La Liga Premier League

ရီးယဲလ်ထက် မန်ယူကို ရွေးချယ်တာ မှန်ကန်ကြောင်း ဗန်ဒဘိခ်ကိုပြောလိုက်တဲ့ နည်းပြဟောင်း

Unicode: ဗန်ဒဘိခ်အနေနဲ့ ဒီနွေရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဆိုးရွားတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်လို့ အိုင်းယက်စ်ရဲ့ လူငယ်အသင်းနည်းပြ ရူဘင် ဂျုန်းကိုင်းက ပြောကြားလိုက်ပါတယ်။ အသင်းကို ၂၀၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အထိ ရောက်အောင် ကူညီပေးခဲ့တဲ့ ၂၃ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကို ယူရို သန်း၄၀ နဲ့ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဟော်လန်လက်ရွေးစင်ကစားသမားဟာ ရီးယဲလ်အသင်းနဲ့ နီးကပ်တဲ့ချိတ်ဆက်မှုတွေ ရှိခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကာလ မတိုင်ခင်မှာ သဘောတူညီမှု ရရှိခဲ့တယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ အိုင်းယက်စ်အသင်းရဲ့ လူငယ်နည်းပြ ဂျုန်းကိုင်းကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“သူ့အနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရမှာပါ။ ပရီးမီးယားလိဂ်မှာရှိတဲ့ ပျမ်းမျှကစားသမားအသက်က ၂၆ နဲ့ ၂၇ ပါ။ အဆင့်မြင့်တန်းမှာ ကစားဖို့အတွက် လုံလောက်တဲ့ အရည်အသွေးရှိတယ်ဆိုတာကို ဗန်ဒဘိခ်အနေနဲ့ ဥရောပပွဲစဉ်တွေမှာ ပြသခဲ့ပြီးပြီလို့ ယုံကြည်ပါတယ်။ ယူနိုက်တက်ဟာ လူငယ်ကစားသမားတွေကို ပျိုးထောင်တဲ့ သမိုင်းလည်း အခိုင်အမာရှိပြီး ပြောင်းရွှေ့ဖို့ အသင့်တော်ဆုံးပါပဲ။ ရီးယဲလ်ကို ပြောင်းတာထက်စာရင် ယူနိုက်တက်အတွက် ကစားပေးတာက အများကြီး ပိုမိုကောင်းမွန်မှာပါ”လို့ ဂျုန်းကိုင်းက ဆိုပါတယ်။

“ရီးယဲလ်ကို ပြောင်းခဲ့မယ်ဆိုရင်တော့ ဆိုးရွားတဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဗန်ဒဘိခ် ကစားတဲ့ပုံစံကလည်း ယူနိုက်တက်နဲ့ ပိုမိုကိုက်ညီမှုရှိနေပါတယ်”လို့ နည်းပြက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဗန်ဒဘိခ်ရဲ့ ဘောလုံးပါရမီကို အိုင်းယက်စ်အကယ်ဒမီ ယူ-၁၀ မှာ ကစားနေချိန် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဂျုန်းကိုင်းက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

“၂၀၀၈၊ ၂၀၀၉ လောက်ဖြစ်မယ်ထင်တယ်။ ဗန်ဒဘိခ်က ယူ-၁၀မှာ ကစားနေတဲ့အချိန်ပေါ့။ ကျွန်တော်လည်း လူငယ်အသင်းတွေနဲ့ စတင်အလုပ်လုပ်ခဲ့တယ်။ ဗန်ဒဘိခ်လည်း ဒန်းနစ်ဘားကမ့်ရဲ့ အိုင်းယက်စ်လူငယ်အသင်းအတွက် ရွေးချယ်ခံခဲ့ရတယ်။ ဘားကမ့်က ဒီကောင်လေး တစ်ချိန်မှာ တောက်ပလာမယ်လို့ တပ်အပ်ပြောခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို သီးသန့် လေ့ကျင့်ပေးဖို့တောင်းဆိုလာခဲ့တာပါ”လို့ ဗန်ဒဘိခ်ဟာ ငယ်စဉ်ကတည်းက ပါရမီရှိခဲ့ပုံကို နည်းပြဂျုန်းကိုင်းက ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.

Zawgyi: ဗန္ဒဘိခ္အေနနဲ႔ ဒီေႏြရာသီမွာ ရီးယဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ ဆိုး႐ြားတဲ့ အေျခအေနမ်ိဳး ျဖစ္သြားႏိုင္တယ္လို႔ အိုင္းယက္စ္ရဲ႕ လူငယ္အသင္းနည္းျပ ႐ူဘင္ ဂ်ဳန္းကိုင္းက ေျပာၾကားလုိက္ပါတယ္။ အသင္းကို ၂၀၁၉ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆီးမီးဖိုင္နယ္အထိ ေရာက္ေအာင္ ကူညီေပးခဲ့တဲ့ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ကို ယူ႐ို သန္း၄၀ နဲ႔ေရာက္ရွိခဲ့တာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ေဟာ္လန္လက္ေ႐ြးစင္ကစားသမားဟာ ရီးယဲလ္အသင္းနဲ႔ နီးကပ္တဲ့ခ်ိတ္ဆက္မႈေတြ ရွိခဲ့တာျဖစ္ၿပီး ကိုဗစ္-၁၉ ကာလ မတိုင္ခင္မွာ သေဘာတူညီမွဳ ရရွိခဲ့တယ္လို႔လည္း သတင္းေတြ ထြက္ခဲ့ပါေသးတယ္။ အိုင္းယက္စ္အသင္းရဲ႕ လူငယ္နည္းျပ ဂ်ဳန္းကိုင္းကေတာ့ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တာက မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

“သူ႔အေနနဲ႔ အခက္အခဲေတြ ရင္ဆိုင္ရမွာပါ။ ပရီးမီးယားလိဂ္မွာရွိတဲ့ ပ်မ္းမွ်ကစားသမားအသက္က ၂၆ နဲ႔ ၂၇ ပါ။ အဆင့္ျမင့္တန္းမွာ ကစားဖို႔အတြက္ လုံေလာက္တဲ့ အရည္အေသြးရွိတယ္ဆိုတာကို ဗန္ဒဘိခ္အေနနဲ႔ ဥေရာပပြဲစဥ္ေတြမွာ ျပသခဲ့ၿပီးၿပီလို႔ ယုံၾကည္ပါတယ္။ ယူႏိုက္တက္ဟာ လူငယ္ကစားသမားေတြကို ပ်ိဳးေထာင္တဲ့ သမိုင္းလည္း အခိုင္အမာရွိၿပီး ေျပာင္းေ႐ႊ႕ဖို႔ အသင့္ေတာ္ဆုံးပါပဲ။ ရီးယဲလ္ကို ေျပာင္းတာထက္စာရင္ ယူႏိုက္တက္အတြက္ ကစားေပးတာက အမ်ားႀကီး ပိုမိုေကာင္းမြန္မွာပါ”လို႔ ဂ်ဳန္းကိုင္းက ဆိုပါတယ္။

“ရီးယဲလ္ကို ေျပာင္းခဲ့မယ္ဆိုရင္ေတာ့ ဆိုး႐ြားတဲ့ အေျခအေနမ်ိဳးေတြ ျဖစ္သြားႏိုင္ပါတယ္။ ဗန္ဒဘိခ္ ကစားတဲ့ပုံစံကလည္း ယူႏိုက္တက္နဲ႔ ပိုမိုကိုက္ညီမႈရွိေနပါတယ္”လို႔ နည္းျပက ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။ ဗန္ဒဘိခ္ရဲ႕ ေဘာလုံးပါရမီကို အုိင္းယက္စ္အကယ္ဒမီ ယူ-၁၀ မွာ ကစားေနခ်ိန္ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္ကတည္းက ဂ်ဳန္းကိုင္းက ေတြ႕ရွိခဲ့တာလည္း ျဖစ္ပါတယ္။

“၂၀၀၈၊ ၂၀၀၉ ေလာက္ျဖစ္မယ္ထင္တယ္။ ဗန္ဒဘိခ္က ယူ-၁၀မွာ ကစားေနတဲ့အခ်ိန္ေပါ့။ ကြၽန္ေတာ္လည္း လူငယ္အသင္းေတြနဲ႔ စတင္အလုပ္လုပ္ခဲ့တယ္။ ဗန္ဒဘိခ္လည္း ဒန္းနစ္ဘားကမ့္ရဲ႕ အိုင္းယက္စ္လူငယ္အသင္းအတြက္ ေ႐ြးခ်ယ္ခံခဲ့ရတယ္။ ဘားကမ့္က ဒီေကာင္ေလး တစ္ခ်ိန္မွာ ေတာက္ပလာမယ္လို႔ တပ္အပ္ေျပာခဲ့တယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ကို သီးသန႔္ ေလ့က်င့္ေပးဖို႔ ေတာင္းဆိုလာခဲ့တာပါ”လို႔ ဗန္ဒဘိခ္ဟာ ငယ္စဥ္ကတည္းက ပါရမီရွိခဲ့ပုံကို နည္းျပဂ်ဳန္းကိုင္းက ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILYMAIL
PHOTOS CREDIT TO THE OWNERS
SPORTS A2Z.