Bundesliga La Liga Match Report UCL&UEL

အင်တာက ဝုန်းပြီး ဘိုင်ယန်က ကြုံးချိန်မှာ ယူရိုပါလိဂ်ဆီကို ပုန်းခဲ့ရတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ မားကို့စ် အလွန်ဆို၊ ဘယ်လာရင်နဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ကက်ဆီယေးနဲ့ ဒီယုံးတို့ရဲ့ ဝါအရင့်ဆုံး အတွဲအဖက်ကို ရွေးချယ်ခဲ့သလို တိုက်စစ်မှာတော့ ပက်ဒရီ၊ လီဗန်ဒေါ့ဗ်စကီးနဲ့ ဒမ်ဘီလီတို့ ကစားခဲ့ကြပြီး ခြေပျက်နေတဲ့ ရာဖင်ညာကိုတော့ အရန်ခုံမှာပဲ ထားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်တို့ကတော့ ဂိုးသမား အူးလ်ရိုက်ချ်၊ ခံစစ်မှာ အူပါမီကာနို၊ ဒီလစ်ချ်၊ မာဇရာဝီနဲ့ ဒေးဗီးစ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဂိုရက်ဇ်ကာ၊ ကင်းမစ်ချ်နဲ့ မူစီယာလာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာနေး၊ ဂနာဘရီနဲ့ ချူပို-မိုတင်းတို့ကို ပွဲထုတ်ခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာကတည်းက ဧည့်သည် ဘာဗေးရီးယားသားတွေ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ မာဇရာဝီ ပေးတဲ့ ဘောလုံးကို ကွင်းလယ်အစပ်ကနေ ဂနာဘရီက ဘာစီလိုနာခံစစ်ကြားကနေ ခင်းပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့ မာနေးက ဂိုးသမား တာစတီဂန်နဲ့ တစ်ဦးချင်းအတွေ့မှာ သွေးအေးအေးနဲ့ အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ လီဗာပူးလ်တိုက်စစ်မှူးဟောင်းအနေနဲ့ သူကောင်းကောင်း ပညာပေးနေကျ အာဆင်နယ်ဟောင်း ဟက်တာ ဘယ်လာရင်နဲ့ ပြန်ဆုံခဲ့ချိန်မှာ စပိန်နောက်ခံလူရဲ့ လူကျွံဘောဖမ်းပုံ အားနည်းမှုကို အခွင့်ကောင်းယူသွားခဲ့တာဖြစ်ပြီး တစ်ယောက်ချင်း ယှဉ်ပြေးတဲ့ ပြေးပွဲကိုလည်း အမြန်နှုန်းအရ ကောင်းကောင်းကြီး ချိုးနှိမ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာ ဘိုင်ယန်မြူးနစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ တောင်ပံကစားသမား ဂနာဘရီက ဂိုးရှေ့ညာခြမ်းက နေရာလွတ်ထဲကို ချပေးလိုက်တဲ့ ဘောလုံးကို ဘာစီလိုနာခံစစ်က နှေးကွေးနေခဲ့ချိန်မှာ ဂိုးသမား တာစတီဂန်ပါ တိုင်ပတ်သွားခဲ့ပြီး မလိုအပ်ဘဲ ဂိုးရှေ့က ခွာပြီး ထောင့်ပိတ်ဖို့ နေရာရွှေ့ခဲ့စဉ်မှာ ချူပို-မိုတင်းက ပေါ်လာတဲ့ ပေါင်ကြားဟာကွက်ထဲ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နောက်ခံလူဟောင်း ဘယ်လာရင်ကတော့ ဘာစီလိုနာတို့ရဲ့ ပေးဂိုးနှစ်ဂိုးစလုံးကို လူကျွံဘော မဖြစ်ဖို့အတွက် ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ပိုင်းကို စိတ်ပျက်စရာပုံစံနဲ့ ကူညီပေးခဲ့သလို ဒီနှစ်ဂိုးစလုံးကို နောက်ထပ် အာဆင်နယ်ကစားသမားဟောင်းတစ်ဦးပဲဖြစ်တဲ့ ဂနာဘရီက ခြေစွမ်းပြ ဖန်တီးပေးခဲ့တာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုလည်းဖြစ်ခဲ့တာပါ။

ဘာစီလိုနာတို့အနေနဲ့ ခံစစ်မှာ ဒဏ်ရာတွေ များနေခဲ့သလို ခြေပျက်နေတဲ့ ကစားသမားတွေရဲ့ ဒဏ်ကိုပါ ခံခဲ့ရတာဖြစ်ပြီး ကွန်ဒီတစ်ယောက်သာ ဗဟိုခံစစ်မှူးစစ်စစ်အဖြစ် ရှိနေခဲ့သလို Wing Back မားကို့စ် အလွန်ဆိုကို အလယ်မှာ သုံးနေခဲ့ရပြီး အဲရစ် ဂါစီယာနဲ့ ပီကေးတို့ကလည်း အသင်းကြီးအဆင့် ရှိမနေတော့ချိန်မှာ နောက်တန်းကစားပုံက ချို့တဲ့ခဲ့ချိန်မှာ ပြဿနာကြီးမားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာ ဧရိယာထဲမှာ လီဗန်ဒေါ့ဗ်စကီးနဲ့ ဘောလုံးလုရင်း တိုက်မိခဲ့တဲ့ ဒီလစ်ချ်ကို အဝါကတ်ပြပြီး ပင်နယ်တီပေးခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပြီး ပယ်ဖျက်သွားခဲ့တာကြောင့် ပထမပိုင်းကိုတော့ ဧည့်သည် ဘိုင်ယန်မြူးနစ်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ဘိုင်ယန်ဘက်က ဂိုရက်ဇ်ကာအစား ဆာဘစ်ဇာ ဝင်လာခဲ့သလို ဘာစီလိုနာတို့အနေနဲ့ အိမ်ကွင်းအားနဲ့ ဖိကစားဖို့ ကြိုးစားလာခဲ့ပေမယ့် တိုက်စစ်ဆင်မှုတွေရဲ့ အဆုံးသတ် End Product တွေမှာ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ခက်ခဲနေခဲ့ပြီး ဆာဂျီယို ဘူးစ်ကွက်စ်၊ ပက်ဒရီ၊ ဒမ်ဘီလီနဲ့ ကွန်ဒီတို့အစား ဖယ်ရန် တောရက်စ်၊ ရာဖင်ညာ၊ အန်ဆူ ဖာတီနဲ့ အဲရစ် ဂါစီယာတို့ကို ပြောင်းလဲသွားခဲ့ပါတယ်။

ဘိုင်ယန်တို့ဘက်ကတော့ အူပါမီကာနို၊ ချူပို-မိုတင်း၊ မူစီယာလာနဲ့ မာဇရာဝီတို့အစား ပါဗတ်၊ မူလာ၊ ဂရာဗင်ဘာ့ချ်နဲ့ စတန်နီရှစ်ချ်တို့ကို ထည့်သွင်းသွားခဲ့ပြီး တန်ပြန်တိုက်စစ်တွေနဲ့ အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားသွားခဲ့သလို အိမ်ရှင်တွေဘက်ကတော့ အသင်းဟောင်းကို ပြန်ရင်ဆိုင်တဲ့ လီဗန်ဒေါ့ဗ်စကီး ခြေစွမ်းမပြနိုင်တာကြောင့် လူငယ်ကစားသမား ပါဘလို တော်ရီနဲ့ပါ ထပ်လဲခဲ့ရတာပါ။

ပွဲချိန် မိနစ် ၉၀ အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဘိုင်ယန်တို့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး နာကျင်ချိန်ပို ၅ မိနစ်မှာတော့ ဘာစီလိုနာတို့ကို အပြီးတိုင် ပြိုလဲစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ မြေထောက် Volley ကန်သွင်းဖို့ ကြိုးစားတဲ့ ဂနာဘရီရဲ့ ကန်ချက်က နောက်ခံလူတွေအားလုံးကို ကျော်ကျလာချိန်မှာ ညာဘက်တိုင်နားမှာ နေရာယူထားတဲ့ ပါဗတ်က ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ဘိုင်ယန်မြူးနစ်တို့က ဘာစီလိုနာတို့ကို နှစ်ကျော့စလုံးအနိုင်ယူသွားနိုင်ခဲ့ကြပြီး သုံးဂိုး-ဂိုးမရှိနဲ့ နူးကမ့်မှာ အောင်ပွဲခံနိုင်ခဲ့ကြသလို ငါးပွဲကစား ငါးပွဲနိုင်နဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ချိန်မှာ ဘာစီလိုနာတို့ကတော့ တတိယနေရာကနေ ယူရိုပါလိဂ်ကို စွန့်စားခန်းသစ် ဆင်နွှဲဖို့ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ကြန္ဒီ၊ မားကို႔စ္ အလြန္ဆို၊ ဘယ္လာရင္နဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ကက္ဆီေယးနဲ႔ ဒီယုံးတို႔ရဲ႕ ဝါအရင့္ဆုံး အတြဲအဖက္ကို ေ႐ြးခ်ယ္ခဲ့သလို တိုက္စစ္မွာေတာ့ ပက္ဒရီ၊ လီဗန္ေဒါ့ဗ္စကီးနဲ႔ ဒမ္ဘီလီတို႔ ကစားခဲ့ၾကၿပီး ေျခပ်က္ေနတဲ့ ရာဖင္ညာကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္တို႔ကေတာ့ ဂိုးသမား အူးလ္႐ိုက္ခ်္၊ ခံစစ္မွာ အူပါမီကာႏို၊ ဒီလစ္ခ်္၊ မာဇရာဝီနဲ႔ ေဒးဗီးစ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂိုရက္ဇ္ကာ၊ ကင္းမစ္ခ်္နဲ႔ မူစီယာလာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မာေနး၊ ဂနာဘရီနဲ႔ ခ်ဴပို-မိုတင္းတို႔ကို ပြဲထုတ္ခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာကတည္းက ဧည့္သည္ ဘာေဗးရီးယားသားေတြ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန မာဇရာဝီ ေပးတဲ့ ေဘာလုံးကို ကြင္းလယ္အစပ္ကေန ဂနာဘရီက ဘာစီလိုနာခံစစ္ၾကားကေန ခင္းေပးခဲ့ရာမွာ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့ မာေနးက ဂိုးသမား တာစတီဂန္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေသြးေအးေအးနဲ႔ အဆုံးသတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ လီဗာပူးလ္တိုက္စစ္မႉးေဟာင္းအေနနဲ႔ သူေကာင္းေကာင္း ပညာေပးေနက် အာဆင္နယ္ေဟာင္း ဟက္တာ ဘယ္လာရင္နဲ႔ ျပန္ဆုံခဲ့ခ်ိန္မွာ စပိန္ေနာက္ခံလူရဲ႕ လူကြၽံေဘာဖမ္းပုံ အားနည္းမႈကို အခြင့္ေကာင္းယူသြားခဲ့တာျဖစ္ၿပီး တစ္ေယာက္ခ်င္း ယွဥ္ေျပးတဲ့ ေျပးပြဲကိုလည္း အျမန္ႏႈန္းအရ ေကာင္းေကာင္းႀကီး ခ်ိဳးႏွိမ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ဘိုင္ယန္ျမဴးနစ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေတာင္ပံကစားသမား ဂနာဘရီက ဂိုးေရွ႕ညာျခမ္းက ေနရာလြတ္ထဲကို ခ်ေပးလိုက္တဲ့ ေဘာလုံးကို ဘာစီလိုနာခံစစ္က ေႏွးေကြးေနခဲ့ခ်ိန္မွာ ဂိုးသမား တာစတီဂန္ပါ တိုင္ပတ္သြားခဲ့ၿပီး မလိုအပ္ဘဲ ဂိုးေရွ႕က ခြာၿပီး ေထာင့္ပိတ္ဖို႔ ေနရာေ႐ႊ႕ခဲ့စဥ္မွာ ခ်ဴပို-မိုတင္းက ေပၚလာတဲ့ ေပါင္ၾကားဟာကြက္ထဲ ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ေနာက္ခံလူေဟာင္း ဘယ္လာရင္ကေတာ့ ဘာစီလိုနာတို႔ရဲ႕ ေပးဂိုးႏွစ္ဂိုးစလုံးကို လူကြၽံေဘာ မျဖစ္ဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္ရဲ႕ တိုက္စစ္ပိုင္းကို စိတ္ပ်က္စရာပုံစံနဲ႔ ကူညီေပးခဲ့သလို ဒီႏွစ္ဂိုးစလုံးကို ေနာက္ထပ္ အာဆင္နယ္ကစားသမားေဟာင္းတစ္ဦးပဲျဖစ္တဲ့ ဂနာဘရီက ေျခစြမ္းျပ ဖန္တီးေပးခဲ့တာကေတာ့ ထူးျခားတဲ့ တိုက္ဆိုင္မႈလည္းျဖစ္ခဲ့တာပါ။

ဘာစီလိုနာတို႔အေနနဲ႔ ခံစစ္မွာ ဒဏ္ရာေတြ မ်ားေနခဲ့သလို ေျခပ်က္ေနတဲ့ ကစားသမားေတြရဲ႕ ဒဏ္ကိုပါ ခံခဲ့ရတာျဖစ္ၿပီး ကြန္ဒီတစ္ေယာက္သာ ဗဟိုခံစစ္မႉးစစ္စစ္အျဖစ္ ရွိေနခဲ့သလို Wing Back မားကို႔စ္ အလြန္ဆိုကို အလယ္မွာ သုံးေနခဲ့ရၿပီး အဲရစ္ ဂါစီယာနဲ႔ ပီေကးတို႔ကလည္း အသင္းႀကီးအဆင့္ ရွိမေနေတာ့ခ်ိန္မွာ ေနာက္တန္းကစားပုံက ခ်ိဳ႕တဲ့ခဲ့ခ်ိန္မွာ ျပႆနာႀကီးမားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာ ဧရိယာထဲမွာ လီဗန္ေဒါ့ဗ္စကီးနဲ႔ ေဘာလုံးလုရင္း တိုက္မိခဲ့တဲ့ ဒီလစ္ခ်္ကို အဝါကတ္ျပၿပီး ပင္နယ္တီေပးခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ဆုံးျဖတ္ခ်က္ကို ေျပာင္းျပန္လွန္ၿပီး ပယ္ဖ်က္သြားခဲ့တာေၾကာင့္ ပထမပိုင္းကိုေတာ့ ဧည့္သည္ ဘိုင္ယန္ျမဴးနစ္တို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ဘိုင္ယန္ဘက္က ဂိုရက္ဇ္ကာအစား ဆာဘစ္ဇာ ဝင္လာခဲ့သလို ဘာစီလိုနာတို႔အေနနဲ႔ အိမ္ကြင္းအားနဲ႔ ဖိကစားဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ တိုက္စစ္ဆင္မႈေတြရဲ႕ အဆုံးသတ္ End Product ေတြမွာ ထိထိေရာက္ေရာက္ မလုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ခက္ခဲေနခဲ့ၿပီး ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ပက္ဒရီ၊ ဒမ္ဘီလီနဲ႔ ကြန္ဒီတို႔အစား ဖယ္ရန္ ေတာရက္စ္၊ ရာဖင္ညာ၊ အန္ဆူ ဖာတီနဲ႔ အဲရစ္ ဂါစီယာတို႔ကို ေျပာင္းလဲသြားခဲ့ပါတယ္။

ဘိုင္ယန္တို႔ဘက္ကေတာ့ အူပါမီကာႏို၊ ခ်ဴပို-မိုတင္း၊ မူစီယာလာနဲ႔ မာဇရာဝီတို႔အစား ပါဗတ္၊ မူလာ၊ ဂရာဗင္ဘာ့ခ်္နဲ႔ စတန္နီရွစ္ခ်္တို႔ကို ထည့္သြင္းသြားခဲ့ၿပီး တန္ျပန္တိုက္စစ္ေတြနဲ႔ အႏိုင္ရလဒ္ကို ထိန္းသိမ္းဖို႔ ႀကိဳးစားသြားခဲ့သလို အိမ္ရွင္ေတြဘက္ကေတာ့ အသင္းေဟာင္းကို ျပန္ရင္ဆိုင္တဲ့ လီဗန္ေဒါ့ဗ္စကီး ေျခစြမ္းမျပႏိုင္တာေၾကာင့္ လူငယ္ကစားသမား ပါဘလို ေတာ္ရီနဲ႔ပါ ထပ္လဲခဲ့ရတာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဘိုင္ယန္တို႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး နာက်င္ခ်ိန္ပို ၅ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ကို အၿပီးတိုင္ ၿပိဳလဲေစမယ့္ တတိယဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ေျမေထာက္ Volley ကန္သြင္းဖို႔ ႀကိဳးစားတဲ့ ဂနာဘရီရဲ႕ ကန္ခ်က္က ေနာက္ခံလူေတြအားလုံးကို ေက်ာ္က်လာခ်ိန္မွာ ညာဘက္တိုင္နားမွာ ေနရာယူထားတဲ့ ပါဗတ္က ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲသိမ္းခရာမႈတ္ခ်ိန္မွာေတာ့ ဘိုင္ယန္ျမဴးနစ္တို႔က ဘာစီလိုနာတို႔ကို ႏွစ္ေက်ာ့စလုံးအႏိုင္ယူသြားႏိုင္ခဲ့ၾကၿပီး သုံးဂိုး-ဂိုးမရွိနဲ႔ ႏူးကမ့္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ငါးပြဲကစား ငါးပြဲႏိုင္နဲ႔ အုပ္စုဗိုလ္အျဖစ္ ရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ခ်ိန္မွာ ဘာစီလိုနာတို႔ကေတာ့ တတိယေနရာကေန ယူ႐ိုပါလိဂ္ကို စြန႔္စားခန္းသစ္ ဆင္ႏႊဲဖို႔ လက္ျပႏႈတ္ဆက္ခဲ့ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.