Premier League Transfer News

လက္က်န္ ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕သတင္းမ်ား – ၇.၉.၂၀၂၀

– နယူးကာဆယ္လ္ယူႏုိက္တက္အသင္းအေနနဲ႔ တန္းဆင္းဘုန္းေမာက္အသင္းရဲ႕ တုိက္စစ္မွဴး ကယ္လမ္ ဝီလ္ဆန္ကို ေပါင္သန္း ၂၀ တည္းနဲ႔ ေခၚယူႏုိင္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီေတြက အသင္းႀကီးေတြနဲ႔ ေပါင္သန္း ၄၀ အထက္ သတင္းထြက္ခဲ့တဲ့ အဂၤလန္သားကို ၄ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆုိသြားခဲ့။

– ဘုန္းေမာက္တုိက္စစ္မွဴး ဝီလ္ဆန္အျပင္ သူ႕ရဲ႕ အသင္းႀကီးေတြနဲ႔ သတင္းထြက္ခဲ့ဖူးတဲ့ အသင္းေဖာ္ ႐ိုင္ယန္ ဖေရဆာကိုလည္း နယူးကာဆယ္လ္အသင္းကပဲ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူသြားဖို႔ရွိေနၿပီး ဒီေန႔မွာ ေဆးစစ္မွဳ ခံယူဖို႔ စီစဥ္ထား။

– ေငြသုံးၾကမ္းေနတဲ့ နယူးကာဆယ္လ္အသင္းရဲ႕ ေဈးကြက္ကေတာ့ တန္းဆင္းအသင္းေတြပဲျဖစ္ေနၿပီး လီဗာပူးလ္အသင္းက ေဈးႀကီးလို႔ မေခၚခဲ့တဲ့ ေနာ့ဝစ္ခ်္ေနာက္ခံလူ ဂ်မားလ္ လူးဝစၥကို ေပါင္ ၁၅ သန္းနဲ႔ တျခားခံစားခြင့္ေတြ ထည့္သြင္းၿပီး ေခၚယူသြားမွာျဖစ္ၿပီး လာမယ့္ ရက္အနည္းငယ္အတြင္းမွာ ေျမာက္အုိင္ယာလန္သားကို ေဆးစစ္သြားဖြယ္ရွိ။

– အဲဗာတန္အသင္းကို နာပုိလီရဲ႕ အယ္လန္က ေျပာင္းေရႊ႕လာခဲ့ၿပီး ေက်ာနံပါတ္ ၆ အက်ႌကို ေပးအပ္ျခင္းခံခဲ့ရခဲ့ေပမယ့္ သူနဲ႔ တစ္ပါတည္း ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီးမွ ေႏွာင့္ေႏွးၾကန္႔ၾကာေနတဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ ဟားမက္စ္ ႐ိုဒရီးရက္ဇ္ကိုေတာ့ ေနာက္ဆုံးမွာ စည္း႐ုံးႏုိင္ခဲ့ၿပီျဖစ္ၿပီး လီဗာပူးလ္ၿမဳိ႕ကို ေရာက္ရွိလာခဲ့။

– တန္းဆင္းကလပ္ ဝတ္ဖို႔ဒ္အသင္းရဲ႕ အသက္ ၂၇ ႏွစ္အရြယ္ ျပင္သစ္ကြင္းလယ္လူ အက္ဘ္ဒူလာေယး ဒူကူေယးကိုလည္း အဲဗာတန္က ေပါင္သန္း ၂၀ နဲ႔ ေခၚယူႏုိင္ေတာ့မွာျဖစ္ၿပီး ရက္ပုိင္းအတြင္း စာရြက္စာတမ္းကိစၥေတြ အၿပီးသတ္ၿပီး ေၾကျငာႏုိင္ဖို႔ ရွိေန။

– ဘန္ေလအသင္းရဲ႕ ပုိလန္ႏြယ္ဖြား အဂၤလန္ေနာက္ခံလူ ဂ်ိမ္းစ္ တာေကာ့ဗ္စကီးအတြက္ ဝက္စ္ဟမ္းယူႏုိက္တက္အသင္းအေနနဲ႔ ပယ္ခ်ခံထားခဲ့ရၿပီး ျဖစ္တဲ့ ေပါင္ ၂၇ သန္းတန္ ပထမအႀကိမ္ ကမ္းလွမ္းမွဳရဲ႕ ႏွစ္ဆတုိးၿပီး ကမ္းလွမ္းသြားဖို႔ စီစဥ္ေန။

– လက္စတာစီးတီးအသင္းအေနနဲ႔ ခံစစ္ပုိင္းအတြက္ ေနာက္ခံအစြန္လူ တီမိုသီ ကက္စတာညီကို ေခၚယူခဲ့အၿပီးမွာ ျပင္သစ္ကလပ္ စိန္႔အက္တီယန္ရဲ႕ အသက္ ၁၉ ႏွစ္အရြယ္ ဗဟိုခံစစ္မွဴး ဝက္စ္လီ ဖိုဖာနာကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ေတာင္းဆုိထားတဲ့ ေပါင္ ၂၇ သန္းကိုေတာ့ ေပးေခ်လိုျခင္းမရွိဘဲျဖစ္ေန။

– ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းအေနနဲ႔ လူငယ္တုိက္စစ္မွဴး ဖာဘီယို ေဆးလ္ဗားကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းနဲ႔ ေခၚယူခဲ့အၿပီးမွာ ျပင္သစ္ကလပ္ လီယြန္အသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ဘရာဇီးလ္သား မာဆယ္လ္ကိုလည္း ေျပာင္းေရႊ႕ေၾကး ယူ႐ုိ ၂ သန္းနဲ႔ ေခၚယူထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS

UNICODE:

– နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ တန်းဆင်းဘုန်းမောက်အသင်းရဲ့ တိုက်စစ်မှူး ကယ်လမ် ဝီလ်ဆန်ကို ပေါင်သန်း ၂၀ တည်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီတွေက အသင်းကြီးတွေနဲ့ ပေါင်သန်း ၄၀ အထက် သတင်းထွက်ခဲ့တဲ့ အင်္ဂလန်သားကို ၄ နှစ် စာချုပ်ချုပ်ဆိုသွားခဲ့။

– ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆန်အပြင် သူ့ရဲ့ အသင်းကြီးတွေနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ အသင်းဖော် ရိုင်ယန် ဖရေဆာကိုလည်း နယူးကာဆယ်လ်အသင်းကပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ရှိနေပြီး ဒီနေ့မှာ ဆေးစစ်မှု ခံယူဖို့ စီစဉ်ထား။

– ငွေသုံးကြမ်းနေတဲ့ နယူးကာဆယ်လ်အသင်းရဲ့ ဈေးကွက်ကတော့ တန်းဆင်းအသင်းတွေပဲဖြစ်နေပြီး လီဗာပူးလ်အသင်းက ဈေးကြီးလို့ မခေါ်ခဲ့တဲ့ နော့ဝစ်ချ်နောက်ခံလူ ဂျမားလ် လူးဝစ္စကို ပေါင် ၁၅ သန်းနဲ့ တခြားခံစားခွင့်တွေ ထည့်သွင်းပြီး ခေါ်ယူသွားမှာဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်းမှာ မြောက်အိုင်ယာလန်သားကို ဆေးစစ်သွားဖွယ်ရှိ။

– အဲဗာတန်အသင်းကို နာပိုလီရဲ့ အယ်လန်က ပြောင်းရွှေ့လာခဲ့ပြီး ကျောနံပါတ် ၆ အင်္ကျီကို ပေးအပ်ခြင်းခံခဲ့ရခဲ့ပေမယ့် သူနဲ့ တစ်ပါတည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီးမှ နှောင့်နှေးကြန့်ကြာနေတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဟားမက်စ် ရိုဒရီးရက်ဇ်ကိုတော့ နောက်ဆုံးမှာ စည်းရုံးနိုင်ခဲ့ပြီဖြစ်ပြီး လီဗာပူးလ်မြို့ကို ရောက်ရှိလာခဲ့။

– တန်းဆင်းကလပ် ဝတ်ဖို့ဒ်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ အက်ဘ်ဒူလာယေး ဒူကူယေးကိုလည်း အဲဗာတန်က ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး ရက်ပိုင်းအတွင်း စာရွက်စာတမ်းကိစ္စတွေ အပြီးသတ်ပြီး ကြေငြာနိုင်ဖို့ ရှိနေ။

– ဘန်လေအသင်းရဲ့ ပိုလန်နွယ်ဖွား အင်္ဂလန်နောက်ခံလူ ဂျိမ်းစ် တာကော့ဗ်စကီးအတွက် ဝက်စ်ဟမ်းယူနိုက်တက်အသင်းအနေနဲ့ ပယ်ချခံထားခဲ့ရပြီး ဖြစ်တဲ့ ပေါင် ၂၇ သန်းတန် ပထမအကြိမ် ကမ်းလှမ်းမှုရဲ့ နှစ်ဆတိုးပြီး ကမ်းလှမ်းသွားဖို့ စီစဉ်နေ။

– လက်စတာစီးတီးအသင်းအနေနဲ့ ခံစစ်ပိုင်းအတွက် နောက်ခံအစွန်လူ တီမိုသီ ကက်စတာညီကို ခေါ်ယူခဲ့အပြီးမှာ ပြင်သစ်ကလပ် စိန့်အက်တီယန်ရဲ့ အသက် ၁၉ နှစ်အရွယ် ဗဟိုခံစစ်မှူး ဝက်စ်လီ ဖိုဖာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တောင်းဆိုထားတဲ့ ပေါင် ၂၇ သန်းကိုတော့ ပေးချေလိုခြင်းမရှိဘဲဖြစ်နေ။

– ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းအနေနဲ့ လူငယ်တိုက်စစ်မှူး ဖာဘီယို ဆေးလ်ဗားကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့အပြီးမှာ ပြင်သစ်ကလပ် လီယွန်အသင်းရဲ့ ဝါရင့်နောက်ခံလူ ဘရာဇီးလ်သား မာဆယ်လ်ကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၂ သန်းနဲ့ ခေါ်ယူထားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS