Premier League

၈.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လျပည့္ေက်ာ္ ၆ ရက္၊ အဂၤါေန႔။

၈.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဝါေခါင္လျပည့္ေက်ာ္ ၆ ရက္၊ အဂၤါေန႔၊ ရက္ပုပ္၊ သမားျဖဴ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၀၂ အထိ တိထီ ၆ လုံး။ ေက်ာ္လွ်င္ ၇ လုံး။ ၆ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ မတယုဂ္၊ ထာဝရ ရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ားေရာ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာအလုပ္မ်ားပါ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၉:၂၄ အထိ ဘရဏီနကၡတ္။ ေက်ာ္လွ်င္ ၾကတၱိကာနကၡတ္။ ညေန ၁၈:၃၂ အထိ ဗ်ာဃာတယုဂ္၊ က်ားကဲ့သို႔ ခြန္အားႀကီးျခင္း၊ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ အႏၲရာယ္၊ ဒဏ္ရာႏွင့္ ႀကဳံရတတ္ျခင္း၊ ႏွိမ္နင္းအႏုိင္ယူျခင္း၊ မိမိ၏ ထိခုိက္နစ္နာႏုိင္ေျခကို တြက္ခ်က္လုပ္ကိုင္ပါ။ ေက်ာ္လွ်င္ ဟႆဏယုဂ္၊ အလြန္စိတ္လွဳပ္ရွားရျခင္း၊ ဝမ္းေျမာက္ေပ်ာ္ရႊင္ျခင္း၊ ပညာႏွင့္ ျပည့္စုံျခင္း၊ မိမိအတြက္ ေကာင္းေသာအရာမ်ားအတြက္ အံ့ၾသဝမ္းသာ ရင္ခုန္ရလိမ့္မည္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၁:၅၁ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ နံနက္ ၁:၀၂ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ုိဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၁:၀၂ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၈.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက်၊ အင်္ဂါနေ့၊ ရက်ပုပ်၊ သမားဖြူ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၀၂ အထိ တိထီ ၆ လုံး။ ကျော်လျှင် ၇ လုံး။ ၆ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရ ရှင်သန်အောင်မြင်စေလိုသော အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းစေလိုသောအလုပ်များပါ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၉:၂၄ အထိ ဘရဏီနက္ခတ်။ ကျော်လျှင် ကြတ္တိကာနက္ခတ်။ ညနေ ၁၈:၃၂ အထိ ဗျာဃာတယုဂ်၊ ကျားကဲ့သို့ ခွန်အားကြီးခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ အန္တရာယ်၊ ဒဏ်ရာနှင့် ကြုံရတတ်ခြင်း၊ နှိမ်နင်းအနိုင်ယူခြင်း၊ မိမိ၏ ထိခိုက်နစ်နာနိုင်ခြေကို တွက်ချက်လုပ်ကိုင်ပါ။ ကျော်လျှင် ဟဿဏယုဂ်၊ အလွန်စိတ်လှုပ်ရှားရခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်း၊ ပညာနှင့် ပြည့်စုံခြင်း၊ မိမိအတွက် ကောင်းသောအရာများအတွက် အံ့သြဝမ်းသာ ရင်ခုန်ရလိမ့်မည်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၁:၅၁ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ နံနက် ၁:၀၂ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၁:၀၂ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)