Other Leagues

မာရာကာနာကွင်းသန့်ရှင်းရေးသမားတွေနဲ့ ဖလားအောင်ပွဲခံခဲ့တဲ့ ဖလာမင်ဂိုအသင်း

ဖလာမင်ဂိုအသင်းခေါင်းဆောင် ဒီယေဂို ရီဘက်စ်ဟာ အသင်းရဲ့ မကြာသေးမီက ကိုပါဒို ဘရာဇီးလ်ဖလားအောင်ပွဲမှာ မာရာကာနာကွင်းကို သန့်ရှင်းရေး ပြုလုပ်ပေးနေတဲ့ သန့်ရှင်းရေးလုပ်သားအဖွဲ့နဲ့အတူ အောင်ပွဲခံခဲ့ပြီး အံ့အားသင့်ဖွယ် လေးစားမှု ပြသခဲ့တဲ့ လုပ်ရပ်ကို လုပ်ဆောင်ပြခဲ့တာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါမှာ ဝါဒါဘရီမင်၊ ဝုလ်ဖ်စ်ဘတ်တို့မှာ ကစားခဲ့ဖူးတဲ့ အသက် ၃၇ နှစ်အရွယ် ဖလာမင်ဂိုအသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့အပတ်က ကိုရင်သီယန်နဲ့ ကစားခဲ့တဲ့ ကိုပါဒိုဘရာဇီးလ်ဖလားဗိုလ်လုပွဲအပြီးမှာ အသင်းနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ကိုပါဒို ဘရာဇီးလ်ဖလားအောင်ပွဲဟာ ဒီယေဂိုရဲ့ ဖလာမင်ဂိုအသင်းနဲ့ အမှတ်ရစရာ ၆ နှစ်တာကာလကို အဆုံးသတ်ဖို့အတွက် အသင့်တော်ဆုံးနည်းလမ်းဖြစ်ခဲ့တာဖြစ်ပြီး တကယ်တော့ ၎င်းရဲ့ နောက်ဆုံးလုပ်ရပ်ဟာ မယုံနိုင်စရာ လုပ်ရပ်တစ်ခု ဖြစ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဖီနာဘာချီကွင်းလယ်ကစားသမားဟောင်းဟာ ပွဲအပြီး ဖလားအောင်ပွဲခံရာမှာ မာရာကာနာကွင်း သန့်ရှင်းရေးလုပ်သားတွေကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီအပြုအမူဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နံှ့သွားခဲ့တာဖြစ်ပါတယ်။ ဖလာမင်ဂိုအသင်းရဲ့ သည်းထိတ်ရင်ဖိုစရာ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းမှုအပြီးမှာ အသင်းခေါင်းဆောင် ရီဘက်စ်ဟာ အသင်းရဲ့ အောင်ပွဲနဲ့ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

“ဒီရာသီအတွင်းမှာ ကျွန်တော်တို့ ဒီအစုအဖွဲ့ရဲ့ အင်အားကို သက်သေပြသနိုင်ခဲ့ပါတယ်။ ဒိုရီဗယ်လ်(နည်းပြ)က တစ်ဦးတစ်ယောက်ချင်းဆီကနေ အကောင်းဆုံးရအောင် ထုတ်ယူနိုင်ခဲ့ပြီး ကျွန်တော်တို့မှာ စိတ်လှုပ်ရှားစရာ အစုအဖွဲ့ရှိပါတယ်။ ဒါက ကျွန်တော်တို့ အဝတ်လဲခန်းမှာ စကားစမြည်ပြောဆိုမှုဖြစ်ခဲ့ပြီး ပရိသတ်အုပ်ကြီးက ချန်ပီယံလို့ အော်ဟစ်နေတဲ့အသံနဲ့အတူ ကျွန်တော်တို့ ကွင်းထဲကို ဝင်ခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ အာရုံထဲမှာလည်း အဲဒီ ချန်ပီယံ ဖြစ်ကို ဖြစ်ရမယ်ဆိုပြီး ဖြစ်သွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ကိုရင်သီယန်အသင်းနဲ့ ဗိုလ်လုပွဲမတိုင်ခင် အာတူရို ဗီဒယ်ဟာ ကိုပါဒို ဘရာဇီးလ်ဗိုလ်လုပွဲကစားဖို့အတွက် ဘရာဇီးလ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်ကနေသာ ဖခင်ဖြစ်သူရဲ့ ဈာပနကို ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ဗီဒယ်ရဲ့ ဖခင် အီရက်စ်မိုဟာ ချီလီနိုင်ငံ၊ ဆန်တီယေဂိုက အပြေးပြိုင်ကွင်းမှာ သားဖြစ်သူရဲ့ တိရစ္ဆာန်နောက်ကို ပြေးလိုက်ရင်း နှလုံးဖောက် လဲကျသွားပြီးနောက် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီရက်စ်မိုရဲ့ ဈာပနကို ကြာသပတေးနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပေမယ့် ဖလာမင်ဂို ကွင်းလယ်ကစားသမားဟာ ဘရာဇီးလ်ကနေ မွေးရပ်မြေကို ပြန်သွားဖို့ အချိန်မရခဲ့တာကြောင့် ဖခင်ဖြစ်သူရဲ့ နာရေးကို မတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖလာမင္ဂိုအသင္းေခါင္းေဆာင္ ဒီေယဂို ရီဘက္စ္ဟာ အသင္းရဲ႕ မၾကာေသးမီက ကိုပါဒို ဘရာဇီးလ္ဖလားေအာင္ပြဲမွာ မာရာကာနာကြင္းကို သန႔္ရွင္းေရး ျပဳလုပ္ေပးေနတဲ့ သန႔္ရွင္းေရးလုပ္သားအဖြဲ႕နဲ႔အတူ ေအာင္ပြဲခံခဲ့ၿပီး အံ့အားသင့္ဖြယ္ ေလးစားမႈ ျပသခဲ့တဲ့ လုပ္ရပ္ကို လုပ္ေဆာင္ျပခဲ့တာျဖစ္ပါတယ္။

ဘြန္ဒက္စ္လီဂါမွာ ဝါဒါဘရီမင္၊ ဝုလ္ဖ္စ္ဘတ္တို႔မွာ ကစားခဲ့ဖူးတဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ ဖလာမင္ဂိုအသင္းေခါင္းေဆာင္ဟာ ၿပီးခဲ့တဲ့အပတ္က ကိုရင္သီယန္နဲ႔ ကစားခဲ့တဲ့ ကိုပါဒိုဘရာဇီးလ္ဖလားဗိုလ္လုပြဲအၿပီးမွာ အသင္းနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ ကိုပါဒို ဘရာဇီးလ္ဖလားေအာင္ပြဲဟာ ဒီေယဂိုရဲ႕ ဖလာမင္ဂိုအသင္းနဲ႔ အမွတ္ရစရာ ၆ ႏွစ္တာကာလကို အဆုံးသတ္ဖို႔အတြက္ အသင့္ေတာ္ဆုံးနည္းလမ္းျဖစ္ခဲ့တာျဖစ္ၿပီး တကယ္ေတာ့ ၎ရဲ႕ ေနာက္ဆုံးလုပ္ရပ္ဟာ မယုံႏိုင္စရာ လုပ္ရပ္တစ္ခု ျဖစ္ခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဖီနာဘာခ်ီကြင္းလယ္ကစားသမားေဟာင္းဟာ ပြဲအၿပီး ဖလားေအာင္ပြဲခံရာမွာ မာရာကာနာကြင္း သန႔္ရွင္းေရးလုပ္သားေတြကို ေခၚဖို႔ ဆုံးျဖတ္ခဲ့ၿပီး အဲဒီအျပဳအမူဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း လူမႈကြန္ရက္ေပၚမွာ ပ်ံ႕နံွ႔သြားခဲ့တာျဖစ္ပါတယ္။ ဖလာမင္ဂိုအသင္းရဲ႕ သည္းထိတ္ရင္ဖိုစရာ ပင္နယ္တီအဆုံးအျဖတ္ ကန္သြင္းမႈအၿပီးမွာ အသင္းေခါင္းေဆာင္ ရီဘက္စ္ဟာ အသင္းရဲ႕ ေအာင္ပြဲနဲ႔ပတ္သက္ၿပီး ဖြင့္ဟ ေျပာဆိုသြားခဲ့ပါတယ္။

“ဒီရာသီအတြင္းမွာ ကြၽန္ေတာ္တို႔ ဒီအစုအဖြဲ႕ရဲ႕ အင္အားကို သက္ေသျပသႏိုင္ခဲ့ပါတယ္။ ဒိုရီဗယ္လ္(နည္းျပ)က တစ္ဦးတစ္ေယာက္ခ်င္းဆီကေန အေကာင္းဆုံးရေအာင္ ထုတ္ယူႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔မွာ စိတ္လႈပ္ရွားစရာ အစုအဖြဲ႕ရွိပါတယ္။ ဒါက ကြၽန္ေတာ္တို႔ အဝတ္လဲခန္းမွာ စကားစျမည္ေျပာဆိုမႈျဖစ္ခဲ့ၿပီး ပရိသတ္အုပ္ႀကီးက ခ်န္ပီယံလို႔ ေအာ္ဟစ္ေနတဲ့အသံနဲ႔အတူ ကြၽန္ေတာ္တို႔ ကြင္းထဲကို ဝင္ခဲ့တယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အာ႐ုံထဲမွာလည္း အဲဒီ ခ်န္ပီယံ ျဖစ္ကို ျဖစ္ရမယ္ဆိုၿပီး ျဖစ္သြားခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ကိုရင္သီယန္အသင္းနဲ႔ ဗိုလ္လုပြဲမတိုင္ခင္ အာတူ႐ို ဗီဒယ္ဟာ ကိုပါဒို ဘရာဇီးလ္ဗိုလ္လုပြဲကစားဖို႔အတြက္ ဘရာဇီးလ္မွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚကေနသာ ဖခင္ျဖစ္သူရဲ႕ ဈာပနကို ၾကည့္ရႈခဲ့ရတာျဖစ္ပါတယ္။ အဂၤါေန႔မွာ ဗီဒယ္ရဲ႕ ဖခင္ အီရက္စ္မိုဟာ ခ်ီလီႏိုင္ငံ၊ ဆန္တီေယဂိုက အေျပးၿပိဳင္ကြင္းမွာ သားျဖစ္သူရဲ႕ တိရစာၦန္ေနာက္ကို ေျပးလိုက္ရင္း ႏွလုံးေဖာက္ လဲက်သြားၿပီးေနာက္ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

အသက္ ၆၁ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အီရက္စ္မိုရဲ႕ ဈာပနကို ၾကာသပေတးေန႔မွာ ျပဳလုပ္ခဲ့တာျဖစ္ေပမယ့္ ဖလာမင္ဂို ကြင္းလယ္ကစားသမားဟာ ဘရာဇီးလ္ကေန ေမြးရပ္ေျမကို ျပန္သြားဖို႔ အခ်ိန္မရခဲ့တာေၾကာင့္ ဖခင္ျဖစ္သူရဲ႕ နာေရးကို မတက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.