Match Report Premier League UCL&UEL

ကစားသမားဟောင်း ဒုက္ခပေးလို့ အိမ်ကွင်းသရေကျပြီး ယူရိုပါလိဂ်သွားရနိုင်တဲ့ စပါးစ်

တော့တင်ဟမ် ဟော့စပါးအသင်းအနေနဲ့ သူတို့ရဲ့ အုပ်စု(D)မှာ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးဆိုပြီး ဦးဆောင်ဖို့ကိုတော့ လက်ရှိအချိန်အထိ မလုပ်နိုင်ခဲ့သေးဘဲ ပွဲစဉ် ၅ အထိ ကစားပြီးသွားခဲ့ချိန်မှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးနဲ့ ရမှတ် ၈ မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး အုပ်စုကနေ လွန်မြောက်ဖို့ ခက်ခဲနေခဲ့သေးတာဖြစ်ပါတယ်။

နည်းပြ ကွန်တီအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ဒေးဗီးစ်၊ ရိုမဲရိုးတို့ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်၊ ဒိုဟာတီနဲ့ ပါရီရှစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ လူးကပ်စ် မော်ရာနဲ့ ဟာရီကိန်းတို့ကို လူစုံထုတ်ခဲ့ပေမယ့် နိုင်ပွဲရအောင်တော့ မစွမ်းနိုင်ခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာ ဧည့်သည် စပို့တင်း လစ္စဘွန်းတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တန်ပြန်တိုက်စစ်ဆင်လာခဲ့ပြီး အသင်းဖော်တိုက်စစ်မှူး ပေါ်လင်ညိုနဲ့ ဝမ်းတူးရိုက်ထွက်လာခဲ့တဲ့ စပါးစ်လူငယ်ကစားသမားဟောင်း အက်ဒ်ဝပ်စ်က ဧရိယာအပြင်ကနေ အနိမ့်ဘော လှမ်းကန်ခဲ့ရာမှာ ဂိုးသမား လိုရစ် အငိုက်မိသွားခဲ့လို့ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့ပြီး ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၈၀ မှာမှ တစ်ချိန်လုံး ဝါရီပွားနေခဲ့ရတဲ့ အိမ်ရှင်စပါးစ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ပါရီရှစ်ချ် ကန်တင်ပေးရာမှာ စပို့တင်း လစ္စဘွန်းနောက်ခံလူတွေထက် ပိုပြီး အမြင့်ဆုံး ခုန်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ဘင်တန်ကာက အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ဘယ်ခြမ်းကနေ ပါရီရှစ်ချ် ထောင့်ဖြတ်ကန်တင်ပေးတာကို ဧရိယာထဲကနေ ခေါင်းတိုက်ချခဲ့တဲ့ ရိုယဲလ်ကြောင့် စပို့တင်းခံစစ်နဲ့ ထိထွက်လာတဲ့ ဘောလုံးကို ဟာရီကိန်းက အနီးကပ် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဘောလုံးထက် ဖိနပ်တစ်ဖက်စာလောက် လူကျွံနေတယ်လို့ သတ်မှတ်ခံရပြီး ပရီးမီးယားလိဂ်မှာလို အင်္ဂလန်ကပ္ပတိန် အရှိန်အဝါ မရှိတာကြောင့် ရိုက်ချခံခဲ့ရပြီး နည်းပြ ကွန်တီပါ အနီကတ်ထိခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် စပါးစ်တို့အနေနဲ့ ရမှတ် ၈ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေခဲ့ပေမယ့် ဒုတိယနေရာနဲ့ တတိယနေရာက စပို့တင်း လစ္စဘွန်းနဲ့ အိုင့်ထရက်ချ် ဖရန့်ဖတ်တို့က ၇ မှတ်စီ ရယူထားခဲ့ကြသလို စတုတ္ထနေရာက မာဆေးလ်တို့က ၆ မှတ် ရရှိထားခဲ့တာကြောင့် ဘယ်သူက ဘယ်နေရာကို ရမလဲဆိုတာတောင် မပြတ်သားနိုင်သေးတာပါ။

နောက်ဆုံးပွဲစဉ်မှာတော့ စပါးစ်တို့က အဝေးကွင်းမှာ မာဆေးလ်နဲ့ ကစားရမှာဖြစ်လို့ လက်ရှိခြေစွမ်းအရ ခက်ခဲမယ့် ပွဲဖြစ်နေသလို စပို့တင်း လစ္စဘွန်းကတော့ ဖရန့်ဖတ်နဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် အခွင့်အရေး ပိုကောင်းနေတာလည်းဖြစ်ပြီး နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရဖို့ ဖြစ်လာခဲ့ပါတယ်။

မာဆေးလ်တို့အနေနဲ့ စပါးစ်ကို နိုင်ခဲ့တဲ့ ရမှတ် ၉ မှတ်နဲ့ အုပ်စု ဒုတိယ အနည်းဆုံးရသွားနိုင်ပြီး စပါးစ်တို့ကတော့ သရေအနည်းဆုံးရမှ အဆင်ပြေနိုင်မှာဖြစ်သလို ၉ မှတ်ရတဲ့ အသင်းကတော့ အနည်းဆုံး အုပ်စု ဒုတိယနေရာကို အာမခံချက် ရှိနိုင်မှာဖြစ်ပြီး စပို့တင်းနဲ့ ဖရန့်ဖတ်တို့ကတော့ သရေကျခဲ့ရင် နှစ်သင်းစလုံး တိုင်ပတ်သွားနိုင်ပေမယ့် Head to Head အရ စပါးစ်တို့ ရှုံးခဲ့ရင် စပို့တင်းက ဒုတိယနေရာကို ရယူနိုင်မှာပါ။

ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေ မကောင်းဘဲ ရှုံးပွဲတွေ ကြုံနေရတဲ့ နည်းပြ ကွန်တီကတော့ နောက်ဆုံးပွဲ မာဆေးလ်ကွင်းမှာ ပွဲပယ်ခံရနိုင်ချိန်မှာ လိုအပ်တဲ့ ရမှတ် တစ်မှတ်ကို အဝေးကနေ ရယူပေးနိုင်မှာလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပြီး အိမ်ကွင်းကစားရမယ့် စပို့တင်းတို့ပဲ အုပ်စုဗိုလ်ဖြစ်သွားမလား၊ စပါးစ်တို့ပဲ အဝေးကွင်းနိုင်ပွဲနဲ့ အုပ်စုဗိုလ်ဖြစ်သွားမလား၊ မာဆေးလ်တို့ပဲ ပထမရမလားဆိုတာကတော့ ရင်တမမနဲ့ ကြည့်ရဦးမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းအေနနဲ႔ သူတို႔ရဲ႕ အုပ္စု(D)မွာ ပရီးမီးယားလိဂ္ရဲ႕ အင္အားႀကီးဆိုၿပီး ဦးေဆာင္ဖို႔ကိုေတာ့ လက္ရွိအခ်ိန္အထိ မလုပ္ႏိုင္ခဲ့ေသးဘဲ ပြဲစဥ္ ၅ အထိ ကစားၿပီးသြားခဲ့ခ်ိန္မွာ ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးနဲ႔ ရမွတ္ ၈ မွတ္သာ စုေဆာင္းႏိုင္ခဲ့ၿပီး အုပ္စုကေန လြန္ေျမာက္ဖို႔ ခက္ခဲေနခဲ့ေသးတာျဖစ္ပါတယ္။

နည္းျပ ကြန္တီအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဒိုင္ယာ၊ ေဒးဗီးစ္၊ ႐ိုမဲ႐ိုးတို႔ကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္၊ ဒိုဟာတီနဲ႔ ပါရီရွစ္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္၊ လူးကပ္စ္ ေမာ္ရာနဲ႔ ဟာရီကိန္းတို႔ကို လူစုံထုတ္ခဲ့ေပမယ့္ ႏိုင္ပြဲရေအာင္ေတာ့ မစြမ္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာ ဧည့္သည္ စပို႔တင္း လစၥဘြန္းတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန တန္ျပန္တိုက္စစ္ဆင္လာခဲ့ၿပီး အသင္းေဖာ္တိုက္စစ္မႉး ေပၚလင္ညိဳနဲ႔ ဝမ္းတူး႐ိုက္ထြက္လာခဲ့တဲ့ စပါးစ္လူငယ္ကစားသမားေဟာင္း အက္ဒ္ဝပ္စ္က ဧရိယာအျပင္ကေန အနိမ့္ေဘာ လွမ္းကန္ခဲ့ရာမွာ ဂိုးသမား လိုရစ္ အငိုက္မိသြားခဲ့လို႔ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့ၿပီး ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲခ်ိန္ မိနစ္ ၈၀ မွာမွ တစ္ခ်ိန္လုံး ဝါရီပြားေနခဲ့ရတဲ့ အိမ္ရွင္စပါးစ္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ပါရီရွစ္ခ်္ ကန္တင္ေပးရာမွာ စပို႔တင္း လစၥဘြန္းေနာက္ခံလူေတြထက္ ပိုၿပီး အျမင့္ဆုံး ခုန္ႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဘင္တန္ကာက အနီးကပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ဘယ္ျခမ္းကေန ပါရီရွစ္ခ်္ ေထာင့္ျဖတ္ကန္တင္ေပးတာကို ဧရိယာထဲကေန ေခါင္းတိုက္ခ်ခဲ့တဲ့ ႐ိုယဲလ္ေၾကာင့္ စပို႔တင္းခံစစ္နဲ႔ ထိထြက္လာတဲ့ ေဘာလုံးကို ဟာရီကိန္းက အနီးကပ္ ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေဘာလုံးထက္ ဖိနပ္တစ္ဖက္စာေလာက္ လူကြၽံေနတယ္လို႔ သတ္မွတ္ခံရၿပီး ပရီးမီးယားလိဂ္မွာလို အဂၤလန္ကပၸတိန္ အရွိန္အဝါ မရွိတာေၾကာင့္ ႐ိုက္ခ်ခံခဲ့ရၿပီး နည္းျပ ကြန္တီပါ အနီကတ္ထိခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ စပါးစ္တို႔အေနနဲ႔ ရမွတ္ ၈ မွတ္နဲ႔ အုပ္စုကို ဦးေဆာင္ေနခဲ့ေပမယ့္ ဒုတိယေနရာနဲ႔ တတိယေနရာက စပို႔တင္း လစၥဘြန္းနဲ႔ အိုင့္ထရက္ခ်္ ဖရန႔္ဖတ္တို႔က ၇ မွတ္စီ ရယူထားခဲ့ၾကသလို စတုတၳေနရာက မာေဆးလ္တို႔က ၆ မွတ္ ရရွိထားခဲ့တာေၾကာင့္ ဘယ္သူက ဘယ္ေနရာကို ရမလဲဆိုတာေတာင္ မျပတ္သားႏိုင္ေသးတာပါ။

ေနာက္ဆုံးပြဲစဥ္မွာေတာ့ စပါးစ္တို႔က အေဝးကြင္းမွာ မာေဆးလ္နဲ႔ ကစားရမွာျဖစ္လို႔ လက္ရွိေျခစြမ္းအရ ခက္ခဲမယ့္ ပြဲျဖစ္ေနသလို စပို႔တင္း လစၥဘြန္းကေတာ့ ဖရန႔္ဖတ္နဲ႔ အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ အခြင့္အေရး ပိုေကာင္းေနတာလည္းျဖစ္ၿပီး ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

မာေဆးလ္တို႔အေနနဲ႔ စပါးစ္ကို ႏိုင္ခဲ့တဲ့ ရမွတ္ ၉ မွတ္နဲ႔ အုပ္စု ဒုတိယ အနည္းဆုံးရသြားႏိုင္ၿပီး စပါးစ္တို႔ကေတာ့ သေရအနည္းဆုံးရမွ အဆင္ေျပႏိုင္မွာျဖစ္သလို ၉ မွတ္ရတဲ့ အသင္းကေတာ့ အနည္းဆုံး အုပ္စု ဒုတိယေနရာကို အာမခံခ်က္ ရွိႏိုင္မွာျဖစ္ၿပီး စပို႔တင္းနဲ႔ ဖရန႔္ဖတ္တို႔ကေတာ့ သေရက်ခဲ့ရင္ ႏွစ္သင္းစလုံး တိုင္ပတ္သြားႏိုင္ေပမယ့္ Head to Head အရ စပါးစ္တို႔ ရႈံးခဲ့ရင္ စပို႔တင္းက ဒုတိယေနရာကို ရယူႏိုင္မွာပါ။

ပရီးမီးယားလိဂ္မွာလည္း ရလဒ္ေတြ မေကာင္းဘဲ ရႈံးပြဲေတြ ႀကဳံေနရတဲ့ နည္းျပ ကြန္တီကေတာ့ ေနာက္ဆုံးပြဲ မာေဆးလ္ကြင္းမွာ ပြဲပယ္ခံရႏိုင္ခ်ိန္မွာ လိုအပ္တဲ့ ရမွတ္ တစ္မွတ္ကို အေဝးကေန ရယူေပးႏိုင္မွာလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အိမ္ကြင္းကစားရမယ့္ စပို႔တင္းတို႔ပဲ အုပ္စုဗိုလ္ျဖစ္သြားမလား၊ စပါးစ္တို႔ပဲ အေဝးကြင္းႏိုင္ပြဲနဲ႔ အုပ္စုဗိုလ္ျဖစ္သြားမလား၊ မာေဆးလ္တို႔ပဲ ပထမရမလားဆိုတာကေတာ့ ရင္တမမနဲ႔ ၾကည့္ရဦးမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.