Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၈.၉.၂၀၂၀

– နည္းျပ ဖရန္႔ လမ္းပတ္အေနနဲ႔ ပီအက္စ္ဂ်ီအသင္းကေန ဘရာဇီးလ္ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို ေခၚယူခဲ့တာဟာ ေနာက္ခံလူတစ္ဦးအျဖစ္တင္မကဘဲ သူ႕ရဲ႕ တရားဝင္မဟုတ္တဲ့ လက္ေထာက္နည္းျပတစ္ဦးအျဖစ္ပါ ေခၚယူခဲ့တာလုိ႔ ဆုိေနၾက။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ မေသခ်ာတဲ့ ပစ္မွတ္ျဖစ္တဲ့ ဒြန္နာရမ္မာအစား ဆီနီေဂါလက္ေရြးစင္ဂိုးသမား ေအဒူယာ မန္ဒီကိုပဲ ေခၚယူႏုိင္ဖို႔ အာ႐ုံစိုက္ထားၿပီး လာမယ့္ရက္ပုိင္းအတြင္းမွာပဲ ရင္းေနးနဲ႔ သေဘာတူညီခ်က္ရယူၿပီး ခုနစ္ဦးေျမာက္ ကစားသမားသစ္အျဖစ္ ေၾကျငာႏုိင္ဖို႔ ရွိေန။

– အသင္းရဲ႕ အေရးအႀကီးဆုံးတစ္ေနရာျဖစ္တဲ့ ဂိုးသမားေနရာအတြက္ မန္ဒီကို ေခၚယူႏုိင္ခဲ့ၿပီးရင္ ေရွ႕ဆက္လုပ္ေဆာင္သြားရမယ့္ လုပ္ငန္းစဥ္အျဖစ္ ဝက္စ္ဟမ္းယူႏုိက္တက္ရဲ႕ ဒက္ကလန္ ႐ိုက္စ္ကို အျမန္ဆုံး ထပ္မံေခၚယူသြားဖို႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြ စီစဥ္ေန။

– ရင္းေနးအသင္းကေန စၿပီး ခ်ဲလ္ဆီးအသင္းအထိ ပီတာခ်က္ကို နည္းျပေပးခဲ့ၿပီး အသင္းရဲ႕ ဂိုးနည္းျပ အႀကီးအကဲအျဖစ္ တာဝန္ယူေနခဲ့တဲ့ ခရီစေတာ့ဖ္ လိုလီရႊန္ကေတာ့ ေအဒူယာ မန္ဒီကို ေတာ္ေတာ္ေလး သေဘာက်ေနၿပီး အသင္းရဲ႕ ခံစစ္ကို ကြပ္ကဲေပးႏိုင္မယ့္သူလို႔ ယုံၾကည္ေန။

– ၿပီးခဲ့တဲ့ရာသီက RB လုိက္ပ္ဇစ္အသင္းမွာ ေက်နပ္စရာေျခစြမ္းကို ျပသႏိုင္ခဲ့တဲ့ ေဝးလ္စ္လက္ေရြးစင္လူငယ္ေနာက္ခံလူ အီသန္ အမ္ပါဒူးကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရွက္ဖီးလ္ဒ္ယူႏုိက္တက္ကို ထပ္မံအငွားခ်လုိက္ၿပီျဖစ္ၿပီး ခရစၥ ဝိုင္လ္ဒါရဲ႕ လက္ေအာက္မွာ ပုိမို တုိးတက္လာဖို႔ ေမွ်ာ္လင့္ထား။

– ၿပီးခဲ့တဲ့ ရာသီက ႐ိုးမားကို အငွားခ်ခံခဲ့ရၿပီး ဒဏ္ရာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရတဲ့ ေနာက္ခံလူ ဒါဗီေဒး ဇက္ပါေကာ္စတာကို အတၱလန္တာ အသင္းအေနနဲ႔ တစ္ရာသီအငွားနဲ႔ ေခၚယူၿပီးမွ ေျခစြမ္းေပၚမူတည္ၿပီး အၿပီးသတ္ေခၚယူမယ့္ပုံစံနဲ႔ ခ်ဲလ္ဆီးအသင္းဆီ ေဆြးေႏြးေန။

– အသစ္ထြက္ေပၚလာခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ တတိယဝတ္စုံကို ခရစၥတယ္လ္ပဲေလ့စ္ပရိသတ္ေတြက သူတုိ႔အသင္းရဲ႕ ဝတ္စုံနဲ႔ တူတယ္လုိ႔ သေရာ္ေလွာင္ေျပာင္ခဲ့ၾကၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ ပရိသတ္တခ်ဳိ႕ကေတာ့ ဒီဝတ္စုံကို မရွိခဲ့ဘူးလို႔ပဲ သေဘာထားရမယ္လို႔ ဆုိခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ခေါ်ယူခဲ့တာဟာ နောက်ခံလူတစ်ဦးအဖြစ်တင်မကဘဲ သူ့ရဲ့ တရားဝင်မဟုတ်တဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ်ပါ ခေါ်ယူခဲ့တာလို့ ဆိုနေကြ။

– ချဲလ်ဆီးအသင်းအနေနဲ့ မသေချာတဲ့ ပစ်မှတ်ဖြစ်တဲ့ ဒွန်နာရမ်မာအစား ဆီနီဂေါလက်ရွေးစင်ဂိုးသမား အေဒူယာ မန်ဒီကိုပဲ ခေါ်ယူနိုင်ဖို့ အာရုံစိုက်ထားပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ရင်းနေးနဲ့ သဘောတူညီချက်ရယူပြီး ခုနစ်ဦးမြောက် ကစားသမားသစ်အဖြစ် ကြေငြာနိုင်ဖို့ ရှိနေ။

– အသင်းရဲ့ အရေးအကြီးဆုံးတစ်နေရာဖြစ်တဲ့ ဂိုးသမားနေရာအတွက် မန်ဒီကို ခေါ်ယူနိုင်ခဲ့ပြီးရင် ရှေ့ဆက်လုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်အဖြစ် ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ ဒက်ကလန် ရိုက်စ်ကို အမြန်ဆုံး ထပ်မံခေါ်ယူသွားဖို့ ချဲလ်ဆီးတာဝန်ရှိသူတွေ စီစဉ်နေ။

– ရင်းနေးအသင်းကနေ စပြီး ချဲလ်ဆီးအသင်းအထိ ပီတာချက်ကို နည်းပြပေးခဲ့ပြီး အသင်းရဲ့ ဂိုးနည်းပြ အကြီးအကဲအဖြစ် တာဝန်ယူနေခဲ့တဲ့ ခရီစတော့ဖ် လိုလီရွှန်ကတော့ အေဒူယာ မန်ဒီကို တော်တော်လေး သဘောကျနေပြီး အသင်းရဲ့ ခံစစ်ကို ကွပ်ကဲပေးနိုင်မယ့်သူလို့ ယုံကြည်နေ။

– ပြီးခဲ့တဲ့ရာသီက RB လိုက်ပ်ဇစ်အသင်းမှာ ကျေနပ်စရာခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ဝေးလ်စ်လက်ရွေးစင်လူငယ်နောက်ခံလူ အီသန် အမ်ပါဒူးကို ချဲလ်ဆီးအသင်းအနေနဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို ထပ်မံအငှားချလိုက်ပြီဖြစ်ပြီး ခရစ္စ ဝိုင်လ်ဒါရဲ့ လက်အောက်မှာ ပိုမို တိုးတက်လာဖို့ မျှော်လင့်ထား။

– ပြီးခဲ့တဲ့ ရာသီက ရိုးမားကို အငှားချခံခဲ့ရပြီး ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ နောက်ခံလူ ဒါဗီဒေး ဇက်ပါကော်စတာကို အတ္တလန်တာ အသင်းအနေနဲ့ တစ်ရာသီအငှားနဲ့ ခေါ်ယူပြီးမှ ခြေစွမ်းပေါ်မူတည်ပြီး အပြီးသတ်ခေါ်ယူမယ့်ပုံစံနဲ့ ချဲလ်ဆီးအသင်းဆီ ဆွေးနွေးနေ။

– အသစ်ထွက်ပေါ်လာခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ တတိယဝတ်စုံကို ခရစ္စတယ်လ်ပဲလေ့စ်ပရိသတ်တွေက သူတို့အသင်းရဲ့ ဝတ်စုံနဲ့ တူတယ်လို့ သရော်လှောင်ပြောင်ခဲ့ကြပြီး စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ ပရိသတ်တချို့ကတော့ ဒီဝတ်စုံကို မရှိခဲ့ဘူးလို့ပဲ သဘောထားရမယ်လို့ ဆိုခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.