Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၇.၉.၂၀၂၀

– ကူလီေဘလီကို ေခၚယူဖို႔ ၾကန္႔ၾကာေနမွဳအေပၚ စိတ္ပ်က္ေနတဲ့ နည္းျပ ဂြါဒီယိုလာအတြက္ သူ႕ကို ေခၚယူမယ့္အစား ဆက္ဆံေရး ေကာင္းေတြ ရွိထားတဲ့ လာလီဂါအသင္းေတြဆီက ေနာက္ခံလူေတြကို ေျပာင္းလဲေခၚယူေပးဖို႔ အားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းက လုပ္ေဆာင္ေနၿပီး ဆီဗီလာရဲ႕ ဒီေယဂို ကားလို႔စ္နဲ႔ အက္သလက္တီကိုရဲ႕ ဟိုေဆး ဟီမီနက္ဇ္တုိ႔ကို ပစ္မွတ္ထားေန။

– ေနာက္ခံလူ အန္ဟဲလီညဳိကို ေခၚယူဖို႔ ကစားသမားနဲ႔ RB လုိက္ပ္ဇစ္အသင္းတုိ႔ၾကားမွာ ပုဂၢဳိလ္လ္ေရးသေဘာတူညီခ်က္ ရရွိခဲ့ၿပီျဖစ္ၿပီး မန္ခ်က္စတာစီးတီးဘက္က ယူ႐ုိသန္း ၃၀ ေတာင္းဆုိထားမွဳအတြက္ကိုေတာ့ ေလွ်ာ့ခ်ေပးဖို႔နဲ႔ အနာဂတ္ခံစားခြင့္ေတြနဲ႔ ကနဦးေျပာင္းေရႊ႕ေၾကး ခြဲေဝဖို႔ ညႇိႏွဳိင္းသြားဖို႔ရွိေန။

– ကူလီေဘလီအတြက္ သူတုိ႔လိုခ်င္တဲ့ ေဈးကို မေပးဘဲ အမ်ဳိးမ်ဳိးေဈးဆစ္ေနတာကို လက္ခံမွာ မဟုတ္ေၾကာင္းနဲ႔ ယူ႐ို ၇၅ သန္းကလြဲလုိ႔ တစ္ျပားတစ္ခ်ပ္မွ ေလွ်ာ့ခ်ၿပီး သေဘာတူသြားမွာ မဟုတ္ေၾကာင္း မန္ခ်က္စတာစီးတီးအသင္းကို နာပုိလီအသင္းပုိင္ရွင္ သတိေပး။

– အိုက္စလန္ရဲ႕ ကိုဗစ္-၁၉ ကာကြယ္ေရးစည္းမ်ဥ္းကို ခ်ဳိးေဖာက္ခဲ့ၿပီး အသင္းတည္းခိုရာ ဟိုတယ္ကို အမ်ဳိးသမီးႏွစ္ေယာက္ေခၚယူၿပီး ျပန္လာခဲ့တဲ့ မန္စီးတီးကြင္းလယ္လူ ဖီးလ္ ဖိုဒန္နဲ႔ မန္ယူတုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္တုိ႔ကို အဂၤလန္အသင္းရဲ႕ လာမယ့္ ဒိန္းမတ္နဲ႔ ပြဲစဥ္မွာ ေခၚယူသြားမွာ မဟုတ္ေတာ့ဘဲ ခ်န္လွပ္ဖို႔ ဆုံးျဖတ္လုိက္ၿပီျဖစ္ၿပီး အက္ဖ္ေအကလည္း စုံစမ္းစစ္ေဆးသြားဖို႔ရွိေန။

– ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္နဲ႔ ေတာင္ပံကစားသမား ရီယက္ မာရက္ဇ္တုိ႔မွာ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ကူးစက္မွဳ ေတြ႕ရွိရၿပီး သူတုိ႔အေနနဲ႔ အသင္းနဲ႔ ေလ့က်င့္ခန္းမဆင္းေတာ့ဘဲ အိမ္ေတြမွာ ခြဲျခားၿပီး ကုသမွဳ ခံယူေနၾကေၾကာင္းနဲ႔ အျမန္ဆုံးသက္သာဖို႔ ဆုေတာင္းေပးေၾကာင္း မန္စီးတီးအသင္းထုတ္ျပန္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကူလီဘေလီကို ခေါ်ယူဖို့ ကြန့်ကြာနေမှုအပေါ် စိတ်ပျက်နေတဲ့ နည်းပြ ဂွါဒီယိုလာအတွက် သူ့ကို ခေါ်ယူမယ့်အစား ဆက်ဆံရေး ကောင်းတွေ ရှိထားတဲ့ လာလီဂါအသင်းတွေဆီက နောက်ခံလူတွေကို ပြောင်းလဲခေါ်ယူပေးဖို့ အားကစားဒါရိုက်တာ ဘီဂီရီစတိန်းက လုပ်ဆောင်နေပြီး ဆီဗီလာရဲ့ ဒီယေဂို ကားလို့စ်နဲ့ အက်သလက်တီကိုရဲ့ ဟိုဆေး ဟီမီနက်ဇ်တို့ကို ပစ်မှတ်ထားနေ။

– နောက်ခံလူ အန်ဟဲလီညိုကို ခေါ်ယူဖို့ ကစားသမားနဲ့ RB လိုက်ပ်ဇစ်အသင်းတို့ကြားမှာ ပုဂ္ဂိုလ်လ်ရေးသဘောတူညီချက် ရရှိခဲ့ပြီဖြစ်ပြီး မန်ချက်စတာစီးတီးဘက်က ယူရိုသန်း ၃၀ တောင်းဆိုထားမှုအတွက်ကိုတော့ လျှော့ချပေးဖို့နဲ့ အနာဂတ်ခံစားခွင့်တွေနဲ့ ကနဦးပြောင်းရွှေ့ကြေး ခွဲဝေဖို့ ညှိနှိုင်းသွားဖို့ရှိနေ။

– ကူလီဘေလီအတွက် သူတို့လိုချင်တဲ့ ဈေးကို မပေးဘဲ အမျိုးမျိုးဈေးဆစ်နေတာကို လက်ခံမှာ မဟုတ်ကြောင်းနဲ့ ယူရို ၇၅ သန်းကလွဲလို့ တစ်ပြားတစ်ချပ်မှ လျှော့ချပြီး သဘောတူသွားမှာ မဟုတ်ကြောင်း မန်ချက်စတာစီးတီးအသင်းကို နာပိုလီအသင်းပိုင်ရှင် သတိပေး။

– အိုက်စလန်ရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီး အသင်းတည်းခိုရာ ဟိုတယ်ကို အမျိုးသမီးနှစ်ယောက်ခေါ်ယူပြီး ပြန်လာခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဖီးလ် ဖိုဒန်နဲ့ မန်ယူတိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်တို့ကို အင်္ဂလန်အသင်းရဲ့ လာမယ့် ဒိန်းမတ်နဲ့ ပွဲစဉ်မှာ ခေါ်ယူသွားမှာ မဟုတ်တော့ဘဲ ချန်လှပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး အက်ဖ်အေကလည်း စုံစမ်းစစ်ဆေးသွားဖို့ရှိနေ။

– နောက်ခံလူ အေးမရစ် လာပေါ့တ်နဲ့ တောင်ပံကစားသမား ရီယက် မာရက်ဇ်တို့မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိရပြီး သူတို့အနေနဲ့ အသင်းနဲ့ လေ့ကျင့်ခန်းမဆင်းတော့ဘဲ အိမ်တွေမှာ ခွဲခြားပြီး ကုသမှု ခံယူနေကြကြောင်းနဲ့ အမြန်ဆုံးသက်သာဖို့ ဆုတောင်းပေးကြောင်း မန်စီးတီးအသင်းထုတ်ပြန်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.