Premier League

အမှတ်ပေးဖလားပြိုင်ပွဲမှာ ဂန်းနားတို့ ကျော်ဖြတ်ရမယ့်အတားအဆီးကို ပြောပြခဲ့တဲ့ နစ္စတယ်ရွိုင်း

ပီအက်စ်ဗွီနည်းပြ ဗန် နစ္စတယ်ရွိုင်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဂန်းနားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်သူအစစ်အမှန်လို့ ယုံကြည်နေပေမယ့်လည်း ဂန်းနားတို့ ဖြတ်ကျော်ရမယ့် အခက်အခဲကြီးတစ်ခု ရှိနေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ၄ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး ကြာသပတေးနေ့ညကလည်း ပီအက်စ်ဗွီကို ၁-၀ နဲ့ အနိုင်ယူပြီးနောက် ဥရောပမှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲ ရှေ့ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ချာကာရဲ့ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၇၀ မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် မြောက်လန်ဒန်ကလပ်အသင်းဟာ အနိုင် ၃ မှတ်စလုံး ရယူနိုင်ခဲ့ပြီး အုပ်စုပွဲစဉ် ၂ ပွဲသာ ကစားဖို့ကျန်တော့ချိန်မှာ ဒုတိယနေရာက ပီအက်စ်ဗွီနဲ့ ၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့် တက်ရောက်နိုင်မယ်ဆိုရင် ၁၆ သင်းရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာဖြစ်တာကြောင့် ၃၂ သင်းရှုံးထွက်အဆင့်မှာ ချန်ပီယံလိဂ်က ပြုတ်လာတဲ့အသင်းတွေနဲ့ ပွဲအပို ကစားရဖို့မရှိတဲ့အတွက် ပရီးမီးယားလိဂ်ဖလားအပေါ်မှာ အာရုံစိုက်နိုင်တော့မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းနိုင်မယ်လို့ ရေပန်းစားနေပေမယ့်လည်း နစ္စတယ်ရွိုင်းက ဂန်းနားတွေနဲ့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ခဲ့ရပြီးနောက် ဆုဖလားကို စိန်ခေါ်နိုင်မယ်လို့ ယုံကြည်နေပေမယ့်လည်း အတွေ့အကြုံမရှိတဲ့ လူငယ်အသင်းဖြစ်နေတာက အာတီတာအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် မီခေးလ်အတွက် ကျွန်တော့်ရဲ့ ချီးကျူးစကားကို မျှဝေပေးနိုင်ပါတယ်။ သူ အသင်းကို တည်ဆောက်နေတဲ့ပုံစံ၊ သူ အသင်းကို ကစားခွင့်ပေးထားတဲ့ပုံစံ၊ သူ ကစားစေချင်သလို သူ့အသင်းကစားနိုင်အောင် သူလုပ်ခဲ့တဲ့ ခေါ်ယူမှုတွေကို ရလဒ်တွေနဲ့ သူ ချိတ်ဆက်နေပါတယ်”

“ခင်ဗျားက ပရီးမီးယားလိဂ်မှာ ၁၀ ပွဲကစားပြီးချိန်မှာ ၉ ပွဲနိုင်ထားတယ်ဆိုရင် ဆုဖလားစိန်ခေါ်သူဆိုတာ ကျိန်းသေပေါက်ပဲ။ အာဆင်နယ်က ပရီးမီးယားလိဂ်မှာ အငယ်ဆုံးအသင်းဖြစ်နေတာ သိသာပြီး အဲဒါက စိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်။ ဒါမေယ့် သူတို့မှာ ဆုဖလားစိန်ခေါ်ဖို့ လူစာရင်းနဲ့ အရည်အသွေးရှိပြီး နည်းပြလည်း ရှိနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဗြီနည္းျပ ဗန္ နစၥတယ္႐ြိဳင္းက ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဂန္းနားေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဖလား စိန္ေခၚသူအစစ္အမွန္လို႔ ယုံၾကည္ေနေပမယ့္လည္း ဂန္းနားတို႔ ျဖတ္ေက်ာ္ရမယ့္ အခက္အခဲႀကီးတစ္ခု ရွိေနတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၁ ေနရာမွာ ၄ မွတ္အသာနဲ႔ ဦးေဆာင္ေနတာျဖစ္ၿပီး ၾကာသပေတးေန႔ညကလည္း ပီအက္စ္ဗြီကို ၁-၀ နဲ႔ အႏိုင္ယူၿပီးေနာက္ ဥေရာပမွာ ၁၀၀ ရာခိုင္ႏႈန္း ႏိုင္ပြဲ ေရွ႕ဆက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ခ်ာကာရဲ႕ ဒုတိယပိုင္း ပြဲကစားခ်ိန္ မိနစ္ ၇၀ မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ေျမာက္လန္ဒန္ကလပ္အသင္းဟာ အႏိုင္ ၃ မွတ္စလုံး ရယူႏိုင္ခဲ့ၿပီး အုပ္စုပြဲစဥ္ ၂ ပြဲသာ ကစားဖို႔က်န္ေတာ့ခ်ိန္မွာ ဒုတိယေနရာက ပီအက္စ္ဗြီနဲ႔ ၅ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္မယ္ဆိုရင္ ၁၆ သင္းရႈံးထြက္အဆင့္ကို တိုက္႐ိုက္ တက္ေရာက္ႏိုင္မွာျဖစ္တာေၾကာင့္ ၃၂ သင္းရႈံးထြက္အဆင့္မွာ ခ်န္ပီယံလိဂ္က ျပဳတ္လာတဲ့အသင္းေတြနဲ႔ ပြဲအပို ကစားရဖို႔မရွိတဲ့အတြက္ ပရီးမီးယားလိဂ္ဖလားအေပၚမွာ အာ႐ုံစိုက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ လက္ရွိ ခ်န္ပီယံဘြဲ႕ကို ထိန္းသိမ္းႏိုင္မယ္လို႔ ေရပန္းစားေနေပမယ့္လည္း နစၥတယ္႐ြိဳင္းက ဂန္းနားေတြနဲ႔ နဖူးေတြ႕ဒူးေတြ႕ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ဆုဖလားကို စိန္ေခၚႏိုင္မယ္လို႔ ယုံၾကည္ေနေပမယ့္လည္း အေတြ႕အႀကဳံမရွိတဲ့ လူငယ္အသင္းျဖစ္ေနတာက အာတီတာအတြက္ ႀကီးမားတဲ့စိန္ေခၚမႈျဖစ္လာမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မီေခးလ္အတြက္ ကြၽန္ေတာ့္ရဲ႕ ခ်ီးက်ဴးစကားကို မွ်ေဝေပးႏိုင္ပါတယ္။ သူ အသင္းကို တည္ေဆာက္ေနတဲ့ပုံစံ၊ သူ အသင္းကို ကစားခြင့္ေပးထားတဲ့ပုံစံ၊ သူ ကစားေစခ်င္သလို သူ႔အသင္းကစားႏိုင္ေအာင္ သူလုပ္ခဲ့တဲ့ ေခၚယူမႈေတြကို ရလဒ္ေတြနဲ႔ သူ ခ်ိတ္ဆက္ေနပါတယ္”

“ခင္ဗ်ားက ပရီးမီးယားလိဂ္မွာ ၁၀ ပြဲကစားၿပီးခ်ိန္မွာ ၉ ပြဲႏိုင္ထားတယ္ဆိုရင္ ဆုဖလားစိန္ေခၚသူဆိုတာ က်ိန္းေသေပါက္ပဲ။ အာဆင္နယ္က ပရီးမီးယားလိဂ္မွာ အငယ္ဆုံးအသင္းျဖစ္ေနတာ သိသာၿပီး အဲဒါက စိန္ေခၚမႈျဖစ္လာပါလိမ့္မယ္။ ဒါေမယ့္ သူတို႔မွာ ဆုဖလားစိန္ေခၚဖို႔ လူစာရင္းနဲ႔ အရည္အေသြးရွိၿပီး နည္းျပလည္း ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.