Premier League

အာဆင်နယ်ကို စွန့်ခွာနိုင်တယ်လို့ သတိပေးလိုက်တဲ့ တီယာနီ

အာဆင်နယ်ဘယ်နောက်ခံလူ ကီရန် တီယာနီဟာ နည်းပြ အာတီတာရဲ့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် ဆဲလ်တစ်ကို ပြန်သွားကစားနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

စကော့တလန်ကြယ်ပွင့်ဟာ ဆဲလ်တစ်အသင်းနဲ့ ၁၄ နှစ်ကြာ သံယောဇဉ်ကို အဆုံးသတ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အမ်းမရိတ်စ်ကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် နောက်ခံလူဟာ စကော့တလန်ထိပ်သီးအသင်းကြီးရဲ့ အကယ်ဒမီမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။ တီယာနီဟာ ဆဲလ်တစ်အသင်းအတွက် ပွဲပေါင်း ၁၇၀ ပါဝင်ကစားပေးခဲ့ရာမှာ စကော့တလန်လိဂ်ဖလား ၃ ကြိမ်၊ စကော့ဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ်တို့ကို ရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

တီယာနီဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ အာဆင်နယ်ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဒီရာသီမှာတော့ ဂန်းနားတို့ရဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၃ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားတာဖြစ်ပြီး နည်းပြ အာတီတာလက်အောက် အရန်ခုံထိုင်နေတာက ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“ကစားသမားတစ်ယောက်က သူ ချစ်မြတ်နိုးတဲ့အသင်းကို စွန့်ခွာသွားတဲ့အချိန်မှာ အမြဲတမ်း ‘သူ ပြန်လာရင် ဘာဖြစ်မလဲ’ဆိုတဲ့ အတွေးတွေက ရှိမယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ဘယ်အရာကိုမှ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ကျွန်တော် အမြဲတမ်း ဆဲလ်တစ်ကို ချစ်သွားမှာပါ။ ကျွန်တော် အမြဲတမ်း ဆဲလ်တစ်ကို အားပေးသွားမှာပါ။ အဲဒီတော့ ခင်ဗျား ဘောလုံးမှာ ဘယ်တော့မှ ကြိုမသိနိုင်ဘူး။ ခင်ဗျာ တကယ်ကို မသိနိုင်ပါဘူး”လို့ BT Sport ရဲ့ Currie Club Podcast မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယခုလအစောပိုင်းတုန်းက အာဆင်နယ်ဂန္တဝင် မာတင် ကီယွန်က ယူရိုပါလိဂ်မှာ ရှားရှားပါးပါး ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ တီယာနီဟာ မြောက်လန်ဒန်မှာ စိတ်ပျက်မှုတွေ ကြီးထွားလာနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ သူက အရည်အသွေးမြင့် ကစားသမားဖြစ်ပြီး သူ ပွဲစဉ်တိုင်းကို ပါဝင်ကစားပေးနိုင်တယ်။ ဒါပေမယ့်လည်း ခင်ဗျားက သူ့လိုအပ်ချက်ကို လုံးဝ မဖြည့်ဆည်းပေးနိုင်တာက သိသာနေပါတယ်။ သူ ပွဲထွက်ပါဝင်မကစားရတဲ့အချိန်မှာ အဲဒါက ခင်ဗျားကို အရည်အသွေးနဲ့ အသင်းလူစာရင်းရဲ့ အားကောင်းမှုကို ပြသနေတာပါ”

“ခင်ဗျား အဲဒီလို ယှဉ်ပြိုင်မှုတွေ ရှိချင်မှာဖြစ်ပြီး အဆင့်အတန်းလည်း မြင့်မားလာစေချင်မှာပါ။ ဒီကစားသမားတွေက ရှေ့ဆက်သွားးဖို့ သဘောတူလက်ခံလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ သူတို့တွေ ဝင်ကစားရတဲ့အချိန်မှာ ဒီလိုပဲ ကစားနေသရွေ့ကတော့ သူတု့ိအတွက် အနာဂတ်ရှိနေမယ်လို့ ကျွန်တော် ထင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အာတီတာလက်အောက်မှာ တိုးတက်လာနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေမှုနဲ့အတူ တစ်ဆက်တည်းမှာပဲ တီယာနီက ရာသီရဲ့ ကစားချိန်အများစုကို အကျဉ်းချုံးကြည့်ရှုဖို့ ခက်ခဲခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“အဲဒါက ခက်ခဲခဲ့ပါတယ်။ ကျွန်တော် ဒဏ်ရာကနေ ပြန်လာတော့ ရာသီကြိုကို လွဲချော်ခဲ့တယ်။ ပြီးတော့ ကျွန်တော် ပထမဆုံးကစားခဲ့တဲ့ပွဲစဉ်က ပဲလေ့စ်နဲ့ပွဲပါ။ အဲဒါက ကျွန်တော် ပထမဆုံးလေ့ကျင့်ရေးဆင်းခဲ့တဲ့ အပတ်မှာ ကစားခဲ့တာပါ။ ကျွန်တော် ပွဲကစားချိန် မိနစ်တွေ ရဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ခက်ခဲတဲ့ ပွဲထွက်ပါဝင်ကစားမှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ပထမဦးစားပေး၊ ဒုတိယ ဒါမှမဟုတ် တတိယဦးစားပေးပဲဖြစ်ဖြစ် ကျွန်တော် ဆက်ပြီးတော့ အလုပ်ကြိုးစားသွားမှာဖြစ်ပြီး အဲဒါက ကျွန်တော့်ကို ဘယ်ကို ရောက်ရှိစေမလဲဆိုတာကို ကြည့်တာပေါ့”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ဘယ္ေနာက္ခံလူ ကီရန္ တီယာနီဟာ နည္းျပ အာတီတာရဲ႕ ပြဲထြက္လူစာရင္းမွာ ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္ ဆဲလ္တစ္ကို ျပန္သြားကစားႏိုင္ေျခရွိတယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။

စေကာ့တလန္ၾကယ္ပြင့္ဟာ ဆဲလ္တစ္အသင္းနဲ႔ ၁၄ ႏွစ္ၾကာ သံေယာဇဥ္ကို အဆုံးသတ္ခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ အမ္းမရိတ္စ္ကို ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ စေကာ့တလန္ထိပ္သီးအသင္းႀကီးရဲ႕ အကယ္ဒမီမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ပါတယ္။ တီယာနီဟာ ဆဲလ္တစ္အသင္းအတြက္ ပြဲေပါင္း ၁၇၀ ပါဝင္ကစားေပးခဲ့ရာမွာ စေကာ့တလန္လိဂ္ဖလား ၃ ႀကိမ္၊ စေကာ့ဖလား ၂ ႀကိမ္နဲ႔ လိဂ္ဖလား ၂ ႀကိမ္တို႔ကို ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

တီယာနီဟာ ၿပီးခဲ့တဲ့ ၂ ရာသီအတြင္းမွာ အာဆင္နယ္ပြဲထြက္လူစာရင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ဂန္းနားတို႔ရဲ႕ ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၃ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိထားတာျဖစ္ၿပီး နည္းျပ အာတီတာလက္ေအာက္ အရန္ခုံထိုင္ေနတာက ခက္ခဲခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကစားသမားတစ္ေယာက္က သူ ခ်စ္ျမတ္ႏိုးတဲ့အသင္းကို စြန႔္ခြာသြားတဲ့အခ်ိန္မွာ အၿမဲတမ္း ‘သူ ျပန္လာရင္ ဘာျဖစ္မလဲ’ဆိုတဲ့ အေတြးေတြက ရွိမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား ဘယ္အရာကိုမွ ျငင္းပယ္လို႔ မရႏိုင္ပါဘူး။ ကြၽန္ေတာ္ အၿမဲတမ္း ဆဲလ္တစ္ကို ခ်စ္သြားမွာပါ။ ကြၽန္ေတာ္ အၿမဲတမ္း ဆဲလ္တစ္ကို အားေပးသြားမွာပါ။ အဲဒီေတာ့ ခင္ဗ်ား ေဘာလုံးမွာ ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ဘူး။ ခင္ဗ်ာ တကယ္ကို မသိႏိုင္ပါဘူး”လို႔ BT Sport ရဲ႕ Currie Club Podcast မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ယခုလအေစာပိုင္းတုန္းက အာဆင္နယ္ဂႏၲဝင္ မာတင္ ကီယြန္က ယူ႐ိုပါလိဂ္မွာ ရွားရွားပါးပါး ပြဲထြက္ပါဝင္ကစားခြင့္ရရွိခဲ့တဲ့ တီယာနီဟာ ေျမာက္လန္ဒန္မွာ စိတ္ပ်က္မႈေတြ ႀကီးထြားလာေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔အတြက္ စိတ္မေကာင္းျဖစ္မိတယ္။ သူက အရည္အေသြးျမင့္ ကစားသမားျဖစ္ၿပီး သူ ပြဲစဥ္တိုင္းကို ပါဝင္ကစားေပးႏိုင္တယ္။ ဒါေပမယ့္လည္း ခင္ဗ်ားက သူ႔လိုအပ္ခ်က္ကို လုံးဝ မျဖည့္ဆည္းေပးႏိုင္တာက သိသာေနပါတယ္။ သူ ပြဲထြက္ပါဝင္မကစားရတဲ့အခ်ိန္မွာ အဲဒါက ခင္ဗ်ားကို အရည္အေသြးနဲ႔ အသင္းလူစာရင္းရဲ႕ အားေကာင္းမႈကို ျပသေနတာပါ”

“ခင္ဗ်ား အဲဒီလို ယွဥ္ၿပိဳင္မႈေတြ ရွိခ်င္မွာျဖစ္ၿပီး အဆင့္အတန္းလည္း ျမင့္မားလာေစခ်င္မွာပါ။ ဒီကစားသမားေတြက ေရွ႕ဆက္သြားးဖို႔ သေဘာတူလက္ခံလားဆိုတာေတာ့ ကြၽန္ေတာ္ မသိပါဘူး။ သူတို႔ေတြ ဝင္ကစားရတဲ့အခ်ိန္မွာ ဒီလိုပဲ ကစားေနသေ႐ြ႕ကေတာ့ သူတု႔ိအတြက္ အနာဂတ္ရွိေနမယ္လို႔ ကြၽန္ေတာ္ ထင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ အာတီတာလက္ေအာက္မွာ တိုးတက္လာေနၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနမႈနဲ႔အတူ တစ္ဆက္တည္းမွာပဲ တီယာနီက ရာသီရဲ႕ ကစားခ်ိန္အမ်ားစုကို အက်ဥ္းခ်ဳံးၾကည့္ရႈဖို႔ ခက္ခဲခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

“အဲဒါက ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္ ဒဏ္ရာကေန ျပန္လာေတာ့ ရာသီႀကိဳကို လြဲေခ်ာ္ခဲ့တယ္။ ၿပီးေတာ့ ကြၽန္ေတာ္ ပထမဆုံးကစားခဲ့တဲ့ပြဲစဥ္က ပဲေလ့စ္နဲ႔ပြဲပါ။ အဲဒါက ကြၽန္ေတာ္ ပထမဆုံးေလ့က်င့္ေရးဆင္းခဲ့တဲ့ အပတ္မွာ ကစားခဲ့တာပါ။ ကြၽန္ေတာ္ ပြဲကစားခ်ိန္ မိနစ္ေတြ ရဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ၿပီး ခက္ခဲတဲ့ ပြဲထြက္ပါဝင္ကစားမႈျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ပထမဦးစားေပး၊ ဒုတိယ ဒါမွမဟုတ္ တတိယဦးစားေပးပဲျဖစ္ျဖစ္ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ အလုပ္ႀကိဳးစားသြားမွာျဖစ္ၿပီး အဲဒါက ကြၽန္ေတာ့္ကို ဘယ္ကို ေရာက္ရွိေစမလဲဆိုတာကို ၾကည့္တာေပါ့”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.