Premier League

၁၅.၂.၂၀၂၀ အတြက္ မန္ခ်က္စတာစီးတီးအသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– UEFA ကေန ခ်မွတ္လိုက္တဲ့ မန္ခ်က္စတာစီးတီးအတြက္ ဥေရာပၿပဳိင္ပြဲေတြကေန ႏွစ္ႏွစ္ပြဲပယ္ျပစ္ဒဏ္ကို ပယ္ဖ်က္မေပးဘူးဆိုရင္ နည္းျပ ပက္ဂြါဒီယိုလာအေနနဲ႔ အသင္းေျပာင္းဖို႔ ရွိေနၿပီး သူ႕ကို ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားေနခဲ့ပါတယ္။

– မန္ခ်က္စတာစီးတီးအေနနဲ႔ မျဖစ္ႏိုင္တဲ့ စပြန္ဆာေငြေၾကးေတြကို ျပသၿပီး FFP ရဲ႕ သတ္မွတ္ခ်က္ကို ေရွာင္လႊဲခဲ့တယ္လို႔ ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္က စြပ္စြဲထားခဲ့ၿပီး ဒါကို အသင္းအေနနဲ႔ သူတုိ႔မွာ ခုလိုသုံးစြဲႏိုင္ဖို႔ဟာ ေရာင္းခ်ထားခဲ့တဲ့ ပုံရိပ္မူပိုင္ခြင့္ေတြကိုပါ အသုံးခ်ခဲ့တာလုိ႔ ျပန္လည္တုံ႔ျပန္ၿပီး အယူခံဝင္သြားဖို႔ ရွိေနပါတယ္။

– မန္စီးတီးအသင္းရဲ႕ ဥေရာပၿပဳိင္ပြဲဝင္ခြင့္ ပိတ္ပင္ခံရမွဳဟာ အေျပာင္းအေရႊ႕ေဈးကြက္မွာ ႀကီးမားတဲ့ အက်ဳိးသက္ေရာက္မွဳကို ျဖစ္ေစႏုိင္ၿပီး လက္ရွိမွာေတာ့ ေတာင္ပံကစာသမား ေဂ်ဒန္ ဆန္ခ်ဳိကို ၿမဳိ႕ခံၿပဳိင္ဘက္ မန္ယူနဲ႔ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ လီဗာပူးလ္တုိ႔ ဆီက ယွဥ္ၿပဳိင္ေခၚယူဖို႔ ခက္ခဲေစမွာျဖစ္ပါတယ္။

– မန္စီးတီးအသင္းေပၚ ခ်မွတ္ခဲ့တဲ့ UEFA ရဲ႕ ျပစ္ဒဏ္ကို လာလီဂါဥကၠဌ ဟားဗီးယား တီဘက္စ္က ႀကဳိဆုိလိုက္ၿပီး ျပစ္ဒဏ္မခ်ဘဲ ေနတာထက္ ခုလိုေနာက္က်မွ ခ်မွတ္တာကလည္း မဆုိးပါဘူးလို႔ အဖြဲ႕ခ်ဳပ္ကိုပါ ခနဲ႔သြားခဲ့ပါေသးတယ္။

– နည္းျပ ဂြါဒီယိုလာ ေႏြရာသီမွာ ထြက္ခြာသြားႏုိင္မွဳေၾကာင့္ အသင္းလက္မဲ့ျဖစ္ေနတဲ့ အာဂ်င္တီးနားသားနည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုကို အေလာတႀကီးနဲ႔ မန္ယူနည္းျပရာထူးကို လက္မခံဘဲ မန္စီးတီးနည္းျပရာထူးကို ေစာင့္ဆုိင္းဖို႔ စပိန္ဂ်ာနယ္လစ္ ဂြီလမ္ ဘာလာဂူးက အႀကံေပးလုိက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– UEFA ကနေ ချမှတ်လိုက်တဲ့ မန်ချက်စတာစီးတီးအတွက် ဥရောပပြိုင်ပွဲတွေကနေ နှစ်နှစ်ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်မပေးဘူးဆိုရင် နည်းပြ ပက်ဂွါဒီယိုလာအနေနဲ့ အသင်းပြောင်းဖို့ ရှိနေပြီး သူ့ကို ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေခဲ့ပါတယ်။

– မန်ချက်စတာစီးတီးအနေနဲ့ မဖြစ်နိုင်တဲ့ စပွန်ဆာငွေကြေးတွေကို ပြသပြီး FFP ရဲ့ သတ်မှတ်ချက်ကို ရှောင်လွှဲခဲ့တယ်လို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်ဘက်က စွပ်စွဲထားခဲ့ပြီး ဒါကို အသင်းအနေနဲ့ သူတို့မှာ ခုလိုသုံးစွဲနိုင်ဖို့ဟာ ရောင်းချထားခဲ့တဲ့ ပုံရိပ်မူပိုင်ခွင့်တွေကိုပါ အသုံးချခဲ့တာလို့ ပြန်လည်တုံ့ပြန်ပြီး အယူခံဝင်သွားဖို့ ရှိနေပါတယ်။

– မန်စီးတီးအသင်းရဲ့ ဥရောပပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရမှုဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ပြီး လက်ရှိမှာတော့ တောင်ပံကစာသမား ဂျေဒန် ဆန်ချိုကို မြို့ခံပြိုင်ဘက် မန်ယူနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်တို့ ဆီက ယှဉ်ပြိုင်ခေါ်ယူဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။

– မန်စီးတီးအသင်းပေါ် ချမှတ်ခဲ့တဲ့ UEFA ရဲ့ ပြစ်ဒဏ်ကို လာလီဂါဥက္ကဌ ဟားဗီးယား တီဘက်စ်က ကြိုဆိုလိုက်ပြီး ပြစ်ဒဏ်မချဘဲ နေတာထက် ခုလိုနောက်ကျမှ ချမှတ်တာကလည်း မဆိုးပါဘူးလို့ အဖွဲ့ချုပ်ကိုပါ ခနဲ့သွားခဲ့ပါသေးတယ်။

– နည်းပြ ဂွါဒီယိုလာ နွေရာသီမှာ ထွက်ခွာသွားနိုင်မှုကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ အာဂျင်တီးနားသားနည်းပြ မော်ရီစီယို ပိုချက်တီနိုကို အလောတကြီးနဲ့ မန်ယူနည်းပြရာထူးကို လက်မခံဘဲ မန်စီးတီးနည်းပြရာထူးကို စောင့်ဆိုင်းဖို့ စပိန်ဂျာနယ်လစ် ဂွီလမ် ဘာလာဂူးက အကြံပေးလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.