Premier League

ဂျရတ် ထုတ်ပယ်ခံခဲ့ရမှုမှာ အသင်းဖော်ဟောင်းကို ပြစ်တင်ခဲ့တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက ကော်တင်ညိုဟာ အက်စတန် ဗီလာအသင်းမှာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိခဲ့ဘဲ အသင်းဖော်ဟောင်းဖြစ်တဲ့ စတီဗင် ဂျရတ်ကို စိတ်ပျက်စေခဲ့သူဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အက်စတန် ဗီလာအသင်းဟာ ကြာသပတေးနေ့ညက ဖူလ်ဟမ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြ စတီဗင် ဂျရတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး ဒီရှုံးပွဲကြောင့် ၁ ဂိုး ကွာခြားချက်နဲ့ တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်ခဲ့ရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပေါင်သန်း ၆၀ ကျော်သုံးစွဲခဲ့တဲ့ အက်စတန် ဗီလာအတွက် စိတ်ပျက်စရာ ရာသီအစဖြစ်ခဲ့တာဖြစ်ပြီး ကော်တင်ညိုဟာ ပြီးခဲ့တဲ့ရာသီ အငှားကစားသမားအဖြစ်နဲ့ အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ဘာစီလိုနာကနေ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၁၇ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးကတည်းက ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းအတိုင်း ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အက်စတန် ဗီလာအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၂၂ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်မှာ နောက်ဆုံးရာသီအဖြစ် ကစားခဲ့တဲ့ ရာသီမှာ ကော်တင်ညိုနဲ့ အတူတူ တွဲကစားခဲ့ဖူးတဲ့ ကာရေဂါက ဘရာဇီးလ်ကြယ်ပွင့်ဟာ ဂျရတ် ထုတ်ပယ်ခံခဲ့ရမှုအတွက် ပြစ်တင်မှုအချို့ကို ခံယူသင့်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ဒါက စတီဗီ အက်စတန် ဗီလာကို သွားဖို့အတွက် ကြီးမားတဲ့ အချက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူက အရင်နည်းပြတုန်းက သူ့နာမည်၊ သူ့အဆက်အသွယ်တွေနဲ့ မလုပ်နိုင်ခဲ့တဲ့ ကစားသမားတွေကို ဆွဲဆောင်နိုင်တယ်။ ဖိလစ် ကော်တင်ညိုက တကယ်ကို ထူးချွန်ခဲ့ပြီး သူ့ကို ဘာစီလိုနာကနေ ခေါ်ခဲ့တယ်။ သူ့အတွက်တော့ ကောင်းကောင်း မဖြစ်ခဲ့တာ သိသာပါတယ်။ ဒါပေမယ့် ခင်ဗျား တွေးမိလိမ့်မယ်။ သူသာ လိဗာပူးလ်ရှပ် ဒါမှမဟုတ် ဘရာဇီးလ်ရှပ်နဲ့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အရည်အချင်းတွေကို ပြန်အသက်သွင်းနိုင်ရင် အရမ်းကို ထူးခြားလိမ့်မယ်ဆိုတာပါ။ သူက အက်စတန် ဗီလာကို ဂျရတ် ခေါ်ယူခဲ့တဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး အဲဒါက အသင်းအတွက် ပြဿနာကြီးဖြစ်ခဲ့တယ်”

“သူတို့တွေ လုံလောက်တဲ့ဂိုးတွေ မသွင်းနိုင်ခဲ့ဘူး။ သူက စတီဗီရဲ့ လူဖြစ်ပြီး သူကိုယ်တိုင်က ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ပရီးမီးယားလိဂ်က သူ့အတွက်တော့ ခုအချိန်မှာ နည်းနည်း လျင်မြန်လွန်းပြီး အင်အားကြီးမားလွန်းနေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်၊ ၄ နှစ်လောက်က ကျွန်တော်တို့ မြင်တွေ့ခဲ့တဲ့ ဖိလစ် ကော်တင်ညိုမဟုတ်တော့တာ သေချာပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကော်တင်ညိုဟာ စုစုပေါင်း အက်စတန် ဗီလာအသင်းအတွက် ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်အတွက် ၂၀၁ ပွဲမှာ သွင်းဂိုး ၅၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၅ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ကစားသမားမျိုး နောက်ထပ်တစ်ကြိမ် ပြန်ဖြစ်တော့မယ့်ပုံ မပေါ်တာ့တာဖြစ်ပါတယ်။

အာရွန် ဒမ့်ခ်က အက်စတန် ဗီလာအသင်း အမြဲတမ်းနည်းပြသစ်ကို ရှာဖွေနေတဲ့အချိန်အတွင်း အသင်းကို ယာယီတာဝန်ယူ ကိုင်တွယ်သွားမှာဖြစ်ပြီး စပါးစ်နည်းပြဟောင်း ပိုချက်တီနို၊ ချဲလ်ဆီးနည်းပြဟောင်း တူဟယ်၊ အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီတို့က နည်းပြသစ်ဖြစ်လာဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ နည်းပြတွေထဲမှာ ပါဝင်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဂ်မီ ကာေရဂါက ေကာ္တင္ညိဳဟာ အက္စတန္ ဗီလာအသင္းမွာ ပုံမွန္ေျခစြမ္း ျပသႏိုင္ျခင္းမရွိခဲ့ဘဲ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ စတီဗင္ ဂ်ရတ္ကို စိတ္ပ်က္ေစခဲ့သူျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

အက္စတန္ ဗီလာအသင္းဟာ ၾကာသပေတးေန႔ညက ဖူလ္ဟမ္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ နည္းျပ စတီဗင္ ဂ်ရတ္ကို ရာထူးကေန ထုတ္ပယ္ခဲ့တာျဖစ္ၿပီး ဒီရႈံးပြဲေၾကာင့္ ၁ ဂိုး ကြာျခားခ်က္နဲ႔ တန္းဆင္းဇုန္ရဲ႕အထက္ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ခဲ့ရၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီမွာ ကစားသမားသစ္ေခၚယူမႈေတြအတြက္ ေပါင္သန္း ၆၀ ေက်ာ္သုံးစြဲခဲ့တဲ့ အက္စတန္ ဗီလာအတြက္ စိတ္ပ်က္စရာ ရာသီအစျဖစ္ခဲ့တာျဖစ္ၿပီး ေကာ္တင္ညိဳဟာ ၿပီးခဲ့တဲ့ရာသီ အငွားကစားသမားအျဖစ္နဲ႔ အထင္ႀကီးဖြယ္ေျခစြမ္းျပသႏိုင္ခဲ့ၿပီးေနာက္ ဘာစီလိုနာကေန ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၁၇ သန္းနဲ႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ အၿပီးသတ္ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက ၿပီးခဲ့တဲ့ရာသီတုန္းက ေျခစြမ္းအတိုင္း ျပသႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး အက္စတန္ ဗီလာအတြက္ ေနာက္ဆုံးကစားေပးခဲ့တဲ့ ၂၂ ပြဲမွာ ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးလ္မွာ ေနာက္ဆုံးရာသီအျဖစ္ ကစားခဲ့တဲ့ ရာသီမွာ ေကာ္တင္ညိဳနဲ႔ အတူတူ တြဲကစားခဲ့ဖူးတဲ့ ကာေရဂါက ဘရာဇီးလ္ၾကယ္ပြင့္ဟာ ဂ်ရတ္ ထုတ္ပယ္ခံခဲ့ရမႈအတြက္ ျပစ္တင္မႈအခ်ိဳ႕ကို ခံယူသင့္တယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“ဒါက စတီဗီ အက္စတန္ ဗီလာကို သြားဖို႔အတြက္ ႀကီးမားတဲ့ အခ်က္ေတြထဲက တစ္ခုျဖစ္ခဲ့ပါတယ္။ သူက အရင္နည္းျပတုန္းက သူ႔နာမည္၊ သူ႔အဆက္အသြယ္ေတြနဲ႔ မလုပ္ႏိုင္ခဲ့တဲ့ ကစားသမားေတြကို ဆြဲေဆာင္ႏိုင္တယ္။ ဖိလစ္ ေကာ္တင္ညိဳက တကယ္ကို ထူးခြၽန္ခဲ့ၿပီး သူ႔ကို ဘာစီလိုနာကေန ေခၚခဲ့တယ္။ သူ႔အတြက္ေတာ့ ေကာင္းေကာင္း မျဖစ္ခဲ့တာ သိသာပါတယ္။ ဒါေပမယ့္ ခင္ဗ်ား ေတြးမိလိမ့္မယ္။ သူသာ လိဗာပူးလ္ရွပ္ ဒါမွမဟုတ္ ဘရာဇီးလ္ရွပ္နဲ႔ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတဲ့ အရည္အခ်င္းေတြကို ျပန္အသက္သြင္းႏိုင္ရင္ အရမ္းကို ထူးျခားလိမ့္မယ္ဆိုတာပါ။ သူက အက္စတန္ ဗီလာကို ဂ်ရတ္ ေခၚယူခဲ့တဲ့ တိုက္စစ္ကစားသမားတစ္ဦးျဖစ္ၿပီး အဲဒါက အသင္းအတြက္ ျပႆနာႀကီးျဖစ္ခဲ့တယ္”

“သူတို႔ေတြ လုံေလာက္တဲ့ဂိုးေတြ မသြင္းႏိုင္ခဲ့ဘူး။ သူက စတီဗီရဲ႕ လူျဖစ္ၿပီး သူကိုယ္တိုင္က ဘာမွ မလုပ္ေပးႏိုင္ခဲ့ဘူး။ ပရီးမီးယားလိဂ္က သူ႔အတြက္ေတာ့ ခုအခ်ိန္မွာ နည္းနည္း လ်င္ျမန္လြန္းၿပီး အင္အားႀကီးမားလြန္းေနပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္၊ ၄ ႏွစ္ေလာက္က ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့တဲ့ ဖိလစ္ ေကာ္တင္ညိဳမဟုတ္ေတာ့တာ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေကာ္တင္ညိဳဟာ စုစုေပါင္း အက္စတန္ ဗီလာအသင္းအတြက္ ပြဲ ၃၀ ပါဝင္ကစားေပးခဲ့ရာမွာ ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္အတြက္ ၂၀၁ ပြဲမွာ သြင္းဂိုး ၅၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄၅ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ကစားသမားမ်ိဳး ေနာက္ထပ္တစ္ႀကိမ္ ျပန္ျဖစ္ေတာ့မယ့္ပုံ မေပၚတာ့တာျဖစ္ပါတယ္။

အာ႐ြန္ ဒမ့္ခ္က အက္စတန္ ဗီလာအသင္း အၿမဲတမ္းနည္းျပသစ္ကို ရွာေဖြေနတဲ့အခ်ိန္အတြင္း အသင္းကို ယာယီတာဝန္ယူ ကိုင္တြယ္သြားမွာျဖစ္ၿပီး စပါးစ္နည္းျပေဟာင္း ပိုခ်က္တီႏို၊ ခ်ဲလ္ဆီးနည္းျပေဟာင္း တူဟယ္၊ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီတို႔က နည္းျပသစ္ျဖစ္လာဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ နည္းျပေတြထဲမွာ ပါဝင္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.