Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏုိက္တက္သတင္းမ်ား စုစည္းမွဳ – ၈.၉.၂၀၂၀

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကစားသမားသစ္ျဖစ္တဲ့ ဒြန္နီ ဗန္ဒဘိခ္ဟာ အုိးလ္ထရက္ဖို႔ဒ္ကို ေရာက္မလာခင္ ေမာ္ရင္ညဳိရဲ႕ စပါးစ္ အသင္းနဲ႔ နီးစပ္ခဲ့ဖူးၿပီး လက္ေရြးစင္အသင္းေဖာ္ စတီဗင္ ဘာ့ဂ္ဗိန္းရဲ႕ စည္း႐ုံးမွဳနဲ႔အတူ ခ်ဥ္းကပ္ခဲ့ဖူးေၾကာင္းသိရ။

– ဆာဂ်ီယို ရက္ဂီလြန္ကို ကမ္းလွမ္းခဲ့ၿပီလုိ႔ သတင္းထြက္ထားခဲ့တဲ့ ယူႏုိက္တက္အတြက္ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကေပမယ့္ ေလာေလာဆယ္မွာ တျခားဘယ္ေနာက္ခံလူေတြျဖစ္ၾကတဲ့ ေပၚတုိရဲ႕ အဲလက္စ္ တဲလက္စ္နဲ႔ ဒိုင္နမိုကိဗ္ေနာက္ခံလူ ဗီတာလီ မိုင္ကိုလန္ကိုတုိ႔နဲ႔ပါ သတင္းေတြ ထြက္ေပၚလာ။

– မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တတိယဝတ္စုံဟာ သမုိင္းေၾကာင္းထဲက အနီ၊ အျဖဴ၊ အနက္ဆုိတဲ့ အေရာင္သုံးေရာင္ကို အေျခခံၿပီး ဝတ္စုံသစ္အျဖစ္ တီထြင္ဖန္တီးခဲ့တာျဖစ္တယ္လို႔ ျမင္းက်ားေတြလုိ႔ ေဝဖန္ခံေနရမွဳအေပၚ အက္ဒီးဒတ္စ္ ဒီဇိုင္နာေတြ ရွင္းလင္း။

– ရီးရဲလ္မက္ဒရစ္အသင္းကေန ရက္ဂီလြန္ကို ေခၚယူဖို႔ ေႏွာင့္ေႏွးေနခဲ့ရတဲ့အေၾကာင္းကို မီဒီယာေတြ ထုတ္ေဖာ္လုိက္ၿပီး ဒါကေတာ့ ျပန္လည္ဝယ္ယူခြင့္ကို ထည့္သြင္းဖို႔ ေတာင္းဆုိခဲ့တာေၾကာင့္ျဖစ္ခဲ့သလို ယူႏုိက္တက္အတြက္ေတာ့ ဒါဟာ ႏွိမ္ခ်တဲ့ သေဘာမ်ဳိး ေစာ္ကားမွဳအသြင္လည္း ေဆာင္ေနတယ္လို႔ သုံးသပ္ေနၾက။

– တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ဟာ မန္ခ်က္စတာယူႏုိက္တက္ကို နည္းျပ ဆုိးလ္ရွားေရာက္ရွိလာအၿပီးမွာ ပုိမိုတည္ၿငိမ္လာၿပီး တစ္ပြဲနဲ႔တစ္ပြဲ မျခားနားတဲ့ ေျခစြမ္းေကာင္းကို ျပသႏုိင္ခဲ့တယ္လုိ႔ စပါးစ္နဲ႔ ျပင္သစ္အသင္းေခါင္းေဆာင္ ဟူဂို လိုရစ္ ခ်ီးက်ဴး။

– အေျပာင္းအေရႊ႕ေဈးကြက္ထဲမွာ ေငြေၾကးပိုမိုသုံးစြဲႏိုင္ဖို႔အတြက္ အသင္းရဲ႕ ကစားသမား ၅ ဦးျဖစ္တဲ့ ဆာဂ်ီယို ႐ိုမဲ႐ိုး၊ မားကို႔စ္ ႐ိုဟို၊ ဖီးလ္ဂ်ဳံးစ္၊ ခရစၥ စေမာလင္းနဲ႔ အန္းဒရိစ္ ပါရဲရားတုိ႔ကို ေရာင္းခ်သြားဖို႔ ယူႏုိက္တက္အမွဳေဆာင္ဒုဥကၠဌ အက္ဒ္ ဝုဒ္ဝဒ္ စီစဥ္ထား။

– ဆန္ခ်ဳိကို အမွန္တကယ္ အလိုရွိေနတဲ့ နည္းျပ ဆုိးလ္ရွားနဲ႔ မန္ခ်က္စတာယူႏုိက္တက္တာဝန္ရွိသူေတြအေနနဲ႔ ခ်ဲလ္ဆီးရဲ႕ ဟာဗတ္ဇ္ကို ေခၚယူသြားခဲ့တဲ့အတုိင္း ေဒါ့မြန္ဘက္ ေတာင္းဆုိခဲ့တဲ့ ေငြေၾကးကို ေပးစရာရွိတဲ့အတုိင္း ေပးေခ်ရမွာျဖစ္ေၾကာင္းနဲ႔ အခုမွ ေနာက္တစ္ႀကိမ္ ထပ္ေဆြးေႏြးရတာမ်ဳိးက မျဖစ္သင့္ေၾကာင္း အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္ ေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားသစ်ဖြစ်တဲ့ ဒွန်နီ ဗန်ဒဘိခ်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်မလာခင် မော်ရင်ညိုရဲ့ စပါးစ် အသင်းနဲ့ နီးစပ်ခဲ့ဖူးပြီး လက်ရွေးစင်အသင်းဖော် စတီဗင် ဘာ့ဂ်ဗိန်းရဲ့ စည်းရုံးမှုနဲ့အတူ ချဉ်းကပ်ခဲ့ဖူးကြောင်းသိရ။

– ဆာဂျီယို ရက်ဂီလွန်ကို ကမ်းလှမ်းခဲ့ပြီလို့ သတင်းထွက်ထားခဲ့တဲ့ ယူနိုက်တက်အတွက် ပရိသတ်တွေက မျှော်လင့်နေကြပေမယ့် လောလောဆယ်မှာ တခြားဘယ်နောက်ခံလူတွေဖြစ်ကြတဲ့ ပေါ်တိုရဲ့ အဲလက်စ် တဲလက်စ်နဲ့ ဒိုင်နမိုကိဗ်နောက်ခံလူ ဗီတာလီ မိုင်ကိုလန်ကိုတို့နဲ့ပါ သတင်းတွေ ထွက်ပေါ်လာ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တတိယဝတ်စုံဟာ သမိုင်းကြောင်းထဲက အနီ၊ အဖြူ၊ အနက်ဆိုတဲ့ အရောင်သုံးရောင်ကို အခြေခံပြီး ဝတ်စုံသစ်အဖြစ် တီထွင်ဖန်တီးခဲ့တာဖြစ်တယ်လို့ မြင်းကျားတွေလို့ ဝေဖန်ခံနေရမှုအပေါ် အက်ဒီးဒတ်စ် ဒီဇိုင်နာတွေ ရှင်းလင်း။

– ရီးရဲလ်မက်ဒရစ်အသင်းကနေ ရက်ဂီလွန်ကို ခေါ်ယူဖို့ နှောင့်နှေးနေခဲ့ရတဲ့အကြောင်းကို မီဒီယာတွေ ထုတ်ဖော်လိုက်ပြီး ဒါကတော့ ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်းဖို့ တောင်းဆိုခဲ့တာကြောင့်ဖြစ်ခဲ့သလို ယူနိုက်တက်အတွက်တော့ ဒါဟာ နှိမ်ချတဲ့ သဘောမျိုး စော်ကားမှုအသွင်လည်း ဆောင်နေတယ်လို့ သုံးသပ်နေကြ။

– တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ဟာ မန်ချက်စတာယူနိုက်တက်ကို နည်းပြ ဆိုးလ်ရှားရောက်ရှိလာအပြီးမှာ ပိုမိုတည်ငြိမ်လာပြီး တစ်ပွဲနဲ့တစ်ပွဲ မခြားနားတဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့တယ်လို့ စပါးစ်နဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဟူဂို လိုရစ် ချီးကျူး။

– အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ငွေကြေးပိုမိုသုံးစွဲနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမား ၅ ဦးဖြစ်တဲ့ ဆာဂျီယို ရိုမဲရိုး၊ မားကို့စ် ရိုဟို၊ ဖီးလ်ဂျုံးစ်၊ ခရစ္စ စမောလင်းနဲ့ အန်းဒရိစ် ပါရဲရားတို့ကို ရောင်းချသွားဖို့ ယူနိုက်တက်အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ် စီစဉ်ထား။

– ဆန်ချိုကို အမှန်တကယ် အလိုရှိနေတဲ့ နည်းပြ ဆိုးလ်ရှားနဲ့ မန်ချက်စတာယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ချဲလ်ဆီးရဲ့ ဟာဗတ်ဇ်ကို ခေါ်ယူသွားခဲ့တဲ့အတိုင်း ဒေါ့မွန်ဘက် တောင်းဆိုခဲ့တဲ့ ငွေကြေးကို ပေးစရာရှိတဲ့အတိုင်း ပေးချေရမှာဖြစ်ကြောင်းနဲ့ အခုမှ နောက်တစ်ကြိမ် ထပ်ဆွေးနွေးရတာမျိုးက မဖြစ်သင့်ကြောင်း အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ် ဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT OWNERS
SPORTS A2Z.