Premier League

ရော်နယ်လ်ဒိုကို ဘယ်လို ကိုင်တွယ်ရလဲ အကြံပေးခဲ့တဲ့ မော်ရင်ညို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမအသင်းလူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ဟိုဆေး မော်ရင်ညိုရဲ့ နာမည်ကြီး ကစားသမားတွေကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အကြံပေးစကားက ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့က စပါးစ်နဲ့ပွဲစဉ်မှာ နောက်ကျ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးဖို့ ငြင်းပယ်ခဲ့ပြီးနောက် နည်းပြ တန်ဟက်ရဲ့ လူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့အပြင် အသင်းလေ့ကျင့်ရေးပါ ပူးပေါင်းခွင့်ပိတ်ပင်ခြင်းခံထားရတာကြောင့် လက်ရှိမှာ ကိုယ့်ဘာသာ လေ့ကျင့်ရေး ပြုလုပ်နေတာ ဖြစ်ပါတယ်။

ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ပွဲကစားချိန်မပြည့်မီမှာ ဥမင်လျှောက်လမ်းထဲကို ဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး မန်ချက်စတာယူနိုက်တက်က စပါးစ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲ ပြီးဆုံးချိန်မှာ ကွင်းထဲကနေပါ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုနဲ့ တန်ဟက်တို့ကြားက ဆက်ဆံရေးဟာ လက်ရှိအချိန်မှာ အရင်ကထက် အများကြီး ဆိုးရွားလာတာကြောင့် ပေါ်တူဂီတိုက်စစ်မှူးဟာ လာမယ့် ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ထားပုံ ပေါ်ပါတယ်။

တန်ဟက်ဟာ ရော်နယ်လ်ဒိုလို ကစားသမားကို အပြစ်ပေးခဲ့တဲ့အတွက် ဘောလုံးဝေဖန်သူအချို့ဆီကနေ ချီးကျူးမှုအချို့ ရရှိခဲ့တာဖြစ်ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ကို အပြစ်ပေးတဲ့သတင်းထွက်ပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုက ကမ္ဘာပေါ်က နာမည်အကြီးဆုံး ကစားသမားတွေကို ဘယ်လို အကောင်းဆုံးကိုင်တွယ်ရမလဲဆိုတာကို ဆွေးနွေးထားတဲ့ ဗီဒီယိုဖိုင်ကလည်း လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ခဲ့ချိန်တုန်းက ရော်နယ်လ်ဒိုကို နည်းပြပေးခဲ့ဖူးသူဖြစ်ပြီး “ခင်ဗျား နာမည်ကြီး ကစားသမားတွေကို နည်းမပြနိုင်ဘူးဆိုရင် ခင်ဗျား နည်းပြလုပ်စားလို့ ရတော့မှာမဟုတ်ပါဘူး။ နည်းပြတစ်ယောက်အနေနဲ့ ခင်ဗျား သူတို့ကို ဘောလုံး ဘယ်လိုကစားရမလဲဆိုတာကို သင်ပေးရမှာမဟုတ်ဘူးဆိုတာ နားလည်ဖို့ အရမ်းအရေးကြီးပါတယ်”

“ခင်ဗျား ရော်နယ်လ်ဒိုကို အလွတ်တည်ကန်ဘော ဘယ်လိုကန်ပါလို့ သင်ပေးရမှာမဟုတ်ဘူး။ ခင်ဗျား အီဘရာဟီမိုဗစ်ကို ဘောလုံးကို ရင်ဘတ်နဲ့ ဘယ်လိုထိန်းရမလဲဆိုတာကို သင်ပေးရမှာမဟုတ်ဘူး။ ခင်ဗျား ဒရော့ဂ်ဘာကို ဘယ်လို လျှပ်တပြက် ဂိုးပေါက်ကို တိုက်ခိုက်မလဲဆိုတာနဲ့ လေထဲမှာ ဂိုးဘယ်လိုသွင်းယူရမလဲဆိုတာကို သင်ပေးရမှာမဟုတ်ပါဘူး။ ခင်ဗျားက သူတို့ကို အသင်းထဲမှာ ဘောလုံးဘယ်လို ကစားရမလဲဆိုတာကိုပဲ သင်ပေးရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပထမအသင္းလူစာရင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ ဟိုေဆး ေမာ္ရင္ညိဳရဲ႕ နာမည္ႀကီး ကစားသမားေတြကိုဘယ္လိုကိုင္တြယ္ရမလဲဆိုတဲ့ အႀကံေပးစကားက ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ ဗုဒၶဟူးေန႔က စပါးစ္နဲ႔ပြဲစဥ္မွာ ေနာက္က် လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးဖို႔ ျငင္းပယ္ခဲ့ၿပီးေနာက္ နည္းျပ တန္ဟက္ရဲ႕ လူစာရင္းကေန ထုတ္ပယ္ျခင္းခံခဲ့ရတဲ့အျပင္ အသင္းေလ့က်င့္ေရးပါ ပူးေပါင္းခြင့္ပိတ္ပင္ျခင္းခံထားရတာေၾကာင့္ လက္ရွိမွာ ကိုယ့္ဘာသာ ေလ့က်င့္ေရး ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးဟာ ပြဲကစားခ်ိန္မျပည့္မီမွာ ဥမင္ေလွ်ာက္လမ္းထဲကို ဆင္းသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး မန္ခ်က္စတာယူႏိုက္တက္က စပါးစ္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲ ၿပီးဆုံးခ်ိန္မွာ ကြင္းထဲကေနပါ ထြက္ခြာသြားခဲ့တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ တန္ဟက္တို႔ၾကားက ဆက္ဆံေရးဟာ လက္ရွိအခ်ိန္မွာ အရင္ကထက္ အမ်ားႀကီး ဆိုး႐ြားလာတာေၾကာင့္ ေပၚတူဂီတိုက္စစ္မႉးဟာ လာမယ့္ ဇန္နဝါရီလမွာ အသင္းကို စြန႔္ခြာဖို႔ စိတ္ပိုင္းျဖတ္ထားပုံ ေပၚပါတယ္။

တန္ဟက္ဟာ ေရာ္နယ္လ္ဒိုလို ကစားသမားကို အျပစ္ေပးခဲ့တဲ့အတြက္ ေဘာလုံးေဝဖန္သူအခ်ိဳ႕ဆီကေန ခ်ီးက်ဴးမႈအခ်ိဳ႕ ရရွိခဲ့တာျဖစ္ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္ကို အျပစ္ေပးတဲ့သတင္းထြက္ၿပီးေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ညိဳက ကမာၻေပၚက နာမည္အႀကီးဆုံး ကစားသမားေတြကို ဘယ္လို အေကာင္းဆုံးကိုင္တြယ္ရမလဲဆိုတာကို ေဆြးေႏြးထားတဲ့ ဗီဒီယိုဖိုင္ကလည္း လူမႈကြန္ရက္ေပၚမွာ ျပန္လည္ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ကိုင္တြယ္ခဲ့ခ်ိန္တုန္းက ေရာ္နယ္လ္ဒိုကို နည္းျပေပးခဲ့ဖူးသူျဖစ္ၿပီး “ခင္ဗ်ား နာမည္ႀကီး ကစားသမားေတြကို နည္းမျပႏိုင္ဘူးဆိုရင္ ခင္ဗ်ား နည္းျပလုပ္စားလို႔ ရေတာ့မွာမဟုတ္ပါဘူး။ နည္းျပတစ္ေယာက္အေနနဲ႔ ခင္ဗ်ား သူတို႔ကို ေဘာလုံး ဘယ္လိုကစားရမလဲဆိုတာကို သင္ေပးရမွာမဟုတ္ဘူးဆိုတာ နားလည္ဖို႔ အရမ္းအေရးႀကီးပါတယ္”

“ခင္ဗ်ား ေရာ္နယ္လ္ဒိုကို အလြတ္တည္ကန္ေဘာ ဘယ္လိုကန္ပါလို႔ သင္ေပးရမွာမဟုတ္ဘူး။ ခင္ဗ်ား အီဘရာဟီမိုဗစ္ကို ေဘာလုံးကို ရင္ဘတ္နဲ႔ ဘယ္လိုထိန္းရမလဲဆိုတာကို သင္ေပးရမွာမဟုတ္ဘူး။ ခင္ဗ်ား ဒေရာ့ဂ္ဘာကို ဘယ္လို လွ်ပ္တျပက္ ဂိုးေပါက္ကို တိုက္ခိုက္မလဲဆိုတာနဲ႔ ေလထဲမွာ ဂိုးဘယ္လိုသြင္းယူရမလဲဆိုတာကို သင္ေပးရမွာမဟုတ္ပါဘူး။ ခင္ဗ်ားက သူတို႔ကို အသင္းထဲမွာ ေဘာလုံးဘယ္လို ကစားရမလဲဆိုတာကိုပဲ သင္ေပးရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.