Premier League

ပရီးမီးယားလိဂ်ရာသီသစ် စဖို့တစ်ပတ်အလိုမှာ ကစားသမား သုံးဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

UNICODE: ၂၀၂၀-၂၁ ရာသီသစ်မစတင်ခင် ကိုရိုနာပိုးစတင်စစ်ဆေးတဲ့ ပထမဆုံးအသုတ်မှာတော့ ကစားသမား သုံးဦးတွင် ပိုးတွေ့ရှိရတယ်လို့ ပရီးမီးယားလိဂ်မှ ကြေငြာခဲ့ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့ မှ စက်တင်ဘာလ ၆ ရက်နေ့အတွင်း စစ်ဆေးခဲ့တဲ့ ကစားသမားနဲ့ဝန်ထမ်း စုစုပေါင်း ၁၆၀၅ ဦးမှ ၃ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရတယ်လို့ ပရီးမီးယားလိဂ်မှယနေ့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ပိုးတွေ့ရှိတဲ့ ကစားသမားများ နဲ့ ကလပ်ဝန်ထမ်းများဟာ အချိန်ကာလ ၁၀ ရက်ကြာအောင် သီးသန့်နေထိုင်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ ပြိုင်ပွဲဖြစ်မြောက်ရေး နဲ့ ပွင့်လင်းမြင်သာမှုရှိစေရေးကို ရှေးရှု့ပြီး ယခုလိုသတင်းအချက်အလက်ကို ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ လိဂ်အနေနဲ့ အသင်းတစ်သင်းစီ နဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အသေးစိတ် အချက်အလက်များကိုတော့ ဖော်ပြသွားမှာမဟုတ်ပဲ စစ်ဆေးမှုပြီးတိုင်း စစ်ဆေးမှုအဖြေများကို လူအများသိစေဖို့ ကြေငြာသွားမှာပဲဖြစ်ပါတယ်။

ထိုအချိန်မှာပဲ ရီယက် မာရက်ဇ် နဲ့ အေးမရစ် လာပေါ့တ် တို့လိုထိပ်သီးကစားသမား ၂ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ မန်စီးတီးအသင်းမှ အတည်ပြုလိုက်ပါတယ်။ ကစားသမား ၂ ယောက်လုံး သီးသန့်ခွဲခြား နေထိုင်သွားရမှာဖြစ်ပြီး ၂ ယောက်လုံးတွင် ဗိုင်းရပ်စ်ပိုးရဲ့ ရောဂါလက္ခဏာတော့ မပြသဘူးလို့ ကလပ်က အတည်ပြုပြောကြားခဲ့ပါတယ်။

“စာတွေပို့ထားကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ အားလုံးက အကောင်းဆုံးအခြေအနေမှာရှိနေပါတယ်။ နောက်ရက်အနည်းငယ်ကြာအောင် လိုက်နာသင့်တာတွေကို လိုက်နာရပါမယ်။ ကျွန်တော်ပြန်လာခဲ့မှာပါ။ အားလုံးဂရုစိုက်ပါ” လို့ လာပေါ့တ်က သူ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေ မစိုးရိမ်ကြဖို့ ယခုစာကို တွစ်တာမှာ ပုံနဲ့တကွတင်ခဲ့ပါတယ်။

မန်စီးတီးမှ ကလပ်ရဲ့ကြေငြာချက်တွင် “ကစားသမား ၂ ဦးလုံးဟာ ပရီးမီးယားလိဂ် နဲ့ ယူကေ အစိုးရရဲ့ကွာရန်တင်း စည်းမျဥ်းစည်းကမ်းများအတိုင်း သီးသန့်ခွဲခြား နေထိုင်သွားရမှာပဲဖြစ်ပါတယ်။ ကစားသမား ၂ ဦးစလုံးကတော့ ဗိုင်းရက်စ်ပိုးရဲ့ ရောဂါလက္ခဏာပြသထားခြင်း မရှိတာဖြစ်ပါတယ်။ ရီယက် နဲ့ အေးမရစ် တို့ အသင်းလေ့ကျင့်ရေး နဲ့ ရာသီမစခင်မှာ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ကလပ်မှလူများအားလုံးမှ ဆုတောင်းပေးလိုက်ပါတယ်” ဟု ရေးသားခဲ့တယ်လို့သိရပါတယ်။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၀-၂၁ ရာသီသစ္မစတင္ခင္ ကို႐ိုနာပိုးစတင္စစ္ေဆးတဲ့ ပထမဆုံးအသုတ္မွာေတာ့ ကစားသမား သုံးဦးတြင္ ပိုးေတြ႕ရွိရတယ္လို႔ ပရီးမီးယားလိဂ္မွ ေၾကျငာခဲ့ပါတယ္။ ဩဂုတ္လ ၃၁ ရက္ေန႔ မွ စက္တင္ဘာလ ၆ ရက္ေန႔အတြင္း စစ္ေဆးခဲ့တဲ့ ကစားသမားနဲ႔ဝန္ထမ္း စုစုေပါင္း ၁၆၀၅ ဦးမွ ၃ ဦးတြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိရတယ္လို႔ ပရီးမီးယားလိဂ္မွယေန႔ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

ပိုးေတြ႕ရွိတဲ့ ကစားသမားမ်ား နဲ႔ ကလပ္ဝန္ထမ္းမ်ားဟာ အခ်ိန္ကာလ ၁၀ ရက္ၾကာေအာင္ သီးသန႔္ေနထိုင္ရမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္အေနနဲ႔ ၿပိဳင္ပြဲျဖစ္ေျမာက္ေရး နဲ႔ ပြင့္လင္းျမင္သာမႈရွိေစေရးကို ေရွးရႈ႕ၿပီး ယခုလိုသတင္းအခ်က္အလက္ကို ထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။ လိဂ္အေနနဲ႔ အသင္းတစ္သင္းစီ နဲ႔ လူပုဂၢိဳလ္တစ္ဦးခ်င္းစီရဲ႕ အေသးစိတ္ အခ်က္အလက္မ်ားကိုေတာ့ ေဖာ္ျပသြားမွာမဟုတ္ပဲ စစ္ေဆးမႈၿပီးတိုင္း စစ္ေဆးမႈအေျဖမ်ားကို လူအမ်ားသိေစဖို႔ ေၾကျငာသြားမွာပဲျဖစ္ပါတယ္။

ထိုအခ်ိန္မွာပဲ ရီယက္ မာရက္ဇ္ နဲ႔ ေအးမရစ္ လာေပါ့တ္တို႔လို ထိပ္သီးကစားသမား ၂ ေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိရတယ္လို႔ မန္စီးတီးအသင္းမွ အတည္ျပဳလိုက္ပါတယ္။ ကစားသမား ၂ ေယာက္လုံး သီးသန႔္ခြဲျခား ေနထိုင္သြားရမွာျဖစ္ၿပီး ၂ ေယာက္လုံးတြင္ ဗိုင္းရပ္စ္ပိုးရဲ႕ ေရာဂါလကၡဏာေတာ့ မျပသဘူးလို႔ ကလပ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။

“စာေတြပို႔ထားၾကတဲ့အတြက္ အားလုံးကို ေက်းဇူးတင္ပါတယ္။ အားလုံးက အေကာင္းဆုံး အေျခအေနမွာ ရွိေနပါတယ္။ ေနာက္ရက္အနည္းငယ္ၾကာေအာင္ လိုက္နာသင့္တာေတြကို လိုက္နာရပါမယ္။ ကြၽန္ေတာ္ျပန္လာခဲ့မွာပါ။ အားလုံးဂ႐ုစိုက္ပါ” လို႔ လာေပါ့တ္က သူ႔က်န္းမာေရးနဲ႔ပတ္သတ္ၿပီး ပရိသတ္ေတြ မစိုးရိမ္ၾကဖို႔ ယခုစာကို တြစ္တာမွာ ပုံနဲ႔တကြတင္ခဲ့ပါတယ္။

မန္စီးတီးမွ ကလပ္ရဲ႕ ေၾကျငာခ်က္တြင္ “ကစားသမား ၂ ဦးလုံးဟာ ပရီးမီးယားလိဂ္ နဲ႔ ယူေကအစိုးရရဲ႕ ကြာရန္တင္း စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း သီးသန႔္ခြဲျခား ေနထိုင္သြားရမွာပဲျဖစ္ပါတယ္။ ကစားသမား ၂ ဦးစလုံးကေတာ့ ဗိုင္းရပ္စ္ပိုးရဲ႕ ေရာဂါလကၡဏာျပသထားျခင္း မရွိတာျဖစ္ပါတယ္။ ရီယက္နဲ႔ ေအးမရစ္တို႔ အသင္းေလ့က်င့္ေရး နဲ႔ ရာသီမစခင္မွာ အျမန္ဆုံးသက္သာေပ်ာက္ကင္းပါေစလို႔ ကလပ္မွ လူမ်ားအားလုံးမွ ဆုေတာင္းေပးလိုက္ပါတယ္” ဟု ေရးသားခဲ့တယ္လို႔သိရပါတယ္။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.