Bundesliga La Liga Premier League

ဘာစီလိုနာတို့ရဲ့ ယူရိုပါလိဂ်ရောက် ရှုံးပွဲအတွက် ပျော်နိုင်ခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်တွေ

ဘာစီလိုနာတို့ရဲ့ ဘိုင်ယန်မြူးနစ်ကို အိမ်ကွင်း နူးကမ့်မှာ သုံးဂိုး-ဂိုးမရှိနဲ့ သိက္ခာဆည်ဂိုးလေးတစ်ဂိုးတောင် မသွင်းနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ ပြုတ်ခဲ့လို့ ယူရိုပါလိဂ်ကို ပြောင်းရွှေ့အခြေချရတော့မယ့် ခပ်ဆိုးဆိုးပွဲစဉ်အပြီးမှာ သူတို့ကို မုန်းတီးတဲ့ အာဆင်နယ်ပရိသတ်တချို့အတွက်တော့ ဝမ်းသာဂုဏ်ယူစရာဖြစ်လာခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်အကယ်ဒမီထွက် ကစားသမားဟောင်းနှစ်ဦး ပါဝင်ခဲ့ကြပြီး တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ကြရချိန်မှာ နိုင်ပွဲရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဘက်က တောင်ပံတိုက်စစ်မှူး ဆာ့ဂျ် ဂနာဘရီနဲ့ ရှုံးပွဲတွေ့ခဲ့တဲ့ ဘာစီလိုနာတို့ဘက်က နောက်ခံလူ ဟက်တာ ဘယ်လာရင်တို့ ပါဝင်ခဲ့ကြတာပါ။

ဂျာမနီလက်ရွေးစင် ဂနာဘရီအနေနဲ့ ဒီနေ့ပွဲမှာ အထူးခြေစွမ်းပြခဲ့ပြီး သုံးဂိုးစလုံးကို ဖန်တီးပေးခဲ့သလို Rating အမှတ်ပေးမှုတွေမှာ ကိုးမှတ်ကနေ ဆယ်မှတ်အထိ ရယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၅၆ မိနစ်မှာ မဆိုစလောက်ကလေး ကျွံနေတဲ့ လူကျွံမှုနဲ့ သွင်းဂိုးကို ပယ်ဖျက်ခံခဲ့ရလို့သာ သူ့ရဲ့ ဒီနေ့စွမ်းဆောင်မှုမှာ ဂိုးတစ်ဂိုး မပါဝင်ခဲ့ရတာဖြစ်ပါတယ်။

ဒီအချိန်မှာ ဘာစီလိုနာရဲ့ စပိန်လက်ရွေးစင် ဘယ်လာရင်ကတော့ ပေးခဲ့တဲ့ ပထမဂိုးနှစ်ဂိုးမှာ ဆာဒီယို မာနေးနဲ့ အဲရစ် မက်ဇင် ချူပို-မိုတင်းတို့ လူမကျွံအောင် ကာကွယ်ပေးသလိုဖြစ်ခဲ့ရပြီး နှစ်ကြိမ်စလုံးမှာ ကာတာလန်သားတွေရဲ့ တခြားခံစစ်သမားတွေက လူကျွံဘောဖမ်းဖို့ အားထုတ်ခဲ့ချိန်မှာ သူ့ကြောင့်ပဲ လူကျွံထောင်ချောက်က ပျက်ပြားခဲ့ရပြီး ဂိုးပေးခဲ့ရတာပါ။

ဒီအတွက် အာဆင်နယ်ပရိသတ်တွေကြားမှာတော့ ဆိုက်ပိပြီး အသင်းအတွက် ကစားမပေးချင်ဘဲ စာချုပ်ဖျက်သိမ်းဖို့ တောင်းဆိုပြီး ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မရအောင် ကျေးဇူးမသိတတ်ခဲ့တဲ့ စပိန်နောက်ခံလူကို အချိန်ကိုက် လှောင်ပြောင်စရာဖြစ်ခဲ့ရပြီး သူတို့ရဲ့ ကစားသမားကောင်းတွေကို ခေါ်ယူဖျက်ဆီးလေ့ရှိတဲ့ ဘာစီလိုနာရဲ့ ကျရှုံးမှုအတွက်လည်း ဝမ်းသာနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အိမ်ရှင်တွေကို ဖြိုလှဲဖို့ ဘိုင်ယန်မြူးနစ်ရဲ့ သွင်းဂိုးသုံးဂိုးစလုံးကို ဖန်တီးပေးခဲ့တဲ့ အာဆင်နယ်ပရိသတ်အဖြစ် ရှိနေဆဲ ဂနာဘရီအတွက်လည်း ဂုဏ်ယူနိုင်ခဲ့ကြပြီး ဟေးလ်အန့်ဒ်အကယ်ဒမီထွက် အိုင်ဗရီကို့စ်နွယ်ဖွား ဂျာမန်သားရဲ့ စွမ်းဆောင်မှုနဲ့ ဘာစီလိုနာတို့ကို ယူရိုပါလိဂ်ဆီ အဆင်းဘီးတပ်ပေးလိုက်နိုင်တာအတွက်လည်း ပျော်ရွှင်နေကြမှာပါ။

ဂန်းနားပရိသတ်တွေအနေနဲ့ ၂၀၀၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဒိုင်ကူပြီး အနိုင်ယူခဲ့သလို သူတို့ရဲ့ ကစားသမားကောင်းတွေဖြစ်ကြတဲ့ သီယာရီ အွန်နရီ၊ အလက်ဇန်းဒါး လှက်ဘ်၊ ဖရန်ဆက်စ် ဖာဘရီဂက်စ်၊ အဲလက်စ်ဆောင်းတို့လို ခြေစွမ်းအမြင့်ဆုံးအချိန်မှာ လက်လွှတ်ခဲ့ရမှုတွေအတွက် ဘာစီလိုနာတို့ကို မုန်းတီးနေခဲ့ကြတာဖြစ်ပြီး ကာတာလန်သားတွေရဲ့ ကျရှုံးမှုကတော့ ဝဋ်လည်တယ်လို့ ဖန်တွေကြားမှာ ပြောစရာဖြစ်လာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာတို႔ရဲ႕ ဘိုင္ယန္ျမဴးနစ္ကို အိမ္ကြင္း ႏူးကမ့္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ သိကၡာဆည္ဂိုးေလးတစ္ဂိုးေတာင္ မသြင္းႏိုင္ခဲ့ဘဲ ရႈံးနိမ့္ခဲ့ရၿပီး ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကေန ျပဳတ္ခဲ့လို႔ ယူ႐ိုပါလိဂ္ကို ေျပာင္းေ႐ႊ႕အေျခခ်ရေတာ့မယ့္ ခပ္ဆိုးဆိုးပြဲစဥ္အၿပီးမွာ သူတို႔ကို မုန္းတီးတဲ့ အာဆင္နယ္ပရိသတ္တခ်ိဳ႕အတြက္ေတာ့ ဝမ္းသာဂုဏ္ယူစရာျဖစ္လာခဲ့ပါတယ္။

ဒီပြဲမွာ အာဆင္နယ္အကယ္ဒမီထြက္ ကစားသမားေဟာင္းႏွစ္ဦး ပါဝင္ခဲ့ၾကၿပီး တစ္ဦးနဲ႔တစ္ဦး ၿပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ခဲ့ၾကရခ်ိန္မွာ ႏိုင္ပြဲရခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ဘက္က ေတာင္ပံတိုက္စစ္မႉး ဆာ့ဂ်္ ဂနာဘရီနဲ႔ ရႈံးပြဲေတြ႕ခဲ့တဲ့ ဘာစီလိုနာတို႔ဘက္က ေနာက္ခံလူ ဟက္တာ ဘယ္လာရင္တို႔ ပါဝင္ခဲ့ၾကတာပါ။

ဂ်ာမနီလက္ေ႐ြးစင္ ဂနာဘရီအေနနဲ႔ ဒီေန႔ပြဲမွာ အထူးေျခစြမ္းျပခဲ့ၿပီး သုံးဂိုးစလုံးကို ဖန္တီးေပးခဲ့သလို Rating အမွတ္ေပးမႈေတြမွာ ကိုးမွတ္ကေန ဆယ္မွတ္အထိ ရယူႏိုင္ခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာ မဆိုစေလာက္ကေလး ကြၽံေနတဲ့ လူကြၽံမႈနဲ႔ သြင္းဂိုးကို ပယ္ဖ်က္ခံခဲ့ရလို႔သာ သူ႔ရဲ႕ ဒီေန႔စြမ္းေဆာင္မႈမွာ ဂိုးတစ္ဂိုး မပါဝင္ခဲ့ရတာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ဘာစီလိုနာရဲ႕ စပိန္လက္ေ႐ြးစင္ ဘယ္လာရင္ကေတာ့ ေပးခဲ့တဲ့ ပထမဂိုးႏွစ္ဂိုးမွာ ဆာဒီယို မာေနးနဲ႔ အဲရစ္ မက္ဇင္ ခ်ဴပို-မိုတင္းတို႔ လူမကြၽံေအာင္ ကာကြယ္ေပးသလိုျဖစ္ခဲ့ရၿပီး ႏွစ္ႀကိမ္စလုံးမွာ ကာတာလန္သားေတြရဲ႕ တျခားခံစစ္သမားေတြက လူကြၽံေဘာဖမ္းဖို႔ အားထုတ္ခဲ့ခ်ိန္မွာ သူ႔ေၾကာင့္ပဲ လူကြၽံေထာင္ေခ်ာက္က ပ်က္ျပားခဲ့ရၿပီး ဂိုးေပးခဲ့ရတာပါ။

ဒီအတြက္ အာဆင္နယ္ပရိသတ္ေတြၾကားမွာေတာ့ ဆိုက္ပိၿပီး အသင္းအတြက္ ကစားမေပးခ်င္ဘဲ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေတာင္းဆိုၿပီး ေျပာင္းေ႐ႊ႕ေၾကး တစ္ျပားတစ္ခ်ပ္မွ မရေအာင္ ေက်းဇူးမသိတတ္ခဲ့တဲ့ စပိန္ေနာက္ခံလူကို အခ်ိန္ကိုက္ ေလွာင္ေျပာင္စရာျဖစ္ခဲ့ရၿပီး သူတို႔ရဲ႕ ကစားသမားေကာင္းေတြကို ေခၚယူဖ်က္ဆီးေလ့ရွိတဲ့ ဘာစီလိုနာရဲ႕ က်ရႈံးမႈအတြက္လည္း ဝမ္းသာႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ အိမ္ရွင္ေတြကို ၿဖိဳလွဲဖို႔ ဘိုင္ယန္ျမဴးနစ္ရဲ႕ သြင္းဂိုးသုံးဂိုးစလုံးကို ဖန္တီးေပးခဲ့တဲ့ အာဆင္နယ္ပရိသတ္အျဖစ္ ရွိေနဆဲ ဂနာဘရီအတြက္လည္း ဂုဏ္ယူႏိုင္ခဲ့ၾကၿပီး ေဟးလ္အန႔္ဒ္အကယ္ဒမီထြက္ အိုင္ဗရီကို႔စ္ႏြယ္ဖြား ဂ်ာမန္သားရဲ႕ စြမ္းေဆာင္မႈနဲ႔ ဘာစီလိုနာတို႔ကို ယူ႐ိုပါလိဂ္ဆီ အဆင္းဘီးတပ္ေပးလိုက္ႏိုင္တာအတြက္လည္း ေပ်ာ္႐ႊင္ေနၾကမွာပါ။

ဂန္းနားပရိသတ္ေတြအေနနဲ႔ ၂၀၀၆ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ဒိုင္ကူၿပီး အႏိုင္ယူခဲ့သလို သူတို႔ရဲ႕ ကစားသမားေကာင္းေတြျဖစ္ၾကတဲ့ သီယာရီ အြန္နရီ၊ အလက္ဇန္းဒါး လွက္ဘ္၊ ဖရန္ဆက္စ္ ဖာဘရီဂက္စ္၊ အဲလက္စ္ေဆာင္းတို႔လို ေျခစြမ္းအျမင့္ဆုံးအခ်ိန္မွာ လက္လႊတ္ခဲ့ရမႈေတြအတြက္ ဘာစီလိုနာတို႔ကို မုန္းတီးေနခဲ့ၾကတာျဖစ္ၿပီး ကာတာလန္သားေတြရဲ႕ က်ရႈံးမႈကေတာ့ ဝဋ္လည္တယ္လို႔ ဖန္ေတြၾကားမွာ ေျပာစရာျဖစ္လာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.