Match Report Premier League UCL&UEL

အိုင်းယက်စ်ကို တီးပြီး နာပိုလီကို နိုင်ရင် အုပ်စုဗိုလ်ဖြစ်ဖို့ပါနီးလာတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ အဲလီးယော့တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဖာမီနိုနဲ့ နူးညက်ဇ်တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် အိုင်းယက်စ်တို့ကတော့ ဂိုးသမား ပတ်စ်ဗီးယား၊ ခံစစ်မှာ ဘက်ဆီ၊ တင်မ်ဘာ၊ ဆန်ချက်ဇ်နဲ့ ဘလင်းဒ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာ အယ်လ်ဗာရက်ဇ်၊ ကလာ့စ်ဆန်နဲ့ ဘာ့ဂ်ဟာ့စ်တို့ကို တွဲပေးခဲ့ချိန်မှာ တိုက်စစ်မှာတော့ တာဒစ်ချ်၊ ဘာ့ဂ်ဗိုင်းနဲ့ ဘရော့ဘီတို့ ကစားခဲ့ပြီး ဂိုးသွင်းကျဲလာတဲ့ ကူဒူးစ်ကိုတော့ အရန်ခုံမှာပဲ ထားခဲ့တာပါ။

ပွဲစကတည်းက အိုင်းယက်စ်တို့ ဖိကစားခဲ့ပြီး ဆက်တိုက် ထိုးဖောက်ခွင့်ရနေခဲ့ပေမယ့် ဂိုးပေါက်တည့်အောင် မကန်နိုင်ခဲ့ကြလို့ အယ်လစ်ဆန်မှာ နဘယံ ဘေးမရှိဖြစ်နေခဲ့ပြီး ကန်ပြန်တော့လည်း ခပ်ပျော့ပျော့တွေက များနေခဲ့လို့ လီဗာပူးလ်တို့အတွက် ကောင်တာကနေ ပြန်လည်ထိုးဖောက်နိုင်ဖို့ကို ပိုမိုအာရုံစိုက်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ဧည့်သည်တွေ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ အပြိုင်လုကြရင်း ဘယ်ခြမ်းကနေ ပြန်ရသွားခဲ့တဲ့ ဘောလုံးကို ဟန်ဒါဆန်က ဂိုးရှေ့က ညာခြေအပြင်နဲ့ကန်ပြီး အမြန်ဖြတ်ပို့ပေးခဲ့ရာမှာ ဆာလားက အိုင်းယက်စ်ခံစစ်နဲ့ ဂိုးသမားကြား လွတ်နေတဲ့ ကွက်လပ်ကြီးကို အသုံးချပြီး ပညာသားပါပါ ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာ ဖာမီနိုပေးတာကို နူးညက်ဇ်ရဲ့ ပိတ်သွင်းမှုက တိုင်ထိထွက်ခဲ့လို့ ပထမပိုင်းမှာတော့ လီဗာပူးလ်တို့က အိမ်ရှင် အိုင်းယက်စ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ကွင်းလယ်မှာ ဘောလုံးကိုင်ကစားပြီး ဟုတ်မလိုလိုနဲ့ အဖျားရှူးနေတဲ့ အမ်စတာဒမ်သားတွေကို ကလော့ပ်ရဲ့ လူတွေက ထိထိရောက်ရောက် ထိုးနှက်နိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နူးညက်ဇ်ကြောင့် ရတဲ့ ထောင့်ကန်ဘောကို ရောဘတ်ဆန်က ကန်ပို့ပေးရာမှာ နူးညက်ဇ်က သူ့ရဲ့ တတိယအကြိမ်မြောက် အပိုင်အခွင့်အရေးကို ခေါင်းတိုက်ပြီး ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

နှစ်မိနစ်အကြာမှာ လီဗာပူးလ်တို့ပဲ တတိယ အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ညာခြမ်းကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ် ပေးတဲ့ ဘောလုံးကို ဆာလားက အိုင်းယက်စ်ခံစစ်ကြားကနေ ခင်းပေးခဲ့ရာမှာ အလိုက်သင့် ဖောက်ထွက်သွားနိုင်ခဲ့တဲ့ အဲလီးယော့က ထောင့်ကျဉ်း အနေအထားကနေ ညာခြေနဲ့ အပြင်းကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အိုင်းယက်စ်တို့ဘက်က ကလာ့စ်ဆန်၊ ဘလင်းဒ်၊ ဘရော့ဘီ၊ အယ်လ်ဗာရက်ဇ်နဲ့ ဘာ့ဂ်ဟာ့စ်တို့အစား ကူဒူးစ်၊ ဗိုင်န်ဒါးလ်၊ တေလာ၊ ဂရီးလစ်ချ်နဲ့ ကွန်ဆေးဆာအိုတို့ ဝင်ရောက်ကစားခဲ့ကြပြီး လီဗာပူးလ်တို့ဘက်ကတော့ နူးညက်ဇ်၊ ဟန်ဒါဆန်၊ အဲလီးယော့နဲ့ ဖာဘင်ညိုတို့အစား ကားတစ်ဂျုံးစ်၊ မီလ်နာ၊ ကာဗာလ်ယိုနဲ့ဘာချက်တစ်ချ်တို့ကို လဲကစားခဲ့ပြီး ရလဒ်မပြောင်းတော့ဘဲ ပွဲပြီးဆုံးသွားခဲ့တာပါ။

အမ်စတာဒမ်မှာ သုံးဂိုး-ဂိုးမရှိနဲ့ အိုင်းယက်စ်ကို အနိုင်ရခဲ့တဲ့ ရလဒ်ကြောင့် လီဗာပူးလ်တို့အနေနဲ့ အဖွင့်ပွဲကလွဲလို့ လေးပွဲဆက်တိုက် အနိုင်ရရှိခဲ့သလို ရမှတ် ၁၂ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ကြပြီး လာမယ့် နာပိုလီနဲ့ အိမ်ကွင်းပွဲစဉ်မှာ ရလဒ်ကောင်းခဲ့ရင် အုပ်စုဗိုလ်ဖြစ်ဖို့ကိုပါ မျှော်လင့်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ ဂ်ိဳးဂိုမက္ဇ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ အဲလီးေယာ့တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဖာမီႏိုနဲ႔ ႏူးညက္ဇ္တို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ အိုင္းယက္စ္တို႔ကေတာ့ ဂိုးသမား ပတ္စ္ဗီးယား၊ ခံစစ္မွာ ဘက္ဆီ၊ တင္မ္ဘာ၊ ဆန္ခ်က္ဇ္နဲ႔ ဘလင္းဒ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာ အယ္လ္ဗာရက္ဇ္၊ ကလာ့စ္ဆန္နဲ႔ ဘာ့ဂ္ဟာ့စ္တို႔ကို တြဲေပးခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ တာဒစ္ခ်္၊ ဘာ့ဂ္ဗိုင္းနဲ႔ ဘေရာ့ဘီတို႔ ကစားခဲ့ၿပီး ဂိုးသြင္းက်ဲလာတဲ့ ကူဒူးစ္ကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့တာပါ။

ပြဲစကတည္းက အိုင္းယက္စ္တို႔ ဖိကစားခဲ့ၿပီး ဆက္တိုက္ ထိုးေဖာက္ခြင့္ရေနခဲ့ေပမယ့္ ဂိုးေပါက္တည့္ေအာင္ မကန္ႏိုင္ခဲ့ၾကလို႔ အယ္လစ္ဆန္မွာ နဘယံ ေဘးမရွိျဖစ္ေနခဲ့ၿပီး ကန္ျပန္ေတာ့လည္း ခပ္ေပ်ာ့ေပ်ာ့ေတြက မ်ားေနခဲ့လို႔ လီဗာပူးလ္တို႔အတြက္ ေကာင္တာကေန ျပန္လည္ထိုးေဖာက္ႏိုင္ဖို႔ကို ပိုမိုအာ႐ုံစိုက္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ဧည့္သည္ေတြ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ အၿပိဳင္လုၾကရင္း ဘယ္ျခမ္းကေန ျပန္ရသြားခဲ့တဲ့ ေဘာလုံးကို ဟန္ဒါဆန္က ဂိုးေရွ႕က ညာေျခအျပင္နဲ႔ကန္ၿပီး အျမန္ျဖတ္ပို႔ေပးခဲ့ရာမွာ ဆာလားက အိုင္းယက္စ္ခံစစ္နဲ႔ ဂိုးသမားၾကား လြတ္ေနတဲ့ ကြက္လပ္ႀကီးကို အသုံးခ်ၿပီး ပညာသားပါပါ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာ ဖာမီႏိုေပးတာကို ႏူးညက္ဇ္ရဲ႕ ပိတ္သြင္းမႈက တိုင္ထိထြက္ခဲ့လို႔ ပထမပိုင္းမွာေတာ့ လီဗာပူးလ္တို႔က အိမ္ရွင္ အိုင္းယက္စ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ကြင္းလယ္မွာ ေဘာလုံးကိုင္ကစားၿပီး ဟုတ္မလိုလိုနဲ႔ အဖ်ားရႉးေနတဲ့ အမ္စတာဒမ္သားေတြကို ကေလာ့ပ္ရဲ႕ လူေတြက ထိထိေရာက္ေရာက္ ထိုးႏွက္ႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ႏူးညက္ဇ္ေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကို ေရာဘတ္ဆန္က ကန္ပို႔ေပးရာမွာ ႏူးညက္ဇ္က သူ႔ရဲ႕ တတိယအႀကိမ္ေျမာက္ အပိုင္အခြင့္အေရးကို ေခါင္းတိုက္ၿပီး ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာပါ။

ႏွစ္မိနစ္အၾကာမွာ လီဗာပူးလ္တို႔ပဲ တတိယ အႏိုင္ဂိုးကို ရယူသြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ညာျခမ္းကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ေပးတဲ့ ေဘာလုံးကို ဆာလားက အိုင္းယက္စ္ခံစစ္ၾကားကေန ခင္းေပးခဲ့ရာမွာ အလိုက္သင့္ ေဖာက္ထြက္သြားႏိုင္ခဲ့တဲ့ အဲလီးေယာ့က ေထာင့္က်ဥ္း အေနအထားကေန ညာေျခနဲ႔ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အိုင္းယက္စ္တို႔ဘက္က ကလာ့စ္ဆန္၊ ဘလင္းဒ္၊ ဘေရာ့ဘီ၊ အယ္လ္ဗာရက္ဇ္နဲ႔ ဘာ့ဂ္ဟာ့စ္တို႔အစား ကူဒူးစ္၊ ဗိုင္န္ဒါးလ္၊ ေတလာ၊ ဂရီးလစ္ခ်္နဲ႔ ကြန္ေဆးဆာအိုတို႔ ဝင္ေရာက္ကစားခဲ့ၾကၿပီး လီဗာပူးလ္တို႔ဘက္ကေတာ့ ႏူးညက္ဇ္၊ ဟန္ဒါဆန္၊ အဲလီးေယာ့နဲ႔ ဖာဘင္ညိဳတို႔အစား ကားတစ္ဂ်ဳံးစ္၊ မီလ္နာ၊ ကာဗာလ္ယိုနဲ႔ဘာခ်က္တစ္ခ်္တို႔ကို လဲကစားခဲ့ၿပီး ရလဒ္မေျပာင္းေတာ့ဘဲ ပြဲၿပီးဆုံးသြားခဲ့တာပါ။

အမ္စတာဒမ္မွာ သုံးဂိုး-ဂိုးမရွိနဲ႔ အိုင္းယက္စ္ကို အႏိုင္ရခဲ့တဲ့ ရလဒ္ေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ အဖြင့္ပြဲကလြဲလို႔ ေလးပြဲဆက္တိုက္ အႏိုင္ရရွိခဲ့သလို ရမွတ္ ၁၂ မွတ္နဲ႔ ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၾကၿပီး လာမယ့္ နာပိုလီနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ရလဒ္ေကာင္းခဲ့ရင္ အုပ္စုဗိုလ္ျဖစ္ဖို႔ကိုပါ ေမွ်ာ္လင့္ႏိုင္ခဲ့ၿပီ ျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.