Match Report Serie A UCL&UEL

ဒုတိယနေရာအတွက် ပယ်လ်ဇန်ကို ဂိုးပြတ်နိုင်ပွဲနဲ့ သေချာစေခဲ့တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ရှကရီညာ၊ အချယ်ဘီနဲ့ ဘက်စ်တိုနီတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဘာရဲလား၊ ချယ်လ်ဟာနိုးလူး၊ မစ်ခီတာရီယန်၊ ဒမ်းဖရီးစ်နဲ့ ဒီမာကိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ လော်တာရို မာတီနက်ဇ်နဲ့ ဂျက်ကိုတို့ကို တွဲဖက်ကစားစေခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချက်ကလပ် ပယ်လ်ဇန်တို့ကတော့ ဂိုးသမား စတာနက်ခ်၊ ခံစစ်မှာ တီဂျာနီ၊ ပါနီဆာ၊ ဟိုင်ဒါတို့ကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ ဘူခါ၊ ကယ်လ်ဗက်ချ်၊ ဟာဗယ်လ်နဲ့ မော့စ်ကေးရာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ယီရ်ကာ၊ ဗယ်လ်ကာနိုဗာနဲ့ ဘက်ဆီတို့ကို အသုံးပြုခဲ့တာပါ။

အင်တာမီလန်တို့အနေနဲ့ ဒီပွဲနိုင်ရင် သူတို့ရဲ့ အုပ်စုတက်ရေးမှာ ဒုတိယနေရာ သေချာသွားတော့မှာဖြစ်လို့ နေရာလုဘက် ဘာစီလိုနာတို့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေမှုကို အခွင့်ကောင်းယူနိုင်ဖို့ အိမ်ကွင်း ဂျူဆက်ပီ မီယေဇာ(ဆန်စီရို)မှာ ပွဲစကတည်းက တိုက်စစ်ကို ဖိဖိစီးစီး ကစားလာခဲ့လို့ ပယ်လ်ဇန်တို့ ခံစစ်ပဲ ကစားနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ အင်တာမီလန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ တိုက်စစ်ကို လိုက်ပါကစားနေတဲ့ သုံးယောက်တန်းဘယ်အစွန်လူ ဘက်စတိုနီက ဒီမာကိုနဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဧရိယာအစပ်ကနေ ဖြတ်တင်ပေးခဲ့တာကို ခေါင်းခုန်တိုက်တာ လွဲသွားခဲ့တဲ့ ဂျက်ကိုရဲ့ နောက်ကနေ အဆင်သင့်ရှိနေတဲ့ မစ်ခီတာရီယန်က ခေါင်းတိုက်ပြီး ရယူသွားခဲ့တာပါ။

ပွဲချိန် ၄၂ မိနစ်မှာတော့ အင်တာမီလန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘာရဲလားက ဘယ်ခြမ်းကို ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ပြေးထွက်ရယူနိုင်ခဲ့တဲ့ ဒီမာကိုက ဂိုးရှေ့ကို ခါးဖြတ်ဘော လှမ်းမ,ပေးတာကို ဂျက်ကိုက အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အင်တာမီလန်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပယ်လ်ဇန်တို့အပေါ် ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ချက်တွေဘက်က ယီရ်ကာနဲ့ ဘက်ဆီတို့အစား ဟိုလစ်ခ်နဲ့ ခိုရီတို့ကို ထည့်ကစားခဲ့သလို ပွဲချိန် ၅၂ မိနစ်မှာ တီဂျာနီအစား ဂျီမယ်လ်ကာကို ထည့်သွင်းပြီး ချေပဂိုး ပြန်လည်ရယူနိုင်ဖို့နဲ့ တတိယနေရာအတွက် မျှော်လင့်ချက်ရှိနိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၆၆ မိနစ်မှာ အင်တာတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘာရဲလားက ပယ်လ်ဇန်ခံစစ်တန်းပေါ်ကနေ ဧရိယာထဲကို ကျော်ချပေးတာကို ပြေးထွက်ရယူနိုင်ခဲ့တဲ့ လော်တာရို မာတီနက်ဇ်က အတွင်းကို ပြန်ချိုးပေးခဲ့ရာမှာ ဂျက်ကိုက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အင်တာမီလန်တို့ဘက်က ဂျက်ကို၊ ချယ်လ်ဟာနိုးလူး၊ ဒီမာကို၊ လော်တာရို မာတီနက်ဇ်နဲ့ မစ်ခီတာရီယန်တို့ကို အနားပေးသွားခဲ့ပြီး ကော်ရီးယား၊ အက်စ်လာနီ၊ ဂိုဆန်စ်၊ လူကာကူးနဲ့ ဂက်ဂလီယာဒီနီတို့ကို ထည့်သွင်းသွားခဲ့ကြသလို အရန်ခုံက လူတွေကို အခွင့်အရေး ပေးခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ အင်တာမီလန်တို့အတွက် စတုတ္ထဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘာရဲလားပေးတဲ့ ဘောလုံးကို ဒီရာသီမှာ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေခဲ့ရတဲ့ လူကာကူးက ကော်ရီးယားနဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဧရိယာထဲကနေ အပြင်းကန်သွင်းခဲ့ရာမှာ ဘယ်ဘက် တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အင်တာမီလန်တို့အနေနဲ့ ဒီထက်ပိုပြီး ဂိုးတွေ ရနိုင်တဲ့ ပွဲကို လေးဂိုး-ဂိုးမရှိနဲ့ စာရင်းချုပ် ကျေနပ်ခဲ့ရချိန်မှာ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကို သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ အုပ်စု ဒုတိယအဖြစ် တက်ရောက်သွားနိုင်ခဲ့ကြပြီး ဘာစီလိုနာတို့ကိုတော့ ယူရိုပါလိဂ်ကနေ ရွေးချယ်စရာမရှိအောင် ချန်ထားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အင္တာမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ရွကရီညာ၊ အခ်ယ္ဘီနဲ႔ ဘက္စ္တိုနီတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဘာရဲလား၊ ခ်ယ္လ္ဟာႏိုးလူး၊ မစ္ခီတာရီယန္၊ ဒမ္းဖရီးစ္နဲ႔ ဒီမာကိုတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ဂ်က္ကိုတို႔ကို တြဲဖက္ကစားေစခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခ်က္ကလပ္ ပယ္လ္ဇန္တို႔ကေတာ့ ဂိုးသမား စတာနက္ခ္၊ ခံစစ္မွာ တီဂ်ာနီ၊ ပါနီဆာ၊ ဟိုင္ဒါတို႔ကို ပြဲထြက္ေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘူခါ၊ ကယ္လ္ဗက္ခ်္၊ ဟာဗယ္လ္နဲ႔ ေမာ့စ္ေကးရာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ယီရ္ကာ၊ ဗယ္လ္ကာႏိုဗာနဲ႔ ဘက္ဆီတို႔ကို အသုံးျပဳခဲ့တာပါ။

အင္တာမီလန္တို႔အေနနဲ႔ ဒီပြဲႏိုင္ရင္ သူတို႔ရဲ႕ အုပ္စုတက္ေရးမွာ ဒုတိယေနရာ ေသခ်ာသြားေတာ့မွာျဖစ္လို႔ ေနရာလုဘက္ ဘာစီလိုနာတို႔ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံေနမႈကို အခြင့္ေကာင္းယူႏိုင္ဖို႔ အိမ္ကြင္း ဂ်ဴဆက္ပီ မီေယဇာ(ဆန္စီ႐ို)မွာ ပြဲစကတည္းက တိုက္စစ္ကို ဖိဖိစီးစီး ကစားလာခဲ့လို႔ ပယ္လ္ဇန္တို႔ ခံစစ္ပဲ ကစားေနခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာ အင္တာမီလန္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန တိုက္စစ္ကို လိုက္ပါကစားေနတဲ့ သုံးေယာက္တန္းဘယ္အစြန္လူ ဘက္စတိုနီက ဒီမာကိုနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဧရိယာအစပ္ကေန ျဖတ္တင္ေပးခဲ့တာကို ေခါင္းခုန္တိုက္တာ လြဲသြားခဲ့တဲ့ ဂ်က္ကိုရဲ႕ ေနာက္ကေန အဆင္သင့္ရွိေနတဲ့ မစ္ခီတာရီယန္က ေခါင္းတိုက္ၿပီး ရယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ အင္တာမီလန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘာရဲလားက ဘယ္ျခမ္းကို ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေျပးထြက္ရယူႏိုင္ခဲ့တဲ့ ဒီမာကိုက ဂိုးေရွ႕ကို ခါးျဖတ္ေဘာ လွမ္းမ,ေပးတာကို ဂ်က္ကိုက အနီးကပ္ ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အင္တာမီလန္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ပယ္လ္ဇန္တို႔အေပၚ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ ခ်က္ေတြဘက္က ယီရ္ကာနဲ႔ ဘက္ဆီတို႔အစား ဟိုလစ္ခ္နဲ႔ ခိုရီတို႔ကို ထည့္ကစားခဲ့သလို ပြဲခ်ိန္ ၅၂ မိနစ္မွာ တီဂ်ာနီအစား ဂ်ီမယ္လ္ကာကို ထည့္သြင္းၿပီး ေခ်ပဂိုး ျပန္လည္ရယူႏိုင္ဖို႔နဲ႔ တတိယေနရာအတြက္ ေမွ်ာ္လင့္ခ်က္ရွိႏိုင္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၆၆ မိနစ္မွာ အင္တာတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘာရဲလားက ပယ္လ္ဇန္ခံစစ္တန္းေပၚကေန ဧရိယာထဲကို ေက်ာ္ခ်ေပးတာကို ေျပးထြက္ရယူႏိုင္ခဲ့တဲ့ ေလာ္တာ႐ို မာတီနက္ဇ္က အတြင္းကို ျပန္ခ်ိဳးေပးခဲ့ရာမွာ ဂ်က္ကိုက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အင္တာမီလန္တို႔ဘက္က ဂ်က္ကို၊ ခ်ယ္လ္ဟာႏိုးလူး၊ ဒီမာကို၊ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ မစ္ခီတာရီယန္တို႔ကို အနားေပးသြားခဲ့ၿပီး ေကာ္ရီးယား၊ အက္စ္လာနီ၊ ဂိုဆန္စ္၊ လူကာကူးနဲ႔ ဂက္ဂလီယာဒီနီတို႔ကို ထည့္သြင္းသြားခဲ့ၾကသလို အရန္ခုံက လူေတြကို အခြင့္အေရး ေပးခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ အင္တာမီလန္တို႔အတြက္ စတုတၳဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘာရဲလားေပးတဲ့ ေဘာလုံးကို ဒီရာသီမွာ ေျခစြမ္းမျပႏိုင္လို႔ ေဝဖန္ခံေနခဲ့ရတဲ့ လူကာကူးက ေကာ္ရီးယားနဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဧရိယာထဲကေန အျပင္းကန္သြင္းခဲ့ရာမွာ ဘယ္ဘက္ တိုင္ေျခကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အင္တာမီလန္တို႔အေနနဲ႔ ဒီထက္ပိုၿပီး ဂိုးေတြ ရႏိုင္တဲ့ ပြဲကို ေလးဂိုး-ဂိုးမရွိနဲ႔ စာရင္းခ်ဳပ္ ေက်နပ္ခဲ့ရခ်ိန္မွာ ခ်န္ပီယံလိဂ္ ရႈံးထြက္ ၁၆ သင္းအဆင့္ကို သုံးပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ၁၀ မွတ္နဲ႔ အုပ္စု ဒုတိယအျဖစ္ တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး ဘာစီလိုနာတို႔ကိုေတာ့ ယူ႐ိုပါလိဂ္ကေန ေ႐ြးခ်ယ္စရာမရွိေအာင္ ခ်န္ထားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.