Analysis Match Preview Premier League

မန်ယူပဲလို့ ယုံနေတဲ့ အီဗရာရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အတွက် ခန့်မှန်းချက်များ

ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြိုတင်ခန့်မှန်းမှုတွေမှာ ကျွန်တော်တို့ ပေ့ချ်က ရေးသားနေကျ ပေါလ် မာဆန် အချိန်မီ ရောက်ရှိမလာတာကြောင့် မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာရဲ့ သုံးသပ်ချက်တွေကိုပဲ စုစည်းဖော်ပြပေးလိုက်ပါတယ်။

နော့တင်ဟမ် ဖောရက်စ်-လီဗာပူးလ်
လီဗာပူးလ်တို့ ပြန်လာနေပါပြီ။ မန်စီးတီးနဲ့ပွဲကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့တာ၊ ဝက်စ်ဟမ်းကို အယ်လစ်ဆန် ပယ်နယ်တီကာကွယ်ပြီး သုံးမှတ် ရယူနိုင်ခဲ့တာတွေက သူတို့တွေကို ကြောက်ရနိုင်တဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ပုံပေါ်လာစေပါတယ်။ ဖောရက်စ်တို့ကတော့ ပရီးမီးယားလိဂ်ကို လာကစားပြီး အမာခံ ကစားသမား မရှိဘဲ လူအများကြီး ခေါ်ထားတဲ့ ပုံစံက သူတို့ကို ရုန်းကန်ရစေသလို ဒီနေ့ပွဲမှာလည်း ပြဿနာကြီးကြီး ကြုံရဦးမှာ ဖြစ်ပါတယ်။ (ဖောရက်စ် 0-3 လီဗာပူးလ်)

အဲဗာတန်-ခရစ္စတယ်လ် ပဲလေ့စ်
ပြီးခဲ့တဲ့ သုံးပွဲဆက်တိုက် ရှုံးထားခဲ့တဲ့ အဲဗာတန်နဲ့ လမ်းပတ်ကတော့ ဒုက္ခနဲ့ လှလှ တွေ့နေတာပါ။ ဂျရတ်ရဲ့ နောက်ကို လိုက်မယ့်သူက သူ့ရဲ့ ခေတ်ပြိုင် လမ်းပတ်ဆိုရင်တော့ အတွေးတွေ ရိုင်းသွားကြမလား။ ထားလိုက်ပါတော့။ ဒီနေ့ပွဲရဲ့ အဓိက ဇာတ်ဆောင်ကတော့ ပဲလေ့စ်ပဲ ဖြစ်လာပါလိမ့်မယ်။ နိုင်သင့်တဲ့ ပွဲတွေကို လွှင့်ပစ်ပြီးရင် ခက်ခဲတဲ့ ပွဲတွေကိုကျ စပရိုက်တိုက်နေကျဖြစ်လို့ ဂွတ်ဒီဆန်ပါ့ခ်မှာ သရေဆိုရင် မနာလောက်ပါဘူး။ (အဲဗာတန် 1-1 ပဲလေ့စ်)

မန်ချက်စတာစီးတီး-ဘရိုက်တန်
မန်စီးတီးတို့အနေနဲ့ ကြားရက် အနားရအပြီးမှာ လီဗာပူးလ်နဲ့ အရှုံးကို တုံ့ပြန်ပြရဖို့ ရှိနေပါတယ်။ ဘရိုက်တန်ဆိုတာ သူတို့တွေ အနိုင်ယူဖို့ မခက်ခဲလှတဲ့ အသင်းမျိုးဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲက VAR ကြောင့် ခံလိုက်ရတဲ့အပေါ် ပေါက်ကွဲပါလိမ့်မယ်။ (မန်စီးတီး 2-0 ဘရိုက်တန်)

ချဲလ်ဆီး-မန်ချက်စတာယူနိုက်တက်
ဒီပွဲကတော့ ဒီတစ်ပတ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲစဉ်ပါ။ နည်းပြကောင်းနှစ်ဦးရဲ့ တွေ့ဆုံမှုမှာ ဒီပွဲက ဘာမဆိုဖြစ်သွားနိုင်တဲ့ ပွဲမျိုးဖြစ်ပြီး နှစ်သင်းစလုံး ဖွင့်ကစားလာဖို့ ရှိနေပါတယ်။ တူဟယ်လ်ရဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်နေတဲ့ ချဲလ်ဆီးနဲ့ မန်ယူတို့ရဲ့ ခေတ်ပြောင်းချိန်က အလားသဏ္ဍာန်တူနေပြီး နှစ်သင်းစလုံးအနေနဲ့ ထိပ်ဆုံးကို ပြန်တက်ဖို့တော့ ဖြည်းဖြည်းချင်း လုပ်ကြရမှာပါ။ အသင်းနဲ့ အသားကျလာခဲ့တဲ့ တန်ဟတ်ရဲ့ ပုံစံက အသင်းကြီးချင်း မတွေ့ရသေးတဲ့ ပေါ့တာထက် ပိုယုံရမယ်လို့ ထင်ရပြီး ဒီပွဲမှာ မန်ယူဘက်က ရှိပါမယ်။ (ချဲလ်ဆီး 1-2 မန်ယူ)

ဝုလ်ဗာဟမ့်ပ်တန်-လက်စတာစီးတီး
တန်းဆင်းဇုန်က အသင်းချင်း တွေ့ဆုံမှုမှာ အိမ်ကွင်းနဲ့ အလားအလာ ပိုကောင်းနေတဲ့ ဝုလ်ဗ်စ်တို့ကို ယုံကြည်ချင်ပါတယ်။ လက်စတာတို့ကတော့ သူတို့ရဲ့ ဆိုးရွားတဲ့ ပုံစံတွေကနေ တကယ်တမ်း ရုန်းထွက်နိုင်ပြီလို့ မထင်ပါဘူး။ (ဝုလ်ဗ်စ် 2-1 လက်စတာ)

အက်စ်တန်ဗီလာ-ဘရန့်ဖို့ဒ်
နည်းပြ ဂျရတ်ကို ထုတ်ပယ်ထားတဲ့ ဗီလာတို့ ဒီနေ့ပွဲကို ရုန်းလာလိမ့်မယ်လို့ ခံစားမိနေသလိုပါပဲ။ ဘရန့်ဖို့ဒ်တို့ နိုင်ပွဲပြန်ရခဲ့ပေမယ့် ဗီလာပါ့ခ်မှာ အိမ်ရှင်တွေပဲ လက်ရှိ ဆိုးရွားတဲ့ အခြေအနေကို တုံ့ပြန်ဖို့ နိုင်ပွဲယူသွားပါလိမ့်မယ်။ (ဗီလာ 2-1 ဘရန့်ဖို့ဒ်)

ဆောက်သမ်တန်-အာဆင်နယ်
အာဆင်နယ်တို့ အနိုင်ပါ။ သူတို့တွေအနေနဲ့ ရပ်တန့်ဖို့ ခက်တဲ့ အရှိန်အဟုန်ကောင်းကို တည်ဆောက်ထားနိုင်ပြီး သူတို့တွေအနေနဲ့ ဒီအတိုင်း ဆက်သွားရင် ပရီးမီးယားလိဂ်ကို ဗိုလ်စွဲနိုင်မယ်လို့တောင် ယုံကြည်နေပုံပေါ်ပါတယ်။ ရာသီအစမှာပဲ ရှိသေးလို့ သူတို့ကို လူတွေ သိပ်အထင်မကြီးကြသေးပေမယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေသလို ဆောက်သမ်တန်ကွင်းမှာလည်း နိုင်ပွဲဆက်ပါလိမ့်မယ်။ (စိန့် 0-2 အာဆင်နယ်)

လိဒ်စ်ယူနိုက်တက်-ဖူလ်ဟမ်
ဒီတစ်ပွဲမှာတော့ ကောင်းရှုံးကြီး လိဒ်စ်တို့ဘက်က ရှိချင်ပါတယ်။ မီထရိုဗစ်ချ်က ဂိုးပြန်သွင်းနေပေမယ့် ပင်နယ်တီတွေချည်း ဖြစ်နေတာကြောင့် သိပ်တော့ ရင်ခုန်ဖို့ မရှိပါဘူး။ ဘုန်းမောက်ကို သရေကျခဲ့တဲ့ ခြေစွမ်းနဲ့က လိဒ်စ်ကွင်းမှာ ရင်ဆိုင်ဖို့ ခက်ပါလိမ့်မယ်။ (လိဒ်စ် 1-0 ဖူလ်ဟမ်)

တော့တင်ဟမ်ဟော့စပါး-နယူးကာဆယ်လ်ယူနိုက်တက်
အသင်းနှစ်သင်း အသည်းချင်းပေါက်ပြီး ကစားကြတာကို ကြည့်ချင်ရင် ဒီပွဲစောင့်ကြည့်ပါ။ နှစ်သင်းစလုံးကြားက ပေါက်ကွဲအားကို စပါးစ်တို့ မဖြစ်မနေ ထိန်းချုပ်တတ်အောင် ကြိုးစားရမှာဖြစ်ပြီး ကွန်တီရဲ့ အသင်းအနေနဲ့ အလွယ်တကူ ဂိုးပေးရတတ်တာက စိုးရိမ်စရာဖြစ်နေပါတယ်။ နယူးကာဆယ်လ်တို့ အဝေးကွင်းမှာ အနိုင်ရသွားပါလိမ့်မယ်။ (စပါးစ် 1-2 နယူးကာဆယ်လ်)

ဝက်စ်ဟမ်းယူနိုက်တက်-ဘုန်းမောက်
ဝက်စ်ဟမ်းတို့ကတော့ သူတို့အသင်းကို မှန်ကန်တဲ့ ဦးတည်ရာဆီ ဆွဲလှည့်နိုင်ခဲ့ပြီလို့ ထင်ရပါတယ်။ လီဗာပူးလ်နဲ့ပွဲကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးခဲ့ရတာ ကတော့ သူတို့တွေအတွက် မေ့ပစ်ချင်စရာဖြစ်ပြီး တကယ်တမ်း မေ့ပစ်နိုင်ဖို့အတွက်ကိုတော့ ဘုန်းမောက်ဆီက သုံးမှတ်ယူပြီး ပေါက်ကွဲကြမှာ ဖြစ်ပါတယ်။ (ဝက်စ်ဟမ်း 1-0 ဘုန်းမောက်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ႀကိဳတင္ခန႔္မွန္းမႈေတြမွာ ကြၽန္ေတာ္တို႔ ေပ့ခ်္က ေရးသားေနက် ေပါလ္ မာဆန္ အခ်ိန္မီ ေရာက္ရွိမလာတာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ပယ္ထရိစ္ အီဗရာရဲ႕ သုံးသပ္ခ်က္ေတြကိုပဲ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

ေနာ့တင္ဟမ္ ေဖာရက္စ္-လီဗာပူးလ္
လီဗာပူးလ္တို႔ ျပန္လာေနပါၿပီ။ မန္စီးတီးနဲ႔ပြဲကို ခက္ခက္ခဲခဲ အႏိုင္ယူခဲ့တာ၊ ဝက္စ္ဟမ္းကို အယ္လစ္ဆန္ ပယ္နယ္တီကာကြယ္ၿပီး သုံးမွတ္ ရယူႏိုင္ခဲ့တာေတြက သူတို႔ေတြကို ေၾကာက္ရႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ေၾကာင္း ပုံေပၚလာေစပါတယ္။ ေဖာရက္စ္တို႔ကေတာ့ ပရီးမီးယားလိဂ္ကို လာကစားၿပီး အမာခံ ကစားသမား မရွိဘဲ လူအမ်ားႀကီး ေခၚထားတဲ့ ပုံစံက သူတို႔ကို ႐ုန္းကန္ရေစသလို ဒီေန႔ပြဲမွာလည္း ျပႆနာႀကီးႀကီး ႀကဳံရဦးမွာ ျဖစ္ပါတယ္။ (ေဖာရက္စ္ 0-3 လီဗာပူးလ္)

အဲဗာတန္-ခရစၥတယ္လ္ ပဲေလ့စ္
ၿပီးခဲ့တဲ့ သုံးပြဲဆက္တိုက္ ရႈံးထားခဲ့တဲ့ အဲဗာတန္နဲ႔ လမ္းပတ္ကေတာ့ ဒုကၡနဲ႔ လွလွ ေတြ႕ေနတာပါ။ ဂ်ရတ္ရဲ႕ ေနာက္ကို လိုက္မယ့္သူက သူ႔ရဲ႕ ေခတ္ၿပိဳင္ လမ္းပတ္ဆိုရင္ေတာ့ အေတြးေတြ ႐ိုင္းသြားၾကမလား။ ထားလိုက္ပါေတာ့။ ဒီေန႔ပြဲရဲ႕ အဓိက ဇာတ္ေဆာင္ကေတာ့ ပဲေလ့စ္ပဲ ျဖစ္လာပါလိမ့္မယ္။ ႏိုင္သင့္တဲ့ ပြဲေတြကို လႊင့္ပစ္ၿပီးရင္ ခက္ခဲတဲ့ ပြဲေတြကိုက် စပ႐ိုက္တိုက္ေနက်ျဖစ္လို႔ ဂြတ္ဒီဆန္ပါ့ခ္မွာ သေရဆိုရင္ မနာေလာက္ပါဘူး။ (အဲဗာတန္ 1-1 ပဲေလ့စ္)

မန္ခ်က္စတာစီးတီး-ဘ႐ိုက္တန္
မန္စီးတီးတို႔အေနနဲ႔ ၾကားရက္ အနားရအၿပီးမွာ လီဗာပူးလ္နဲ႔ အရႈံးကို တုံ႔ျပန္ျပရဖို႔ ရွိေနပါတယ္။ ဘ႐ိုက္တန္ဆိုတာ သူတို႔ေတြ အႏိုင္ယူဖို႔ မခက္ခဲလွတဲ့ အသင္းမ်ိဳးျဖစ္ၿပီး ၿပီးခဲ့တဲ့ ပြဲက VAR ေၾကာင့္ ခံလိုက္ရတဲ့အေပၚ ေပါက္ကြဲပါလိမ့္မယ္။ (မန္စီးတီး 2-0 ဘ႐ိုက္တန္)

ခ်ဲလ္ဆီး-မန္ခ်က္စတာယူႏိုက္တက္
ဒီပြဲကေတာ့ ဒီတစ္ပတ္ရဲ႕ စိတ္လႈပ္ရွားစရာအေကာင္းဆုံး ပြဲစဥ္ပါ။ နည္းျပေကာင္းႏွစ္ဦးရဲ႕ ေတြ႕ဆုံမႈမွာ ဒီပြဲက ဘာမဆိုျဖစ္သြားႏိုင္တဲ့ ပြဲမ်ိဳးျဖစ္ၿပီး ႏွစ္သင္းစလုံး ဖြင့္ကစားလာဖို႔ ရွိေနပါတယ္။ တူဟယ္လ္ရဲ႕ ရလဒ္ဆိုးေတြကေန ႐ုန္းထြက္ေနတဲ့ ခ်ဲလ္ဆီးနဲ႔ မန္ယူတို႔ရဲ႕ ေခတ္ေျပာင္းခ်ိန္က အလားသ႑ာန္တူေနၿပီး ႏွစ္သင္းစလုံးအေနနဲ႔ ထိပ္ဆုံးကို ျပန္တက္ဖို႔ေတာ့ ျဖည္းျဖည္းခ်င္း လုပ္ၾကရမွာပါ။ အသင္းနဲ႔ အသားက်လာခဲ့တဲ့ တန္ဟတ္ရဲ႕ ပုံစံက အသင္းႀကီးခ်င္း မေတြ႕ရေသးတဲ့ ေပါ့တာထက္ ပိုယုံရမယ္လို႔ ထင္ရၿပီး ဒီပြဲမွာ မန္ယူဘက္က ရွိပါမယ္။ (ခ်ဲလ္ဆီး 1-2 မန္ယူ)

ဝုလ္ဗာဟမ့္ပ္တန္-လက္စတာစီးတီး
တန္းဆင္းဇုန္က အသင္းခ်င္း ေတြ႕ဆုံမႈမွာ အိမ္ကြင္းနဲ႔ အလားအလာ ပိုေကာင္းေနတဲ့ ဝုလ္ဗ္စ္တို႔ကို ယုံၾကည္ခ်င္ပါတယ္။ လက္စတာတို႔ကေတာ့ သူတို႔ရဲ႕ ဆိုး႐ြားတဲ့ ပုံစံေတြကေန တကယ္တမ္း ႐ုန္းထြက္ႏိုင္ၿပီလို႔ မထင္ပါဘူး။ (ဝုလ္ဗ္စ္ 2-1 လက္စတာ)

အက္စ္တန္ဗီလာ-ဘရန႔္ဖို႔ဒ္
နည္းျပ ဂ်ရတ္ကို ထုတ္ပယ္ထားတဲ့ ဗီလာတို႔ ဒီေန႔ပြဲကို ႐ုန္းလာလိမ့္မယ္လို႔ ခံစားမိေနသလိုပါပဲ။ ဘရန႔္ဖို႔ဒ္တို႔ ႏိုင္ပြဲျပန္ရခဲ့ေပမယ့္ ဗီလာပါ့ခ္မွာ အိမ္ရွင္ေတြပဲ လက္ရွိ ဆိုး႐ြားတဲ့ အေျခအေနကို တုံ႔ျပန္ဖို႔ ႏိုင္ပြဲယူသြားပါလိမ့္မယ္။ (ဗီလာ 2-1 ဘရန႔္ဖို႔ဒ္)

ေဆာက္သမ္တန္-အာဆင္နယ္
အာဆင္နယ္တို႔ အႏိုင္ပါ။ သူတို႔ေတြအေနနဲ႔ ရပ္တန႔္ဖို႔ ခက္တဲ့ အရွိန္အဟုန္ေကာင္းကို တည္ေဆာက္ထားႏိုင္ၿပီး သူတို႔ေတြအေနနဲ႔ ဒီအတိုင္း ဆက္သြားရင္ ပရီးမီးယားလိဂ္ကို ဗိုလ္စြဲႏိုင္မယ္လို႔ေတာင္ ယုံၾကည္ေနပုံေပၚပါတယ္။ ရာသီအစမွာပဲ ရွိေသးလို႔ သူတို႔ကို လူေတြ သိပ္အထင္မႀကီးၾကေသးေပမယ့္ မွန္ကန္တဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနသလို ေဆာက္သမ္တန္ကြင္းမွာလည္း ႏိုင္ပြဲဆက္ပါလိမ့္မယ္။ (စိန႔္ 0-2 အာဆင္နယ္)

လိဒ္စ္ယူႏိုက္တက္-ဖူလ္ဟမ္
ဒီတစ္ပြဲမွာေတာ့ ေကာင္းရႈံးႀကီး လိဒ္စ္တို႔ဘက္က ရွိခ်င္ပါတယ္။ မီထ႐ိုဗစ္ခ်္က ဂိုးျပန္သြင္းေနေပမယ့္ ပင္နယ္တီေတြခ်ည္း ျဖစ္ေနတာေၾကာင့္ သိပ္ေတာ့ ရင္ခုန္ဖို႔ မရွိပါဘူး။ ဘုန္းေမာက္ကို သေရက်ခဲ့တဲ့ ေျခစြမ္းနဲ႔က လိဒ္စ္ကြင္းမွာ ရင္ဆိုင္ဖို႔ ခက္ပါလိမ့္မယ္။ (လိဒ္စ္ 1-0 ဖူလ္ဟမ္)

ေတာ့တင္ဟမ္ေဟာ့စပါး-နယူးကာဆယ္လ္ယူႏိုက္တက္
အသင္းႏွစ္သင္း အသည္းခ်င္းေပါက္ၿပီး ကစားၾကတာကို ၾကည့္ခ်င္ရင္ ဒီပြဲေစာင့္ၾကည့္ပါ။ ႏွစ္သင္းစလုံးၾကားက ေပါက္ကြဲအားကို စပါးစ္တို႔ မျဖစ္မေန ထိန္းခ်ဳပ္တတ္ေအာင္ ႀကိဳးစားရမွာျဖစ္ၿပီး ကြန္တီရဲ႕ အသင္းအေနနဲ႔ အလြယ္တကူ ဂိုးေပးရတတ္တာက စိုးရိမ္စရာျဖစ္ေနပါတယ္။ နယူးကာဆယ္လ္တို႔ အေဝးကြင္းမွာ အႏိုင္ရသြားပါလိမ့္မယ္။ (စပါးစ္ 1-2 နယူးကာဆယ္လ္)

ဝက္စ္ဟမ္းယူႏိုက္တက္-ဘုန္းေမာက္
ဝက္စ္ဟမ္းတို႔ကေတာ့ သူတို႔အသင္းကို မွန္ကန္တဲ့ ဦးတည္ရာဆီ ဆြဲလွည့္ႏိုင္ခဲ့ၿပီလို႔ ထင္ရပါတယ္။ လီဗာပူးလ္နဲ႔ပြဲကို တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးခဲ့ရတာ ကေတာ့ သူတို႔ေတြအတြက္ ေမ့ပစ္ခ်င္စရာျဖစ္ၿပီး တကယ္တမ္း ေမ့ပစ္ႏိုင္ဖို႔အတြက္ကိုေတာ့ ဘုန္းေမာက္ဆီက သုံးမွတ္ယူၿပီး ေပါက္ကြဲၾကမွာ ျဖစ္ပါတယ္။ (ဝက္စ္ဟမ္း 1-0 ဘုန္းေမာက္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.