Premier League

နော့ဝစ်ခ်ျနဲ့ လီဗာပူးလ်ပွဲအတွက် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်များ စုစည်းမှု

ဒီနေ့ည မြန်မာစံတော်ချိန် သန်းခေါင်ယံ ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် နော့ဝစ်ခ်ျစီးတီးနဲ့ လီဗာပူးလ်ပွဲအတွက် ကျွမ်းကျင်သူတွေ ဖြစ်ကြတဲ့ မာ့ခ် လော်ရင်ဆန်(လော်ရို)၊ မိုက်ကယ် အိုဝင်နဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့ရဲ့ ခန့်မှန်းချက်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

လော်ရိုကတော့ ရာသီအစက နော့ဝစ်ခ်ျရဲ့ ပုံစံဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ မဟုတ်တော့ကြောင်း၊ လီဗာပူးလ်အသင်းရဲ့ အနားရထားလို့ လန်းဆန်းနေတဲ့ ပထမအသင်းသားတွေဟာ ကားရိုးရုတ်ဒ်မှာလည်း အနိုင်ရလဒ်ကို ထပ်မံ သိမ်းယူသွားဦးမယ့်အကြောင်း ခန့်မှန်းလိုက်ပြီး လီဗာပူးလ် ၂-၀ လို့ ယူဆနေပါတယ်။


စပါးစ်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကတော့ နော့ဝစ်ခ်ျရဲ့ ရုန်းအားကိုတော့ မေ့ထားလို့ မရဘဲ တန်းမဆင်းရရေးဟာ ဒီပွဲမှာ ထည့်စဉ်းစားရမယ့် အချက်ဖြစ်ကြောင်း၊ ဒီကွင်းမှာ မန်စီးတီးအသင်း သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့တာကို ထောက်ရင် လီဗာပူးလ်တို့ကိုရော သူတို့အနေနဲ့ ဒုက္ခပြန်ပေးနိုင်ကြောင်း ဆိုသွားခဲ့ပါတယ်။

တန်းဆင်းဇုန် အဆင့် ၂၀ က နော့ဝစ်ခ်ျအသင်းဟာ ပွဲစဉ် ၂၅ အပြီးမှာ ၁၈ မှတ်သာ ရရှိထားသေးပြီး အဆင့် ၁၇ နေရာက အက်စတန်ဗီလာနဲ့ ၇ မှတ် ကွာဟနေခဲ့ပေမယ့် အခြေအနေချင်း ခြားနားနေတဲ့ လီဗာပူးလ်ကတော့ ဗိုလ်စွဲနိုင်ဖို့အတွက် ပွဲစဉ် ၃၁ မှာ ဖြစ်နိုင်မယ်လို့ တွက်ချက်ခန့်မှန်းခံနေရတယ်လို့လည်း သိရှိရပါတယ်။

REF: GIVE ME SPORT
KIZARNO
SPORTS A2Z.

UNICODE: ဒီနေ့ည မြန်မာစံတော်ချိန် သန်းခေါင်ယံ ည ၁၂ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် နော့ဝစ်ချ်စီးတီးနဲ့ လီဗာပူးလ်ပွဲအတွက် ကျွမ်းကျင်သူတွေ ဖြစ်ကြတဲ့ မာ့ခ် လော်ရင်ဆန်(လော်ရို)၊ မိုက်ကယ် အိုဝင်နဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့ရဲ့ ခန့်မှန်းချက်တွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

လော်ရိုကတော့ ရာသီအစက နော့ဝစ်ချ်ရဲ့ ပုံစံဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ မဟုတ်တော့ကြောင်း၊ လီဗာပူးလ်အသင်းရဲ့ အနားရထားလို့ လန်းဆန်းနေတဲ့ ပထမအသင်းသားတွေဟာ ကားရိုးရုတ်ဒ်မှာလည်း အနိုင်ရလဒ်ကို ထပ်မံ သိမ်းယူသွားဦးမယ့်အကြောင်း ခန့်မှန်းလိုက်ပြီး လီဗာပူးလ် ၂-၀ လို့ ယူဆနေပါတယ်။

လီဗာပူးလ်ကစားသမားဟောင်း မိုက်ကယ် အိုဝင်ကတော့ ပြီးခဲ့တဲ့ နောက်ဆုံး ၁၀၂ မှတ်ထဲကနေ အမှတ် ၁၀၀ တိတိ ယူထားခဲ့တဲ့ လီဗာပူးလ်အတွက် ဇယားအောက်ဆုံးကအသင်းဟာ ချန်ပီယံဆုအတွက် စောင့်ဆိုင်းနေရတဲ့အသင်းကို ကြီးကြီးမားမား ဒုက္ခပေးနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့ပြီး ဒီပွဲကို အေးအေးဆေးဆေးကစားပြီး အက်သလက်တီကိုနဲ့ ရင်ဆိုင်ဖို့ကို ကြိုတွေးနေမှာပါလို့ Bet Victor ကနေ ခန့်မှန်းခဲ့ပါတယ်။

စပါးစ်နဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဒီမီတာ ဘာဘာတော့ဗ်ကတော့ နော့ဝစ်ချ်ရဲ့ ရုန်းအားကိုတော့ မေ့ထားလို့ မရဘဲ တန်းမဆင်းရရေးဟာ ဒီပွဲမှာ ထည့်စဉ်းစားရမယ့် အချက်ဖြစ်ကြောင်း၊ ဒီကွင်းမှာ မန်စီးတီးအသင်း သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့တာကို ထောက်ရင် လီဗာပူးလ်တို့ကိုရော သူတို့အနေနဲ့ ဒုက္ခပြန်ပေးနိုင်ကြောင်း ဆိုသွားခဲ့ပါတယ်။

တန်းဆင်းဇုန် အဆင့် ၂၀ က နော့ဝစ်ချ်အသင်းဟာ ပွဲစဉ် ၂၅ အပြီးမှာ ၁၈ မှတ်သာ ရရှိထားသေးပြီး အဆင့် ၁၇ နေရာက အက်စတန်ဗီလာနဲ့ ၇ မှတ် ကွာဟနေခဲ့ပေမယ့် အခြေအနေချင်း ခြားနားနေတဲ့ လီဗာပူးလ်ကတော့ ဗိုလ်စွဲနိုင်ဖို့အတွက် ပွဲစဉ် ၃၁ မှာ ဖြစ်နိုင်မယ်လို့ တွက်ချက်ခန့်မှန်းခံနေရတယ်လို့လည်း သိရှိရပါတယ်။

REF: GIVE ME SPORT
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.