Premier League UCL&UEL

ဒီလောက်ဂြိုဟ်မွှေတဲ့ VAR မရှိသင့်တော့ဘူးလို့ ယုံကြည်နေတဲ့ ကွန်တီ

တော့တင်ဟမ်ဟော့စပါးအသင်းဟာ စပို့တင်း လစ္စဘွန်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟာရီ ကိန်းက လူကျွံနေခဲ့တယ်ဆိုပြီး နောက်ကျ အနိုင်ဂိုးကို ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

စပါးစ်ကွင်းလယ်လူဟောင်း မားကပ်စ် အက်ဒွပ်က ပေါ်တူဂီကလပ်အသင်းကို ပထမပိုင်းမှာ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး စပါးစ်အသင်းဟာ မိနစ် ၈၀ ကျမှ ဘန်တန်ကာရဲ့ ချေပဂိုးကြောင့် တစ်ဖက် ၁ ဂိုးစီ ညီမျှသွားခဲ့တာဖြစ်ပါတယ်။ အန်တိုနီယို ကွန်တီရဲ့အသင်းဟာ ပြီးတဲ့နောက်မှာတော့ အီမာဆန် ရိုင်ရယ်ရဲ့ ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဟာရီ ကိန်းက အနီးကပ်ပိတ်သွင်းယူနိုင်ခဲ့ပြီးနောက် အနိုင်ဂိုး ရရှိပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR က အချိန်ကြာမြင့်စွာ ပြန်လည်စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဟာရီ ကိန်းဟာ အီမာဆန်က ပင်နယ်တီဧရိယာထဲကို ခေါင်းတိုက်ချပေးချိန်မှာ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးအဖြစ် ခွင့်ပြုပေးဖို့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ကွန်တီကလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး စောဒကတက်ခဲ့တဲ့အတွက် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပြီး စပါးစ်ရဲ့ အုပ်စု D နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မာဆေးလ်နဲ့ပွဲစဉ်မှာ အသင်းကို ကွင်းဘေးစည်းကနေ ညွှန်ကြားနိုင်တော့မှာ မဟုတ်တာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းဟာ အုပ်စု D ရဲ့ အုပ်စုဗိုလ်အဖြစ် ရမှတ် ၈ မှတ်နဲ့ ဦးဆောင်ထားနိုင်ဆဲဖြစ်ပေမယ့်လည်း စပို့တင်း၊ ဖရန့်ဖွတ်တို့က ရမှတ် ၇ မှတ်နဲ့ လိုက်လံဖိအားပေးနေပြီး မာဆေးလ်အသင်းကလည်း ရမှတ် ၆ မှတ်ရရှိထားတာဖြစ်ပါတယ်။

ပွဲအပြီးမှာ လူကျွံဘောနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ ကွန်တီက “ဘောလုံးက ကိန်းရဲ့ရှေ့မှာရှိခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ဂိုးက ဂိုးပေးရမယ့်ဂိုးပါ။ ဟုတ်ပါတယ်။ ကျွန်တော် သူတို့တွေ ထည့်လိုက်တဲ့ မျဉ်းကို နားမလည်ပါဘူး အဲဒီဆုံးဖြတ်ချက်အပေါ် မှတ်ချက်ပေးဖို့ အရမ်းခက်ပါတယ်”

“VAR က ထိခိုက်ပျက်စီးမှုအများကြီးကို လုပ်ဆောင်နေတယ်။ ကျွန်တော် တခြားအသင်းကြီးတစ်သင်းရဲ့ ကွင်းကြီးထဲမှာဆိုရင် ဒီလို ဂိုးမျိုးကို သူတို့ ခွင့်မပြုဘဲနေဖို့ အဆင်သင့်ဖြစ်နေမလား သိချင်တယ်။ ကျွန်တော် ဒီဟာကို သိချင်ပါတယ်။ တရားမျှတမှုမရှိတာတွေ အများကြီးပဲ။ ကျွန်တော် ဒီလို အခြေအနေမျိုးကို သဘောမကျဘူး။ ဘာမှ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ မမြင်ပါဘူး။ ဒုတိယပိုင်းက အပေါင်းလက္ခဏာဆောင်ခဲ့ပြီး ကျွန်တော်တို့ အလွန်ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ဘာဖြစ်ခဲ့လဲ ကျွန်တော်တို့ သိပါတယ်”

“ကျွန်တော်တို့ ဒီပွဲစဉ်မှာ နောက်တဆင့်တက်ဖို့ အဆုံးသတ်နိုင်တဲ့အချိန်မှာ နောက်ပွဲစဉ်ကနေ ဘာကြောင့် တစ်စုံတရာကို ရယူရမှာလဲဆိုတာကို ကျွန်တော် နားမလည်ပါဘူး။ ခင်ဗျား ဒီလို အခြေအနေမျိုးကို ဖန်တီးလိုက်တဲ့အခါမှာ အသင်းကို ထိခိုက်ပျက်စီးမှုအများကြီး ဖန်တီးလိုက်တာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ စပို႔တင္း လစၥဘြန္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဟာရီ ကိန္းက လူကြၽံေနခဲ့တယ္ဆိုၿပီး ေနာက္က် အႏိုင္ဂိုးကို ျငင္းပယ္ျခင္းခံခဲ့ရပါတယ္။

စပါးစ္ကြင္းလယ္လူေဟာင္း မားကပ္စ္ အက္ဒြပ္က ေပၚတူဂီကလပ္အသင္းကို ပထမပိုင္းမွာ ဦးေဆာင္ႏိုင္ေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး စပါးစ္အသင္းဟာ မိနစ္ ၈၀ က်မွ ဘန္တန္ကာရဲ႕ ေခ်ပဂိုးေၾကာင့္ တစ္ဖက္ ၁ ဂိုးစီ ညီမွ်သြားခဲ့တာျဖစ္ပါတယ္။ အန္တိုနီယို ကြန္တီရဲ႕အသင္းဟာ ၿပီးတဲ့ေနာက္မွာေတာ့ အီမာဆန္ ႐ိုင္ရယ္ရဲ႕ ေခါင္းတိုက္ခ်ေပးလိုက္တဲ့ ေဘာလုံးကို ဟာရီ ကိန္းက အနီးကပ္ပိတ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အႏိုင္ဂိုး ရရွိၿပီး ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီလို႔ ထင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း VAR က အခ်ိန္ၾကာျမင့္စြာ ျပန္လည္စစ္ေဆးၾကည့္ရႈခဲ့ၿပီးေနာက္ ဟာရီ ကိန္းဟာ အီမာဆန္က ပင္နယ္တီဧရိယာထဲကို ေခါင္းတိုက္ခ်ေပးခ်ိန္မွာ လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးအျဖစ္ ခြင့္ျပဳေပးဖို႔ ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။ ကြန္တီကလည္း ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ကို ေဒါသတႀကီး ေစာဒကတက္ခဲ့တဲ့အတြက္ အနီကတ္ျပ ထုတ္ပယ္ျခင္းခံခဲ့ရၿပီး စပါးစ္ရဲ႕ အုပ္စု D ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ မာေဆးလ္နဲ႔ပြဲစဥ္မွာ အသင္းကို ကြင္းေဘးစည္းကေန ၫႊန္ၾကားႏိုင္ေတာ့မွာ မဟုတ္တာ ျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ အုပ္စု D ရဲ႕ အုပ္စုဗိုလ္အျဖစ္ ရမွတ္ ၈ မွတ္နဲ႔ ဦးေဆာင္ထားႏိုင္ဆဲျဖစ္ေပမယ့္လည္း စပို႔တင္း၊ ဖရန႔္ဖြတ္တို႔က ရမွတ္ ၇ မွတ္နဲ႔ လိုက္လံဖိအားေပးေနၿပီး မာေဆးလ္အသင္းကလည္း ရမွတ္ ၆ မွတ္ရရွိထားတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ လူကြၽံေဘာနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ရာမွာ ကြန္တီက “ေဘာလုံးက ကိန္းရဲ႕ေရွ႕မွာရွိခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ဂိုးက ဂိုးေပးရမယ့္ဂိုးပါ။ ဟုတ္ပါတယ္။ ကြၽန္ေတာ္ သူတို႔ေတြ ထည့္လိုက္တဲ့ မ်ဥ္းကို နားမလည္ပါဘူး အဲဒီဆုံးျဖတ္ခ်က္အေပၚ မွတ္ခ်က္ေပးဖို႔ အရမ္းခက္ပါတယ္”

“VAR က ထိခိုက္ပ်က္စီးမႈအမ်ားႀကီးကို လုပ္ေဆာင္ေနတယ္။ ကြၽန္ေတာ္ တျခားအသင္းႀကီးတစ္သင္းရဲ႕ ကြင္းႀကီးထဲမွာဆိုရင္ ဒီလို ဂိုးမ်ိဳးကို သူတို႔ ခြင့္မျပဳဘဲေနဖို႔ အဆင္သင့္ျဖစ္ေနမလား သိခ်င္တယ္။ ကြၽန္ေတာ္ ဒီဟာကို သိခ်င္ပါတယ္။ တရားမွ်တမႈမရွိတာေတြ အမ်ားႀကီးပဲ။ ကြၽန္ေတာ္ ဒီလို အေျခအေနမ်ိဳးကို သေဘာမက်ဘူး။ ဘာမွ အေပါင္းလကၡဏာေဆာင္တဲ့အရာေတြ မျမင္ပါဘူး။ ဒုတိယပိုင္းက အေပါင္းလကၡဏာေဆာင္ခဲ့ၿပီး ကြၽန္ေတာ္တို႔ အလြန္ျပင္းထန္တဲ့အရွိန္အဟုန္နဲ႔ ကစားခဲ့တယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရဖို႔ ထိုက္တန္ခဲ့ေပမယ့္ ဘာျဖစ္ခဲ့လဲ ကြၽန္ေတာ္တို႔ သိပါတယ္”

“ကြၽန္ေတာ္တို႔ ဒီပြဲစဥ္မွာ ေနာက္တဆင့္တက္ဖို႔ အဆုံးသတ္ႏိုင္တဲ့အခ်ိန္မွာ ေနာက္ပြဲစဥ္ကေန ဘာေၾကာင့္ တစ္စုံတရာကို ရယူရမွာလဲဆိုတာကို ကြၽန္ေတာ္ နားမလည္ပါဘူး။ ခင္ဗ်ား ဒီလို အေျခအေနမ်ိဳးကို ဖန္တီးလိုက္တဲ့အခါမွာ အသင္းကို ထိခိုက္ပ်က္စီးမႈအမ်ားႀကီး ဖန္တီးလိုက္တာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.