International Other Leagues

ကစားသမားဘဝနောက်ဆုံးပွဲမှာ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့တဲ့ ဟီဂွါအင်

ဂွန်ဇာလို ဟီဂွါအင်ဟာ အင်တာ မိုင်ယာမီအသင်းအတွက် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားအဖြစ် နောက်ဆုံးပါဝင်ကစားပေးခဲ့ပြီးနောက် မျက်ရည်တွေ မထိန်းနိုင်အောင် ကျခဲ့ပါတယ်။

ချဲလ်ဆီး၊ အေစီမီလန်တို့မှာ အငှားကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ဂျူဗင်တပ်တိုက်စစ်မှူးဟောင်းဟာ ယခုလ သတင်းစာရှင်းလင်းပွဲမှာ ကစားသမားဘဝကနေ အနားယူဖို့ကို ဝမ်းနည်းစွာနဲ့ ကြေညာခဲ့သူဖြစ်ပြီး ၁၇ နှစ်ခွဲကြာ ကစားသမားဘဝကို အဆုံးသတ်တော့မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ရရှိခဲ့တဲ့ အံ့အားသင့်ဖွယ်အကောင်းဆုံး ကစားသမားဘဝ ၁၇ နှစ်ခွဲကြာအပြီးမှာ ဘောလုံးက ကျွန်တော့်ကို အများကြီးပေးခဲ့တယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် ပေးခဲ့တာထက်ပိုတဲ့အရာတွေ ပေးခဲ့တယ်လို့ ခံစားရပါတယ်။ အမြဲတမ်း ကျွန်တော့်ကို ယုံကြည်ပေးခဲ့တဲ့သူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ နှုတ်ဆက်စကားပြောရမယ့် အချိန်ကျလာပါပြီ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဟီဂွါအင်ဟာ ဂျူဗင်တပ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် တစ်ရက်အကြာ ၂၀၂၀ ခုနှစ် စက်တင်ဘာလမှာ အင်တာ မိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မေဂျာလိဂ်အသင်းအတွက် ၆၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၉ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ကစားသမား ဖြစ်ပါတယ်။

တနင်္လာနေ့ညမှာတော့ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးဟာ အင်တာ မိုင်ယာမီအသင်းက နယူးယောက်စီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ မေဂျာလိဂ်ဖလား Playoffs ပွဲစဉ် ၁ မှာ ဘောလုံးသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်းအတွက်ကတော့ မယုံနိုင်စရာ ဝမ်းနည်းကြေကွဲဖွယ်အခိုက်အတန့်ဖြစ်ခဲ့ပြီး ပွဲပြီး ဝီစီမှုတ်ချိန်မှာ မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

“အလုပ်တစ်ခုအနေနဲ့ ကျွန်တော် အချစ်မြတ်နိုးဆုံးလို့ ခံစားခဲ့ရတဲ့အရာတစ်ခု အဆုံးသတ်သွားခဲ့ပါပြီ။ အဲဒါက ကျွန်တော့်ဘဝရဲ့ တဝက်လောက်ဖြစ်ခဲ့တယ်။ ကျွန်တော့် ကစားသမားဘဝ ၁၇ နှစ် ခွဲလောက်ကြာခဲ့တယ်။ ကျွန်တော့် ကစားသမားဘဝတလျှောက်လုံးက ပုံရိပ်တွေက စိတ်ထဲကို ရောက်လာခဲ့တယ်”

“ကျွန်တော် နေထိုင်ခဲ့တဲ့၊ ကျွန်တော် အလုပ်လုပ်ခဲ့တဲ့၊ ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အရာတွေပေါ့။ ကျွန်တော် အရမ်းပျော်ပျော်ရွှင်ရွှင်နဲ့ စွန့်ခွာသွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီနေ့အထိ အရာအားလုံးပေးခဲ့လို့ပါ။ အဲဒါက အရေးအကြီးဆုံးအရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဟီဂွါအင်ဟာ ကစားသမားဘဝတလျှောက် ဥရောပရဲ့ အကြီးမားဆုံးကလပ်အသင်းတွေထဲက အချို့အတွက် ပွဲပေါင်း ၇၀၀ ကျော် ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၀၀ ကျော်နဲ့ ဂိုးဖန်တီးမှု ၁၀၀ ကျော် ပြုလုပ်ပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၇၅ ပွဲမှာ ၃၁ ဂိုး သွင်းယူပေးခဲ့တဲ့ ပဉ္စမမြောက် ဂိုးသွင်းအများဆုံး အာဂျင်တီးနားကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂြန္ဇာလို ဟီဂြါအင္ဟာ အင္တာ မိုင္ယာမီအသင္းအတြက္ ပေရာ္ဖက္ရွင္နယ္ေဘာလုံးကစားသမားအျဖစ္ ေနာက္ဆုံးပါဝင္ကစားေပးခဲ့ၿပီးေနာက္ မ်က္ရည္ေတြ မထိန္းႏိုင္ေအာင္ က်ခဲ့ပါတယ္။

ခ်ဲလ္ဆီး၊ ေအစီမီလန္တို႔မွာ အငွားကစားသမားဘဝကို ျဖတ္သန္းခဲ့ဖူးတဲ့ ရီးရဲလ္မက္ဒရစ္၊ နာပိုလီ၊ ဂ်ဴဗင္တပ္တိုက္စစ္မႉးေဟာင္းဟာ ယခုလ သတင္းစာရွင္းလင္းပြဲမွာ ကစားသမားဘဝကေန အနားယူဖို႔ကို ဝမ္းနည္းစြာနဲ႔ ေၾကညာခဲ့သူျဖစ္ၿပီး ၁၇ ႏွစ္ခြဲၾကာ ကစားသမားဘဝကို အဆုံးသတ္ေတာ့မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ရရွိခဲ့တဲ့ အံ့အားသင့္ဖြယ္အေကာင္းဆုံး ကစားသမားဘဝ ၁၇ ႏွစ္ခြဲၾကာအၿပီးမွာ ေဘာလုံးက ကြၽန္ေတာ့္ကို အမ်ားႀကီးေပးခဲ့တယ္၊ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ေပးခဲ့တာထက္ပိုတဲ့အရာေတြ ေပးခဲ့တယ္လို႔ ခံစားရပါတယ္။ အၿမဲတမ္း ကြၽန္ေတာ့္ကို ယုံၾကည္ေပးခဲ့တဲ့သူေတြကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ႏႈတ္ဆက္စကားေျပာရမယ့္ အခ်ိန္က်လာပါၿပီ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဟီဂြါအင္ဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ တစ္ရက္အၾကာ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလမွာ အင္တာ မိုင္ယာမီအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ေမဂ်ာလိဂ္အသင္းအတြက္ ၆၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၉ ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ကစားသမား ျဖစ္ပါတယ္။

တနလၤာေန႔ညမွာေတာ့ အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အင္တာ မိုင္ယာမီအသင္းက နယူးေယာက္စီးတီးကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ေမဂ်ာလိဂ္ဖလား Playoffs ပြဲစဥ္ ၁ မွာ ေဘာလုံးသမားဘဝ ေနာက္ဆုံးပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းအတြက္ကေတာ့ မယုံႏိုင္စရာ ဝမ္းနည္းေၾကကြဲဖြယ္အခိုက္အတန႔္ျဖစ္ခဲ့ၿပီး ပြဲၿပီး ဝီစီမႈတ္ခ်ိန္မွာ မ်က္ရည္မဆည္ႏိုင္ေအာင္ ျဖစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

“အလုပ္တစ္ခုအေနနဲ႔ ကြၽန္ေတာ္ အခ်စ္ျမတ္ႏိုးဆုံးလို႔ ခံစားခဲ့ရတဲ့အရာတစ္ခု အဆုံးသတ္သြားခဲ့ပါၿပီ။ အဲဒါက ကြၽန္ေတာ့္ဘဝရဲ႕ တဝက္ေလာက္ျဖစ္ခဲ့တယ္။ ကြၽန္ေတာ့္ ကစားသမားဘဝ ၁၇ ႏွစ္ ခြဲေလာက္ၾကာခဲ့တယ္။ ကြၽန္ေတာ့္ ကစားသမားဘဝတေလွ်ာက္လုံးက ပုံရိပ္ေတြက စိတ္ထဲကို ေရာက္လာခဲ့တယ္”

“ကြၽန္ေတာ္ ေနထိုင္ခဲ့တဲ့၊ ကြၽန္ေတာ္ အလုပ္လုပ္ခဲ့တဲ့၊ ကြၽန္ေတာ္ ႀကဳံေတြ႕ခဲ့ရတဲ့ အရာေတြေပါ့။ ကြၽန္ေတာ္ အရမ္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ စြန႔္ခြာသြားမွာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဒီေန႔အထိ အရာအားလုံးေပးခဲ့လို႔ပါ။ အဲဒါက အေရးအႀကီးဆုံးအရာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဟီဂြါအင္ဟာ ကစားသမားဘဝတေလွ်ာက္ ဥေရာပရဲ႕ အႀကီးမားဆုံးကလပ္အသင္းေတြထဲက အခ်ိဳ႕အတြက္ ပြဲေပါင္း ၇၀၀ ေက်ာ္ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃၀၀ ေက်ာ္နဲ႔ ဂိုးဖန္တီးမႈ ၁၀၀ ေက်ာ္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ကစားသမားျဖစ္ၿပီး အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းအတြက္ ၇၅ ပြဲမွာ ၃၁ ဂိုး သြင္းယူေပးခဲ့တဲ့ ပၪၥမေျမာက္ ဂိုးသြင္းအမ်ားဆုံး အာဂ်င္တီးနားကစားသမားအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.