Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၇.၉.၂၀၂၀

– နကီးတီးယားကို ပုိမိုသုံးစြဲလာခဲ့လို႔ ကစားခြင့္ေလ်ာ့က်လာခဲ့ၿပီး မေပ်ာ္ရႊင္ေတာ့တဲ့ တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္အေနနဲ႔ သူ႕ရဲ႕ အခန္းက႑အတြက္ နည္းျပ မီခယ္လ္ အာတီတာနဲ႔ ျပန္လည္ေဆြးေႏြးသြားဖြယ္ရွိေနၿပီး အသင္းက ထြက္ခြာျဖစ္ဖို႔ ပိုမ်ားေနၿပီလို႔ သတင္းေတြ ေဖာ္ျပ။

– ေသာမတ္စ္ ပါေတးအေနနဲ႔ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတုိးဖို႔ကို မစဥ္းစားေတာ့ဘဲ အာဆင္နယ္အသင္းဆီ ေျပာင္းေရႊ႕ဖို႔အတြက္ပဲ ဆုံးျဖတ္ထားတယ္လို႔ ဆုိၿပီး ေစာင့္ၾကည့္သူေတြကေတာ့ အက္သလက္တီကိုအတြက္ ထပ္ကစားေတာ့မွာ မဟုတ္ဘူးလို႔ ဆုိေနၾက။

– အာဆင္နယ္အသင္းက ေအာဝါအတြက္ ကမ္းလွမ္းထားတဲ့ ကစားသမားတစ္ဦးနဲ႔ ယူ႐ို ၃၅ သန္းဆုိတဲ့ ပမာဏထက္ လီယြန္အသင္းက ပုိမိုအလိုရွိေနတာေၾကာင့္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ ျပင္သစ္ကြင္းလယ္လူအတြက္ ရက္ပုိင္းအတြင္း ထပ္မံကမ္းလွမ္းသြားဖို႔ရွိေန။

– ျမင့္မားတဲ့ ေဈးႏွဳန္းရရွိရင္ ေနာက္ခံလူ ဘယ္လာရင္ကို ေရာင္းခ်ဖို႔ အာဆင္နယ္အသင္းအေနနဲ႔ စဥ္းစားသြားဖြယ္ရွိေနၿပီး ပီအက္စ္ဂ်ီအသင္းထက္ သတ္မွတ္ေဈး ေပါင္ ၃၅ သန္းကို ေပးေခ်ႏုိင္မယ့္ ေငြထုပ္ပုိင္ရွင္ ေလဗာကူဆင္အသင္းဆီ ေရာင္းခ်ဖို႔ လိုလားေန။

– ေတာ္ရဲရားအတြက္ ဖီအုိရင္တီးနားအသင္းက ကမ္းလွမ္းထားၿပီး တုိရီႏုိအသင္းက စိတ္ဝင္စားေနခဲ့ေပမယ့္ အာဆင္နယ္ဘက္ကေတာ့ အၿပီးသတ္ေရာင္းခ်ဖို႔ကို ပုိမုိလုိလားေနၿပီး ေသာမတ္စ္ ပါေတးအတြက္ အလိုက္ေပးၿပီး အသုံးျပဳသြားဖို႔လည္း စဥ္းစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နကီးတီးယားကို ပိုမိုသုံးစွဲလာခဲ့လို့ ကစားခွင့်လျော့ကျလာခဲ့ပြီး မပျော်ရွှင်တော့တဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်အနေနဲ့ သူ့ရဲ့ အခန်းကဏ္ဍအတွက် နည်းပြ မီခယ်လ် အာတီတာနဲ့ ပြန်လည်ဆွေးနွေးသွားဖွယ်ရှိနေပြီး အသင်းက ထွက်ခွာဖြစ်ဖို့ ပိုများနေပြီလို့ သတင်းတွေ ဖော်ပြ။

– သောမတ်စ် ပါတေးအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို မစဉ်းစားတော့ဘဲ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက်ပဲ ဆုံးဖြတ်ထားတယ်လို့ ဆိုပြီး စောင့်ကြည့်သူတွေကတော့ အက်သလက်တီကိုအတွက် ထပ်ကစားတော့မှာ မဟုတ်ဘူးလို့ ဆိုနေကြ။

– အာဆင်နယ်အသင်းက အောဝါအတွက် ကမ်းလှမ်းထားတဲ့ ကစားသမားတစ်ဦးနဲ့ ယူရို ၃၅ သန်းဆိုတဲ့ ပမာဏထက် လီယွန်အသင်းက ပိုမိုအလိုရှိနေတာကြောင့် နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ ပြင်သစ်ကွင်းလယ်လူအတွက် ရက်ပိုင်းအတွင်း ထပ်မံကမ်းလှမ်းသွားဖို့ရှိနေ။

– မြင့်မားတဲ့ ဈေးနှုန်းရရှိရင် နောက်ခံလူ ဘယ်လာရင်ကို ရောင်းချဖို့ အာဆင်နယ်အသင်းအနေနဲ့ စဉ်းစားသွားဖွယ်ရှိနေပြီး ပီအက်စ်ဂျီအသင်းထက် သတ်မှတ်ဈေး ပေါင် ၃၅ သန်းကို ပေးချေနိုင်မယ့် ငွေထုပ်ပိုင်ရှင် လေဗာကူဆင်အသင်းဆီ ရောင်းချဖို့ လိုလားနေ။

– တော်ရဲရားအတွက် ဖီအိုရင်တီးနားအသင်းက ကမ်းလှမ်းထားပြီး တိုရီနိုအသင်းက စိတ်ဝင်စားနေခဲ့ပေမယ့် အာဆင်နယ်ဘက်ကတော့ အပြီးသတ်ရောင်းချဖို့ကို ပိုမိုလိုလားနေပြီး သောမတ်စ် ပါတေးအတွက် အလိုက်ပေးပြီး အသုံးပြုသွားဖို့လည်း စဉ်းစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.