာ ဘရာဇီးလ်တောင်ပံကစားသမားကိုပါ Tagged တွဲပြီး “ဆက်ပြီးလုပ်နေပါ။ ဘာကိုမှ မပြောင်းလဲလိုက်နဲ့။ လုပ်သာလုပ် ကောင်လေး။ ရဲရင့်မှုနဲ့ ပျော်ရွှင်မှု ရှိပါစေ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားကလည်း အစောပိုင်းတုန်းက အင်စတာဂရမ်မှာ “ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အနုပညာဆန်မှုအတွက် လူသိများခဲ့တာဖြစ်ပြီး ကျွန်တော့်ကို ခုရှိနေတဲ့နေရာကို ယူဆောင်ပေးခဲ့တဲ့အရာကို လုပ်နေတာ ရပ်တန့်သွားမှာမဟုတ်ပါဘူး”လို့ ပြောကြားပြီး ဝေဖန်သူတွေကို တုံ့ပြန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဖော် ဖရက်ဒ်ကလည်း အန်တိုနီဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပြီး စခိုး၊ ဆားဗေ့ဂျ်တို့လို အိုင်းယက်စ်ကြယ်ပွင့်ဟောင်းရဲ့ အကွက်ပြမှုကို ပြစ်တင်ဝေဖန်ခဲ့သူတွေကို ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ “သူတို့တွေ အဲဒီလို ပြောချင်နေတာက အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာပဲ။ ကျွန်တော်တို့က ဘရာဇီးလ်သားဖြစ်နေလို့ အဲဒီလို အကွက်တွေ ပြနိုင်တာလို့ ထင်ပါတယ်။ ဘရာဇီးလ်သားတွေက သူတို့သွေးထဲမှာကိုက အရည်အသွေးရှိတယ်။ ပီလီတို့ခေတ်ကတည်းကနေ အမြဲတမ်း ဒီလိုပဲ ဖြစ်ခဲ့တာဖြစ်ပြီး အရည်အသွေးရှိဖို့၊ လိမ်ခေါက်ဖို့၊ ဂိုးသွင်းဖို့၊ ကခုန်ဖို့၊ ပြုံးရယ်ဖို့ပါပဲ”

“အဲဒီတော့ လူတွေက ကျွန်တော်တို့မှာရှိတဲ့ ဒီ အမြင်ကို လေးစားမှုရှိရမယ်လို့ ကျွန်တော် ထင်တယ်။ သူလုပ်ခဲ့တာကလည်း ဘယ်သူ့ကိုမှ စော်ကားနေတာမျိုးလည်း မဟုတ်ပါဘူး။ ဟုတ်တာပေါ့။ အဲဒါသာ စော်ကားမှုဆိုရင် ကျွန်တော်တို့ သူ့ကို အဝတ်လဲခန်းထဲမှာ စကားပြောသွားမှာပါ။ ဒါပေမယ့် အဲဒါက ဘယ်သူ့ကိုမှ စော်ကားနေခဲ့တာမဟုတ်ပါဘူး။ အဲဒါက သူ့ရဲ့ ပွဲစဉ်ပါ။ သူ အဲဒါကို ဆက်ပြီး လုပ်ရမယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာဟာ ရွယ္ရစ္ဖ္နဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အကြက္ေတြ ျပသခဲ့တာေၾကာင့္ ျပစ္တင္ေဝဖန္ခံေနရတဲ့ အန္တိုနီကို ကာကြယ္ေပးခဲ့တဲ့ ေနာက္ဆုံး ကစားသမားျဖစ္လာခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ရွယ္ရစ္ဖ္တို႔ ဂိုးမရွိ သေရက်ေနခ်ိန္မွာ ၎ရဲ႕ အထင္ကရျဖစ္တဲ့ ၃၆၀ ဒီဂရီ ေဘာလုံးနဲ႔အတူ လွည့္ပတ္မႈကို ၂ ႀကိမ္အထိ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အဲဒီလုပ္ရပ္ဟာ ေပါလ္ စခိုး၊ ေရာ္ဘီ ဆားေဗ့ဂ်္နဲ႔ ေရး ပါလာတို႔လို ေဘာလုံးေဝဖန္သူေတြဆီကေန ျပစ္တင္ႀကိမ္းေမာင္းမႈကို ခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အုပ္စုပထမေနရာနဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တိုက္႐ိုက္တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ဆက္လက္ရွိေနဖို႔အတြက္ ႏိုင္ပြဲမျဖစ္မေန လိုအပ္ခဲ့တာျဖစ္ပေမယ့္လည္း အန္တိုနီက ၎ရဲ႕ အကြက္ကို ျပသခဲ့ၿပီးေနာက္ ေပးပို႔လိုက္တဲ့ ေဘာလုံးက အရွိန္မ်ားၿပီး ဂိုးလြန္ေဘာ ျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ေရာ္ဘီ ဆားေဗ့ဂ်္က ၎သာ နည္းျပျဖစ္ခဲ့မယ္ဆိုရင္ ေနာက္ထပ္တစ္ႀကိမ္ အဲဒီလို ထပ္လုပ္တာနဲ႔ အန္တိုနီကို ကြင္းထဲကေန ဆြဲထုတ္မိလိမ့္မယ္လို႔ ျပစ္တင္ႀကိမ္းေမာင္းလိုက္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေပါလ္ စခိုးကလည္း ဘရာဇီးလ္ေတာင္ပံကစားသမားရဲ႕ အပိုဆာဒါးလုပ္ရပ္ဟာ ႐ူးေၾကာင္ေၾကာင္ႏိုင္ၿပီး လူျပက္လို႔ေတာင္ ေခၚေဝၚခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ တန္ဟက္က ရွယ္ရစ္ဖ္ကို ၃-၀ နဲ႔အႏိုင္ရခဲ့တဲ့ ပြဲအၿပီးမွာ အန္တိုနီဟာ မလိုလားအပ္ဘဲ အကြက္ေတြ ထုတ္ျပခဲ့တဲ့အတြက္ ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ျခင္း ခံခဲ့ရတာဆိုတဲ့ ေျပာဆိုမႈေတြကို ျငင္းပယ္သြားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေနမာက ျပစ္တင္ေဝဖန္မႈမ်ားစြာ ခံေနရတဲ့ အန္တိုနီကို အားေပးေထာက္ခံတဲ့ သတင္းစကားေပးပို႔လိုက္ၿပီး အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းကို ကိုယ့္ကိုကိုယ္ ဘယ္သူလဲဆိုတာကို ထုတ္ေဖာ္ဖို႔ အားေပးလိုက္တာ ျဖစ္ပါတယ္။ ေနမာက အန္တိုနီရဲ႕ ၃၆၀ ဒီဂရီ လွည့္ေနတဲ့ ဗီဒီယိုကို အင္စတာဂရမ္ စတိုရီမွာ မွ်ေဝခဲ့ရာမွာ ဘရာဇီးလ္ေတာင္ပံကစားသမားကိုပါ Tagged တြဲၿပီး “ဆက္ၿပီးလုပ္ေနပါ။ ဘာကိုမွ မေျပာင္းလဲလိုက္နဲ႔။ လုပ္သာလုပ္ ေကာင္ေလး။ ရဲရင့္မႈနဲ႔ ေပ်ာ္႐ႊင္မႈ ရွိပါေစ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမားကလည္း အေစာပိုင္းတုန္းက အင္စတာဂရမ္မွာ “ကြၽန္ေတာ္တို႔ဟာ ကြၽန္ေတာ္တို႔ရဲ႕ အႏုပညာဆန္မႈအတြက္ လူသိမ်ားခဲ့တာျဖစ္ၿပီး ကြၽန္ေတာ့္ကို ခုရွိေနတဲ့ေနရာကို ယူေဆာင္ေပးခဲ့တဲ့အရာကို လုပ္ေနတာ ရပ္တန႔္သြားမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားၿပီး ေဝဖန္သူေတြကို တုံ႔ျပန္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ ဖရက္ဒ္ကလည္း အန္တိုနီဘက္ကေန ကာကြယ္ေျပာဆိုခဲ့ၿပီး စခိုး၊ ဆားေဗ့ဂ်္တို႔လို အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းရဲ႕ အကြက္ျပမႈကို ျပစ္တင္ေဝဖန္ခဲ့သူေတြကို ျပန္လည္ တုံ႔ျပန္ခဲ့ပါတယ္။ “သူတို႔ေတြ အဲဒီလို ေျပာခ်င္ေနတာက အရမ္းစိတ္အေႏွာင့္အယွက္ျဖစ္စရာပဲ။ ကြၽန္ေတာ္တို႔က ဘရာဇီးလ္သားျဖစ္ေနလို႔ အဲဒီလို အကြက္ေတြ ျပႏိုင္တာလို႔ ထင္ပါတယ္။ ဘရာဇီးလ္သားေတြက သူတို႔ေသြးထဲမွာကိုက အရည္အေသြးရွိတယ္။ ပီလီတို႔ေခတ္ကတည္းကေန အၿမဲတမ္း ဒီလိုပဲ ျဖစ္ခဲ့တာျဖစ္ၿပီး အရည္အေသြးရွိဖို႔၊ လိမ္ေခါက္ဖို႔၊ ဂိုးသြင္းဖို႔၊ ကခုန္ဖို႔၊ ၿပဳံးရယ္ဖို႔ပါပဲ”

“အဲဒီေတာ့ လူေတြက ကြၽန္ေတာ္တို႔မွာရွိတဲ့ ဒီ အျမင္ကို ေလးစားမႈရွိရမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူလုပ္ခဲ့တာကလည္း ဘယ္သူ႔ကိုမွ ေစာ္ကားေနတာမ်ိဳးလည္း မဟုတ္ပါဘူး။ ဟုတ္တာေပါ့။ အဲဒါသာ ေစာ္ကားမႈဆိုရင္ ကြၽန္ေတာ္တို႔ သူ႔ကို အဝတ္လဲခန္းထဲမွာ စကားေျပာသြားမွာပါ။ ဒါေပမယ့္ အဲဒါက ဘယ္သူ႔ကိုမွ ေစာ္ကားေနခဲ့တာမဟုတ္ပါဘူး။ အဲဒါက သူ႔ရဲ႕ ပြဲစဥ္ပါ။ သူ အဲဒါကို ဆက္ၿပီး လုပ္ရမယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.