Premier League

ပရီးမီးယားလိဂ် ဒိုင်လူကြီးများအား အဆင့်သတ်မှတ်ခြင်း

Unicode: လာမယ့် ပရီးမီးယားလိဂ်ရာသီသစ်မှာ ကွင်းလယ်ဒိုင်တွေအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် သူတို့တွေရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ပေါ် မူတည်ပြီးတော့ လစာအကျိုးအမြတ် ခံစားခွင့်တွေကို ရရှိသွားတော့မှာဖြစ်ကြောင်း သိရပါတယ်။ The Sun ရဲ့ နာမည်ကျော် ဂျာနယ်လစ်တစ်ဦးတစ်ဖြစ်လဲ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ဟယ်လ်ဆေးကတော့ ပြီးခဲ့တဲ့ရာသီက လစာအများဆုံး ပေးချေခြင်းခံခဲ့ရတဲ့ ကွင်းလယ်ဒိုင်တွေကို ဖော်ပြသွားခဲ့ပါတယ်။ သူ့ရဲ့ ဖော်ပြချက်အရ ကွင်းလယ်ဒိုင်တွေရဲ့ အဆင့်အတန်း သတ်မှတ်မှုကို ယခုလို သိခဲ့ရပါတယ်။

A Class – ထိပ်တန်းအဆင့်

မာတင် အက်ကင်ဆန်

သူကတော့ အသက် (၄၉) နှစ်အရွယ်ရှိပြီး အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ တဘ်ငြိမ်ပြတ်သားတဲ့ ဆုံးဖြတ်ချက်မှန်တွေ ချမှတ်နိုင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စွမ်းဆောင်ရည်အကောင်းဆုံးသော ကွင်းလယ်ဒိုင်အဖြစ် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာထက် ကျော်လွန်ပြီးတော့ အဆင့်တစ်ဖြစ်ခဲ့ပါတယ်။

မိုက်ကယ် အိုလီဗာ

ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ဒိုင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းအရ အဆင့်နှစ်မှာသာ ရပ်တည်နိုင်ခဲ့ခြင်းကတော့ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အငြင်းပွားဖွယ် ဂိုးလိုင်းနည်းပညာနဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

မိုက် ဒင်းန်

ကိုယ့်ကိုယ်ကို ယုံကြည်မှုပြင်းထန်တဲ့ ကွင်းလယ်ဒိုင်တစ်ဦးဖြစ်ပြီးတော့ ယခုချိန်ထိ တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ နာမည်ရနေတဲ့ ဝါရင့် ကွင်းလယ်ဒိုင်တစ်ဦးပါ။ အသင်းကြီးပွဲစဉ်တွေမှာ ယုံယုံကြည်ကြည် ကိုင်တွယ်စေခြင်းကို ခံခဲ့ရသလို ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့အခါမှာလည်း တွန့်ဆုတ်တွေဝေနေခြင်း မရှိသူပါ။

ဂရေဟမ် စကော့တ်

ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့မှ စကော့တ်ကို ပရီးမီးယားလိဂ်မှ ထုတ်ပယ်ဖို့အထိ ဖြစ်ခဲ့ဖူးပါတယ်။ သို့ပေမဲ့ သူ့ရဲ့ အယူခံဝင်ခြင်းဟာ အောင်မြင်ခဲ့သလို နောက်ပိုင်းပွဲစဉ်တွေမှာလည်း အမှားကင်းခဲ့တာကြောင့် ထိပ်တန်း ကွင်းလယ်ဒိုင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။

B Class – အလွန်ကောင်းမွန်အဆင့်

အန်တိုနီ တေလာ

အန်တိုနီဟာလည်း အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲစဉ်တွေမှာ အိုလီဗာနဲ့ အက်ကင်ဆန်တို့လိုပဲ တာဝန်ပေးခြင်းခံရတာများပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းဟာ မှန်းထားသလောက် မကောင်းမွန်တာကြောင့် B Class မှာ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။

ခရစ် ကာဗာနာ

ပရီးမီးယားလိဂ်မှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ထမ်းဆောင်နေတာ သုံးရာသီသာ ရှိသေးသလို သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက် ထိန်းသိမ်းသွားမယ်ဆိုရင်တော့ အက်ကင်ဆန်နဲ့ အိုလီဗာတို့လိုမျိုး ဖြစ်လာမှာပါ။

ပေါလ် တီယာနီ

တည်ငြိမ်တဲ့ ကိုယ်နေဟန်ထားရှိပြီး ဆုံးဖြတ်ချက် မချခင်မှာလည်း တွေးတောနေလေ့ရှိပါတယ်။ သွေးအေးအေးနဲ့ ပွဲတစ်ပွဲကို ကိုင်တွယ်လေ့ရှိပေမဲ့ ကစားသမားတွေအပေါ်မှာတော့ လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။

အန်ဒရီ မာရီနာ

နောက်ထပ် တည်ငြိမ်တဲ့ ကွင်းလယ်ဒိုင်တစ်ဦးပါပဲ။ ဆုံးဖြတ်ချက်ချနိုင်စွမ်းမှာ စိတ်ချရပေမဲ့ သူ့ရဲ့နေရာယူပုံတွေကတော့ အဖြစ်အပျက်ကို မြင်သာနိုင်တဲ့ ထောင့်စွန်းတွေမှာ ရှိမနေဘဲ သူ ဆုံးဖြတ်ချက် ကောင်းကောင်းချလို့ရမယ့် နေရာတွေမှာ ရှိနေသေးဖို့ လိုသေးပါတယ်။

C Class – ကောင်းမွန်အဆင့်

စတူးဝတ် အတ်ဝဲလ်

၂၀၁၄ မှာ ပရီးမီးယားလိဂ်မှာ စတင်လုပ်ကိုင်ခဲ့ပြီး ကြိုးစားတဲ့သူတစ်ယောက်ပါ။ သို့ပေမဲ့ တစ်နှစ်ကြာမှာ ပရီးမီးယားလိဂ်မှာ ပြန်လည် ဖယ်ထုတ်ခြင်းခံခဲ့ရပြီး နောက်တစ်နှစ် ပြန်ရောက်လာချိန်ကတည်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

ဒေးဗစ် ကုထ်

ဒုတိယမြောက် ရာသီသာရှိသေးပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ မှန်ကန်တိကျတဲ့ ဆုံးဖြတ်ချက်တွေကြောင့် နောက်ရာသီမှာလည်း ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

အန်ဒီ မက်ဒ်လီ

ထိပ်တန်းအဆင့် ကွင်းလယ်ဒိုင်ဖြစ်လာနိုင်တယ်လို့ မနှစ်က သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ ထင်ကြေးပေးခံထားရပါတယ်။ တည်ငြိမ်ပြီး အဝါကတ်၊ အနီကတ်တွေ များများစားစား ပြသလေ့မရှိဘဲ ပွဲတစ်ပွဲကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာလည်း အသင်းကြီးပွဲစဉ်တွေ စမ်းသပ် တာဝန်ပေးခံသွားဖို့ ရှိနေပါတယ်။

ပီတာ ဘန့်ခ်

သူကလည်း မနှစ်က သူ့ရဲ့ပထမဆုံး ရာသီမှာ အမြဲတမ်း ပြုံးနေတဲ့မျက်နှာကြောင့် ကစားသမားတွေနဲ့လည်း သဟဇာတဖြစ်တယ်လို့ ချီးကျူးခံထားရပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသူလည်း ဖြစ်ပါတယ်။

D Class – သာမန်အဆင့်

ခရိတ် ပေါဆန်

UEFA အဆင့် ကွင်းလယ်ဒိုင်ကနေ ပရီးမီးယားလိဂ်သို့ စေလွှတ်ခံရအပြီးမှာလည်း လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် မကြာခဏ ဝေဖန်ခံရလေ့ရှိသူပါ။

ဂျိုနသန် မော့စ်

မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ VAR အကူအညီ မကြာခဏ ယူလေ့ရှိပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာလည်း အားနည်းသူပါ။

ကီဗင် ဖရန့်

စိတ်မရှည်တဲ့ ဒိုင်တစ်ယောက်လို့ ကစားသမားတွေက ဝေဖန်လေ့ရှိကြပြီး ကစားသမားတွေနဲ့ ဖြေရှင်းရမှာလည်း လေသံမာကျောသလို ကိုယ်နေဟန်ထားက ရန်လိုနေလေ့ရှိသူလို့ နာမည်ကျော်ကြားပါတယ်။

လီး မေဆန်

၂၀၀၆ လောက်မှာ A Class ထဲမှာ ရှိနေခဲ့ပေမဲ့ မနှစ်က ၁၆ ပွဲသာ တာဝန်ပေးခြင်း ခံခဲ့ရတာက သူ့ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့်လို့ ဒိုင်လူကြီးအဖွဲ့က ပြောကြားထားပါတယ်။

ဆိုင်မန် ဟူပါ

ဆိုင်မန်ကတော့ ကွင်းလယ်ဒိုင်ကောင်းတစ်ယောက်ပါ။ သို့ပေမဲ့ တိုးတက်မှုအချို့ လိုအပ်နေသေးပြီး ပရီးမီးယားလိဂ်မှာ ကိုင်တွယ်နိုင်စွမ်းမရှိသေးဘူးလို့ The Sun ရဲ့ ဂျာနယ်လစ်မှ ပြောကြားသွားခဲ့ပါတယ်။

REF: THE SUN
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

Zawgyi: လာမယ့္ ပရီးမီးယားလိဂ္ရာသီသစ္မွာ ကြင္းလယ္ဒိုင္ေတြအေနနဲ႔ ပထမဆုံးအႀကိမ္အျဖစ္ သူတို႔ေတြရဲ႕ ကြင္းတြင္းစြမ္းေဆာင္ရည္ေပၚ မူတည္ၿပီးေတာ့ လစာအက်ိဳးအျမတ္ ခံစားခြင့္ေတြကို ရရွိသြားေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ The Sun ရဲ႕ နာမည္ေက်ာ္ ဂ်ာနယ္လစ္တစ္ဦးတစ္ျဖစ္လဲ ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း မာ့ခ္ ဟယ္လ္ေဆးကေတာ့ ၿပီးခဲ့တဲ့ရာသီက လစာအမ်ားဆုံး ေပးေခ်ျခင္းခံခဲ့ရတဲ့ ကြင္းလယ္ဒိုင္ေတြကို ေဖာ္ျပသြားခဲ့ပါတယ္။ သူ႔ရဲ႕ ေဖာ္ျပခ်က္အရ ကြင္းလယ္ဒိုင္ေတြရဲ႕ အဆင့္အတန္း သတ္မွတ္မႈကို ယခုလို သိခဲ့ရပါတယ္။

A Class – ထိပ္တန္းအဆင့္

မာတင္ အက္ကင္ဆန္

သူကေတာ့ အသက္ (၄၉) ႏွစ္အ႐ြယ္ရွိၿပီး အသက္အ႐ြယ္ ႀကီးရင့္လာတာနဲ႔အမွ် တဘ္ၿငိမ္ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္မွန္ေတြ ခ်မွတ္ႏိုင္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ စြမ္းေဆာင္ရည္အေကာင္းဆုံးေသာ ကြင္းလယ္ဒိုင္အျဖစ္ ကြင္းလယ္ဒိုင္ မိုက္ကယ္အိုလီဗာထက္ ေက်ာ္လြန္ၿပီးေတာ့ အဆင့္တစ္ျဖစ္ခဲ့ပါတယ္။

မိုက္ကယ္ အိုလီဗာ

ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္ဒိုင္ေတြထဲက တစ္ဦးျဖစ္ပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ အဆင့္အတန္းအရ အဆင့္ႏွစ္မွာသာ ရပ္တည္ႏိုင္ခဲ့ျခင္းကေတာ့ ဗီလာပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲစဥ္မွာ အျငင္းပြားဖြယ္ ဂိုးလိုင္းနည္းပညာနဲ႔ လြဲမွားတဲ့ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

မိုက္ ဒင္းန္

ကိုယ့္ကိုယ္ကို ယုံၾကည္မႈျပင္းထန္တဲ့ ကြင္းလယ္ဒိုင္တစ္ဦးျဖစ္ၿပီးေတာ့ ယခုခ်ိန္ထိ တည္ၿငိမ္တဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔အတူ နာမည္ရေနတဲ့ ဝါရင့္ ကြင္းလယ္ဒိုင္တစ္ဦးပါ။ အသင္းႀကီးပြဲစဥ္ေတြမွာ ယုံယုံၾကည္ၾကည္ ကိုင္တြယ္ေစျခင္းကို ခံခဲ့ရသလို ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရတဲ့အခါမွာလည္း တြန႔္ဆုတ္ေတြေဝေနျခင္း မရွိသူပါ။

ဂေရဟမ္ စေကာ့တ္

ပရီးမီးယားလိဂ္ ဒိုင္လူႀကီးအဖြဲ႕မွ စေကာ့တ္ကို ပရီးမီးယားလိဂ္မွ ထုတ္ပယ္ဖို႔အထိ ျဖစ္ခဲ့ဖူးပါတယ္။ သို႔ေပမဲ့ သူ႔ရဲ႕ အယူခံဝင္ျခင္းဟာ ေအာင္ျမင္ခဲ့သလို ေနာက္ပိုင္းပြဲစဥ္ေတြမွာလည္း အမွားကင္းခဲ့တာေၾကာင့္ ထိပ္တန္း ကြင္းလယ္ဒိုင္တစ္ဦး ျဖစ္လာခဲ့ပါတယ္။

B Class – အလြန္ေကာင္းမြန္အဆင့္

အန္တိုနီ ေတလာ

အန္တိုနီဟာလည္း အသင္းႀကီးေတြ ထိပ္တိုက္ေတြ႕ဆုံတဲ့ ပြဲစဥ္ေတြမွာ အိုလီဗာနဲ႔ အက္ကင္ဆန္တို႔လိုပဲ တာဝန္ေပးျခင္းခံရတာမ်ားပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ စြမ္းေဆာင္ႏိုင္စြမ္းဟာ မွန္းထားသေလာက္ မေကာင္းမြန္တာေၾကာင့္ B Class မွာ ပါဝင္လာခဲ့ျခင္းျဖစ္ပါတယ္။

ခရစ္ ကာဗာနာ

ပရီးမီးယားလိဂ္မွာ ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ထမ္းေဆာင္ေနတာ သုံးရာသီသာ ရွိေသးသလို သူ႔ရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္လက္ ထိန္းသိမ္းသြားမယ္ဆိုရင္ေတာ့ အက္ကင္ဆန္နဲ႔ အိုလီဗာတို႔လိုမ်ိဳး ျဖစ္လာမွာပါ။

ေပါလ္ တီယာနီ

တည္ၿငိမ္တဲ့ ကိုယ္ေနဟန္ထားရွိၿပီး ဆုံးျဖတ္ခ်က္ မခ်ခင္မွာလည္း ေတြးေတာေနေလ့ရွိပါတယ္။ ေသြးေအးေအးနဲ႔ ပြဲတစ္ပြဲကို ကိုင္တြယ္ေလ့ရွိေပမဲ့ ကစားသမားေတြအေပၚမွာေတာ့ လႊမ္းမိုးႏိုင္စြမ္းရွိပါတယ္။

အန္ဒရီ မာရီနာ

ေနာက္ထပ္ တည္ၿငိမ္တဲ့ ကြင္းလယ္ဒိုင္တစ္ဦးပါပဲ။ ဆုံးျဖတ္ခ်က္ခ်ႏိုင္စြမ္းမွာ စိတ္ခ်ရေပမဲ့ သူ႔ရဲ႕ေနရာယူပုံေတြကေတာ့ အျဖစ္အပ်က္ကို ျမင္သာႏိုင္တဲ့ ေထာင့္စြန္းေတြမွာ ရွိမေနဘဲ သူ ဆုံးျဖတ္ခ်က္ ေကာင္းေကာင္းခ်လို႔ရမယ့္ ေနရာေတြမွာ ရွိေနေသးဖို႔ လိုေသးပါတယ္။

C Class – ေကာင္းမြန္အဆင့္

စတူးဝတ္ အတ္ဝဲလ္

၂၀၁၄ မွာ ပရီးမီးယားလိဂ္မွာ စတင္လုပ္ကိုင္ခဲ့ၿပီး ႀကိဳးစားတဲ့သူတစ္ေယာက္ပါ။ သို႔ေပမဲ့ တစ္ႏွစ္ၾကာမွာ ပရီးမီးယားလိဂ္မွာ ျပန္လည္ ဖယ္ထုတ္ျခင္းခံခဲ့ရၿပီး ေနာက္တစ္ႏွစ္ ျပန္ေရာက္လာခ်ိန္ကတည္းက စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားႏိုင္ခဲ့ပါတယ္။

ေဒးဗစ္ ကုထ္

ဒုတိယေျမာက္ ရာသီသာရွိေသးၿပီး စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားႏိုင္ခဲ့ပါတယ္။ မွန္ကန္တိက်တဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ေနာက္ရာသီမွာလည္း ပိုမိုေကာင္းမြန္လာလိမ့္မယ္လို႔ ထင္ေၾကးေပးခံထားရပါတယ္။

အန္ဒီ မက္ဒ္လီ

ထိပ္တန္းအဆင့္ ကြင္းလယ္ဒိုင္ျဖစ္လာႏိုင္တယ္လို႔ မႏွစ္က သူ႔ရဲ႕ ပြဲဦးထြက္ရာသီမွာ ထင္ေၾကးေပးခံထားရပါတယ္။ တည္ၿငိမ္ၿပီး အဝါကတ္၊ အနီကတ္ေတြ မ်ားမ်ားစားစား ျပသေလ့မရွိဘဲ ပြဲတစ္ပြဲကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီႏွစ္မွာလည္း အသင္းႀကီးပြဲစဥ္ေတြ စမ္းသပ္ တာဝန္ေပးခံသြားဖို႔ ရွိေနပါတယ္။

ပီတာ ဘန႔္ခ္

သူကလည္း မႏွစ္က သူ႔ရဲ႕ပထမဆုံး ရာသီမွာ အၿမဲတမ္း ၿပဳံးေနတဲ့မ်က္ႏွာေၾကာင့္ ကစားသမားေတြနဲ႔လည္း သဟဇာတျဖစ္တယ္လို႔ ခ်ီးက်ဴးခံထားရပါတယ္။ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ရွိသူလည္း ျဖစ္ပါတယ္။

D Class – သာမန္အဆင့္

ခရိတ္ ေပါဆန္

UEFA အဆင့္ ကြင္းလယ္ဒိုင္ကေန ပရီးမီးယားလိဂ္သို႔ ေစလႊတ္ခံရအၿပီးမွာလည္း လြဲမွားတဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ မၾကာခဏ ေဝဖန္ခံရေလ့ရွိသူပါ။

ဂ်ိဳနသန္ ေမာ့စ္

မတည္ၿငိမ္တဲ့ စြမ္းေဆာင္ရည္ေတြနဲ႔အတူ VAR အကူအညီ မၾကာခဏ ယူေလ့ရွိၿပီး မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရာမွာလည္း အားနည္းသူပါ။

ကီဗင္ ဖရန႔္

စိတ္မရွည္တဲ့ ဒိုင္တစ္ေယာက္လို႔ ကစားသမားေတြက ေဝဖန္ေလ့ရွိၾကၿပီး ကစားသမားေတြနဲ႔ ေျဖရွင္းရမွာလည္း ေလသံမာေက်ာသလို ကိုယ္ေနဟန္ထားက ရန္လိုေနေလ့ရွိသူလို႔ နာမည္ေက်ာ္ၾကားပါတယ္။

လီး ေမဆန္

၂၀၀၆ ေလာက္မွာ A Class ထဲမွာ ရွိေနခဲ့ေပမဲ့ မႏွစ္က ၁၆ ပြဲသာ တာဝန္ေပးျခင္း ခံခဲ့ရတာက သူ႔ရဲ႕ မျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္လို႔ ဒိုင္လူႀကီးအဖြဲ႕က ေျပာၾကားထားပါတယ္။

ဆိုင္မန္ ဟူပါ

ဆိုင္မန္ကေတာ့ ကြင္းလယ္ဒိုင္ေကာင္းတစ္ေယာက္ပါ။ သို႔ေပမဲ့ တိုးတက္မႈအခ်ိဳ႕ လိုအပ္ေနေသးၿပီး ပရီးမီးယားလိဂ္မွာ ကိုင္တြယ္ႏိုင္စြမ္းမရွိေသးဘူးလို႔ The Sun ရဲ႕ ဂ်ာနယ္လစ္မွ ေျပာၾကားသြားခဲ့ပါတယ္။

REF: THE SUN
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.