International World Cup

အာဂျင်တီးနားနဲ့အတူ မက်ဆီကို ကမ္ဘာ့ဖလားမရစေချင်တဲ့ ရိုနယ်လ်ဒို

ဘရာဇီးလ်ဂန္တဝင် ရိုနယ်လ်ဒို နာဇာရီယိုက လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားရဖို့ ထိုက်တန်တဲ့သူဖြစ်ပေမယ့်လည်း အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ကြားက ခါးသီးတဲ့ ယှဉ်ပြိုင်မှုကြောင့် အာဂျင်တီးနားကြယ်ပွင့်ကို ကမ္ဘာ့ဖလားရရှိဖို့ အားပေးထောက်ခံသွားမှာမဟုတ်ဘူးလို့ ရှင်းရှင်းပဲ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ လာမယ့်လ ကာတာကို သွားရောက်တဲ့အချိန်မှာ အာဂျင်တီးနားအသင်းအတွက် အောင်မြင်မှု နောက်ဆုံးမှာတော့ ရယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်အတွက်လည်း နောက်ဆုံးပါဝင်ကစားပေးတဲ့ ကမ္ဘာ့ဖလား ဖြစ်လာမှာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သမိုင်းမှတ်တမ်းရေးထိုးနိုင်ဖို့အတွက် ထောက်ခံမှုအများအပြား ရရှိနေသူဖြစ်ပြီး အများစုဟာ ဘလွန်ဒေါ ၇ ဆုရှင်အနေနဲ့ ကစားသမားဘဝကနေ အနားမယူခင် ကမ္ဘာ့ဖလားကို ကိုင်မြှောက်သွားဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရိုနယ်လ်ဒိုကလည်း မက်ဆီနဲ့ပတ်သက်ပြီး တူညီတဲ့ အတွေးအမြင်ကို မျှဝေခဲ့တာဖြစ်ပေမယ့်လည်း ဘရာဇီးလ်နဲ့ အာဂျင်တီးနားနိုင်ငံတို့ကြားက ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကြောင့် အာဂျင်တီးနားကြယ်ပွင့်ကို ကမ္ဘာ့ဖလားရဖို့ ထောက်ခံအားပေးသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဘရာဇီးလ်သာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်မစွဲနိုင်ခဲ့ဘူးဆိုရင် မက်ဆီကိုရော ဗိုလ်စွဲစေချင်လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ရိုနယ်လ်ဒိုက The Guardian ကို အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“သူက စပိန်နိုင်ငံသားသာဖြစ်ခဲ့ရင်ပေါ့။ ဘရာဇီးလ်နဲ့ အာဂျင်တီးနားကြားက ယှဉ်ပြိုင်မှုက အရမ်းကြီးပါတယ်။ ကျွန်တော်တို့ မယုံနိုင်စရာ တိုက်ပွဲတွေရှိခဲ့တယ်။ လေးစားသမှုနဲ့ပြောတာပါ။ အဲဒါက ဘောလုံးလောကမှာ ချစ်စရာအကောင်းဆုံးအရာပါ။ ဒါပေမယ့် အာဂျင်တီးနားက ကမ္ဘာ့ဖလားကို အနိုင်ရသွားဖို့ကတော့ တွေးတောင် မတွေးရဲပါဘူး။ မက်ဆီ ကမ္ဘာ့ဖလားရဖို့ ထိုက်တန်လားဆိုရင် ထိုက်တန်တာပေါ့။ သူနဲ့ ထိုက်တန်တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အားပေးထောက်ခံမှုနဲ့တော့ ရမှာမဟုတ်ပါဘူး။ ကျွန်တော် သူ့ကို ချစ်မြတ်နိုးပြီး သူ အဲဒီလို ပြောတာကို နားလည်ပါလိမ့်မယ်”

“ဘာလို့လဲဆိုတော့ သူကလည်း အဲဒီအတိုင်းပဲ တစ်ထပ်တည်း ခံစားနေရမယ်ဆိုတာကို ကျွန်တော် သေချာသိနေလို့ပါ။ ခင်ဗျား အနိုင်ရတဲ့အခါ လေးစားမှုလည်း ရှိမှာပါ။ ဒီယေဂို မာရာဒိုနာလိုပေါ့။ ဘရာဇီးလ်မှာဆိုရင် သူက အရမ်းလူလေးစားခြင်းခံရတဲ့သူပါ။ ဒါပေမယ့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေချင်လားဆိုရင်တော့ ဟင့်အင်းပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္ဂႏၲဝင္ ႐ိုနယ္လ္ဒို နာဇာရီယိုက လီယြန္နယ္ မက္ဆီဟာ ကမာၻ႔ဖလားရဖို႔ ထိုက္တန္တဲ့သူျဖစ္ေပမယ့္လည္း အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္တို႔ၾကားက ခါးသီးတဲ့ ယွဥ္ၿပိဳင္မႈေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္ကို ကမာၻ႔ဖလားရရွိဖို႔ အားေပးေထာက္ခံသြားမွာမဟုတ္ဘူးလို႔ ရွင္းရွင္းပဲ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ လာမယ့္လ ကာတာကို သြားေရာက္တဲ့အခ်ိန္မွာ အာဂ်င္တီးနားအသင္းအတြက္ ေအာင္ျမင္မႈ ေနာက္ဆုံးမွာေတာ့ ရယူေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္အတြက္လည္း ေနာက္ဆုံးပါဝင္ကစားေပးတဲ့ ကမာၻ႔ဖလား ျဖစ္လာမွာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သမိုင္းမွတ္တမ္းေရးထိုးႏိုင္ဖို႔အတြက္ ေထာက္ခံမႈအမ်ားအျပား ရရွိေနသူျဖစ္ၿပီး အမ်ားစုဟာ ဘလြန္ေဒါ ၇ ဆုရွင္အေနနဲ႔ ကစားသမားဘဝကေန အနားမယူခင္ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္သြားဖို႔ ထိုက္တန္တယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

ဘရာဇီးလ္ဂႏၲဝင္တိုက္စစ္မႉး ႐ိုနယ္လ္ဒိုကလည္း မက္ဆီနဲ႔ပတ္သက္ၿပီး တူညီတဲ့ အေတြးအျမင္ကို မွ်ေဝခဲ့တာျဖစ္ေပမယ့္လည္း ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားႏိုင္ငံတို႔ၾကားက ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္ကို ကမာၻ႔ဖလားရဖို႔ ေထာက္ခံအားေပးသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ဘရာဇီးလ္သာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္မစြဲႏိုင္ခဲ့ဘူးဆိုရင္ မက္ဆီကိုေရာ ဗိုလ္စြဲေစခ်င္လားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ႐ိုနယ္လ္ဒိုက The Guardian ကို အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“သူက စပိန္ႏိုင္ငံသားသာျဖစ္ခဲ့ရင္ေပါ့။ ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားၾကားက ယွဥ္ၿပိဳင္မႈက အရမ္းႀကီးပါတယ္။ ကြၽန္ေတာ္တို႔ မယုံႏိုင္စရာ တိုက္ပြဲေတြရွိခဲ့တယ္။ ေလးစားသမႈနဲ႔ေျပာတာပါ။ အဲဒါက ေဘာလုံးေလာကမွာ ခ်စ္စရာအေကာင္းဆုံးအရာပါ။ ဒါေပမယ့္ အာဂ်င္တီးနားက ကမာၻ႔ဖလားကို အႏိုင္ရသြားဖို႔ကေတာ့ ေတြးေတာင္ မေတြးရဲပါဘူး။ မက္ဆီ ကမာၻ႔ဖလားရဖို႔ ထိုက္တန္လားဆိုရင္ ထိုက္တန္တာေပါ့။ သူနဲ႔ ထိုက္တန္တယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အားေပးေထာက္ခံမႈနဲ႔ေတာ့ ရမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ သူ႔ကို ခ်စ္ျမတ္ႏိုးၿပီး သူ အဲဒီလို ေျပာတာကို နားလည္ပါလိမ့္မယ္”

“ဘာလို႔လဲဆိုေတာ့ သူကလည္း အဲဒီအတိုင္းပဲ တစ္ထပ္တည္း ခံစားေနရမယ္ဆိုတာကို ကြၽန္ေတာ္ ေသခ်ာသိေနလို႔ပါ။ ခင္ဗ်ား အႏိုင္ရတဲ့အခါ ေလးစားမႈလည္း ရွိမွာပါ။ ဒီေယဂို မာရာဒိုနာလိုေပါ့။ ဘရာဇီးလ္မွာဆိုရင္ သူက အရမ္းလူေလးစားျခင္းခံရတဲ့သူပါ။ ဒါေပမယ့္ အာဂ်င္တီးနားကို ကမာၻ႔ဖလားရေစခ်င္လားဆိုရင္ေတာ့ ဟင့္အင္းပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.