Bundesliga International World Cup

ကင်ဆာဝေဒနာခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ နျူအာ

ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နျူရယ် နျူအာက ခွဲစိတ်ကုသမှု ၃ ကြိမ်အထိ ပြုလုပ်ဖို့ လိုအပ်ခဲ့တဲ့ မျက်နှာအရေပြားကင်ဆာရောဂါ ခံစားခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျာမနီက သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျာမန်ဂိုးသမားဟာ ကင်ဆာရောဂါဝေဒနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာတော့မဟုတ်ဘူးလို့ နားလည်ရပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့လက ပုခုံးဒဏ်ရာကြောင့် ကြံ့ခိုင်မှုရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

နျူအာက ဗုဒ္ဓဟူးနေ့မှာ အင်စတာဂရမ်ကနေတဆင့် ၎င်းအနေနဲ့ အရေပြားကင်ဆာဝေဒနာ ခံစားခဲ့ရတာကြောင့် တင်းနစ်ကြယ်ပွင့် အန်းဂျလစ် ကားဘာနဲ့အတူ နေရောင်ကာခရင်မ် ထုတ်လုပ်ရာမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ ပရိသတ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ၂ ယောက်စလုံးမှာ အရေပြားရောဂါဖြစ်ခဲ့တဲ့ မှတ်တမ်းရှိကြပါတယ်။ ကျွန်တော်ဆိုရင် မျက်နှာပေါ်မှာ အရေပြားကင်ဆာဖြစ်ခဲ့ပြီး ခွဲစိတ်ကုသမှု ၃ ကြိမ်အထိ ခံယူခဲ့ရတယ်။ နေရောင်ကာခရင်မ် မဖြစ်မနေ သုံးရမယ့်အချိန်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ဟာ အမြင့်မားဆုံးကာကွယ်မှုဖြစ်ဖို့ အာရုံစိုက်ခဲ့ကြတယ်။ ကျွန်တော်တို့ နေပူထဲမှာ တစ်ချိန်လုံးလေ့ကျင့်ခဲ့သလို ကျွန်တော်တို့ရဲ့ အားလပ်ချိန်တွေကိုလည်း သဘာဝလောကထဲမှာ ကုန်ဆုံးချင်တာကြောင့် ကျွန်တော်တို့အတွက် ခေတ်သစ် နေရောင်ကာနဲ့ နေရောင်ခြည်ဒဏ် ကာကွယ်မှု ၅၀ နဲ့အထက် စသုံးဖို့ မဖြစ်မနေလိုပါတယ်”

“အဲဒီတော့ ကျွန်တော်တို့ကို အဆက်မပြတ် ကာကွယ်ပေးနိုင်မယ့် နေရောင်ကာရှိမှဖြစ်မှာဖြစ်ပြီး နေရောင်က ဘယ်အရာကိုမဆို လောင်ကျွမ်းပစ်နိုင်တယ်ဆိုတာကို သိခဲ့ပါတယ်”လို့ ဗီဒီယိုဖိုင်ထဲမှာ ပြောကြားခဲ့ပါတယ်။

Bild ရဲ့ ဖော်ပြချက်အရ အသက် ၃၆ နှစ်အရွယ် ဂျာမန်ဂိုးသမားဟာ ဘာစီလိုနာအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မတိုင်ခင် မျက်နှာပေါ်မှာ သိသာထင်ရှားတဲ့ ပလာစတာကပ်ပြီး လျှောက်သွားနေတာကို မြင်တွေ့ခဲ့တယ်လို့ သိရပါတယ်။ နျူအာဟာ မျက်နှာအရေပြားကင်ဆာကို ကုသဖို့အတွက် ၃ ကြိမ်အထိ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ဒီနေ့အထိ မျက်နှာပေါ်မှာ အမာရွတ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ဂျာမန်ဝါရင့်ဂိုးသမားကြီးဟာ ပုခုံးဒဏ်ရာပြဿနာ မခံစားရခင် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပထမဆုံးလိဂ်ပွဲစဉ် ၉ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အောက်တိုဘာလ အစောပိုင်းကတည်းက ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့တာ ဖြစ်ပါတယ်။ နျူအာဟာ ယခုလ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ကြံ့ခိုင်မှု ရရှိအောင် တိုက်ပွဲဝင်နေရသူဖြစ်ပေမယ့်လည်း ဂျာမန်ဂိုးသမား ခံစားခဲ့ရတဲ့ အရေပြားကင်ဆာက ဟန်ဆီ ဖလစ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းရွေးချယ်မှုမတိုင်ခင် ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္ဂိုးသမား မန္န်ဴရယ္ န်ဴအာက ခြဲစိတ္ကုသမႈ ၃ ႀကိမ္အထိ ျပဳလုပ္ဖို႔ လိုအပ္ခဲ့တဲ့ မ်က္ႏွာအေရျပားကင္ဆာေရာဂါ ခံစားခဲ့ရတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဂ်ာမနီက သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ဂ်ာမန္ဂိုးသမားဟာ ကင္ဆာေရာဂါေဝဒနာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္မွာေတာ့မဟုတ္ဘူးလို႔ နားလည္ရၿပီး ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့လက ပုခုံးဒဏ္ရာေၾကာင့္ ႀကံ့ခိုင္မႈရရွိဖို႔ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။

န်ဴအာက ဗုဒၶဟူးေန႔မွာ အင္စတာဂရမ္ကေနတဆင့္ ၎အေနနဲ႔ အေရျပားကင္ဆာေဝဒနာ ခံစားခဲ့ရတာေၾကာင့္ တင္းနစ္ၾကယ္ပြင့္ အန္းဂ်လစ္ ကားဘာနဲ႔အတူ ေနေရာင္ကာခရင္မ္ ထုတ္လုပ္ရာမွာ ရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔ ပရိသတ္ေတြကို မွ်ေဝခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ၂ ေယာက္စလုံးမွာ အေရျပားေရာဂါျဖစ္ခဲ့တဲ့ မွတ္တမ္းရွိၾကပါတယ္။ ကြၽန္ေတာ္ဆိုရင္ မ်က္ႏွာေပၚမွာ အေရျပားကင္ဆာျဖစ္ခဲ့ၿပီး ခြဲစိတ္ကုသမႈ ၃ ႀကိမ္အထိ ခံယူခဲ့ရတယ္။ ေနေရာင္ကာခရင္မ္ မျဖစ္မေန သုံးရမယ့္အခ်ိန္ေရာက္လာတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔ဟာ အျမင့္မားဆုံးကာကြယ္မႈျဖစ္ဖို႔ အာ႐ုံစိုက္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ေနပူထဲမွာ တစ္ခ်ိန္လုံးေလ့က်င့္ခဲ့သလို ကြၽန္ေတာ္တို႔ရဲ႕ အားလပ္ခ်ိန္ေတြကိုလည္း သဘာဝေလာကထဲမွာ ကုန္ဆုံးခ်င္တာေၾကာင့္ ကြၽန္ေတာ္တို႔အတြက္ ေခတ္သစ္ ေနေရာင္ကာနဲ႔ ေနေရာင္ျခည္ဒဏ္ ကာကြယ္မႈ ၅၀ နဲ႔အထက္ စသုံးဖို႔ မျဖစ္မေနလိုပါတယ္”

“အဲဒီေတာ့ ကြၽန္ေတာ္တို႔ကို အဆက္မျပတ္ ကာကြယ္ေပးႏိုင္မယ့္ ေနေရာင္ကာရွိမွျဖစ္မွာျဖစ္ၿပီး ေနေရာင္က ဘယ္အရာကိုမဆို ေလာင္ကြၽမ္းပစ္ႏိုင္တယ္ဆိုတာကို သိခဲ့ပါတယ္”လို႔ ဗီဒီယိုဖိုင္ထဲမွာ ေျပာၾကားခဲ့ပါတယ္။

Bild ရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၃၆ ႏွစ္အ႐ြယ္ ဂ်ာမန္ဂိုးသမားဟာ ဘာစီလိုနာအသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္မတိုင္ခင္ မ်က္ႏွာေပၚမွာ သိသာထင္ရွားတဲ့ ပလာစတာကပ္ၿပီး ေလွ်ာက္သြားေနတာကို ျမင္ေတြ႕ခဲ့တယ္လို႔ သိရပါတယ္။ န်ဴအာဟာ မ်က္ႏွာအေရျပားကင္ဆာကို ကုသဖို႔အတြက္ ၃ ႀကိမ္အထိ ခြဲစိတ္ကုသမႈ ခံယူခဲ့ရတာေၾကာင့္ ဒီေန႔အထိ မ်က္ႏွာေပၚမွာ အမာ႐ြတ္ က်န္ရွိေနေသးတာျဖစ္ပါတယ္။

ဂ်ာမန္ဝါရင့္ဂိုးသမားႀကီးဟာ ပုခုံးဒဏ္ရာျပႆနာ မခံစားရခင္ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ပထမဆုံးလိဂ္ပြဲစဥ္ ၉ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ေအာက္တိုဘာလ အေစာပိုင္းကတည္းက ပါဝင္ကစားေပးႏိုင္ျခင္းမရွိေတာ့တာ ျဖစ္ပါတယ္။ န်ဴအာဟာ ယခုလ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ႀကံ့ခိုင္မႈ ရရွိေအာင္ တိုက္ပြဲဝင္ေနရသူျဖစ္ေပမယ့္လည္း ဂ်ာမန္ဂိုးသမား ခံစားခဲ့ရတဲ့ အေရျပားကင္ဆာက ဟန္ဆီ ဖလစ္ရဲ႕ ကမာၻ႔ဖလားလူစာရင္းေ႐ြးခ်ယ္မႈမတိုင္ခင္ ဘာအက်ိဳးသက္ေရာက္မႈမွ ရွိမွာမဟုတ္ဘူးလို႔ ယုံၾကည္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.