International World Cup

ကမ္ဘာ့ဖလားလာကြည့်မယ့် တကမ္ဘာလုံးက ခရီးသွားတွေကို လိမ်ဖို့ လုပ်ဆောင်နေတဲ့ ကာတာ

ကာတာနိုင်ငံအစိုးရတာဝန်ရှိသူတွေဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဆင်းရဲသားတွေရဲ့ လူနေမှုဘဝကို တကမ္ဘာလုံးက လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ မမြင်တွေ့အောင် ကြိုးပမ်းတဲ့အနေနဲ့ နံရံကြီးတွေ တည်ဆောက်နေတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။

ကာတာဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆိုးရွားတဲ့ဆက်ဆံမှုနဲ့ LGBT+ အသိုင်းအဝိုင်းအပေါ်မှာ ခွဲခြားဆက်ဆံမှုတို့အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုအများအပြားကြောင့် ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အစိုးရတာဝန်ရှိသူတွေဟာ နိုင်ငံအတွင်းက နေရာအချို့မှာ ဆင်းရဲချမ်းသာ ကွာဟနေမှုကြီးကို ဖုံးကွယ်ဖို့အတွက် ကြိုးပမ်းနေပုံပေါ်တဲ့ လုပ်ရပ်က ဘွားခနဲ ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Reddit ပေါ်မှာ မျှဝေထားတဲ့ TikTok က ဗီဒီယိုဖိုင်ထဲမှာ ကားမောင်းနှင်နေသူက ကာတာက လမ်းမပေါ်မှာ မောင်းနှင်းနေရင်း လမ်းဘေးက ရှည်လျားတဲ့ တံတိုင်းကြီးတွေကို ရိုက်ကူးထားတာကို မြင်တွေ့ရပေမယ့်လည်း တံတိုင်းကြီး မရှိတဲ့နေရာကို ရောက်တဲ့အချိန်မှာတော့ ဆင်းရဲနုံချတဲ့ လူနေမှုအဆင့်အတန်းနဲ့ ဆင်းရဲသားရပ်ကွက်နေအိမ်လေးတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲက အနေအထားအရဆိုရင် တံတိုင်းကို တည်ဆောက်နေဆဲကာလဖြစ်တာကို မြင်တွေ့ရပြီး ဆင်းရဲသားရပ်ကွက်ကို ကမ္ဘာလှည့်ခရီးသွားတွေ မမြင်ရအောင် အပြီးတိုင် ဆက်လက် ပိတ်ဆို့သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့် နိုဝင်ဘာ ၂၁ ရက်နေ့မတိုင်ခင် တစ်လတောင် မလိုတော့တဲ့အချိန်မှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဖီဖာရဲ့ ပြောကြားချက်အရ ၆၄ ပွဲအထိ ကစားသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ်ပေါင်း ၁ သန်းကျော် လာရောက်ကြည့်ရှုမှာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံခြား ခရီးသွားဧည့်သည်အများစုဟာ လူ့အခွင့်အရေးမှတ်တမ်း ညံ့ဖျင်းတဲ့ ကာတာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ကြမှာဖြစ်တာကြောင့် အစိုးရတာဝန်ရှိသူတွေဟာ နိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ ပြည်သူအများစုရဲ့ ပကတိ အခြေအနေကို ဖုံးကွယ်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်တယ်လို့ စွပ်စွဲခြင်းခံနေရတာဖြစ်ပါတယ်။

အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ လူမှုကွန်ရက်အသုံးပြုသူတွေဟာ ကာတာအစိုးရတာဝန်ရှိသူတွေရဲ့ ရွှေဉာဏ်တော် စူးရောက်တဲ့ လုပ်ရပ်အပေါ်မှာ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြပြီး လှောင်ပြောင် ပြောဆိုနေကြပါတယ်။ “မှတ်ထားကြ ကလေးတွေ။ မင်း အဲဒါကို မမြင်ရရင် အဲဒါကလည်း တကယ်မရှိလို့ပဲ”လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက လှောင်ပြောင်ခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “ဟုတ်တယ်။ တံတိုင်းဆောက်ဖို့အတွက် ငွေသုံးလိုက်။ အဲဒါက ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်အောင် သူတို့ကို အကူအညီဖြစ်စေလိမ့်မယ်”လို့ ရွဲ့ပြောခဲ့ပါတယ်။

The Telegraph ရဲ့ ၂၀၁၆ ခုနှစ်တုန်းက ဖော်ပြချက်အရ ဘရာဇီးလ်အစိုးရကလည်း ၂၀၁၆ အိုလံပစ်အားကစားပွဲမတိုင်ခင် ဆင်းရဲသားတွေရဲ့ လူနေမှုဘဝကို ဖုံးကွယ်ဖို့အတွက် အလားတူ အကြံအစည်မျိုး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဘရာဇီးလ်အစိုးရတာဝန်ရှိသူတွေဟာ ဆင်းရဲချမ်းသာ ကွာဟနေတဲ့ လူနေထိုင်မှုဘဝကို ဖုံးကွယ်နိုင်ဖို့အတွက် နိုင်ငံတကာလေဆိပ်ရဲ့ ကားလမ်းမတလျှောက် ၅ မိုင်အထိ ၁၀ ပေအထိ မြင့်မားတဲ့ အကာအရံတွေကို တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို နိုင်ငံက ချမ်းသာကြွယ်ဝပြီး ပျော်ရွှင်စရာတွေပြည့်နှက်နေတဲ့ပုံစံမျိုး လှည့်စားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကာတာႏိုင္ငံအစိုးရတာဝန္ရွိသူေတြဟာ လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ဆင္းရဲသားေတြရဲ႕ လူေနမႈဘဝကို တကမာၻလုံးက လာေရာက္ၾကည့္ရႈတဲ့ ပရိသတ္ေတြ မျမင္ေတြ႕ေအာင္ ႀကိဳးပမ္းတဲ့အေနနဲ႔ နံရံႀကီးေတြ တည္ေဆာက္ေနတဲ့ ႐ုပ္သံဖိုင္ ထြက္ေပၚလာခဲ့ပါတယ္။

ကာတာဟာ ေ႐ႊ႕ေျပာင္းလုပ္သားေတြအေပၚ ဆိုး႐ြားတဲ့ဆက္ဆံမႈနဲ႔ LGBT+ အသိုင္းအဝိုင္းအေပၚမွာ ခြဲျခားဆက္ဆံမႈတို႔အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈအမ်ားအျပားေၾကာင့္ ျပင္းထန္တဲ့ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရၿပီး ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အစိုးရတာဝန္ရွိသူေတြဟာ ႏိုင္ငံအတြင္းက ေနရာအခ်ိဳ႕မွာ ဆင္းရဲခ်မ္းသာ ကြာဟေနမႈႀကီးကို ဖုံးကြယ္ဖို႔အတြက္ ႀကိဳးပမ္းေနပုံေပၚတဲ့ လုပ္ရပ္က ဘြားခနဲ ေပၚလာခဲ့ၿပီျဖစ္ပါတယ္။

Reddit ေပၚမွာ မွ်ေဝထားတဲ့ TikTok က ဗီဒီယိုဖိုင္ထဲမွာ ကားေမာင္းႏွင္ေနသူက ကာတာက လမ္းမေပၚမွာ ေမာင္းႏွင္းေနရင္း လမ္းေဘးက ရွည္လ်ားတဲ့ တံတိုင္းႀကီးေတြကို ႐ိုက္ကူးထားတာကို ျမင္ေတြ႕ရေပမယ့္လည္း တံတိုင္းႀကီး မရွိတဲ့ေနရာကို ေရာက္တဲ့အခ်ိန္မွာေတာ့ ဆင္းရဲႏုံခ်တဲ့ လူေနမႈအဆင့္အတန္းနဲ႔ ဆင္းရဲသားရပ္ကြက္ေနအိမ္ေလးေတြကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဗီဒီယိုဖိုင္ထဲက အေနအထားအရဆိုရင္ တံတိုင္းကို တည္ေဆာက္ေနဆဲကာလျဖစ္တာကို ျမင္ေတြ႕ရၿပီး ဆင္းရဲသားရပ္ကြက္ကို ကမာၻလွည့္ခရီးသြားေတြ မျမင္ရေအာင္ အၿပီးတိုင္ ဆက္လက္ ပိတ္ဆို႔သြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ဒီဗီဒီယိုဖိုင္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပမယ့္ ႏိုဝင္ဘာ ၂၁ ရက္ေန႔မတိုင္ခင္ တစ္လေတာင္ မလိုေတာ့တဲ့အခ်ိန္မွာ ႐ိုက္ကူးထားခဲ့တာျဖစ္ၿပီး ဖီဖာရဲ႕ ေျပာၾကားခ်က္အရ ၆၄ ပြဲအထိ ကစားသြားမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ပရိသတ္ေပါင္း ၁ သန္းေက်ာ္ လာေရာက္ၾကည့္ရႈမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ႏိုင္ငံျခား ခရီးသြားဧည့္သည္အမ်ားစုဟာ လူ႔အခြင့္အေရးမွတ္တမ္း ညံ့ဖ်င္းတဲ့ ကာတာႏိုင္ငံကို ပထမဆုံးအႀကိမ္ လာေရာက္လည္ပတ္ၾကမွာျဖစ္တာေၾကာင့္ အစိုးရတာဝန္ရွိသူေတြဟာ ႏိုင္ငံအတြင္းမွာ ေနထိုင္ေနတဲ့ ျပည္သူအမ်ားစုရဲ႕ ပကတိ အေျခအေနကို ဖုံးကြယ္ဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ စြပ္စြဲျခင္းခံေနရတာျဖစ္ပါတယ္။

အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ လူမႈကြန္ရက္အသုံးျပဳသူေတြဟာ ကာတာအစိုးရတာဝန္ရွိသူေတြရဲ႕ ေ႐ႊဉာဏ္ေတာ္ စူးေရာက္တဲ့ လုပ္ရပ္အေပၚမွာ ျပင္းျပင္းထန္ထန္ ျပစ္တင္ေဝဖန္ခဲ့ၾကၿပီး ေလွာင္ေျပာင္ ေျပာဆိုေနၾကပါတယ္။ “မွတ္ထားၾက ကေလးေတြ။ မင္း အဲဒါကို မျမင္ရရင္ အဲဒါကလည္း တကယ္မရွိလို႔ပဲ”လို႔ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက ေလွာင္ေျပာင္ခဲ့ၿပီး ေနာက္ထပ္တစ္ဦးကလည္း “ဟုတ္တယ္။ တံတိုင္းေဆာက္ဖို႔အတြက္ ေငြသုံးလိုက္။ အဲဒါက ဆင္းရဲမြဲေတမႈကေန လြတ္ေျမာက္ေအာင္ သူတို႔ကို အကူအညီျဖစ္ေစလိမ့္မယ္”လို႔ ႐ြဲ႕ေျပာခဲ့ပါတယ္။

The Telegraph ရဲ႕ ၂၀၁၆ ခုႏွစ္တုန္းက ေဖာ္ျပခ်က္အရ ဘရာဇီးလ္အစိုးရကလည္း ၂၀၁၆ အိုလံပစ္အားကစားပြဲမတိုင္ခင္ ဆင္းရဲသားေတြရဲ႕ လူေနမႈဘဝကို ဖုံးကြယ္ဖို႔အတြက္ အလားတူ အႀကံအစည္မ်ိဳး လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

ဘရာဇီးလ္အစိုးရတာဝန္ရွိသူေတြဟာ ဆင္းရဲခ်မ္းသာ ကြာဟေနတဲ့ လူေနထိုင္မႈဘဝကို ဖုံးကြယ္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာေလဆိပ္ရဲ႕ ကားလမ္းမတေလွ်ာက္ ၅ မိုင္အထိ ၁၀ ေပအထိ ျမင့္မားတဲ့ အကာအရံေတြကို တည္ေဆာက္ခဲ့တာျဖစ္ၿပီး ကမာၻလွည့္ခရီးသြားေတြကို ႏိုင္ငံက ခ်မ္းသာႂကြယ္ဝၿပီး ေပ်ာ္႐ႊင္စရာေတြျပည့္ႏွက္ေနတဲ့ပုံစံမ်ိဳး လွည့္စားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.